အခန်း (၁၃၆)
Vol. 10 Ch. 136
“စက္ကူအရုပ်လုပ်တာလား ကျွန်တော် ကြားဖူးတာပေါ့။ အဲဒါက ရိုးရာ အတတ်ပညာ တစ်ခုပဲလေ။ ရှေးခေတ်မှာဆိုရင် ယင်မင်ပညာရပ်လို့လည်း ခေါ်ကြတယ်။ အခုခေတ်မှာတော့ စက္ကူအရုပ်လုပ်တဲ့ လက်မှုပညာတွေ အများကြီးမရှိတော့မှာကို စိုးရိမ်ရတယ်။
ကျန်းရီက ပြန်ဖြေလိုက်ရာ အကြောင်းတစ်ခုခုကြောင့် ဖုန်း၏အခြားတစ်ဖက်တွင် ခက်တိုးတိုး “ဘန်း” ဆိုတဲ့ အသံ ထွက်ပေါ်လာသည်။
အသံက သစ်သားဘုတ်နဲ့ အုပ်လိုက်တဲ့ အသံလိုပါပဲ။ ခဏလောက် စဉ်းစားပြီးနောက်၊ စက္ကူအရုပ်ပြုလုပ်သူ အကိုဖန်း က သူ့လည်ချောင်းကို ရှင်းပြီးတော့ “မင်းပြောတာ မှန်ပါတယ်။ အခုခေတ် စက္ကူအရုပ်လုပ်နည်းကို သင်ယူတဲ့ လူက သိပ်မရှိတော့ဘူး။ နှစ်အနည်းငယ်ကြာရင် ပျောက်ကွယ်သွားမှာကိုတောင် ကြောက်ရတယ်။”
“ဒါက သိပ်ကို အကူအညီမဲနေတဲ့ အရာတစ်ခုပဲလေ ။ နောက်ဆုံးတော့လည်း ခေတ်တွေက ပြောင်းတာ မြန်လွန်းတယ်လေ ရှေးဟောင်း လက်မှုပညာ တော်တော်များများက မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် လူနည်းနည်းသာ လက်ခံကြလိမ့်မယ်”
“ဟုတ်တယ်၊ ဒီလက်မှုပညာတွေက ဒီနေ့ခေတ်နဲ့ တကယ်ကို မလိုက်ဖက်ဘူး။
ဆိုလိုတာက တောင်တွေပေါ်မှာ တစ်သက်လုံး ပိတ်မိနေတဲ့ ငါ့လိုလူတွေကပဲ သူတို့အဖေတွေရဲ့ ဒီလိုလုပ်ငန်းတွေကို အမွေဆက်ခံနိုင်လိမ့်မယ်။
နောက်ဆုံးတော့လည်း သူတို့မိသားစုကို ထောက်ပံ့ရအုံးမယ်လေ
အပြင်ထွက် အလုပ်လုပ်ရင်တောင် သင့်တော်တဲ့ အလုပ်က ရှာရခက်တယ်လေ ဒါကြောင့် တစ်သက်လုံး ဒီစက္ကူအရုပ်အသေးစား လုပ်ငန်းလေးကိုပဲ လုပ်ရမှာပဲ”
“ ဒီည ငါ့ဖုန်းကနေပြီးတော့ အင်တာနက်မှာ တစ်ချို့အရာတွေကို ရှာဖွေခဲ့တယ် ပြီးတော့ မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲကို ရောက်လာခဲ့တာပဲ၊ နှမြောစရာက ဒီကို နောက်ကျမှ ရောက်လာခဲ့တာကိုပဲ ဒါပေမယ့် ဒီလူတွေပြောတာကို ကြည့်ပြီးတော့ မင်းဟာ စတွင်မာ ကောင်းတစ်ယောက် ဖြစ်မယ်ထင်တယ်။ မင်းက ကျွမ်းကျင်ပညာရှင် လား။”
“ကျွန်တော်က ကျွမ်းကျင်တဲ့ ပညာရှင်တော့ မဟုတ်ဘူး။ အကိုဖန် ကျွန်တော်က ဇာတ်လမ်းတွေကို နားထောင်ရတာ နှစ်သက်သူတစ်ယောက်လို့ ထင်လို့ရတယ်။ အကိုဖန်သာ ပြဿနာတစ်ခုခုရှိနေခဲ့ရင် အဲ့ဒါတွေကို ကူညီဖြေရှင်းပေးလို့တော့ ရပါတယ်”
