မင်းမှာက ဇာတ်လမ်းတွေရှိတယ်၊ ငါ့မှာက အရက်ရှိတယ်၊ မင်း သောက်ချင်လား?
Vol. 10 Ch. 133
ကျန်းရီ ရယ်နေခဲ့သည်။ ဒါပေမယ့် သူ့ရဲ့ ရယ်သံက အေးစက်နေခဲ့သည်။
တစ်စုံတစ်ယောက်က စည်းကျော်လာခဲ့ပြီ ဟု ပြောခဲ့သည်။
ဒါက ဘာကိုဆိုလိုတာပါလဲ?
ရှောင်ဇီ သည် ဆေးရုံမှ ထွက်လာခဲ့ပြီး သူမသည် ချင်းဟီ ဟုခေါ်သော ဘားရဲ့ အပြင်ဘက်သို့ ရောက်လာခဲ့သည်။
ဤဘားသည် လူငယ် တော်တော်များများနှင့် ပိုက်ဆံရှိ လူတန်းစားတွေအတွက် ရေပန်းစားသော နေရာတစ်ခုဖြစ်သည်။ ၎င်းတွင် ထူးခြားသောပုံစံနှင့် တံခါးပေါ်တွင် အလွန်စွဲဆောင်မှုရှိသော ဆိုင်းဘုတ်တစ်ခု ရှိနေသည်။
“မင်းမှာ ဇာတ်လမ်းရှိတယ်၊ ငါ့မှာက ဝိုင်ရှိတယ်၊ မင်းသောက်ချင်လား?”
ရှောင်ဇီ ၏ကင်မရာသည် ဘားရဲ့ အပြင်ဘက်တစ်ဝိုက်ကို ဦးစွာ ရိုက်ပြီးနောက်တွင် ရှောင်ဇီ က ကျန်းရီကို "စတွင်မာ အထဲကို ဝင်ရမှာလား?"
"ဒီအမှိုက်ပုံးက ဘယ်နားမှာလဲ၊ ဒီနားမှာ ရှိလား"
ရှောင်ဇီ က လှည့်ကြည့်လိုက်တော့ ဆန့်ကျင်ဘက်ထောင့်လေးမှာ အမှိုက်ပုံးတစ်ခုကို တွေ့လိုက်ရသည်။
တစ်ချက်လောက် ကြည့်လိုက်ပြီးနောက် ကျန်းရီက " ဘားထဲကို အရင်သွားကြည့်ရအောင်။ ဘားက အခုပိတ်လား ဖွင့်လားတော့ မသိဘူး"
ရှောင်ဇီ သည် ဘားထဲသို့ ဝင်သွားလိုက်သည် ။
ဘားရှိ စားပွဲအနည်းငယ်တွင် ယောက်ျားလေးတစ်ယောက် နှင့် အမျိုးသမီး နှစ်ဦးသာ ရှိသည်ကို တွေ့လိုက်ရသောကြောင့် ရှောင်ဇီ သည်လည်း ထိုင်ခုံတစ်ခုမှာ ထိုင်လိုက်သည်။
ဤဘား၏ အပြင်အဆင်သည် ဝိုင်ပုလင်းတွေထားတဲ့ စင်တစ်ခုပါသည့် ဘားကောင်တာဖြစ်ပြီး ဘားကောင်တာတွင် ထိုင်ခုံ တစ်ဒါဇင်ကျော်ခန့် ရှိသည်။
နေရာက အနည်းငယ် ကျဥ်းသည်။ ဒါပေမယ့် ဘားက အဖျော်ဆရာနဲ့ အနီးကပ် စကားပြောလို့ရသည်ဖြစ်သည်။
ထိုညီငယ်လေးသည် ဒီဘားရဲ့ ပိုင်ရှင်ဖြစ်သည်။
ရှောင်ဇီ ရောက်လာတာကိုမြင်တော့ ကောင်လေးက ပြုံးပြပြီးတော့ "မင်္ဂလာပါ ၊ ငါတို့ ဘားရဲ့ သောက်စရာတွေကို ကျွန်တော့်ခေါင်းရဲ့ အထက်က ဆိုင်းဘုတ်ပေါ်မှာ ရေးထားပါတယ်၊ အချိန်ပေးပြီး ခဏ ဖတ်လိုက်ပါအုံး။"
