← Chapters

မင်း စက္ကူအရုပ်ဘယ်လို လုပ်ရတယ် ဆိုတာ သိလား

Vol. 10 Ch. 135

မင်း စက္ကူအရုပ်ဘယ်လို လုပ်ရတယ် ဆိုတာ သိလား

Vol. 10 Ch. 135

တစ္ဆေအမျိုးသမီးကို မီးတောက်မီးလျှံများက အဆက်မပြတ် ဝါးမျိုနေပြီးတော့ နောက်ဆုံးအခိုက်အတန့်ထိ သူမသည် ခွင့်လွှတ်မှုကို တောင်းနေဆဲဖြစ်သည်။

သို့သော်လည်း ကျန်းရီသည် ဤအရာကြောင့် သူမကို လွှတ်မပေးခဲ့ပေ။ သူမက လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ ကျန်းရီ သည် ၎င်းတို့ ထိုက်တန်သော တရားမျှတမှုကို ရရှိရန် ၎င်းတို့အား ငရဲသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။

သို့သော် ကျန်းရီ သည် သူ့ရှေ့ရှိ သရဲတစ္ဆေအမျိုးသမီးကို တိုက်ရိုက် ဖျက်ဆီးရန်သာ ရွေးချယ်ခဲ့သည်။

အကြောင်းပြချက်တော့ များများစားစား မရှိပါဘူး၊ သူမသေပြီးနောက်တွင် မလုပ်သင့်တဲ့ အရာတွေ အများကြီးလုပ်ခဲ့လို့သာ ဖြစ်သည်။

လူတိုင်းမှာ ကိုယ့်ကံကြမ္မာ ကိုယ်စီ ရှိကြသည်။ ဒါပေမယ့် သူမ သွားပြီး ဆုံးဖြတ်လို့ေတာ့ ရမနေပါဘူး။

ကျန်းရီက ဒီအမျိုးသမီးတစ္ဆေဟာ နယ်မြေသဘောအရ စည်းကျော်ခဲ့တာ မဟုတ်ဘဲ တစ္ဆေတစ်ကောင် အနေနဲ့ မလုပ်သင့်တဲ့အရာတွေကို လုပ်ခဲ့တယ်လို့ ကျန်းရီက ပြောခဲ့တာ ဖြစ်သည်။

ရှောင်ဇီကတော့ သူ့လက်ချောင်းကို တအံ့တသြ ကြည့်နေဆဲဖြစ်ပြီး စိတ်ထဲတွင် ဘာကိုမှ မတုံ့ပြန်နိုင်သေးပေ။

ဒါပေမဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်က ပြုံးပြီးတော့ " ရှောင်ဇီရေ သိပ်ပြီး အံ့ဩမနေပါနဲ့၊ ငါတို့ရဲ့ စတွင်မာ နတ်ဘုရားတွေနဲ့တောင် မိတ်ဆွေတွေ ဖြစ်နေတဲ့သူပဲ။ နတ်ဘုရားတွေကို သရဲတစ်ကောင်ကို ဖျက်ဆီးစေတာက သူ့အတွက် သိပ်ပြီး မထူးဆန်းနေဘူး။"

ကြည့်ရှု့သူ A-"အမှန်ပဲ ကောင်းကင်မှာ ကျောက်စိမ်းဧကရာဇ်၊ ငရဲမှာက ယမ၊ ဒီကမ္ဘာပေါ်မှာတော့ ငါတို့ရဲ စတွင်မာ ကျန်းရီပဲ “

ကြည့်ရှု့သူ B- “ဟားဟား၊ ဒါပေမယ့် ဒီတစ်ခါတော့ စတွင်မာ လုပ်တာ ကွက်တိပဲ၊ သူပြောခဲ့သလိုပဲ သူမကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်တယ်”

ကြည့်ရှု့သူ C- “တခါတရံမှာ ငါ့ကို အနိုင်ယူခဲ့တဲ့ သူတွေကို ငါမမုန်းဘူးလို့ ခံစားရတယ်၊ ငါ အမုန်းဆုံးလူက ငါတို့ကျရှုံးပြီး စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အနာကို လာထိတဲ့ သူတွေကိုပဲ”

