အခန်း (၁၃၈)
Vol. 10 Ch. 138
“အကိုဖန် အဲ့ဒီ တဲထဲကို ဝင်သွားသေးလား”
ကျန်းရီက အဲ့ဒီအချိန်တွင် အကိုဖန် ကို မေးလိုက်ရာ အကိုဖန်က အသက်ပြင်းပြင်း အသက်ရှုလိုက်သည်။ “.............”
အသက်ကို ရှည်ရှည် ရှူသွင်းပြီးနောက် သူက “မဝင်ခဲ့ဘူး၊ ရှောင်ဟူနဲ့ ငါက အဲဒီတုန်းက အရမ်းကြောက်နေခဲ့တယ်လေ
ဘာကြောင့်လဲ ဆိုတော့ ငါ့မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့ရတာလေ ရှောင်ဟူလည်း ကိုယ်တိုင် မြင်လိုက်ရတယ်
ငါက သူ့ကိုကြည့်ရင်း သူကလည်း ငါ့ကို အကူအညီတောင်းသလို ကြည့်နေခဲ့တယ်၊ ပြီးတော့ ငါ သူ့ကိုဆွဲပြီး တောထဲကနေ အရူးလိုပဲ ထွက်ပြေးခဲ့လိုက်တယ်~” “ငါတို့ထွက်ပြေးပြီးတဲ့နောက်မှာတောင် ရှောင်ဟူ က အရမ်းကြောက်နေတုန်းပဲ။
အဓိကကတော့ ဒီတောက အရမ်းဆိုးတယ်လို့ လူတွေက ပြောကြတယ်၊ လူတော်တော်များများက ဒီနေရာမှာ ရောဂါနဲ့ သေခဲ့ကြတယ်။
ဒီလူတွေသေပြီးတဲ့အခါမှာ သူတို့မှာ နာကြည်းစရာတွေ အများကြီး ရှိနေတယ်လို့ ပြောကြတယ်။
ဖျားနာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတာ၊ ပြီးတော့ မတော်တဆမှု တစ်ခုနဲ့ သေဆုံးသွားကြတဲ့ သူတွေက ဒီလူတွေဟာ သေပြီးရင် မကောင်းဆိုးရွား ဝိညာဥ်တွေအဖြစ် ပြောင်းလဲလွယ်တယ်လို့ ငယ်ငယ်က ကြားဘူးခဲ့တယ် ဒါနဲ့ပဲ ရှောင်ဟူ ရဲ့ မျက်နှာက တောထဲမှာ ပေါ်လာခဲ့တော့ ဒီကလေးက မကြာခင် သေတော့မယ်လို့ တွေးနေမိခဲ့တယ်။
ဒါပေမယ့် သူက ငါ့ရှေ့မှာ သက်ရှိထင်ရှား ရှိနေသေးတယ်လေ၊ ငါ သူ့ကို ကယ်နိုင်သေးရင် ငါ သူ့ကို ကယ်ပေးရမယ်လေ။
သူက အလုပ်ကို မယ်မယ်ရရမလုပ်ဘဲ သူ့အဖေရဲ့ ဂုဏ်သတင်းကို အားကိုးပြီး အခြားသူတွေကို စက္ကူအရုပ် လုပ်သမားတစ်ဦးအဖြစ်နဲ့ အမြဲ လှည့်စားနေရင်တောင်မှပဲ
ရှောင်ဟူ က အသက် နှစ်ဆယ်ကျော် ဒါမှမဟုတ် သုံးဆယ်နီးပါးပဲ ရှိသေးတယ်။
သူက လူကောင်းမဟုတ်ပေမယ့် လူဆိုးလည်း မဟုတ်နေဘူး၊ ဒါကြောင့် သူ့အိမ်ဆီကို ဆွဲခေါ်သွားခဲ့တယ် “
“ ရှောင်ဟူက သူ့အမေ၊ ဇနီး၊ သားသမီးတွေနဲ့ အတူတူ နေထိုင်တယ်
အိမ်ကတော့ ခြံဝင်းတစ်ခုပါရှိတဲ့ အုတ်ပြာအုတ်တွေနဲ့ အိမ်ဟောင်းတစ်လုံး ဖြစ်တယ်။
