← Chapters

အမှောင်ထဲက မုဆိုး

Vol. 10 Ch. 134

အမှောင်ထဲက မုဆိုး

Vol. 10 Ch. 134

ထိုကောင်လေးက သူ့ဆီကို ယူဆောင်လာတဲ့ စိတ်ကူးယဉ်ကမ္ဘာကို စွဲလမ်းနေပုံရတယ်။ ကျန်းရီ သည် သူဘာကို စိတ်ကူးယဉ်နေမှန်းမသိပေ။

ဒါပေမယ့် သေချာတာတစ်ခုကတော့ ကောင်လေး စိတ်ကူးယဉ်နေတာက ကောင်းတဲ့အရာမဟုတ်တာတော့ သေချာပါတယ်။

အဲ့ဒါကို သူ့မျက်နှာကနေ မြင်နေရသည်၊ ရက်စက်တယ်ပြီးတော့ ကြမ်းကြုတ်နေတဲ့ မျက်နှာ ပြီးတော့ စိတ်ပျက်အားငယ်မှုတွေကိုလည်း သူ့မျက်လုံးထဲမှာ တွေ့နေရသည်။

ဒါပေမယ့် သူ့ဆီရောက်လာတဲ့ အဆုံးမရှိတဲ့ အေးစက်တဲ့ ခံစားချက်တွေကို နှစ်သက်နေပုံရသည်။

ဒီလိုတုံ့ပြန်မှုမျိုးဟာ အလွန်ကို တုန်လှုပ်စရာကောင်းနေခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေတောင် ထို​ကောင်လေးကို ကြည့်တဲ့အခါ မယုံနိုင်လောက်အောင်ကို ခံစားလိုက်ရသည်။

အဘယ်ကြောင့်များ လူတစ်ချို့က ဒီလို စိတ်ပျက်အားငယ်မှုတွေနှင့် စိတ်ဓာတ်တွေ ကျခြင်းကို နှစ်သက်နေရတာလဲ??။

“​ ကြည့်ရတာတော့ သူက စကား များများစားစား ပြောရတာကို မကြိုက်တဲ သူတစ်ယောက်လို့ ထင်ရတယ်... သူက ညဘက်တွေမှာ အမဲလိုက်တက်တဲ့ မုဆိုးတစ်ကောင်လိုပဲ သူတို့ရဲ့ နှလုံးသားထဲမှာ မကောင်းတဲ့ စိတ်ခံစားချက်တွေရှိတဲ့ လူတိုင်းကို အမဲလိုက်နေတယ်။

အဲ့ဒီလူတွေရဲ့ အဆိုးမြင်စိတ်တွေဖြစ်တဲ့ လက်မခံနိုင်၊ မခံမရပ်နိုင် ဖြစ်နေတာတွေ အစရှိတဲ့….

သူရဲဘောကြောင်မှု၊ မနာလိုမှု၊ နှင့် သေခါနီးတဲ့ လူတွေက သူ့ရဲ့ အာဟာရတွေ ဖြစ်လာနိုင်တယ်၊ ဒါကြောင့် ပစ်မှတ်ကို ရှာဖွေပြီးတာနဲ့ သူတို့ရဲ့ အတွင်းက မကောင်းတဲ့ စိတ်ခံစားချက်တွေကို အကန့်အသတ်မရှိ လှုံ့ဆော်ပေးပြီးတာနဲ့ သူ့ရဲ့ ဆုပ်ကိုင်မှုကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့တဲ့ အခါမှာ မင်းတို့ကို သတ်ပြစ်တာ!”

ကျန်းရီ ၏စကားများသည် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းရှိ ပရိသတ်များကို ထိတ်လန့်စေခဲ့သည်။ မြို့တစ်မြို့တွင် ညအခါ၌ မုဆိုးတစ်ယောက်တော့ ရှိပေလိမ့်မည်။

မကောင်းမြင်တဲ့ စိတ်တွေ ပြည့်နေတဲ့ သူတွေကို မြို့ရဲ့ ထောင့်တိုင်းမှာ လှည့်လည်ရှာဖွေနေတက်တယ်။ ပစ်မှတ်က ပေါ်လာတာနဲ့ မကောင်းဆိုးဝါး ဝိညာဥ်က ပေါ်လာလိမ့်မည်ဖြစ်သည်။

ဘာကြောင့်လဲ ဆိုတော့ အဲဒါက သူတို့ အကြိုက်ဆုံး အရာ ဖြစ်နေလို့ပါပဲ။

“ထွက်လာခဲ့!”