ရှောင်ဇီက တစ်ချက်ကြည့်လိုက်ပြီးတော့ ဝိုင်တစ်ခွက်ကို မှာလိုက်သည်။ နောက်ဆုံးတော့ ဘားဆိုတာကလည်း အရက်ဆိုင်ပဲလေ ဝိုင်မမှာရင် မသင့်တော်ဘူးလေ။ သောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေ ဒါကတော့ ရှောင်ဇီ ရဲ့ လွတ်လပ်မှုပါပဲ။
ညီငယ်က ဝိုင်ကို ရောစပ်နေသည်။ ရှောင်ဇီက ထိုနေရာတွင်ထိုင်ပြီး လူငယ်နှင့် အမျိုးသမီးသည် တစ်ချိန်လုံး ခေါင်းငုံ့နေပုံရသည်ကို တွေ့လိုက်ရသည်။ သူတို့ရဲ့ စိတ်ဓာတ်တွေက အနည်းငယ် ကျနေပုံရသည်။
စားပွဲပေါ်မှာ ဖုန်းကို ဖုံးကွယ်ထားပြီးတော့ ရှောင်ဇီ က ကျန်းရီ ရဲ့ ညွှန်ကြားချက်တွေ အတိုင်းပဲ “ဘော့စ် မင်း ဘားရဲ့ တံခါးမှာ ရေးထားတဲ့ ဇာတ်လမ်းက ဘာကို ဆိုလိုတာလဲ။”
“အိုး.. ဒါက အရက်ကို မြက်ခြောက်နဲ့ သောက်ခဲ့ရင် မင်းပိုသောက်လေ ပိုခါးလာလေပဲ။ ငါရဲ့ ဘားအတွက်က တစ်ခါတလေ အသောက်နဲ့ လိုက်ဖက်တဲ့ အကောင်းဆုံး အမြည်းက ဧည့်သည်တိုင်းရဲ့ နှလုံးသားထဲက ဇာတ်လမ်းတစ်ပုဒ်ပဲ ။
ပျော်တာပဲဖြစ်ဖြစ် ဝမ်းနည်းတာပဲဖြစ်ဖြစ် ဇာတ်လမ်းတွေက များစွာရှိတယ်၊ ငါ့ရဲ့ မူလရည်ရွယ်ချက်က ဒီလို ပုံစံလေးက ဖောက်သည် များစွာကို ကျွန်တော့်ရဲ့ ဘားလေးကို အမှတ်ရစေနိုင်ဖို့ပဲ “
ရှောင်ဇီ မသိစိတ်ကနေ ခေါင်းညိတ်လိုက်မိသည်။ အမှန်ပင်၊ ထိုကဲ့သို့သော ပုံစံလေးက ဒီဘားကို သူမ၏ မှတ်ဉာဏ်တွင် ပို၍ လေးနက်စေသည်ဟု ခံစားရစေသည်။
ဒါပေမယ့် သူ့ခေါင်းအထက်က ဆိုင်းဘုတ်မှာ ပြထားတဲ့ စျေးနှုန်းတွေကို ကြည့်လိုက်တော့ ဒီဆိုင်ဟာ သာမန် အလုပ်သမားလူတန်းစားတွေ လာသင့်တဲ့ နေရာမဟုတ်ဘူးလို့လည်း သူမ ခံစားခဲ့ရတယ်။
“ဘော့စ်၊ မင်းကြားရတဲ့ ဇာတ်လမ်းတွေထဲမှာ ပျော်စရာ ဇာတ်လမ်းတွေကများလား ဒါမှမဟုတ် ဝမ်းနည်းစရာ ဇာတ်လမ်းတွေက များလား?”
ဒါကိုကြားပြီးတဲ့နောက် ကောင်လေးက ခဏလောက်စဉ်းစားပြီးတော့ “ဝမ်းနည်းစရာက ပိုများတယ် “
ကျွန်တော့်ရဲ့ မူလရည်ရွယ်ချက်က ဧည့်သည်တွေနဲ့ တွေ့ဆုံ စကားတွေပြောပြီး ပျော်ရွှင်စရာကောင်းတဲ့ အရာတွေကို လူတိုင်းကြားရအောင်၊ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ပျော်ရွှင်မှုတွေ မျှဝေခံစားနိုင်စေဖို့နဲ့ ပျော်ရွှင်မှုတွေကို လူတိုင်းကို ကူးစက်နိုင်စေဖို့အတွက်ပါ….