ကျန်းရီက ပြောပြီးသည်နှင့် ဖုန်း၏အခြားတစ်ဖက်က အကိုဖန်က စီးကရက် ခြောက်ကို သောက်နေပုံရသည်။
“ငါက စက္ကူအရုပ်လုပ်တယ်၊ အခုပဲ စတွင်မာက ဒါကို ယင်မင်ပညာရပ်လို့ ပြောတယ်မလား။
ယခင်က ဒီလက်မှုပညာရပ်ကို ရှေးကတည်းက လက်ဆင့်ကမ်းခဲ့ကြတယ် ဒါပေမယ့်လည်း အမှန်တကယ်မှာတော့ ဒီပညာရပ်မှာ တားမြစ်ချက်များစွာရှိတယ်။
ဒါပေမယ့် တကယ် ဝိညာဥ်တွေနဲ့ ပတ်သတ်တာလားလို့မေးရင် ဘာမှ မရှိပါဘူး၊ အဲ့ဒါက ဒီယင်မင်လုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ကို တချို့လူတွေက ချဲ့ကားပြောဆိုနေကြတာပါပဲ
အနည်းဆုံးတော့ အကို့ အဖေ ပြောဖူးတာက
ယင်အလုပ်ပဲဖြစ်ဖြစ် တခြား အသက်မွေးဝမ်းကြောင်းပဲဖြစ်ဖြစ် ပြင်ပကမ္ဘာက ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ပတ်သက်ပြီး အလွန်ထူးခြားတယ်လို့ ပြောလေ့ရှိတယ်။
လျှို့ဝှက်ဆန်းကြယ်တယ်၊ တကယ်တော့ အကိုတို့ရဲ့ လုပ်ငန်းနယ်ပယ်မှာ တားမြစ်ချက်နှစ်ခုသာရှိတယ်
အရေပြားကို ထိလို့ရပေမယ့် နှလုံးသားကို ထိလို့မရဘူး “
“ဒုတိယက : အပြီးသတ်အောင် မလုပ်ရ ”
“နှလုံးသားကို မထိဘဲ အရေပြားလုပ်ခြင်းရဲ့ အဓိပ္ပါယ်ကတော့ စက္ကူရုပ်ကို ပြုလုပ်တဲ့အခါမှာ အရေပြားကို အပြင်ဘက် အရေပြားကိုသာ ပြုလုပ်ရမယ်လို့ အဓိပ္ပါယ်ရတယ်။
စက္ကူရုပ်အတွက် အချိန်ယူပြီး နှလုံးသား ပြုလုပ်ပေးလို့ မရဘူး
ပြီးသတ်အောင် မလုပ်ရ ကတော့ နာမည် အတိုင်းပါပဲ
စက္ကူရုပ်ပုံ မှာ မျက်လုံး တပ်ပေးလို့ မရဘူးပေါ့။ ယနေ့ခေတ် လူတွေ ပြောနေတဲ့ စကားအတိုင်းပဲ မျက်လုံးတွေက လူတို့ ဝိညာဥ်တွေရဲ့ ပြတင်းပေါက်တွေ ဖြစ်တယ်
ဒီစက္ကူလူရုပ်ဟာ စက္ကူအရုပ်သာ ဖြစ်ပြီးတော့ သေသွားတဲ့ လူကို နှစ်သိမ့်ပေးရုံလေးပဲလေ
မျက်လုံး တပ်ပေးလိုက်ရင် ဝိညာဉ်သွင်းပေးလိုက်သလို ဖြစ်နေမှာပေါ့“
“ ခေတ်အဆက်ဆက် စက္ကူပြုလုပ်တဲ့ သူတွေကြားမှာ ဒီအဓိက စည်းမျဉ်းနှစ်ခုကိုသာ မျိုးဆက် တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းခဲ့တာဖြစ်တယ်။
မြောက်ပိုင်းပဲဖြစ်ဖြစ် တောင်ပိုင်းပဲဖြစ်ဖြစ်၊ ထူးဆန်းတဲ့ ဓလေ့ထုံးတမ်းတွေ ရှိတဲ့ နေရာပဲဖြစ်ဖြစ်၊ စည်းကမ်းတွေကတော့ အများကြီး ရှိပေမယ့် ဒီအဓိက အချက်နှစ်ချက်ကိုတော့ ရှောင်လွှဲလို့မရဘူး။
