ငါ ငါဖွင့်လိုက်တယ်
Vol. 10 Ch. 139
အကိုဖန် ကြုံတွေ့ရသမျှသည် လှည့်ကွက်များနှင့် ပြည့်နေပုံရသည်။ ဖုန်းရဲ့ တစ်ဖက်က ကျန်းရီတောင်မှ အကိုဖန်ရဲ့ အတွေ့အကြုံတွေက ဒီလောက်ထိ စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ဟမ်... သဘာဝလွန် ဖြစ်ရပ်တွေရဲ့ စတွင်မာ တစ်ယောက်အနေနဲ့ "အံ့သြစရာကောင်းလိုက်တာ" ဆိုတဲ့ စကားလုံးကို တွေးမိလိုက်တဲ့အခါ ကျန်းရီ အကိုဖန်ကို အနည်းငယ် သနားမိသွားသည်။ " အကို ဖန်း၊ မင်း အဲ့ဒီကနေ ဘယ်လို ပြန်လာခဲ့လည်း"
"တံခါးနောက်က သစ်သားတန်းလျားမှာ တွဲလောင်းကျနေတဲ့ ရှောင်ဟူကို မြင်လိုက်ရတော့ အဲဒီအချိန်တုန်းက စိတ်ခံစားချက်ကို ဘယ်လို ဖော်ပြရမှန်းတောင် မသိတော့ဘူး။ အဲဒီအချိန်မှာတောင် ဒေါသထွက်သွားသလို ခံစားလိုက်ရတယ်။"
“ဒေါသထွက်တယ်” ဆိုတဲ့ စကားလုံးက သိပ်ကို တိကျနေတာတော့ မဟုတ်ပေမယ့် ငါ့ ခံစားချက်တွေက အဲ့နည်း အတိုင်းပါပဲ ငါက စက္ကူအရုပ်လုပ်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ငါ့ရဲ့ အလုပ်က ဝိညာဥ်တွေနဲ့ သိပ်မစိမ်းဘူး ။ ငါက မကောင်းတဲ့အရာတွေနဲ့ ရောထွေးနေတာ
ဘယ်သူကလူဖြစ်ပြီး ဘယ်ကောင်က သရဲဖြစ်နေတယ်လို့တောင် မပြောနိုင်ခဲ့ဘူး။ အဲဒီ့အချိန်အတွင်းမှာ လူမဟုတ်တဲ့ တစ္ဆေဝိညာဥ်ကို လူမှတ်ပြီးတောင် ပြောဆိုဆက်ဆံခဲ့မိတယ် “
အကိုဖန် က ဒေါသတကြီးနဲ့ ပြောပြခဲ့သည်။ သူပြောပြီးတာနဲ့ မနေနိုင်ပဲ ကျိန်ဆဲလိုက်မိသည်။
"ဒါဆို ရန်ရှောင်ဟူ ရဲ့အလောင်းကို ဘယ်လိုလုပ်လိုက်လဲ။"
"ငါ သတိပြန်ဝင်လာပြီးနောက်မှာ၊ ရှောင်ဟူ ရဲ့ အမေ၊ ဇနီးနဲ့ ကလေးတွေကို ခေါ်ခဲ့လိုက်တယ်။
ငါသူတို့ကို နှိုးပြီးတာနဲ့ တစ်အိမ်လုံး ငိုသံတွေနဲ့ ပြည့်နေခဲ့တယ်။
သူ့အမေကဆို ငါ့ ကို သူ့သားကို သတ်လိုက်တာလို့တောင် ပြောနေခဲ့တယ်။
ငါလည်း ငါအပြစ်မရှိကြောင်းကို သက်သေပြဖို့အတွက် ရဲကို ခေါ်ခဲ့လိုက်တယ်။
ရဲတွေက မနက် မိုးလင်းခါနီးတော့ သေချာ စုံစမ်းပြီးနောက်မှာ ငါ့အတွက် တရားမျှတမှုကို ရှာပေးခဲ့တယ်။
ရှောင်ဟူက က သူ့အိမ်ကို ငါ မရောက်ခင်မှာပဲ ကြိုးဆွဲချ သေခဲ့တာ
ဆယ်နာရီဝန်းကျင် ဒါမှမဟုတ် ညဆယ့်တစ်နာရီခန့်လောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိလိုက်ရတယ်