ဒါပေမယ့် ဘာကြောင့်မှန်းတော့မသိ ပျော်ရွှင်မှုဆိုတာ အမြဲတမ်းရှားပါးနေတယ် ဒါပေမယ့် ဝမ်းနည်းမှုနဲ့ ကံဆိုးမှုတွေကတော့ လူ ဆယ်ယောက် ရှိတဲ့ အထဲမှာ ကိုးယောက်လောက်ရဲ့ဘဝမှာ ဝမ်းနည်းမှုနဲ့ ကံဆိုးမှုတွေက ပြည့်နေခဲ့တယ်။
လူငယ်လေးက သူပြောနေရင်းနဲ့ ခေါင်းကို အနည်းငယ်ခါယမ်းကာ ယနေ့ခေတ်လူများ အဘယ်ကြောင့် ဤမျှလောက် ဝမ်းနည်းမှုနှင့် ကံဆိုးမှုတွေ အမြဲ ကြုံတွေ့နေရသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
“ဘာလို့ မင်းက ငါ့ကို လမ်းခွဲချင်တာလဲ၊ ငါ့ကို နည်းနည်းလောက် အချိန် ပေးပါ၊ မင်းအမေရဲ့ လိုအပ်ချက်အားလုံးကို ငါ အမြန်ဆုံး ဖြည့်ဆည်းပေးပါ့မယ်!”
ဘေးနားက ဧည့်သည်နှစ်ယောက်ရဲ့ ကြားထဲက ကောင်လေးရဲ့ အသံက ရုတ်တရက် ပိုကျယ်လာခဲ့သည်။
ကောင်မလေးက ရှောင်ဇီ ကို ရှက်ရွံ့စွာ ကြည့်လိုက်ပြီးတော့ “ဒီလောက်ကြီး အသံမကျယ်နဲ့လေ….
ဒါကို နင် လက်ခံဖို့ ခက်ခဲတယ်ဆိုတာ ငါသိပါတယ်။
နင့် စိတ်ထဲမှာလည်း နာကျင်ခံစားရမယ်ဆိုတာကိုရောပဲ ဒါပေမယ့် အနှစ် ၂၀ ကျော်ကြာအောင် ငါ့ကို ပြုစုပျိုးထောင်ခဲ့တဲ့ ငါ့အမေအတွက်လည်း မလွယ်နေဘူးလေ။
ငါ့ လူငယ်ဘဝရဲ့ ကိုးနှစ်ကို နင်နဲ့အတူ ဖြတ်သန်းခဲ့တယ်။
ဒါ မလုံလောက်သေးဘူးလား?
“ဒါပေမယ့် ငါတို့က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ ဘွဲ့ရခဲ့တာလေ။ မင်း ငါ့ကို အချိန်တစ်ခုတော့ ပေးလို့ရမလား တင်တောင်းငွေ ယွမ်ငါးသိန်းကြီးကို ငါတကယ် မတတ်နိုင်သေးဘူးလေ...”
“နင် မှားနေပြီ၊ သတို့သမီးကို တင်တောင်းငွေအပြင် အိမ်လည်း လိုအပ်နေသေးတယ်... အမေကလည်း ငါကောင်းဖို့အတွက် လုပ်ခဲ့တာ၊ တကယ်တော့ အဲ့တာက အမှန်ပဲ၊ ငါ့ရဲ့ ငယ်ဘဝကို နင့်ကို အဖော်ပြုရင်းနဲ့ ကုန်ဆုံးခဲ့တယ်၊ အခု နင့်နဲ့ လက်ထပ်ပြီးရင် အခြေချနေထိုင်ဖို့အတွက် နေရာတစ်ခု တောင်းဆိုတာက အရမ်းများနေတာလား ”
ကောင်လေးက ငြိမ်သက်စွာနဲ့ ခေါင်းကိုငုံ့ကာ ဝိုင်ဖန်ခွက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီးတော့ “မင်းတို့ မိသားစုက ငါတို့နှစ်ယောက်ကြားမှာ ဒုက္ခေပးနေတယ် ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ချစ်ရေ မင်းလည်း ငါ့မိသားစုအခြေအနေကို သိနေတာပဲ။ ကိုယ် မင်းကို တင်တောင်းငွေ ယွမ် ငါးသိန်းပေးရင် မင်းမိသားစုကလည်း ငါ့ကို တခြား လက်ဆောင်တွေ ပြန်ပေးလို့ရမလား?”
“ ပြန်ပေးဖို့ မဖြစ်နိုင်ဘူး….