ရှောင်ဟူ က ကျွန်တော့်ကို ရှာဖို့ ထွက်လာခဲ့တော့ ခြံထဲက တံခါးကိုပိတ်ဖို့ မေ့သွားတယ်ထင်တယ်
အိမ်ခန်းမတံခါးကိုတောင်မှ မပိတ်ခဲ့ဘူး။
ငါ သူနဲ့အတူ ဝင်သွားခဲ့လိုက်တယ်။
ခြံထဲမှာ ဝါးနှီးနဲ့ ဆီစုတ်စက္ကူတွေ အများကြီး ရှိနေခဲ့တယ်။
ဒါတွေအားလုံးက စက္ကူအရုပ်ပြုလုပ်ဖို့ ပစ္စည်းတွေပဲဖြစ်တယ်၊ ဒါပေမယ့် အထဲကို ဝင်လိုက်တာနဲ့ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိတယ်။
ငါက ရှောင်ဟူကို “ ရှောင်ဟူ မင်းငါ့ကို ဘယ်လိုလာရှာခဲ့တာလဲ” ရှောင်ဟူ က ဦးလေးကိုရှာဖို့ ပြေးလာခဲ့တာလေ”
“မင်း တောကို ဖြတ်လာသေးလား” လို့ ထပ်မေးလိုက်တယ်။
ရှောင်ဟူက “ဖြတ်ခဲ့တယ်”
“တောအုပ်ကို ဖြတ်သွားတဲ့အခါတုန်းက ဘာတွေကိုမြင်ခဲ့လဲ” ထပ်မေးလိုက်တယ်။ ရှောင်ဟူ က ခေါင်းခါပြလိုက်တယ်၊ ဒါပေမယ့် ဒီအချိန်မှာတော့ ငါ တကယ်ကို ထိတ်လန့်နေခဲ့တော့တယ်။ " ရှောင်ဟူ ကို နတ်ဆိုးဝိညာဥ်တွေက ခြောက်လှန့်နေတာ သိသာပါတယ် ၊ သူငါ့ကို လာရှာတုန်းက ဘာတစ်ခုမှ မကြုံခဲ့ရဘူး ၊ ဒါပေမယ့် ငါ သူနဲ့ ပြန်လိုက်ပြီး သစ်တောကို ဖြတ်တဲ့ အခါမှသာ တစ်ခုခုက ဖြစ်သွားခဲ့တယ်?? သူက နတ်ဆိုးဝိညာဥ် ခြောက်ခံနေရတဲ့ သူလား ဒါမှမဟုတ် ငါကများ အခြောက်ခံနေရတဲ့ သူလားလို့တောင် တွေးမိလိုက်တယ် ။
ငါ ရှောင်ဟူ ရဲ့မျက်နှာကို စိုက်ကြည့်လိုက်တယ်၊ ပြီးနောက်မှာတော့ အိမ်ထဲကို ကျယ်လောင်စွာ အော်လိုက်တော့တယ် “ရန်ရှောင်ဟူ ထတော့" ခဏလေးအတွင်းမှာပဲ အိမ်ထဲက လူတစ်ယောက် ပြေးထွက်လာတယ်။
လက်နှိပ်ဓာတ်မီးနဲ့ ငါ့ကို ထိုးပြီးတော့ ရှင်းရှင်းလင်းလင်းမြင်ရပြီးနောက်မှာ “ဦးလေးဖန်းက ဘာလို့ ကျွန်တော့်ကို ညဥ့်နက်ကြီး လာရှာရတာလဲ” လို့ မေးလိုက်တယ်။ အဲဒီတုန်းက အိမ်ထဲက ရှောင်ဟူ ပြေးလာတာကိုမြင်တော့ ငါ့စိတ်အခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာ မင်းတို့သိလား?? ငါ့နောက်မှာ ရပ်နေတဲ့ ရှောင်ဟူကို မတွေ့ရဘဲ ရုတ်တရက် ပျောက်သွားတာကို သိလိုက်ရတော့ ငါနဲ့အတူ အခုလေးတင် ပါလာတဲ့လူက အိမ်ထဲကနေ ရုတ်တရက် ပြေးထွက်လာခဲ့တာကို မြင်လိုက်ရတဲ့ ခံစားချက်ကို မင်းတို့သိလား??။ သူက အိပ်ငိုက်နေတဲ့ မျက်လုံးတွေနဲ့ “ ဦးလေးဖန် ဘာလို့ ဒီကို ရောက်နေတာလဲ"