ကောင်လေး၏ လက်ထဲက မလှုပ်မယှက် ဖြစ်နေသော အရုပ်ကိုတွေ့လိုက်ရသောအခါ ကျန်းရီ၏ လေသံသည် တဖြည်းဖြည်း အေးစက်လာပြီး တင်းမာလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ထိုအရုပ်လေးက ရှောင်ဇီ၏ ရှေ့မှာ ပေါ်လာခဲ့သည်။

ဒါကို ရှောင်ဇီ မြင်လိုက်တာနဲ့ သူမ မသိစိတ်ကနေ နောက်ကို ခြေနှစ်လှမ်း ဆုတ်လိုက်မိသည်။ အဆောက်အဦးပေါ်ကနေ ပြုတ်ကျခဲ့တဲ့ သူမရဲ့ အဖေနှင့် ပြိုလဲသွားခဲ့တဲ့ သူမရဲ့ မိသားစုကို မှတ်မိနေပြီးသားပါ။ အဆုံးမရှိတဲ့ အမှောင်ထုတွေ ဝန်းရံထားတဲ့ အခြေအနေတွင် သူမ နစ်မြုပ်နေခဲ့သည်။

ငါ့မိသားစုရဲ့ အနာဂတ်အတွက်က မျှော်လင့်ချက်မရှိဘူးလို့ အမြဲခံစားရတယ်။ ပိုကောင်းလာဖို့ကို မဆိုထားနှင့် အတိတ်က ပုံမှန်အနေအထားကိုပဲ ပြန်သွားဖို့တောင် ခက်ခဲနေခဲ့သည်။

ဤအတွေးတွေကြောင့် သူမက ပို၍ပို၍ ဝမ်းနည်းလာပြီးတော့ စိတ်ဓာတ်တွေပါ ကျလာနေခဲ့သည် ပြီးတော့ အမျိုးမျိုးသော ဆိုးရွားတဲ့ ခံစားချက်တွေကလည်း သူမရဲ့ ဘဝတစ်ခုလုံးကို သိမ်းပိုက်သွားခဲ့သည်ကို သူမ တွေ့လိုက်ရသည်။

ဒါပေမယ့် တစ်နေ့မှာတော့ သူမဟာ သူမကိုယ်တိုင်ပဲ နိုးထလာခဲ့သည်။

ထိုမှောင်မိုက်သော စိတ်ခံစားမှုတွေက စွဲလမ်းစေတက်ပြီးတော့ သူမအား အနုတ်ဘက်ရောက်စေတဲ့ ပျော်ရွင်မှုတွေကို ပေးစွမ်းနေသည်။ ဒီအတိုင်း ဆက်သွားလို့တော့ မရဘူး၊ အခုလို ခက်ခဲတဲ့ ဘဝကိုရင်ဆိုင်ဖို့အတွက် အကောင်းမြင်စိတ်တွေ ရှိရမယ်။

အထူးသဖြင့် သူမ လွတ်မြောက်ပြီး နောက်တွင် ဘဝသည် သူမစိတ်ကူးထားသလောက် ဆိုးမနေကြောင်းကို တွေ့ရှိခဲ့ရသည်။ ပြီးတော့ သူမ၏ဘဝသည် ပိုမိုပြည့်စုံလာသည်ဟု သူမခံစားခဲ့ရသည်။

"ရှောင်ဇီ သူမကို မပြီးတော့ သူ့မျက်လုံးတွေကို ကြည့်လိုက်။"

ကျန်းရီက ရှောင်ဇီ ကို သတိပေးလိုက်တော့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက " စတွင်မာ ဒီသရဲက သူ့ရဲ့ ပုံစံအမှန်တောင် မပေါ်သေးဘူး၊ ရှောင်ဇီ ကို ထိခိုက်စေရင် ဘယ်လိုလုပ်မလဲ?။"

"သူမရဲ့ ပုံစံအမှန်ကို မပြသေးတဲ့ အတွက်ကြောင့် သူမကို အရမ်းအစွမ်းထက်တယ်လို့ မင်းတို့ ထင်နေတာလား? "

