အခန်း (၁၄၀)
Vol. 10 Ch. 140
“ဒါနဲ့ အစ်ကိုဖန် အဲ့တောထဲ က တဲကို ပြန်သွားတော့ ညဘက်အချိန် သွား ခဲ့တာလား”
ကျန်းရီက မေးလိုက်ရာ ကြောက်လန့်တကြား ဖြစ်နေသော အစ်ကိုဖန်က လေးလံစွာနဲ့ပဲ ခေါင်းညှိတ်နေခဲ့သည်။
“ဟုတ်တယ် ငါ အဲဒီကို ညအချိန်ကြီး သွားခဲ့တာ။
ဒါပေမယ့် နေ့ခင်းဘက်တုန်းကလည်း သွားခဲ့တယ်၊ နေ့ခင်းဘက်မှာတော့ အေးအေးချမ်းချမ်းပါပဲ
ညဘက်ကို မသွားနဲ့လို့ ကိုယ့်ကိုကိုယ် စိတ်ထဲမှာ စွဲစွဲမြဲမြဲပြောနေခဲ့တယ်... ညဘက်သွားလိုက်ရင် တစ်ခုခုတော့ ဖြစ်လိမ့်မယ်ဆိုပြီး
ဒါပေမယ့် ငါ့စိတ်ထဲမှာတော့ ငါက စက္ကူအရုပ်လုပ်တဲ့သူဖြစ်ပြီးတော့ ဝိညာဥ်တွေနဲ့ ထိတွေ့နေရတဲ့လူပဲလေ
ဒီလို မကောင်းတဲ့ အရာတွေကို ဘယ်လိုရင်ဆိုင်ရမှန်းတော့ မသိဘူး၊ ဒါပေမယ့် အဖြေတော့ ရှာရဦးမှာပေါ့။ “
“ငါက ရှောင်ဟူရဲ့ သေဆုံးမှု၊ အဘွားကူဟွာ နဲ့ မျက်လုံးခြယ်ထားတဲ့ စက္ကူအရုပ်တို့မှာ ပါဝင်နေခဲ့တယ်။ ဒီကိစ္စက ငါ့ကိုပါ ကူးစက်နေပြီ။ ငါသာ အဲ့ကိစ္စတွေကို အဖြေရှာမတွေ့ခဲ့ရင် ငါ ဘာလုပ်ရမလဲ?”
အစ်ကိုဖန် ပြောတာ မှန်နေသည်၊ ပထမတော့ သူက သေမင်းကို ရှာနေပုံရနေခဲ့သည်။ ဒါပေမယ့် သေသေချာချာ တွေးကြည့်ရင်တော့ ဒီလို ဟုတ်မနေခဲ့ဘူး
အစ်ကိုဖန် ကိုယ်တိုင်ပြောခဲ့သလိုပဲ သူက ဒီကိစ္စထဲမှာ ပါဝင်ပတ်သက်နေခဲ့ပြီပဲလေ။ အချိန်အများစုမှာ သူက ဂရုမစိုက်ဘူးလို့ ပြောရုံနဲ့တော့ သူတကယ် ဂရုမစိုက်ဘူးလို့တော့ မဆိုလိုဘူးလေ
ညဘက်သွားလိုက်ရင် သင် တော်တော်များများကို ရှာဖွေတွေ့ရှိရ ပါလိမ့်မည်
ထို့ကြောင့် ကျန်းရီ သည် ယခုအခိုက်တွင် အကိုဖန် ကို မနှောက်ယှက်ခဲ့ပေ၊ သူက ဆက်ပြီးတော့
“အဲဒီညက တဲအိမ်ထဲကို ဝင်သွားခဲ့တယ်။
အဲဒီမှာက သစ်သားအိမ်တွေ အများကြီးရှိနေခဲ့တယ်။
တစ်ခုတည်းမဟုတ်ဘူး
ငါသွားခဲ့တဲ့ ပထမဆုံး နေရာကတော့ မျက်နှာ ပေါ်လာခဲ့တဲ့ သစ်သားအိမ်လေးပဲ
အဲဒီညမှာ တောင်လေက တော်တော် ပြင်းပြင်းကို တိုက်နေခဲ့တယ်။ ရှောင်ဟူနဲ့ အတူသွားခဲ့တဲ့ ညတုန်းကထက်တောင် ပိုပြင်းနေသေးတယ်
ငါ တောထဲကို ဝင်လိုက်တာနဲ့ တောထဲမှာ သစ်ရွက်တွေ အများကြီး ကြွေကျလာခဲ့တယ်
“လေပြင်း တိုက်နေတဲ့အချိန်မှာ သစ်ပင်တွေကနေ ထွက်လာတဲ့ အသံက လူတွေငိုသလိုပဲ
ဝူး....
