တောထဲက သစ်သားအိမ်
Vol. 10 Ch. 137
ပထမဆုံးတော့ အကိုဖန် ပြောသည့် စကားမှာ ဘာမှဟုတ်ပုံမရခဲ့ပေ။
ဒါပေမယ့် ညသန်းခေါင်ကြီးမှာ ရန်ရှောင်ဟူက သူ့အိမ်ကို ပြေးလာခဲ့ပြီး သူလုပ်ထားတဲ့ စက္ကူအရုပ်က မျက်လုံးပါနေခဲ့ပြီး အဲ့မျက်လုံးက အပြင်ကို ထွက်နေတယ်လို့ တံခါးလာခေါက်ပြီး ပြောခဲ့တာက သာမာန်ကိစ္စတော့ မဟုတ်ပေ
" ရန်ရှောင်ဟူ ရဲ့ လက်ရာတွေက သိပ်မကောင်းပေမယ့် စည်းကမ်းတွေကိုတော့ သူသိနေခဲ့တယ်။
အပြင် အရေပြားက လုပ်လို့ရပေမယ့် နှလုံးသားကိုတော့ လုပ်လိမ့်မည် မဟုတ်ပေ စက္ကူအရုပ်ကိုလည်း အပြီးသတ်ဖြစ်သည့် မျက်လုံးလည်း ထည့်လိမ့်မည်မဟုတ်ပေ
ရန်ရှောင်ဟူ ဟာ ဘယ်တော့မှ ဒီလို အမှားမျိုး လုပ်မှာ မဟုတ်ပါဘူး၊ အဲဒါကို ကြားလိုက်တာနဲ့ တစ်ခုခုတော့ ဖြစ်သွားတယ်လို့ ခံစားလိုက်ရတယ်။
စိတ်ထဲမှာတော့ သူ့ကို အထင်သေးနေမိခဲ့ပေမယ့် ချက်ချင်း အိပ်ယာက ထလိုက်တယ်။"
"ငါ တံခါးကိုဖွင့်လိုက်တော့ ရန်ရှောင်ဟူ ရဲ့ မျက်နှာမှာ ကြောက်ရွံ့မှုတွေနဲ့ ဖြူဖျော့နေပြီး သူ့နှာခေါင်းမှာလည်း ချွေးသီးတွေထွက်နေခဲ့တယ်၊ သူက ငါ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အန်ကယ်ဖန် ကျွန်တော် ကျွန်တော် အခြောက်ခံနေရပြီ... ကျွန်တော်ဆီ သူတို့လာတော့မယ် !"
"ငါတို့လုပ်ငန်းမှာ ဒီစည်းမျဉ်းနှစ်ခု ရှိရတဲ့အကြောင်းရင်းက လူသေတွေရဲ့ ဝိညာဥ်တွေနဲ့ မထိတွေ့စေဖို့ပဲ။ နောက်ဆုံးတော့ မင်းလက်နဲ့ အဲ့အရုပ်တွေကို ဖန်တီးခဲ့တာပဲလေ မင်းဆီမှ မလာရင် ဘယ်သူ့ဆီ သွားမှာလဲ။ ရန်ရှောင်ဟူ အရမ်းကြောက်နေတာကို တွေ့တော့ "မင်းလုပ်ထားတဲ့ စက္ကူအရုပ်တွေကို မီးရှို့ခဲ့လိုက်လား။"
"သူ့ရဲ့ ရှုပ်ထွေးနေတဲ့ မျက်နှာကို မြင်တော့ သူ ဘာမှ မလုပ်ခဲ့ဘူးဆိုတာကို သေချာခဲ့တယ်။
ရွှေရောင် ကောင်လေးနဲ့ ကောင်မလေးမှာ မျက်လုံးတွေ ရှိနေတာကို မြင်လိုက်ရတော့ ငါ့အိမ်ဆီ တန်းပြေးလာခဲ့တာ ထင်ပါရဲ့