ဒါပေမယ့် သူ့အမေက မယုံခဲ့ဘူး ငါသူတို့ဆီ လာတုန်းက သူ့သားက ငါနဲ့အတူ အပြင်ကို ထွက်သွားတယ်လို့ ပြောနေခဲ့တယ်”
“ရဲတွေကလည်း နားမထောင်ခဲ့ဘူးလေ။
ရှောင်ဟူ ရဲ့ဇနီးက မယုံနိုင်သေးဘူးလို့ ပြောနေခဲ့ရင်တောင်မှပဲ သိပ္ပံနည်းကျ အချက်အလက်တွေက သူတို့ရှေ့မှာ ရှိနေတာကြောင့် ရဲတွေကလည်း ဘာလုပ်နိုင်တော့မှာလဲ။ ဒါ့အပြင်ကို အဲ့အချိန်မှာ ငါ့အနေနဲ့ကလည်း ပရမ်းပတာတွေ ဖြစ်နေခဲ့တယ်၊ ရှောင်ဟူက တစ်နာရီခန့်လောက်မှာ ငါ့အိမ်သို့လာပြီး တံခါးကို ခေါက်ခဲ့လိုက်သည်။ ထို့နောက် ငါ့နောက်ကနေ လိုက်ကာ သူ့အိမ်သို့ ပြန်သွားခဲ့သည်။
ဒါပေမယ့် ငါ သူ့အိမ်ကို ရောက်တဲ့ အခါမှာတော့ ရုပ်ရှင်ထဲက နာမည်ကြီး မျောက်ဘုရင်အတုနဲ့ အစစ်လိုမျိုး ဇာတ်ဝင်ခန်းမျိုး ပေါ်လာခဲ့တာပေါ့။
ရှောင်ဟူ အစစ်အမှန်လို့ပဲ ထင်ခဲ့တာပေါ့ ဒါပေမယ့် ရှောင်ဟူက လွန်ခဲ့တဲ့နာရီ လောက်ကတည်းက သေသွားခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။"
“လူတွေက လူတွေမဟုတ်ဘူး၊ သရဲတွေကလည်း သရဲတွေ ဟုတ်မနေခဲ့ဘူး။
ညဘက်ဆို ငါ့ရှေ့မှာ ရပ်နေတဲ့ လူတွေက လူသားတွေလား ငါတောင်မသိတော့ဘူး။
သူတို့ရဲ့အရိပ်တွေကိုကြည့်ရင်တောင်မှ အသုံးမဝင်ဘူး။
အမှန်တကယ် ပညာတက်တဲ့သူတို့က ပညာကိုသုံးပြီးတော့ သူ့မှာ အရိပ်မရှိနေပေမယ့်လည်း အရိပ်ရှိနေအောင် လုပ်လို့ရတယ်”
ကျန်းရီက လောလောဆယ်တွင် အကိုဖန် ၏ စိတ်ဓာတ်တွေ ကျနေမည်ကို သိနေသောကြောင့် "အကိုဖန် ရောင်ရောင်ကောင်လေးနဲ့ ကောင်မလေးကို ဘယ်သူက ပြုလုပ်ခဲ့တာလဲ"
“ဒါကို နောက်ပိုင်းကျ လုပ်ခဲ့တာဖြစ်မယ်၊ ပြီးတော့ အဲ့ဒီ ခေါင်းတွေကို အရင်စက္ကူရုပ်ပေါ်မှာ အစားထိုးခဲ့တာ ဖြစ်မယ်
ဒါတွေကို နောက်ပိုင်း ရှောင်ဟူ ရဲ့ မိခင်၊ ဇနီးနဲ့ ကလေးတွေကို ငါ ပြောပြခဲ့လိုက်တယ်။
သူတို့တွေ အရမ်း ဒေါသထွက်လွန်းလို့ အဘွားကူဟွာရဲ့ မြေးအိမ်ဆီတောင် သွားခဲ့ကြတယ်။
သူက အဘွားကူဟွာ ရဲ့ အခေါင်းကို ညွှန်ပြပြီးတော့တောင် ရှောင်ဟူ ကို သူ သတ်ခဲ့တာဆိုပြီး ကြိမ်းမောင်းခဲ့ကြတယ်။
နောက်ပိုင်းတော့ အဘွားကူဟွာရဲ့ မြေးဖြစ်သူကလည်း စိုးရိမ်လာပြီးတော့ ရန်ရှောင်ဟူ ကိုယ်တိုင် အဲ့စက္ကူရုပ်ကို လုပ်ပေးဖို့ သဘောတူခဲ့ပြီးတော့ စရံ ယွမ်ငါးရာတောင် ပေးခဲ့တယ်လို့ ပြောခဲ့တယ် “