"အဲဒီတုန်းက ငါ ရှောင်ဟူ ရဲ့ အိမ်ခြံဝင်းထဲမှာ တောင့်တောင့်ကြီး ရပ်နေမိခဲ့တယ်။
ငါ့ရဲ့အော်သံကြောင့် သူ့အမေ၊ ဇနီးနဲ့ သားသမီးတွေလည်း အကုန် ပြေးထွက်လာခဲ့တယ်။
သူတို့အားလုံးက ငါ့ကို အရူးတစ်ယောက်လို ကြည့်နေခဲ့ကြတယ် ။
အဲဒီတုန်းက ဘယ်လိုပြန် ဖြေရမှန်းတောင်မသိဘူး။
ငါ အကြာကြီး စဥ်းစားခဲ့ပြီးမှ မင်းငါ့ကို ရှာနေတယ်လို့ အိမ်မက်မက်ခဲ့လို့ ရောက်လာတာလို့ ပြန်ဖြေခဲ့တယ် "
“ဒီအကြောင်းပြချက်က အရမ်းကို ဆိုးနေခဲ့တယ်။
ရှောင်ဟူတောင်မှ မယုံခဲ့ဘူး”
ဒါပေမယ့် မိသားစုနှစ်စုက ဒီနယ်မှာ ဆွေမျိုးတွေလို့ ယူဆလို့ရနေတော့ တစ်ယောက်နဲ့တစ်ယောက်လည်း သိနေတဲ့အတွက် သူ့အမေနဲ့ ဇနီးက ဘာမှ မပြောခဲ့ပါဘူး။
ရှောင်ဟူ ကလည်း ကျွန်တော့်ကို အိမ်ထဲ ဖိတ်ခဲ့တယ်။
သူနဲ့ အတူထိုင်လိုက်တဲ့အခါမှာ ငါက သူ့ ရဲ့ အဘွားကူဟွာရဲ့ မိသားစုအတွက် သူလုပ်ထားတဲ့ ရွှေရောင်ကောင်လေးနဲ့ ကောင်မလေးကို ကြည့်ချင်ခဲ့မိတယ်။
"ရှောင်ဟူ နဲ့ အဘွားကူဟွာကိစ္စရဲ့ ရွှေရောင်ကောင်လေးနဲ့ ကောင်မလေးကို လုပ်လို့ပြီးပြီလား" လို့ သူ့ကို မေးလိုက်တယ်။
"သူတို့က အဆင်သင့်ဖြစ်နေပြီလို့ သူပြောခဲ့တယ်၊ ဒါပေမယ့် သူက အရမ်းချီတုံချတုံဖြစ်နေပုံရပြီး နောက်တော့ အန်ကယ်ဖန် ရွှေရောင်ကောင်လေးနဲ့ ကောင်မလေးကို အဘွားကူဟွာ မြေးဖြစ်သူရဲ့ အဝတ်အစားတွေကို ဝတ်ခွင့်ပေးလိုက်တာ မကောင်းတဲ့ အရာလို့ ထင်လား" လို့ မေးခဲ့တယ်။
"ရှောင်ဟူ က ဒါကိုမေးတဲ့အခါမှာ ငါက သေသွားတဲ့ သူရဲ့အဝတ်အစားတွေကို ဝတ်တဲ့ ရွှေရောင်ကောင်လေး တစ်ခါမှ မရှိခဲ့ဖူးဘူးဆိုတာကို သူ့ကို ရှင်းရှင်းလင်းလင်းကို ပြောခဲ့လိုက်တယ်။ တကယ်လို့သာ လုပ်လို့ ရခဲ့မယ်ဆိုရင် ဘိုးဘေးတွေက ဘာလို့ ဒီလိုမျိုး တားမြစ်ခဲ့မှာလဲ”
အကြောင်းပြချက် တစ်ခုခုရှိလို့ တားဖြစ်ခဲ့တာ ပိုက်ဆံနည်းနည်းလောက် အတွက်နဲ့ ဒုက္ခမရောက်စေနဲ့”