နောက်ဆုံးတော့ ငါတို့က တစ်နယ်တည်းသားဆိုတော့ သူ ဒုက္ခရောက်နေတာကို မကြည့်ရက်တော့ သူ့ လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီးတော့ "မင်းအိမ်ကို သွားရအောင်" လို့ပြောလိုက်တယ်။ သူ နေထိုင်တဲ့ရွာက ငါ့ရွာနဲ့ သုံးမိုင်ကွာဝေးပြီးတော့ အဲဒီကို ရောက်ဖို့ သစ်တောတစ်ခုကို ဖြတ်ရသေးတယ်
ငါတို့ထွက်လာတုန်းက ရန်ရှောင်ဟူ က အရမ်း ကြောက်နေခဲ့တယ်။
အထူးသဖြင့် တောထဲကို ဝင်တုန်းကဆို သူ့လက်ကောက်ဝတ်တွေက အရမ်းကို အေးစက်နေခဲ့တယ်
အဲ့ဒီအချိန်မှာ ငါက “ ရှောင်ဟူ မင်း တောထဲကို ရောက်ရင် ဟိုဟိုဒီဒီ မကြည့်ဘဲ ငါ့နောက်ကိုသာ လိုက်ဖို့ မမေ့နဲ့။
တစ်ယောက်ယောက်က မင်းကို ခေါ်လိုက်တာ ဒါမှမဟုတ် လှောင်ပြောင်သံတွေ ကြားရင် အဲဒါကို ဂရုမစိုက်ဘဲ နောက်ပြန်လှည့်မကြည့်လိုက်နဲ့ နားလည်လား?" ရှောင်ဟူက အဆင်သင့် သဘောတူခဲ့လိုက်သည်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ အဲ့သစ်တောက အကိုတို့ ပတ်ဝန်းကျင်မှာ အထူးဆန်းဆုံး နေရာဖြစ်နေလို့ပါပဲ။
၂၀၀၀ ခုနှစ် အစောပိုင်းကာလတွေမှာ ဒီဒေသမှာ ပြင်းထန်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပွားခဲ့တယ်။ အဲ့ရောဂါက အသက်ရှူတာ နဲ့ လေမှတစ်ဆင့် ကူးစက်ခဲ့တယ်
အဲဒီကာလတွေမှာ အအေးမိ ဖျားနာတဲ့သူတိုင်းက ချက်ချင်းကို သီးခြားခွဲထုတ်ရတယ်
ရွာကလူတွေက အပြင်မထွက်နိုင်ဘဲ အပြင်အလုပ်ကနေ ပြန်လာတဲ့သူတွေကလည်း သူတို့ရဲ့ ခန္ဓာကိုယ်တွေကို စစ်ဆေးရတယ်
၎င်းတို့မှာ အဖျားရှိ မရှိ၊ အအေးမိတာ ချောင်းဆိုးတာပါ မကျန်ခဲ့ဘူး အကုန်လုံးကို သီးခြားခွဲထုတ်ရတယ် အဲဒီနှစ်မှာ ဒီတောထဲမှာ အိမ်ငယ်လေးတွေ အများကြီးဆောက်ပြီးတော့ ခွဲထုတ်ခံထားရတဲ့ လူနာတွေက ဒီမှာ နေခဲ့ရတယ်။
အဲ့ဒီ အချိန်တွေမှာ အကာအကွယ် အဝတ်အစားတွေကို နေ့ရောညပါ ၀တ်ဆင်ထားသူတွေကို များစွာကို တွေ့မြင်ရပြီးတော့ အဲ့ဒီ အကာအကွယ် အဝတ်အစားတွေကလည်း ဝတ်ပါ များလွန်းလို့တောင်မှ ဖြူဖျော့နေခဲ့တယ်
လူအများအပြားက ဒီတောထဲမှာပဲ နေ့စဉ် ဆေးဝါးတွေကို သယ်ဆောင်ပြီးတော့ နေ့စဉ် သွားလာနေခဲ့ကြတယ်၊ အခုတောင် ညဘက်တွေ တောအုပ်ထဲ လမ်းလျှောက်ထွက်ရင် အဖြူရောင် အရိပ်တွေ အများကြီး မြင်နေရတယ် လို့ ဒီအနီးအနားက လူတွေ ပြောကြတယ်။