“ အသုဘနေ့မှာ သူ့မြေးဖြစ်သူက အဲ့အရုပ်တွေကို သူ့သားသမီးတွေရဲ့ အဝတ်အစားတွေ ဝတ်ပေးခဲ့တယ်။
တောင်ပေါ်ကို အခေါင်း သယ်လာပြီး အခေါင်းကို မြေချတဲ့နေ့မှာ မိုးတွေ သည်းထန်စွာ ရွာခဲ့တယ်လို့ လူတွေက ပြောကြတယ်
အဲ့နေ့မှာပဲ မိုးတွေသည်းစွာရွာပြီးတော့ မကြာမီ ရေတွေက တွင်းထဲသို့ စီးကျလာပြီးတော့ အခေါင်းကို စိမ်ဝင်လာခဲ့သည်။
ထိုအချိန်က ကြည့်ရှုသူတွေက ဒီအဘွားကူဟွာ က အမှန်တကယ်ကို မကောင်းတာ လုပ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုခဲ့ကြတယ်။
မဟုတ်ရင် နတ်ဘုရားတွေရဲ့မျက်နှာက ဘယ်လိုလုပ် လွယ်လွယ်နဲ့ ပြောင်းမှာလဲ”
အကိုဖန်က သက်ပြင်းရှည်ကြီးချလိုက်ပြီး ကျန်းရီသည်လည်း ဒီအဖြစ်အပျက်အတွက် အဓိကအချက်များကို စတင်ရှာဖွေခဲ့သည်။
၁။ သူမမသေခင်မှာ အဘွားကူဟွာ က သူမသေပြီးနောက်မှာ သူ့အတွက် ထည့်ပေးမဲ့ ရွှေရောင်ကောင်လေးနဲ့ ကောင်မလေးကို သူ့မြေးတွေရဲ့ အဝတ်အစားတွေကို ၀တ်ဆင်ဖို့ ဘာကြောင့်တောင်းဆိုခဲ့တာလဲ။
၂။ ကူးစက်ရောဂါရှိသူတွေကို သီးခြားခွဲထားတဲ့ သစ်တောထဲက တဲအိမ်တွေ။ ပြီးတော့ အဲ့သစ်တောကလည်း မကောင်းတဲ့ နေရာဖြစ်နေပြီ
၃။ အဲ့ဒီမျက်လုံးတွေကို ဘယ်သူက ဆွဲထားတာလဲ။ စက္ကူအရုပ် ပြုလုပ်သူတွေထဲတွင် တားမြစ်ချက် နှစ်ခုရှိသည်- အရေပြားကို ပြုလုပ်သော်လည်း နှလုံးသားကို မထိနဲ့ ၊ ပြီးတော့ အဆုံးမသတ်နှင့် ။ ရှောင်ဟူ ရဲ့ အရုပ်ပေါ်က မျက်လုံးတွေကို ဘယ်သူက ဆွဲခဲ့တာလဲ။
မေးခွန်းပေါင်းများစွာက ခေါင်းထဲ ရောက်လာခဲ့ပြီး ကျန်းရီ က အစ်ကိုဖန် ကို " အဘွားကူဟွာ က သူမမသေခင်မှာ ဘာတွေပြောခဲ့တာလဲဆိုတာကို စုံစမ်းခဲ့ဖူးလား။"
"ငါသွားခဲ့တယ်၊ ငါဘယ်လိုလုပ် မစုံစမ်းဘဲ နေရမှာလဲ၊ ငါ သူတို့ရွာ ကိုသွားပြီး လူတွေကိုမေးခဲ့တယ်။
အဘွားကူဟွာ ကွယ်လွန်တုန်းက ထူးထူးခြားခြား တစ်ခုခုရှိခဲ့သလားလို့ သူတို့ကို မေးခဲ့တယ်။ ပထမတော့ သူတို့က ဘာမှ မပြောခဲ့ဘူး။
နောက်ပိုင်းမှာ အဘွားကူဟွာ ဟာ သူမ မသေခင်အချိန်က အရမ်းထူးဆန်းခဲ့တယ်လို့ ပြောခဲ့တယ်...
နေ့တိုင်း သူမဟာ တောင်ခြေကို ခုံလေးတစ်ခု ယူသွားခဲ့တယ်။
ထိုတောင်က သူမ၏ မြေးဖြစ်သူတွေ မတော်တဆ ဖြစ်ခဲ့တဲ့ တောင်ဖြစ်သည်။
နေ့တိုင်း တောင်ခြေရင်းမှာ ထိုင်ပြီးတော့
တောင်ကို လက်ညှိုးထိုးပြီး ကျိန်ဆဲပါတော့တယ်!”