ဝူး...ဝူး…
အသံက လူတွေရဲ့အရေပြားကိုတောင့ ယားယံစေခဲ့တယ်။
တခါတည်း ဝင်သွားဖို့ ပြင်လိုက်တယ်၊ အခန်းနဲ့ မနီးခင်လေးမှာပဲ နောက်ပြန်ဆုတ်ခဲ့လိုက်တယ်။
ငါကြောက်နေခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါဝင်လိုက်တာနဲ့ အဝေးကအခန်းကို မြင်နေရသလို ခံစားလိုက်ရတယ်။
အဲ့ဒါပဲ သစ်တောပြင်ကို ထွက်လာခဲ့လိုက်တယ်။
စီးကရက်ကို အတော်ကြာလေး သောက်ပြီးတဲ့နောက်မှာတော့ သတ္တိတွေစုပြီး ပြန်ဝင်လာခဲ့တယ်။”
“ဒုတိယအကြိမ် ဝင်လိုက်တော့လည်း လေက လုံးဝကို မလျော့သွားဘူး။ ဒါပေမယ့် မြန်မြန်ဆန်ဆန် လမ်းလျှောက်ပြီးတော့ တဲအိမ်ဆီကို တန်းတန်းမတ်မတ် သွားခဲ့တယ်။ အဲ့တဲတွေ အားလုံးက သစ်သားနဲ့ ဆောက်ထားတဲ့ အိမ်တွေ။ ပြီးတော့ တော်တော်များများက ပြိုကျနေခဲ့ပြီ”
“အိမ်ထဲကို မ၀င်ခင် ပြတင်းပေါက်ဆီကို အရင်သွားခဲ့လိုက်တယ်။
ရှောင်ဟူ နဲ့ ညတုန်းက တံခါးနဲ့ ပြတင်းပေါက်တွေက ပျက်စီးနေခဲ့တာ သေချာပါတယ်။
ဖုန်မှုန့်တွေ အများကြီးနဲ့ ညစ်ညမ်းနေတော့ အဲဒီညက ရှောင်ဟူ နဲ့ ငါတွေ့လိုက်ရတဲ့ မျက်နှာဟာ တကယ့်ကို မှုန်ဝါးနေခဲ့တယ်။
ဒါပေမယ့် အဲဒီညမှာ ထပ်မြင်လိုက်ရတော့ ဒါက ရှောင်ဟူပဲဆိုတာကို ခံစားနေရတယ်။
ရှောင်ဟူ ကိုယ်တိုင်မြင်တဲ့ အခါကလည်း သူပဲလို့ သူထင်ခဲ့တာဖြစ်သည် “
“ဒါပေမယ့် ငါအဲဒီနား ရပ်နေတဲ့အချိန်မှာ၊ ငါမြင်လိုက်ရတဲ့မျက်နှာက တကယ်ပဲ ရှောင်ဟူရဲ့ မျက်နှာလား? ငါဘာလို့ မီတာပေါင်းများစွာကနေ အဝေးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရတာလဲ ”
“အဲ့ဒါကို ငါစဉ်းစားနေရင်းနဲ့ ရှောင်ဟူက ဒီသစ်သားအိမ်လေးဆီကို ရောက်လာခဲ့တဲ့အတွက် သေသွားခဲ့ရတာလားလို့ တွေးမိလာတယ်
ဒီအတွေးနဲ့ တံခါးကိုဖွင့်လိုက်တယ်။ အထဲကနေ စိုစွတ်တဲ့ အနံ့တွေ ထွက်လာခဲ့တယ်။
ဝင်ပြီးတော့ နေရာတိုင်းကို ဓာတ်မီးသုံးပြီး လိုက်ကြည့်လိုက်တယ်။