ထိုနှစ်က အဲ့ရောဂါဖြစ်ပွားနေတဲ့အတွင်းမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်း အများအပြား သေဆုံးခဲ့ကြတယ်။ ရောဂါကူးစက်ခံထားရတဲ့ သူတွေဆိုရင် ပြောမနေနဲ့တော့
နောက်တော့ ဒီတောကြီးက ခြောက်ခြားလာခဲ့တာပေါ့။
“ရန်ရှောင်ဟူ ပြုလုပ်ခဲ့တဲ့ စက္ကူရုပ်တွေမှာ မျက်လုံးတွေပါနေခဲ့တာဟာ သာမန်အရာ မဟုတ်သည်မှာ သေချာနေသောကြောင့် ငါက သူ့ကို စကားအနည်းငယ် ပြောပြီးတော် သတိပေးလိုက်ခဲ့တယ်“
“သူကလည်း အတော်လေး နာခံမှုရှိပြီးတော့ လမ်းတစ်လျှောက်မှာလည်း ဘာပြဿနာမှ မရှိခဲ့ဘူး။
ဒါပေမဲ့ တောထဲကိုဝင်လိုက်တာနဲ့ လေက အရမ်းပြင်းထန်စွာ တိုက်လာခဲ့တယ်၊ အဲဒီညက မိုးကလည်း ရွာခဲ့တယ်။
သစ်ရွက်တွေပေါ်မှ ရေစက်တွေကလည်း ရံဖန်ရံခါ ကျလာနေခဲ့တယ်
မင်းတို့တွေ ကြုံဖူးမလားတော့မသိဘူး ပြောချင်တာကကွာ မင်းခန္ဓာကိုယ်က နဂိုက ပူနွေးနေတယ်ကွာ၊ ဒါပေမယ့် ရေစက်တစ်စက်က ရုတ်တရက် မင်းခေါင်းပေါ်ကို ကျလာခဲ့တယ်
အဲ့ဒီလိုအချိန်မှာ ရလာတဲ့ အေးစက်တဲ့ ခံစားချက်က တောထဲကို ဝင်လိုက်တဲ့ အချိန်မှာ ဆိုးရွားတဲ့ ခံစားချက်ကို ရစေခဲ့တယ် “
"ဒီအခိုက်အတန့်မှာပဲ ရန်ရှောင်ဟူ ရဲ့ မျက်နှာပေါ်ကို ရေတစ်စက် ကျသွားခဲ့တယ်။
အဲဒီတုန်းက ငါ အမှားလုပ်မိခဲ့တယ်လို့တောင် ခံစားလိုက်ရတယ်။
သူ့ကိုကြည့်လိုက်တော့ သူ့မျက်နှာမှာ သွေးတစ်စက်ကို တွေ့လိုက်ရတယ်
သူ့မျက်နှာက အဲ့သွေးနီစက်က လျှောကျလာတော့ အိုးမိုင်ဂေါ့ ငါ့မှာ ကြောက်လွန်းလို့ စွံ့အနေခဲ့တယ်
ရှောင်ဟူကို ပြောပြတော့မယ့်အချိန်မှာ အချိန်မှီ ထိန်းလိုက်ခဲ့တယ်
ငါသာပြောလိုက်ရင် ရှောင်ဟူက သေးထွက်မတက် ကြောက်လန့်သွားလိမ့်မယ်”
“ငါ ဘာမှ မပြောဘဲ တောထဲ ဆက် လျှောက်သွားခဲ့လိုက်တယ်။
ဒါပေမယ့် အဲဒီတုန်းက လမ်းက အရမ်းခက်ခဲပြီးတော့ သစ်တောကလည်း ရွှံ့တွေနဲ့ ပြည့်နေခဲ့တယ်။