ကြည့်ရှု့သူ D- "လူတိုင်းက နံရံကို တွန်းနေကြတယ်ပေါ့ ဒါပေမယ့် မင်းက ပြိုကျလို့ မရဘူး။

မင်းသာ ပြိုကျခဲ့ရင် ဒီပွဲမှာ တကယ်ကို မင်းရှုံးပီပဲ

ရှောင်ဇီ ရဲ့အဖေလိုပဲပေါ့၊ သူသာ တကယ်မနိုးထခဲ့ရင် ဒါမှမဟုတ် ရှောင်ဇီလဲ စိတ်ဓာတ်တွေကျပြီးတော့ သူ့ရဲ့ ယုံကြည်မှုတွေသာ အချိန်မှီ ပြန်မနိုးထလာခဲ့ရင် ဒီကမ္ဘာပေါ်မှာ နောက်ထပ်အပြစ်မရှိတဲ့ ဝိညာဉ်တွေ တိုးလာလိမ့်မယ်”

ပရိသတ်တေွက ဒီအကြောင်းအရာတွေကို စိတ်အားထက်သန်စွာ ဆွေးနွေးနေခဲ့ကြပြီး ရှောင်ဇီလည်း ဒီအချိန်မှသာ တုံ့ပြန်နိုင်ခဲ့သည်။

ကျန်းရီ ကို လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် သူမက “ကျေးဇူးတင်ပါတယ် စတွင်မာ ၊ ငါ့ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်!”

“အတိအကျ ပြောရရင် မင်းကိုကယ်ခဲ့တာ ငါမဟုတ်ဘူး မင်းကိုယ်မင်း ကယ်ခဲ့တာ။ မင်းကိုယ်မင်း ကယ်တင်ချင်နေသရွေ့တော့ ငါမင်းကို တကယ်ကယ်တင်ပေးနိုင်တယ် ဟုတ်တယ်မလား?”

ကျန်းရီ က ပြုံးကာ ပြောလိုက်သည်၊ ဒါပေမယ့် ရှောင်ဇီ က ရုတ်တရက် နောက်ထပ်မေးခွန်းတစ်ခုကို စဉ်းစားလိုက်ပြီးတော် “ စတွင်မာ ငါတို့အရင်က တွေ့ဖူးကြလား?”

“မတွေ့ဖူးဘူး၊ ဒါပေမယ့် ငါတို့ တစ်နေရာတည်းကို ရောက်ဖူးတာတော့ ငါသိတယ်

မင်းရဲ့ ခန္ဓာကိုယ်က သေခြင်း အငွေ့အသက်တွေကို ငါခံစားလိုက်ရတယ်။

အဲ့ဒီ မထိတွေ့နိုင်တဲ့ သေခြင်းအငွေ့အသက်တွေကြောင့်ပဲ မင်းငါ့ရဲ့ ဖုန်းနံပါတ်ကို မှတ်မိပြီးတော့ ငါ့ကို ဖုန်းခေါ်ခဲ့တာပဲ

ကောင်းပြီ ရှောင်ဇီ မင်းရဲ့ မိဘတွေကို အချိန်ပိုပေးပြီးတော့ မင်းရဲ့ ဘဝကို ပျော်ရွှင်စွာ ဆက်ဖြတ်သန်းလိုက်ပါ။”

ကျန်းရီ က ပြုံးပြီး ဝှေ့ယမ်းကာ ရှောင်ဇီ ကို လက်ပြ နှုတ်ဆက်လိုက်သည်။

အခြားတစ်ဖက်တွင်တော့ ဗီဒီယိုခေါ်ဆိုမှုကို ပိတ်ပြီးနောက် ကျန်းရီ သည် သူ့ကိုယ်ပိုင်ကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့သည်။