အိမ်ထောင်ပြုဖို့အတွက် ကျန်သေးတဲ့ မောင်လေးတစ်ယောက် ငါ့တို့မှာ ရှိနေတယ်... ဒါကြောင့် အမေကို ဒီကိစ္စကို သဘောတူစေချင်ရင် နင်က သူ့အခြေအနေတွေကို သဘောတူပေးရမယ်။
လွန်ခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ ပိုက်ဆံရှာဖို့ ခဲယဉ်းတယ်ဆိုတာကို ငါသိပါတယ် ဒါပေမယ့် အမေတောင်းဆိုသမျှကလည်း ငါ ကောင်းဖို့အတွက်ပဲလေ.....”
ကောင်မလေး၏ လေသံမှာ ပြတ်ပြတ်သားသား ဖြစ်နေခဲ့သည်။ ပြီးတော့ ကောင်လေး၏ အမူအရာမှာ ညှိုးငယ်နေပြီး သူ့လက်ကလဲ ဝိုင်ခွက်ကို ဖိချေတော့မည့်အတိုင်း ဆုတ်ကိုင်ထားနေခဲ့သည်။
ဘားမှ ကောင်လေးက သက်ပြင်းကို တိုးတိုးလေး ချလိုက်ကာ ခေါင်းခါရင်းနဲ့ “ကျွန်တော် ဘယ်တော့မှ ပျော်စရာကောင်းတဲ့ ဇာတ်လမ်းတွေ ကြားနိုင်မလဲလို့ တွေးနေမိတယ်”
ကောင်မလေးက ထွက်သွားတော့ ကောင်လေးတစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။
သူက ခေါင်းကိုမော့လိုက်ပြီးတော့ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ဘားရဲ့ သူဌေးကို ကြည့်လိုက်ပြီး “ ဘော့စ် ငါက သူမရဲ့ ဘဝတစ်ခုလုံးကို တကယ်ကို အပ်နှင်းခံရဖို့ မထိုက်တန်ဘူးလား။ သူမနဲ့ ကျွန်တော်က အထက်တန်းကျောင်းမှာကတည်းက ကြိုက်ခဲ့ကြတာ
သူမက စာတော်တဲ့ ကျောင်းသားတစ်ဦး ဖြစ်ပြီးတော့ ကျွန်တော်ကတော့ သာမန်ကျောင်းသားတစ်ဦးပဲ ဖြစ်ခဲ့တယ်
သူမလျှောက်ထားခဲ့တဲ့ တက္ကသိုလ်ကို တက်ခွင့်ရဖို့အတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့တယ်”
“ကျွန်တော်က သူမထက် အဆင့် ပိုမြင့်ခဲ့လို့ သူမက ကျွန်တော့်ကို ပြန်ပြီး သဘောတူခဲ့တာ။ ဘွဲ့ရပြီးတာနဲ့ ကျွန်တော် အရူးလို အလုပ်တွေလုပ်ခဲ့တယ်။ သူမကို ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခု ရစေချင်ခဲ့တယ်... ဒါပေမယ့် ကျွန်တော် အလုပ်လုပ်တာ နှစ်နှစ်လောက်ပ ရှိသေးတယ် ဒီအချိန်မှာ သူမလိုချင်တဲ့ ဘဝကို တကယ်မပေးနိုင်သေးဘူး။ ကျွန်တော် မှားနေသလား??”
ဘားရဲ့ သူဌေးက ပြုံးရုံသာပြုံးပြခဲ့ပြီးတော့ ရှောင်ဇီ ကလည်း ဘာမှပြန်မပြောခဲ့ပေ။
ကောင်လေးသည် ဖန်ခွက်ထဲရှိ ဝိုင်ပြင်းပြင်းကို တစ်ကျိုက်တည်း မော့ သောက်လိုက်ပြီးတော့ သူ့မျက်လုံးများကလည်း သွေးရောင်များဖြင့် ပြည့်နေခဲ့သည်။
“ဒီအချိန်မှာ တစ်ယောက်ယောက်က ကျွန်တော့်ကို ကူညီပေးနိုင်မယ်လို့ ကျွန်တော် တကယ်ပဲ မျှော်လင့်တယ်။ သူ့ရဲ့ မျက်လုံးတွေထဲက ကဲ့ရဲ့ရှုံ့ချမှုေတွကို မင်းတို့ နားလည်မှာ မဟုတ်ဘူး၊ ငါ သူ့ကို ကာကွယ်ဖို့ အရမ်း ကြိုးစားလာတဲ့အခါမှာ သူရလာသမျှ အရာအားလုံးက လွယ်လွယ်နဲ့ ရလာတယ်လို့ ခံစားလာခဲ့တယ် “
ကောင်လေးက ဝိုင်ဖန်ခွက်ကို စားပွဲပေါ်တင်ပြီးတော့ ခေါင်းကို ငုံ့ထားကာ စားသောက်ဆိုင်ထဲက ထွက်လာခဲ့သည်။
ကောင်လေးက သူ့ကိုကြည့်ရင်း ရှောင်ဇီ ကို ပြုံးပြီး “တောင်းပန်ပါတယ် မင်းရဲ့ ပထမဆုံးလာရောက်တဲ့ အကြိမ်မှာပဲ ဒီလို ဝမ်းနည်းစရာ မြင်ကွင်းမျိုးကြုံခဲ့ရတာ စိတ်မကောင်းပါဘူး….