"ရန်ရှောင်ဟူက အကို့ရဲ့ အကြံပြုချက်ကို နားထောင်ခဲ့လား။" ကျန်းရီ က ဒီအချိန်မှာ ထပ်မေးလိုက်တယ်။
အကိုဖန် က "ငါပြောတုန်းကတော့ သူ ခေါင်းညိတ်ခဲ့တာပဲ။ ဒါပေမယ့် အဘွားကူဟွာ ရဲ့ အသုဘအခမ်းအနားမှာတော့ ရွှေရောင်ကောင်လေးနဲ့ ကောင်မလေးကို အဝတ်တွေနဲ့ ခြုံထားတာကိုပဲ ငါ မြင်ခဲ့ရတယ်။"
"ဒါဆို ရန်ရှောင်ဟူ ပြုလုပ်ထားတဲ့ ရွှေရောင်ကောင်လေးနဲ့ ကောင်မလေးကို မင်းတွေ့လိုက်ရလား။ ရွှေရောင်ကောင်လေးတွေနဲ့ ကောင်မလေးတွေရဲ့ မျက်လုံးတွေကိုရော ထိလိုက်ရလား?။"
ကျန်းရီက က ထပ်မေးလိုက်တဲ့အခါမှာ အကိုဖန် က အရင်လိုပဲ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည် ။
"အဲဒီညက ရှောင်ဟူ ရဲ့အိမ်ကို ငါရောက်တုန်းက မနက်အစောကြီးပဲ၊
အကြာကြီး နေလို့လည်း မရဘူးလေ ရွှေရောင်ကောင်လေးကို ကြည့်ဖို့လည်း မတောင်းဆိုနိုင်တော့ဘူး။
ငါတို့နှစ်ယောက်လုံးက စက္ကူအရုပ် ပြုလုပ်သူတွေမို့ အဘွားကူဟွာရဲ့ ကိစ္စကို ငါက ငြင်းဆိုလိုက်တဲ့အတွက် ဒီအလုပ်က ရှောင်ဟူ ဆီကို ကျရောက်သွားခဲ့တယ်။
ငါအဲ့လိုပြောလိုက်ရင် ရှောင်ဟူ က ငါ့ကို အဆိုးမြင်သွားမှာပေါ့
ပြီးတော့ အဲဒီညက ဖြစ်ပျက်ခဲ့တာတွေကို သူတို့ကို မပြောပြခဲ့ဘူး
သူတို့က ယုံမှာလည်း မဟုတ်ဘူး။
ပြီးတော့ အလုပ်မရခဲ့တဲ့အတွက် အလုပ်ရလိုက်တဲ့ သူတို့ကို ညဘက်ကြီး လာပြီး ကျိန်ဆဲနေတယ်လို့တောင် ပြောကြအုံးမယ်"
“ဒါပေမယ့် အဲဒီအချိန်တုန်းက ရှောင်ဟူ ရုတ်တရက် ဗိုက်နာလာမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ဘူး။
သူက အလေးခဏ သွားလိုက်အုံးမယ်လို့ ငါ့ကို ပြောလိုက်တယ်။ အဲ့ဒါဟာ ငါလည်း မြန်မြန် ပြန်သင့်တယ်လို့ ပြောတာနဲ့ အတူတူပဲ
ငါ အေးလို့ ပြောလိုက်တယ့ ဒါပေမယ့် တကယ်တော့ ငါတကယ် ပြန်သွားခဲ့တာမဟုတ်ဘူး။
သူ သန့်စင်ခန်းထဲ ဝင်လိုက်တာနဲ့ ငါ သူ့အလုပ်ရုံထဲကို သွားခဲ့လိုက်တယ်။
အဲဒီမှာ စက္ကူရုပ်တွေ အများကြီးရှိနေတော့ ဘယ်အတွဲက အဘွားကူဟွာရဲ့ မြေး လိုချင်တဲ့ဟာဆိုတာကို မပြောနိုင်ပေမယ့် သူတို့ကို တစ်ခုပြီးတစ်ခု လိုက်ရှာခဲ့လိုက်တယ်”