ဒါကိုမြင်တော့ ပရိတ်သတ်တွေက “ဒီအချိန် လူပြန် မဝင်စားရသေးတဲ့ သူတွေက မရဏကမ္ဘာကို ဦးတည်နေကြပြီ ဟုတ်တယ်မလား။”

ကြည့်ရှု့သူ A-“ဒီလိုပဲ ဖြစ်ရမယ်။ အဖြစ်အပျက်တိုင်းမှာ စတွင်မာက အဲဒီသရဲတစ္ဆေတွေကို လူပြန်ဝင်စားစေဖို့ မရဏကမ္ဘာကို စေလွတ်ခဲ့တာကို ငါတို့ တွေ့နေရတာပဲလေ၊ တစ်ချို့ သရဲအများစုက ကောင်းမွန်စွာနဲ့ သူတို့ချစ်ရသူတွေ အနားပဲ နေနေတာကို စတွင်မာက ဘာကြောင့် ဒီလိုလုပ်ရတာလဲလို့ တစ်ခါတစ်လေ တွေးမိဖူးတယ်။”

“ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် သူတို့တွေ လူပြန်မဝင်စားဘဲ နေခဲ့ရင် ဘယ်လို ဆက်သွားမလဲပေါ့

တစ်ရက် နှစ်ရက်လောက်ကတော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် အချိန်အတော်ကြာခဲ့ရင်​ကော။ ရှောင်ယွီ ရဲ့အဖွားက ဘာကြောင့် သူမရှေ့မှာ တိုက်ရိုက် မပေါ်လာချင်ခဲ့ရတာလဲ။ အနာဂတ်ရဲ့ တနေ့နေ့မှာ သူမကို ထိခိုက်စေမှာကို ကြောက်လို့လား။ ဒန်နီယယ် ၏ မိခင်ကလည်း ခဏခဏ ပေါ်လာ​နေတာကလည်း သူမက အမှန်တကယ်ကို စိတ်ရှုပ်ထွေးဟန်ဆောင်ပြီးတော့ သူမ မသေကြောင်းကို တမင်တကာ ဟန်ဆောင်နေခဲ့တာပေါ့?? “

“သေတာကတော့ သေသွားတာပဲလေ၊ သရဲတစ္ဆေတွေရဲ့ ကမ္ဘာနဲ့ လူသားတွေရဲ့ ကမ္ဘာက တူမနေဘူး​ေလ။ သူတို့က ဆွေမျိုးရင်းချာတွေ ဖြစ်နေရင်တောင်မှ လူသားတွေလို တစ်ယောက်ကိုတစ်ယောက် တကယ်ဆက်ဆံနိုင်ပါ့မလား၊ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား?”

ဒီစကားတွေက ငါးလိုရေသောက်မှ ပြောလိုက်တာဖြစ်သည်။ ကျန်းရီ က တုံ့ပြန်ခြင်းမရှိပေမယ့် ဒန်နီယယ်က “ငါလည်း အဲ့လိုပဲ ထင်ခဲ့တာ။ အမေ့ကို ငါ့အနားမှာ ထာဝရရှိနေဖို့ကို စိတ်ကူးထားခဲ့တယ်။ တခြားသူတွေကို မထိခိုက်နေသရွေ့ပေါ့။ စတွင်မာသာ ငါ့ဆီကို မရောက်လာခဲ့ရင် ဘယ်သူမှ သိမှာမဟုတ်ဘူးလေ။”

“ဒါပေမယ့် သူမ သေသွားပြီဆိုတာ ငါသိ​နေတယ်လေ၊ သူမက ငါ့အမေဖြစ်နေတုန်းပဲလို့ ကိုယ့်ကိုယ်ကို ပြောနေပေမယ့် ကိုယ့်ကိုကိုယ်တော့ လှည့်စားလို့ မရဘူးလေ၊ သူမကို ငါ့အနားမှာ ထားတာက ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုပဲ သူမရဲ့ လူပြန်ဝင်စားခွင့်ကို သူမ လက်လွတ်ခဲ့တယ်။ တကယ်တော့ သူမ အဲ့လို လုပ်ပေးခဲ့တာတောင် ငါပျော်ရမှာ မဟုတ်ဘူးလေ “