ငါတို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့ကြတယ်၊ ဒါပေမယ့် တောနက်ထဲ ရောက်တဲ့အခါမှာတော့ ရောဂါဖြစ်ပွားတုန်းက ဆောက်ထားတဲ့ တဲတွေ အများကြီးကို တွေ့လိုက်ရတယ်
ယခုအချိန်မှာတော့ အဲ့ဒီ တဲတွေမှာ လျှပ်စစ်မီးလည်း မရှိ မည်သူမျှလည်း နေထိုင်ခြင်း မရှိခဲ့ကြဘူး
အခန်းတိုင်းက မှောင်နေခဲ့တယ်၊ ဒါပေမယ့် ဘာကြောင့်လဲတော့ မသိဘူး အခန်းတိုင်းက မှောင်နေပေမယ့်
အဲ့ဒီထဲမှာ တစ်ယောက်ယောက်က ရှိနေတယ်လို့ ခံစားနေရတယ်”
“ငါလည်း မနေနိုင်တော့တာနဲ့ အဲဒီ သစ်သားအိမ်တွေဆီကို လှမ်းကြည့်လိုက်တယ်။
အဲ့ဒီအချိန်မှာ ငါနဲ့ အဲ့ဒီတဲတွေနဲ့က မီတာတွေ တော်တော် ကွာဝေးနေတယ်
အမှန်တိုင်းပြောရရင် ညဘက်ကြီးမှာ ရှင်းရှင်းလင်းလင်းမြင်ရဖို့က လုံးဝ မဖြစ်နိုင်ဘူးလေ
ဒါပေမယ့် ငါ တစ်ချက်ကြည့်မိလိုက်တော့
အဲဒီအခိုက်မှာ ငါ့ရှေ့က သစ်သားအိမ်ရဲ့ ပြတင်းပေါက်မှာ လူမျက်နှာတစ်ခု ရှိနေတာကို သတိထားမိလိုက်တယ်”
“အဲဒီတုန်းက ငါဘယ်လောက်တောင် တုန်လှုပ်နေမှန်းကို မင်းတို့တွေ သိမှာ မဟုတ်ဘူး၊ အဲ့ဒီအချိန်မှာပဲ တောင်လေက တောထဲကို တိုက်ခတ်လိုက်တဲ့ အချိန်
ငါ့ခေါင်းထိပ်က သစ်ပင်ကြီးရဲ့ အရွက်တွေပေါ်မှာ တင်နေတဲ့ ရေစက်တွေက
လေတိုက်တဲ့အခါမှာ အဲ့ရေတွေ အကုန်လုံး ကျလာခဲ့တယ်။
ငါ့တစ်ကိုယ်လုံးပေါ်ကို ရေတွေကျလာခဲ့တယ်
အဲ့တာက အရမ်းအေးနေခဲ့တယ်။
ငါလည်း မနေနိုင်ဘဲ တဆတ်ဆတ် တုန်ယင်လာခဲ့တယ်။
အဲ့အချိန်မှာပဲ ရှောင်ဟူက ဦးလေးဖန် အဆင်ပြေရဲ့လားလို့ မေးခဲ့တယ်“
"သူ့မျက်နှာကိုမြင်တော့ ငါ့ မျက်လုံးတွေ တဖြည်းဖြည်းနဲ့ ပြူးကျယ်လာခဲ့တယ်။ သူ့ကိုကြည့်လိုက်ပြီးတော့ သူ့လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တယ် ပြီးတော့ သူ့ကို “ နေ့ခင်းဘက်မှာ မင်း ဘယ်သွားနေခဲ့တာလဲ " လို့ မေးလိုက်တယ်
"သူက မြို့မှာ နေ့ခင်းဘက် သူငယ်ချင်းတွေနဲ့ အရက်သောက်နေပြီး ဘယ်မှ မသွားဘူးလို့ ပြောခဲ့တယ်။
"ငါကလည်း ဒါက မဖြစ်နိုင်ဘူး ငါ့ကို အမှန်အတိုင်းပြော ၊ မဟုတ်ရင် ငရဲဘုရင်တောင်မှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး...