"ဒါနဲ့ ငါ သူတို့ကို ဘယ်ကနေညာအထိ လိုက်ကြည့်လိုက်တယ်။
ဒါပေမယ့် ပြုလုပ်ထူးတဲ့ စက္ကူရုပ်တွေ အားလုံးမှာ မျက်လုံးမရှိနေဘူး
အဲ့ဒါလည်း ငါလည်း ပြန်ထွက်ခါနီးမှာပဲ မူရင်းအလုပ်ခုံနားက စင်ပေါ်မှာ ခေါင်းတစ်စုံရှိနေတယ်ဆိုတာ ရုတ်တရက် သတိထားမိလိုက်တယ်။
ကလေးနှစ်ယောက်ရဲ့ ဦးခေါင်းပုံစံပဲ၊ ယောက်ျားလေး နှင့် မိန်းကလေးတစ်ဦးတို့ရဲ့ ပုံစံပဲ
ငါ မတော်တဆနဲ့ အဲ့ဒီအလုပ်ခုံဆီကို လျှောက်သွားလိုက်မိတယ်။ “
“စားပွဲဘေးမှာ စာရေးစုတ်တံတစ်ခု ရှိနေတယ်၊ ဦးခေါင်းဘေးမှာ စာရေးစုတ်တံကို ချထားတယ်။ ငါ ညာဘက်ကို လှည့်ပြီး ခေါင်းနှစ်လုံးရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တော့ ငါ့တစ်ကိုယ်လုံး ရုတ်တရက် တုန်လှုပ်သွားခဲ့တယ်
ယောက်ျားနဲ့ မိန်းမရဲ့ မျက်လုံးတွေကို ပြုလုပ်ထားခဲ့တာပဲ!"
"အဲ့ဒီမျက်လုံးတွေထဲက မျက်လုံးတစ်ဖက်ကို ခြယ်ထားတယ်! အဘွားကူဟွာ့မြေးရဲ့ သားနဲ့သမီးအကြောင်း ငါပြောခဲ့တာကို မှတ်မိသေးလား၊ ကောင်လေးရဲ့ မျက်လုံးကို တောဝက်က ဖောက်ထားခဲ့တာကိုလေ၊ ငါပြောမယ် အဲ့ဒီ စက္ကူအရုပ်ရဲ့ မျက်လုံးက အဲ့ဒီကလေးရဲ့ ဖောက်ခံထားရတဲ့ မျက်လုံးပုံစံအတိုင်း အတူတူပဲ။ ငါ ရွှေရောင်ကောင်းလေးတွေကို တစ်သက်လုံး ပြုလုပ်လာခဲ့တာ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ စက္ကူအရုပ်တွေကို တစ်ခါမှ မမြင်ဖူးဘူး ”
"ငါလည်း အလွန်ကို ထိတ်လန့်သွားပြီးတော့ အဲ့အချိန် ပထမဆုံးလုပ်ခဲ့တာကတော့ ရှောင်ဟူ ကို ရှာဖို့ပဲ။
ငါ နောက်ပြန်လှည့်လိုက်တာနဲ့ ရှောင်ဟူက တံခါးနားမှာ ရပ်နေတာကို တွေ့လိုက်ကတယ်
အဲ့ဒီညက လကွယ်နေခဲ့တယ်
ငါထွက်လာတုန်းက မိုးရွာနေခဲ့တော့ ကောင်းကင်မှာ လက ရှိမနေဘူးလေ
ဒါပေမယ့် လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ အပြင်က ကောင်းကင်မှာ လက ထွန်းလင်းနေခဲ့တယ်
လက ထူးထူးခြားခြားကို ဝိုင်းစက်နေတယ်
ရှောဟူ သူကတော့ တံခါးနောက်မှာ မလှုပ်မယှက်ပဲ ရှိနေတယ်၊ သူ့ခန္ဓာကိုယ်က မြင့်နေပြီးတော့၊ သူ့အိမ်မှာရှိတဲ့ သစ်သားတန်းကနေ တွဲလောင်းကျနေခဲ့တယ်။"