"ဒါမှမဟုတ် မင်းတို့ရဲ့ စိတ်ထဲမှာ အဆိုးမြင်စိတ်တွေနဲ့ စိတ်ဓာတ်တွေ ကျနေတာလား၊ ဒါကြောင့် မင်းတို့ မြို့ရဲ့ထောင့်တစ်နေရာကနေ ဒီလိုမျိုး ရုတ်တရက် မင်းတို့ကို အမဲလိုက်မှာကို မင်းတို့ ကြောက်နေတာလား?။"

“ မင်းတို့ကို အခု ငါပြောပြမယ် မင်းအားလုံးက လူသားတွေပဲ။ လူသားတွေမှာ စိတ်ခံစားချက်တွေ လိုချင်တပ်မက်မှုတွေ ရှိတယ်၊ ပြီးတော့ လူတွေမှာ ဝမ်းနည်းစရာအချိန်တွေလည်း ရှိတယ်။ ဝမ်းနည်းတဲ့အခါ မင်းဘာလို့ မငိုရမှာလဲ။ မင်းဝမ်းနည်းတဲ့အခါ မင်းမှာ ငိုခွင့်မရှိဘူး။ အဲဒီလို အကြောင်းပြချက်တွေ မရှိဘူး။

“ဒါ့အပြင် အဲ့ဒီ ပြစ်မှတ်ထားခံခဲ့ရတဲ့ လူတွေကရော သူတို့က အဲ့ဒီ ခံစားမှုတွေထဲကို တကယ် နစ်မြုပ်သွားခဲ့တာလား? သူတို့ကိုယ်တိုင်​ကရော မလွတ်မြောက်ခဲ့ဘူးလား၊ ဒါဆိုရင် ရှောင်ဇီ ရဲ့အဖေက ဘာပြောခဲ့တာလဲ။ ရှောင်ဇီ ကရော ဘာပြောခဲ့လဲ?”

ကျန်းရီ ၏စကားများသည် မူလက အကြောက်တရားတို့ဖြင့် ပြည့်နေသော အရုပ်၏မျက်လုံးများတွင် ပို၍သိသာထင်ရှားသော ကြောက်ရွံ့မှုတွေကို ပေါ်လာခဲ့စေသည်။

“အခု ထွက်လာခဲ့စမ်း !”

ကျန်းရီ က ကျယ်လောင်စွာအော်လိုက်သည်၊ ထို့နောက် အရုပ်လေးထဲမှ ပုံရိပ်တစ်ခု ထွက်လာခဲ့သည်။

အလွန်ရုပ်ဆိုးသော မျက်နှာရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ကျန်းရီ ကိုကြည့်ရန် ခေါင်းတောင် မထောင်ဝံ့ဘဲ မြေကြီးပေါ်တွင် ခွေခွေလေး ရှိနေခဲ့သည်။

“ မင်းတို့ မြင်ပြီလား၊ ဒါက စိတ်အားငယ်နေတဲ့ သူတွေရဲ့ ဓားစာခံပဲ။ မင်းဘယ်ကနေ သင်ယူခဲ့တာလဲ။ သေပြီးတော့ မင်းသင်ယူခဲ့တာတွေကို လက်တွေ့ အသုံးချလိုက်တာ​ပေါ့။ မင်းသာ အသက်ရှင်နေစဥ် ဒီလို အစွမ်းအစရှိခဲ့ရင် မင်းအတွက် အဆင်ပြေပေလိမ့်မယ်။ ဒါဆို အခုလို သေပြီးတဲ့အခါမှာ ပြင်းထန်တဲ့ နာကြည်းမှုတွေနဲ့ အဆုံးသတ်မှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား။”

ကျန်းရီ သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးကို ခနဲ့လိုက်သည်။ ထိုအမျိုးသမီး ၏ ဝိညာဉ်သည် တုန်တုန်ယင်ယင်ဖြင့် “တောင်းပန်ပါတယ်… ငါ… ငါက…”

“ရှင်းရှင်းပြောရရင် မင်းဟာ လူသားတစ်ယောက်နဲ့ ပိုတူ​နေတယ်..