“ပထမတော့ ရွာက လူတွေက ဘာမှတော့ မှားနေတယ်လို့ မထင်ခဲ့ကြဘူး။
အဘွားအိုက သူ့သားမြေးတွေရဲ့ ကြေကွဲဖွယ်ရာ သေဆုံးရတဲ့အကြောင်းကို တွေးရင်း အဘွားကြီး စိတ်မကြည်လို့ပဲလို့ တွေးခဲ့ကြတယ်။
ဒါပေမယ့် သူမက ထိုနေရာကို ရက်ဆက်တိုက်သွားခဲ့ပြီး တစ်ခါတစ်ရံ ညမှောင်မှ ပြန်လာလေ့ရှိတယ်
အို၊ စကားမစပ် အဘွားကူဟွာက သူမ မသေမီက အသက်အရမ်း ကြီးနေပေမယ့် သူမက အမြဲကျန်းမာနေခဲ့တယ်
" သူနဲ့ အရမ်းခင်တဲ့ သူ့တူလေးက သူ့ကို ထူးဆန်းတာတွေ မလုပ်ဖို့ လာခေါ်ခဲ့လိုက်တယ်
ဒါပေမယ့် မမျှော်လင့်ဘဲ၊ အဘွားကူဟွာက သူမ တူဖြစ်သူရဲ့ လက်ကို ဖမ်းကိုင်လိုက်ပြီး ထိုနေ့မှာ ထူးဆန်းတဲ့ စကားအချို့ကို ပြောခဲ့လိုက်တယ်
ဒီစကားတွေပြောပြီးရင် သူ့တူလေးက သူတို့အိမ်မှာ ထမင်းမစားဘဲနဲ့တောင် သူ့အိမ် အမြန် ပြန်ခဲ့တယ်။
နောက်ဆုံးတော့၊ အဘွားကူဟွာ ရဲ့ဈာပနနေ့မှာတောင် သူ့တူလေးက မလာခဲ့ဘူး။”
"ဒါဆို သူတို့ပြောခဲ့တာတွေကိုရော သိလား"
"မသိဘူး၊ သူတို့ပြောတာတွေကို ဘယ်သူမှမသိဘူး။"
"ဒါဆို ဒီတောထဲကို နောက်တစ်ခေါက် သွားခဲ့သေးလား။ ညဘက် မသွားရဲခဲ့ဘူး ဆိုရင်တောင် နေ့ခင်းဘက်တော့ သွားကြည့်သင့်တယ် ဟုတ်တယ်မလား?"
"ငါ..ဇစ်.... ငါ... ဇစ်... ဇစ်..."
အဆုံးတွင် အကိုဖန် ၏ အသံသည် ရုတ်တရက် ပြတ်တောက်သွားသည်။ ကျန်းရီက ဒါကိုမြင်လိုက်တဲ့အခါ သူက အသံကိုမြှင့်ပြီးတော့ "ဟေး အစ်ကိုဖန်၊ မင်းငါပြောတာကြားလား? အစ်ကို မင်း ဒါတွေကိုကြားလား" လို့အော်လိုက်တယ်။
ကျန်းရီ က နှစ်ကြိမ်လောက် အော်လိုက်ပေမယ့် စူးရှတဲ့အသံက ငြိမ်မလာခဲ့ဘူး။ ဆန့်ကျင်ဘက် အနေနဲ့ တစ်ဖက်တွင် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်... အစ်ကိုဖန် ၏ ငိုနေတဲ့အသံပဲ
ဖုန်း၏အခြားတစ်ဖက်တွင် အစ်ကိုဖန်က နားမလည်နိုင်စွာ ငိုချလိုက်ပြီးတော့ “ငါ သွားခဲ့တယ်….ငါ အဲ့ဒီကို သွားခဲ့ပြီးတော့ သစ်သားတံခါးကိုဖွင့်လိုက်တယ်၊ ပြီးတော့ ငါ……
ဝူး…..!”
"ဒါဆို မင်းဘာတွေ့ခဲ့တာလဲ အစ်ကိုဖန် အဲဒီမှာ လိုင်းက မကောင်းဘူးလား" ကျန်းရီ က မေးလိုက်သည်။
အစ်ကိုဖန် ရဲ့ငိုသံက ပိုပိုပြီး ကြောက်စရာကောင်းလာပြီး "မင်းတို့ ဘယ်သူမှ မထင်မှတ်ထားတဲ့ သူတစ်ယောက်ကို ငါတွေ့ခဲ့တယ်၊ အဘွားကူဟွာ…..အဘွားကူဟွာက အထဲမှာ ရှိနေတယ်!"