ကျန်းရီ သည် ပရိသတ်တွေရဲ့ စကားဝိုင်းကို တိတ်တဆိတ်ပဲ ကြည့်နေခဲ့ပြီးတော့ သူတို့တွေ စကားပြောပြီးသောအခါတွင် သူက ပြုံးပြီးတော့ “ဒါကြောင့်ပဲ ငါက သရဲတစ္ဆေတချို့ကို အချိန်အတိုင်းအတာ တစ်ခုအထိ နေခွင့်ပေးခဲ့တာ။

လူတော်တော်များများရဲ့ သေဆုံးမှုက မြန်ဆန်လွန်းပြီးတော့ သူတို့တွေ ဘာမှပြောဖို့တောင် နှုတ်ဆက်ဖို့ အချိန်မရဘူး

ဒါကြောင့် သူတို့ကို အမှန်တကယ် နှုတ်ဆက်ဖို့ အချိန်တစ်ခုပေးပြီးတော့ နောက်ဆုံးမှာတော့ သူတို့တွေ သွားသင့်တဲ့နေရာကို သွားပြီး ဘဝသစ်ကို စခိုင်းလိုက်တာပဲ“

“စတွင်မာက တကယ်ကို ဖြည့်ေတွးပေးတက်တာပဲ၊ ဒါပေမယ့် စတွင်မာရေ မင်း တစ်ခုခုကို မေ့နေတယ်လို့ ထင်လား”

“ဟမ်?”

ကျန်းရီ အနည်းငယ် စိတ်ရှုပ်သွားပြီး ငါးလိုရေသောက် က “ကုဒ်နာမည်ကို ပေးဖို့ မေ့သွားတယ်၊ ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက သဘာဝလွန် ဖြစ်ရပ်တွေအတွက် ဖိုင်တွေကို အမြဲတမ်း လုပ်ထားရမယ်!”

“ဒါဆို ဒီကိစ္စက အမ်... ဒန်နီယယ်ရဲ့ ဦးလေး ကိစ္စကို ဝူရှန်းလို့ ပေးရင်ကော ဘယ်လိုလဲ?”

ကျန်းရီ ကမေးလိုက်တော့ ပရိသတ်တွေက ဒီကုဒ်နာမည်ကို သေသေချာချာစဉ်းစားပြီး တစ်ယောက်ယောက်က “စတွင်မာ မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်လို့ရပါတယ်။”

“ဒါက ငါတို့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရဲ့ သဘာဝလွန်ဖိုင်တွေပဲလေ၊ ဒါကြောင့် အတူတူပါဝင်ပြီး နာမည်ပေးမှသာ ဒီဖိုင်တွေရဲ့ အဖိုးတန်မှု၊ အရေးပါမှုတွေကို ထင်သာစေမှာပေါ့ ဟုတ်တယ်မလား?”

“ဒါပေမယ့် မင်း ဒါကို ကုဒ်နာမည် ဝူရှန်းလို့ ပေးခဲ့ပြီးပြီလေ၊ ငါတို့ ဘယ်လို ထပ်ပေးရမလဲ။ မင်း ငါတို့ တွေးထားတဲ့ ဟာကို ရှင်းရှင်းလင်းလင်း ပြောခဲ့လိုက်တာလေ၊ မင်း ငါတို့ကို ထပ်ပေးခိုင်းတော့ စတွင်မာရေ... မင်း ပိုပိုပြီး ဆိုးလာတယ်”

ကျန်းရီ က ပြုံးလိုက်ပြီးတော့ “အကိုလင်းရဲ့ အဖြစ်အပျက်ကိုတော့ ငါးမျှားသူ လို့ ခေါ်ရင်ကော”

“ကိစ္စမရှိပါဘူး!”