ရှောင်ဟူက ငါ့ရဲ့ ကြိမ်းမောင်းမှုကြောင့် အံသြသွားခဲ့သည်။
ဦးလေးဖန် ငါတကယ်မလိမ်ခဲ့ပါဘူး... ငါက
မြို့မှာ သူငယ်ချင်းတွေနဲ့ အရက်သောက်နေခဲ့တာပါ
သူပြောတာတွေက အမှန်ဆိုရင် ငါမြင်တာများ မှားနေတာလားလို့ တွေးမိလိုက်တယ်။
အချိန်ကလည်း ညဉ့်နက်နေပြီလေ၊ ငါတိုနဲ့ တဲအိမ်တွေကလည်း တော်တော် ဝေးနေသေးတယ်လေ
ငါမြင်တာများ မှားနေတာလားဆိုတဲ့ အတွေးနဲ့ သူ့ကို ဆွဲပြီးတော့
တဲအိမ်တွေဆီကို အမြန် သွားခဲ့လိုက်တယ်။
အဲဒီအခန်းတွေကို ငါ ဆက်မကြည့်နိုင်ခဲ့တော့ဘူး
ဘာလို့လဲဆိုတော့ သူတို့ကို ပိုကြည့်မိလေ ပိုထိတ်လန့်လာလေပဲ။
သူတို့ကို ပိုကြည့်လေ ပိုဆိုးရွားတာတွေကို ပိုခံစားရလေပဲ။
“ဒါပေမယ့် ငါတို့ ခြေလှမ်း အနည်းငယ်လှမ်းပြီးတဲ့နောက်မှာ ရှောင်ဟူက ရုတ်တရက် ငါ့ကို လှမ်းဆွဲလိုက်တယ်။
“ဦးလေးဖန် ဒီ သစ်သားအိမ်တွေကို တွေ့လားလို့ မေးခဲ့တယ်” စိတ်ထဲမှာ နည်းနည်း မကောင်းသလို ခံစားလိုက်ရလို့ မင်း ဘာမေးချင်တာလဲလို့ ဆိုပြီး သူ့ကို မေးလိုက်တယ်။ အဲ့ဒီအချိန်မှာ ရှောင်ဟူ ရဲ့ ခန္ဓာကိုယ်က တစ်ကိုယ်လုံး တုန်ရီနေပြီးတော့ သူက ငါ့ကို လက်နှစ်ဘက်နဲ့ တင်းတင်းကိုင်ကာ ငိုပြီးတော့ “ဦးလေးဖန် ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ၊ အဲဒီအခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတယ်၊ ပြတင်းပေါက်မှာ မျက်နှာတစ်ခု ရှိနေတယ်!”
“ငါ့မျက်နှာ ပုံစံအတိုင်းပဲ ဦးလေးဖန်… ကျွန်တော့်ကို ကယ်ပါအုံး!”
“ ရှောင်ဟူက ကျယ်လောင်စွာနဲ့ ပြောခဲ့လိုက်တယ်။ ပြီးတော့ ငါလည်း ခန္ဓာကိုယ်က တောင့်တောင့်ကြီး ဖြစ်နေခဲ့တယ်လို့တောင် ခံစားလိုက်ရတယ်။ ရှောင်ဟူ ပြောတာ မှန်နေခဲ့တယ်။ ငါလည်း အခုမှ သေချာတွေ့လိုက်မိတယ် သစ်သားအိမ်ရဲ့ ပြတင်းပေါက်မှာ ကပ်နေတဲ့ မျက်နှာက သူ၊ ရှောင်ဟူ ရဲ့မျက်နှာပဲ!”