ကျွန်တော်လည်း ဒီဆိုင်ကို ဆက်မဖွင့်ချင်တော့ဘူး
မူလက ဤနေရာလေးကို ပျော်ရွှင်မှုတွေနှင့် အပျော်တွေ ရှာဖို့အတွက် လာတဲ့သူေတွ များစေချင်ခဲ့တာ ဒါပေမယ့် အဘယ်ကြောင့်မှန်းမသိဘူး ယုတ်ညံ့မှု၊ အဆိုးမြင်မှုတွေနှင့် စိတ်ပျက်အားငယ်မှုတွေကို ဖြစ်စေတဲ့ အငွေ့အသက်တွေကပဲ ကျွန်တော့်ရဲ့ ဆိုင်လေးမှာ ပြည့်နေခဲ့တယ်…
ကျွန်တော်လည်း သေသေချာချာ စဉ်းစားသင့်နေပြီ၊ ဒီလို နည်းနဲ့ ငွေရှာတာ ဘာတွေကောင်းလာမှာ မို့လို့လဲပေါ့။ ကျွန်တော်လည်း မသိတော့ပါဘူး….
မကြာခင်သေးခင်မှာပဲ စိတ်ဓာတ်တွေ ကျလာသလို ခံစားရတယ်... တစ်ချိန်လုံးကို စိတ်ဓာတ်တွေ ကျနေသလို ခံစားနေရတယ်...”
ပိုင်ရှင်က ပြောပြီးတော့ နောက်ကို လှည့်လိုက်သည်။ ရှောင်ဇီ က ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျန်းရီ ပို့လိုက်တဲ့ မက်ဆေ့ချ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဝိုင်ဖိုး ငွေရှင်းပြီး ဘားထဲက ထွက်လာခဲ့လိုက်တယ်။
ထိုအချိန်တွင် အမှိုက်ပုံးဘေးတွင် လဲလျောင်းနေသော ကောင်လေးကို သူမတွေ့လိုက်ရသည်။
သူ့လက်ထဲမှာ အရုပ်တစ်ရုပ်ကိုလည်း ကိုင်ထားပြီးတော့ သူ့မျက်လုံးထဲမှာလည်း စွဲလမ်းမှု အရိပ်အယောင်တွေ စီးဆင်းနေသလိုမျိုး သူ့မျက်လုံးတွေက အရုပ်လေးကို စိုက်ကြည့်နေခဲ့တယ်။
ဒါပေမယ့် အဲ့ဒီအချိန်မှာတော့ ကောင်လေးနဲ့ မျက်နှာချင်းဆိုင်ရှိနေတဲ့ အရုပ်လေးက ရုတ်တရက် ခေါင်းကို လှည့်လိုက်သည်။
သူမ၏ ထုံမှိုင်းေနသော မျက်လုံးများက ယခုအချိန်တွင် ထိတ်လန့်မှုများ ပြည့်နေခဲ့သည်။
ကောင်လေး၏လက်ထဲမှ ထွက်ပြေးခါနီးမှာပဲ ကျန်းရီ အသံကို ကြားလိုက်ရသည်။
“မင်း ထွက်ပြေးချင်နေတာလား?။ လူတွေရဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို မင်းအရမ်းကြိုက်တယ်မလား။ ဒါပေမယ့် ကိုယ့်ဆီက ပြန်ရတဲ့ အကြောက်တရားတွေကိုတော့ မင်းလုံးဝ မလိုချင်တော့ဘူးပေါ့ ? ”
“ဟမ် ?” ကျန်းရီသည် နောက်ဆုံးတွင် ရွဲ့သလိုနဲ့ ပြောလိုက်သည်။