အဖေက ငါ့ကို ဒီစက္ကူလုပ်နည်းကို ပထမဆုံး စသင်ပေးတုန်းက ဒီစည်းကမ်းနှစ်ချက်ကို အရင် ရွတ်ဆိုခိုင်းခဲ့တာ၊ ထမင်းစားတဲ့ အချိန်ပဲ ဖြစ်ဖြစ် အိပ်တဲ့အခါမှာတောင် အဲ့နှစ်ကြောင်းကို ထပ်ခါထပ်ခါ ရွှတ်ဆိုခိုင်းပြီး တစ်ခါတရံ ဗိုက်နာလို့ အိမ်သာတက်နေတဲ့ အချိန်မှာတောင် တံခါးကို လာခေါက်ပြီး မလုပ်သင့်တဲ့ တားမြစ်ချက် နှစ်ခုကို ရွှတ်ဆိုဖို့တောင် ပြောခဲ့တဲ့ အထိပဲ “
“အဲဒီတုန်းက အဖေက ငါ့ကို အထပ်ထပ် အခါခါ တိုက်တွန်းပြီး အဲ့တာကိုပဲ ရွတ်ခိုင်းနေရတာလဲဆိုတာကို ငါ တကယ် နားမလည်ခဲ့ဘူး။
ဒီစာကြောင်းနှစ်ကြောင်းကို နောက်ပြန်ပြီး ရွတ်ဖို့ မပြောနဲ့၊ ဒီစာကြောင်းနှစ်ကြောင်းမှာ ထောင်နဲ့ချီတဲ့ အပြောင်းအလဲတွေ ရှိခဲ့ရင်တောင် သူတို့ကို ငါ ချက်ချင်းဖတ်နိုင်ခဲ့တယ်။
ဒါပေမယ့် အဖေက အရမ်းကို စည်းကမ်းကြီးတယ်
ငါ ငယ်ငယ်က သူ့ကို အရမ်း ကြောက်ခဲ့တယ် ဒါကြောင့် သူခိုင်းသမျှ အကုန် လုပ်ခဲ့တယ်”
“နောက်ပိုင်း ငါ ကြီးပြင်းလာတာနဲ့အမျှ အဖေက ငါ့ကို စက္ကူလုပ်တဲ့လုပ်ငန်းရဲ့ တချို့တစ်ဝက်လောက်ကို လွှဲပေးခဲ့တယ်။ တစ္ဆေအိမ်တွေ၊ မြင်းတွေ၊ ယောက်ျားလေးအရုပ်တွေ၊ မိန်းကလေးအရုပ်တွေတွေ စရှိသဖြင့် ငါ လုပ်နိုင်ခဲ့တယ်။ ဒါနဲ့ စကားမစပ် စက္ကူအရုပ်တွေထဲမှာ ငါ အကြိုက်ဆုံးက ယောက်ျားလေးအရုပ်ကို လုပ်ရတာပဲ”
“ယောက်ျားလေးရဲ့ စက္ကူပြုလုပ်ပုံက မိန်းကလေးအရုပ်ထက် ပိုရိုးရှင်းပြီးတော့ စက္ကူအရုပ်ပြုလုပ်တဲ့ ပညာရှင် တစ်ယောက်ရဲ့ ကျွမ်းကျင်မှု ကောင်းလား မကောင်းလားကို စမ်းသပ်တဲ့အခါ လူတိုင်းက ရွှေရောင်ကောင်လေးကို ပြုလုပ်တဲ့ လက်ရာကို ကြည့်ကြတယ်
သင်သာ ရွှေရောင်ကောင်လေးရဲ့ စက္ကူအရုပ်လုပ်နည်းကို ကောင်းကောင်း လုပ်တတ်တယ်ဆိုရင် တခြားသူတွေက မင်းကို အလုပ်အပ်ဖို့ ဆန္ဒရှိကြလိမ့်မယ်။
နှစ်တွေကြာအောင် ဒီအလုပ်ကို လုပ်လာတဲ့ အချိန်ထိ ပြုလုပ်ဖူးတဲ့ ရွှေရောင်ကောင်လေး ကောင်မလေး အတွဲ ဘယ်လောက်တောင် ရှိမှန်းမသိဘူး၊ ဘာပြဿနာ ချို့ယွင်းချက် တစ်ခါမှ မဖြစ်ဖူးဘူး။
ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘေးနားက ရွာက အဘွားကူဟွာ ကွယ်လွန်သွားခဲ့တယ်!”