မင်းဆီကနေပြီးတော့ မင်းဘဝဟာ အဆိုးမြင်စိတ်တွေ၊ ကိုယ့်ကိုယ်ကို သိမ်ငယ်မှုေတွ နဲ့ မနာလိုမှုတွေက ပြည့်နှက်နေပုံရတယ်။

အဆုံးမှာတော့ မင်းကိုယ်တိုင် ကိုယ့်ကိုကိုယ် အဆုံးသတ်ခဲ့တယ် ဟုတ်တယ်မလား? ဒါပေမယ့် သေပြီးတော့ မင်း ဒီလိုတွေ မနေချင်တော့ဘူး

ဒါကြောင့် မင်းအလွယ်တကူ ဒက္ခပေးလို့ရတဲ့ ပစ်မှတ်တွေကို မင်းစရှာတယ်။

ထိုပစ်မှတ်တွေက စိတ်ဓာတ်ကျလာပြီး သူတို့ဘဝကို လက်လျှော့လိုက်တဲ့ အခါမှာတော် သူတို့ကို အခိုင်အမာ ထိန်းချုပ်နိုင်မည်ဖြစ်သည် “

“မင်းအသက်ရှင်နေချိန်မှာ အခြားသူတွေက မင်းကို မထီမဲ့မြင်ပြုနိုင်ခဲ့ပေမယ့် သေပြီးတဲ့ အခါမှာတော့ မင်းက တခြားသူတွေရဲ့ ဘဝတွေကို မင်းထိန်းချုပ်နိုင်တယ်၊ တခြားသူတွေရဲ့ဘဝကို ထိန်းချုပ်ရတာ ဘယ်လိုလဲ ခံစားလို့ ကောင်းတယ်မလား?”

ကျန်းရီဟာ အရာအားလုံးကို သိမြင်နေသည်ဖြစ်သည် ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ကြည့်ရှုသူတွေကတော့ သူ့ရဲ့ ဒေါသထွက်နေပုံရတဲ့ စကားလုံးတွေက လူတော်တော်များများကို ဉာဏ်အလင်းပွင့်သွားစေသလို ခံစားစေခဲ့ရသည်…

ကြည့်ရှု့သူ A-“ဟုတ်တာပေါ့ ငါဘာလို့ အဆိုးမြင်နေရမှာလဲ၊ ဘာလို့ ကိုယ့်ကိုကိုယ် အရှုံး​ပေးလိုက် ရမှာလဲ၊ ငါ့ကိုယ်ငါသာ အရှုံးပေးခဲ့လိုက်ရင် ငါ့ကို မုန်းတီးပြီးတော့ သေဖို့ ဆန္ဒရှိတဲ့သူတွေရဲ့ ဆန္ဒတွေကို ဖြည့်စည်းပေးလိုက်သလို ဖြစ်မနေဘူးလား?”

ကြည့်ရှု့သူ B- “ဒီသရဲက ဗီလိန် တစ်ယောက်လိုပဲ၊ ငါတို့ရဲ့ စိတ်ဓာတ်တွေ ထိုးကျတဲ့အချိန်ကို စောင့်နေတာပဲ ဒါမှ သူမ ဒါကို အခွင့်ကောင်းယူလို့ ရနိုင်မှာပေါ့!”

ကြည့်ရှု့သူ C-“ ဒီနေ့တော့ စတွင်မာက လူကောင်းတစ်ယောက်ဖြစ်အောင် သင်ပေးနေတယ်လို့ မင်းတို့ထင်လား” မိန်းကလေးတစ်ယောက်ကြောင့် ကိုယ့်ကိုယ်ကို အရှုံးပေးလိုက်ရတဲ့ အချိန်ကို တွေးမိလိုက်တယ်။ နောက်တော့ ငါ ပိုင်ဆိုင်ရလိမ့်မယ်လို့ ထင်ခဲ့တဲ့ မိန်းကလေးက ငါ့သူငယ်ချင်းနောက် ပါသွားတာကို သိလိုက်ရတယ်”

ဒီအခိုက်အတန့်မှာတော့ ကြည့်ရှုသူ တော်တော်များများက ရုတ်တရက် သဘောပေါက်သွားပုံ ရခဲ့တယ်။

ကျန်းရီ ၏ မျက်နှာပေါ်တွင်လည်း အပြုံးတွေ ပေါ်လာခဲ့သည်။ သူ့ရှေ့က တစ္ဆေအမျိုးသမီးက သူ့ကို ရွှံရှာစေခဲ့ပေမယ့်လည်း တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်က သူ့ကို ပျော်ရွှင်စေခဲ့ပါတယ်။