“ ရှောင်ဇီ ရဲ့ အဖြစ်အပျက်ကိုတော့ အမည်တပ်ဖို့ မလွယ်ဘူး၊ မင်းတို့မှာ အကြံဉာဏ်ကောင်းတွေ ရှိလား”

ကျန်းရီ က မေးလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိသတ်တွေအားလုံးက “ အဝတ်စ အရုပ်လေး” နာမည်ဆိုရင်ကော ဘယ်လိုလဲ?

“ အဝတ်စ အရုပ်က ဒီအဖြစ်အပျက်နဲ့ ကိုက်ညီပေမယ့် နည်းနည်းတော့ လွဲနေတယ်လို့ ခံစားနေရတယ်” ကျန်းရီ က ဒီကုဒ်နာမည်ကို သိပ်မကြိုက်ခဲ့ပေ။

“ဒါဆို နာမည်ကို စည်းကျော်ခြင်း လို့ခေါ်ရင်ကော ဘယ်လိုလဲ?”

“ အဆင်မပြေဘူး ”

“ နာမည်ကို “စောင့်နေတဲ့သူ” လို့ ပေးရင်ကော။ စတွင်မာ… အစတုန်းက မင်းပြောခဲ့တာက တစ်စုံတစ်ယောက်ကို စောင့်နေတယ်လို့လေ... အဲဒါက ကျွန်မမဟုတ်ဘူးလား” ဗီဒီယိုခေါ်ဆိုမှုကို ပိတ်လိုက်ပြီဖြစ်ပေမယ့် ရှောင်ဇီက တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းမှ မထွက်သေးပါဘူး။

ကျန်းရီက ကုဒ်နာမည်ကိုမြင်သောအခါ ပြုံးလိုက်ပြီးတော့ “ကောင်းပြီ ရှောင်ဇီရေ မင်း နဲ့ ဆုံခွင့်ရတဲ့အတွက် အရမ်း ဝမ်းသာပာတယ်။ နောင်မှာလည်း အအေးသောက်ဖို့ မကြာခဏ လာပါအုံး၊ အကို ညီမကို တိုက်မှာပါ “

“ဟဲဟဲ... ဘာပဲပြောပြောပါ စတွင်မာနဲ့ ကျွန်မက တစ်မြို့တည်းဆိုတာ သိနေပြီပဲလေ !”

ကျန်းရီက ပြုံးပြီးတော့ ဘာမှ ပြန်မပြောလိုက်ပါဘူး။ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းထဲက ပရိသတ်တွေကတော့….

“ ဟ ငါတို့က သဘာဝလွန် ဖြစ်ရပ်တွေရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာမလား ဘယ်လိုဖြစ်လို့ ဖွန်ကြောင်တဲ့ အခန်းကို ရောက်နေတာလဲ ”

ကျန်းရီ၏ မျက်နှာက မည်းမှောင်သွားပြီးတော့ “သွားစမ်း ဒီလောက် ကောင်းတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ မင်းတို့လို သာသနာဖျက်အဖွဲ့တွေက ရှိကိုရှိတယ်၊ ဖုန်းဆက်တာကို စောင့်ရအောင်... မကြာသေးခင်က အဖြစ်အပျက်တွေက

မင်းတို့ကို မကြောက်စေဘူးထင်တယ် ”

စကားေပြာပြီးသည်နှင့် ဖုန်းမြည်သံက တကယ်ကို မြည်လာခဲ့သည်။

ကျန်းရီက “ဟယ်လို၊ ဟယ်လို၊ ကျွန်တော်က သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာ ကျန်းရီ ပါ မင်းနာမည် ဘယ်လိုခေါ်ပါသလဲ”

“ဟယ်လို စတွင်မာ၊ ငါ့မျိုးရိုးနာမည်က ဖန်းပါ ငါက စက္ကူအရုပ် လုပ်တဲ့သူပါ စတွင်မာ.. မင်း စက္ကူအရုပ်ဘယ်လို လုပ်ရတယ် ဆိုတာကို သိလား?”

All Chapters