“အဲဒီတုန်းက အဘွားကူဟွာ ရဲ့မြေးရဲ့ တောင်းဆိုချက်အရ ခန့်ညားတဲ့ ရွှေရောင်ကောင်လေးနဲ့ ချောမောလှပတဲ့ မိန်းကလေးကို ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။
လုပ်ရတာ လွယ်တဲ့အတွက် ပြဿနာ မရှိဘူးလို့ ပြောခဲ့လိုက်တယ်။
ရွှေရောင်ကောင်လေးနဲ့ မိန်းကလေး နှစ်ယောက်စလုံးမှာ ကျစ်ဆံမြီးတွေပါ တပ်ပေးဖို့ သူကပြောတော့ ငါလည်း ရိုးရိုးရှင်းရှင်းပဲ ရပါတယ်လို့ပဲ ပြောလိုက်တယ်။
အဲ့နောက်မှာ သူက နောက်တစ်ခု တောင်းဆိုခဲ့တယ် အဲ့ဒါက သူ့အဖွား မသေခင်က တောင်းဆိုခဲ့တာတဲ့ ရွှေရောင်ကောင်လေးနဲ့ ကောင်မလေးကို အဝတ်အစားဝတ်ပြီးတော့ သူ့ရဲ့ အဝတ်မှာ ချည်ပေးလိုက်ဖို့ပဲ “
“အဝတ်ဝတ်ပြီး ချည်ပေးလိုက်ဖို့ကလည်း ရပါတယ် စိတ်ပူစရာ မလိုပါဘူးလို့ ပြောခဲ့လိုက်တယ်၊ ဒါပေမယ့် အဘွားကူဟွာ ရဲ့ မြေးဖြစ်သူက အဲဒီအဝတ်အစားတွေက သူ့ သားနဲ့သမီးရဲ့ အဝတ်အစားတွေလို့ ပြောခဲ့တယ်။
အဲ့တာကို ကြားလိုက်ရတဲ့ အခါမှာ ငါ အံ့သြသွားခဲ့တယ် အဘွားကူဟွာရဲ့ မြေးကလည်း သနားစရာကောင်းတဲ့ သူ တစ်ယောက်ပဲ
အရင်တုန်းက သူ့ရဲ့ သားနဲ့သမီးက တောင်ပေါ်မှာ မှိုသွားကောက်တုန်းက တောဝက်တစ်ကောင်နဲ့ တိုးခဲ့တယ်။
တောဝက်က သူတို့ကို သတ်စားခဲ့ပြီးတော့ ရှုပ်ပွနေတဲ့ အလောင်းတွေပဲ ကျန်ခဲ့တယ်
“အဲဒီတုန်းက သူတို့ကိုကြည့်ဖို့ ငါ တောင်ပေါ်ကိုသွားခဲ့တယ်။
အဲ့အလောင်းတွေကို တောင်အောက်ကို သယ်လာတုန်းက ကောင်လေးရဲ့ မျက်လုံးတွေက ဖောက်ထုတ်ခံထားရတယ်
ကောင်မလေးကတော့ သူ့လောက်တော့ မဆိုးပါဘူး ...ဒါပေမယ့်လည်း မမှတ်မိလောက်အောင်ကို အစားခံခဲ့ရတယ်။
အဲ့နောက်တော့ အနီးနားရှိလူတွေလည်း ထိတ်လန့်သွားပြီးတော့ ကလေးတွေကို တောင်ပေါ်ကို သွားခွင့်မပြုတော့ပေ၊ ဘာလို့လဲဆိုတော့ အရင်တုန်းက လူတိုင်း ထင်ခဲ့တာက တောရိုင်းတိရစ္ဆာန်တွေကို အကုန် သုတ်သင်ရှင်းလင်းလိုက်ပြီလို့ပဲ ထင်ခဲ့ကြတာလေ။
ဒါပေမယ့် အခု တောင်ပေါ်မှာ တောဝက်တွေက ရှိနေသေးတယ်။
ကလေးတွေသာ တောထဲသွားပြီး တောဝက်နဲ့သာ တွေ့ခဲ့ရင် အသက်ရှင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး”
" အဘွားကူဟွာ့ မြေးရဲ့ သားနဲ့သမီး ဘယ်လို သေခဲ့ရတဲ့ အကြောင်းကို တွေးကြည့်တဲ့ အခါမှာ ရွှေရောင်ကောင်လေးကို သူတို့ရဲ့ အဝတ်အစားတွေ ဝတ်ပေးဖို့ ငါ သဘောမတူခဲ့ဘူး။
အဲဒီတုန်းက သူ့ ကလေးတွေ ဒီလိုမျိုး သေခဲ့ရတာကို ဒီလောက်နှစ်တွေအကြာကြီး သူတို့ရဲ့ အဝတ်အစားတွေကို ဘာလို့ မီးရှို့မပစ်ခဲ့တာလဲလို့ မေးလိုက်တယ်။ အဘွားကူဟွာ ရဲ့ မြေးက အဲဒီ အဝတ် နှစ်ထည်က အရမ်းဈေးကြီးတယ်လို့ ပြောခဲတယ်။
မိသားစုရဲ့ဘဏ္ဍာရေးအခြေအနေက မကောင်းဘူးလေ ဒါကြောင့် နောက်ထပ် ကလေးရခဲ့ရင် အဲ့တာတွေ ဝတ်ပေးချင်ခဲ့တဲ့အတွက်
မီးရှို့ပစ်ဖို့ ဆန္ဒမရှိခဲ့ဘူး။”
"အဲဒါကိုကြားတော့ ငါ စိတ်ထဲကနေ ကျိန်ဆဲပစ်လိုက်တယ်၊ လူသေတွေရဲ့ ဒီအဝတ်အစားတွေကို အသက်ရှင်တဲ့သူက ဘယ်လိုပုံစံနဲ့ ဝတ်ရမှာလဲ၊ ဒါပေမဲ့ သူ့ ရဲ့ မိသားစုက နောက်ထပ် ကလေး ထပ်မမွေးဖူးတဲ့အကြောင်းကို တွေးမိပြီးတော့ မဝတ်တာပိုကောင်းပါတယ် ကံမကောင်းတက်ဘူးလို့ ပြောလိုက်တယ်!"