“ဒီလိုမှ​ပေါ့၊ မင်းတို့ကိုယ်တိုင်က အရှုံးပေးပြီး တိုက်ပွဲမဝင်ခဲ့ရင် မင်းတို့ကို ဘယ်သူက ဂရုစိုက်မှာလဲ။ ဒီလို အကောင်တွေနဲ့ မိစ္ဆာတွေကို အခွင့်အရေး မပေးမိစေနဲ့၊ ခုနက ပရိသတ်ပြောလိုက်တာကို ငါ သံသယဖြစ်မိတယ်။ မင်းမှာ တကယ်ပဲ ရည်းစားရော ရှိလို့လား??”

ကျန်းရီ ၏ စကားလမ်းကြောင်းလွှဲမှု ရုတ်တရက် ပြောင်းလဲသွားခြင်းကို မထင်မှတ်ထားခဲ့ပေ။ ထို့နောက် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းတွင် မူလက လေးလံသောလေထုက ရုတ်တရက် သက်တောင့်သက်သာရှိလာခဲ့ပြီးတော့ ရယ်စရာလည်း ကောင်းလာခဲ့သည်။

ကျန်းရီ က ပြုံးပြီးတော့ - “အိုကေ၊ ရှောင်ဇီရေ မင်းလက်ကို သူမမျက်ခုံးပေါ်ကို တင်လိုက်၊ ကြောက်စရာမလိုဘူး တကယ်တော့ သူမက မင်းထက်တောင် ပိုကြောက်နေသေးတယ်။ သူမဘယ်လို အခြားသူတွေကို ဘယ်လို သေအောင် ထိန်းချုပ်ခဲ့လဲဆိုတာကို သွားမကြည့်နဲ့။ အခုချိန်မှာ သူမက မင်းကို ကျားတစ်ကောင်လို ကြောက်နေပြီ!”

ရှောင်ဇီ က သူမလက်ကို တကယ် မြှောက်လိုက်ခဲ့သည်။ တစ္ဆေအမျိုးသမီးက ဒါကိုမြင်တော့ ကြောက်လန့်တကြားနဲ့ အော်ပြောလိုက်သည် “ ငါ.....

ငါ မသေခင်က အင်တာနက်ကနေ နည်းလမ်းတစ်မျိုးကိုလည်း ဖတ်ဖူးလိုက်တယ်။

ဂျပန်​နိုင်​ငံက ​နည်းလမ်းလို့တော့ ထင်ရတယ်

ငါ အသက်မသေခင်ကတော့ မလေ့လာနိုင်ခဲ့ဘူး ဒါပေမယ့် ငါသေပြီးတော့ အဲ့နည်းလမ်းကို တကယ် သုံးလို့ရတယ်ဆိုတာကို တွေ့ရှိခဲ့ရတယ်။

ငါတကယ်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ဒါပေမယ့် သူတို့ကိုတွေ့လိုက်ရတော့ ကိုယ့်ကိုကိုယ် ပြန်တွေ့ရသလိုပဲ ခံစားလိုက်ရတယ်။”

“ငါက သေပြီလေ၊ သူတို့လည်း ဘာလို့ မသေနိုင်ရမှာလဲ။ သူတို့ ဘဝတွေက မျှော်လင့်ချက် မဲ့နေပြီပဲလေ ဘာလို့ အောက်ဆင်းပြီးတော့ ငါ့ကို အဖော်မပြုပေးရမှာလဲ? ငါ့ကို ခွင့်လွှတ်ပါ၊ နောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး။ ငါ အခုချက်ချင်း လူပြန်ဝင်စားပါတော့မယ်”

“နောက်ကျသွားပြီ!”

ကျန်းရီ က ပေါ့ပေါ့တန်တန်ပဲ ပြောလိုက်ပြီးတော့ ရှောင်ဇီ ရဲ့ လက်ညှိုးထိပ်က တစ္ဆေအမျိုးသမီးရဲ့ မျက်ခုံးပေါ်ကို ရောက်သွားပြီးတော့ အစိမ်းရောင်မီးတောက်တစ်ခုက တစ္ဆေအမျိုးသမီးရဲ့ မျက်ခုံးကနေ ကူးစက်ပြီး တစ်ကိုယ်လုံး လောင်ကျွမ်းသွားပါတော့တယ်။

All Chapters