“မမျှော်လင့်ဘဲ အဘွားကူဟွာရဲ့ ရဲ့မြေးဖြစ်သူက ဒေါသထွက်ပြီးတော့ အဝတ်အစား မဝတ်ပေးရင်လည်း ဒီကိစ္စကို မလုပ်တော့ဘူးလို့ ပြောခဲ့လိုက်တယ်။
မလုပ်ချင်လည်း နေပေါ့ကွာ
အခြားတစ်ယောက်ယောက်ကို ရှာလိုက်မှာပေါ့ဆိုပြီး သူထွက်သွားခဲ့တယ်၊ ပြီးတော့ ဒီလုပ်ငန်းကို လုပ်တဲ့သူက ငါ တစ်ဦးတည်း မဟုတ်ဘူး၊
ထို့ကြောင့် သူထွက်သွားပြီးနောက်မှာ ရွာက ရန်ရှောင်ဟူ ဆိုတဲ့ သူကို စက္ကူအရုပ်ပြုလုပ်ပေးရန် တောင်းဆိုခဲ့တယ်
ရန်ရှောင်ဟူကလည်း စက္ကူအရုပ် လုပ်ရုံသာမကဘူး အဲ့ဒါကို ငါ့လိုပဲ ဖခင်ဖြစ်သူဆီကပဲ သင်ကြားခဲ့တာပဲ။
ဟုတ်ပါတယ်၊ သူက လက်မှုပညာတွေအကြောင်းကို နည်းနည်းပဲ သိတယ်၊ ပုံမှန်နေ့တွေမှာဆို သူက အရုပ်တွေ လုပ်ရတာကို အပျင်းကြီးနေတဲ့ သူတစ်ယောက်ပဲ”
သူ ရန်ရှောင်ဟူ ဆီကို တကယ် သွားခဲ့တာလို့ ကြားလိုက်ရတော့ ငါ နည်းနည်း ဒေါသထွက်သွားခဲ့တယ်၊ ဒါပေမယ့် လုပ်ငန်းတစ်ခု အဆင်မပြေတဲ့အခါမှာ အခြားသူ မကောင်းကြောင်းကို သွားပြီးတော့ မှတ်ချက်ပေးလို့ မရဘူးလေ”
“ငါ အဘွားကူဟွာမြေးရဲ့ ကိစ္စကို လက်မခံခဲ့လိုကိရတော့ အဲဒီနေ့တွေမှာ အားလပ်ချိန်တွေ အများကြီးရခဲ့တယ်။
ငါ ညတိုင်း စောစော အိပ်ရာဝင်၊ စောစော အိပ်ရာထ ဒါပေမယ့် အဘွားကူဟွာ ရဲ့ အသုဘ ပထမ နှစ်ရက်မြောက်နေ့မှာပေါ့
မနက်တစ်နာရီ နှစ်နာရီလောက် ဖြစ်မယ်ထင်တယ်
အဲ့ဒီအချိန်မှာ ရန်ရှောင်ဟူက ရုတ်တရက် ငါ့တံခါးကို လာခေါက်ခဲ့တယ်။
သူက ကျွန်တော့် တံခါးကို ပြင်းပြင်းထန်ထန် ဆောင့်တွန်းပြီးတော့ “ ဦးလေးဖန် ၊ မြန်မြန်ထပါ... ကျေးဇူးပြုပြီး နိုးပါတော့...ကျနော် လုပ်ပေးလိုက်တဲ့ ရွှေရောင်ကောင်လေးမှာ မျက်လုံးက ထွက်နေခဲ့တယ်”