အထဲမှာ ဘာမှမရှိနေဘူး။
ကပ်ရောဂါကြီး ပြီးသွားတော့ ဒီတဲထဲမှာရှိတဲ့ အရာအားလုံးကို မီးရှို့ပစ်လိုက်တယ်။
မူလကတော့ လူတစ်ချို့က ဒီတဲတွေကို ဖြိုချပြီး မီးရှို့ပစ်ရမယ်လို့ ဆိုခဲ့ကြသော်လည်း နောက်ပိုင်းမှာတော့ ဘာဖြစ်သွားခဲ့သည်ကိုတော့ မသိခဲ့ကြဘူး”
“ငါ အိမ်ထဲကို လိုက်ကြည့်တဲ့အချိန်မှာ တစ်ခုခုကို တွေ့ခဲ့လိုက်တယ်။
အဲဒီတဲအိမ်တွေရဲ့ နံရံတွေမှာ ခြစ်ရာတွေ အများကြီးရှိနေခဲ့တယ်။
အဲဒီတုန်းက ဖျားနာသူတွေက အစပိုင်းမှာတော့ အအေးမိ ဖျားနာနေသလိုမျိုးပဲ၊ နောက်တော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ တဖြည်းဖြည်းနဲ့ ချိနဲ့လာပြီး အားနည်းလာတာကို မှတ်မိပါသေးတယ်
အစကနေ အဆုံးထိ သူတို့အားလုံးက အရမ်းအားနည်းနေခဲ့တာပဲလေ၊ တကယ့် လူနာတွေဆိုရင် နံရံကို ခြစ်ဖို့ ခွန်အားရှိမှာ မဟုတ်ဘူး။
ဒီအိမ်တွေမှာ သီးခြားခွဲထား ခံရတဲ့ လူတွေက အဖျားကြောင့် မှားယွင်းပြီး အထားခံရတယ်လို့ ထင်ရတယ်။
“အဖျားရှိတဲ့ သူတွေကို လွှတ်ပေးဖို့က ဘယ်သူမှ မစွန့်စားရဲတာက သနားတော့ သနားစရာပါပဲ
အဲ့ဒီတုန်းက အဲ့ရောဂါက တစ်နိုင်ငံလုံး လူသိများခဲ့ပြီးတော့ လူများကလည်း အဲ့ရောဂါကို ကျားကို ကြောက်သကဲ့သို့ ကြောက်ခဲ့ကြတယ်
အထူးသဖြင့် အဲ့ရောဂါက ကူးစက်ရောဂါ အမျိုးအစားသစ်ဖြစ်တဲ့အတွက် ကုသဆေးတွေလည်း မထုတ်လုပ်ရသေးဘူး။ ဒါကြောင့် ဘယ်သူမှ ပေါ့ပေါ့တန်တန် မထားရဲခဲ့ဘူး။
နံရံပေါ်က ခြစ်ရာတွေကို ကြည့်ရင်းနဲ့ အဲ့တုန်းက မှားပြီး သီးခြားအထားခံရသူတွေရဲ့ နှလုံးသားတွေ ဘယ်လောက်ထိ ကြေကွဲနေမလဲလို့တောင် ခံစားလိုက်ရတယ်။”
“ငါ နံရံကို လျှောက်သွားလိုက်ပြီး အမှတ်အသားတွေကို ထိဖို့ လက်ဆန့်လိုက်တယ်။ ဒါပေမယ့် ငါ ထိလိုက်တာနဲ့ပဲ ရုတ်တရက်... အသံမကြားရလောက်အောင် တိတ်ဆိတ်နေတဲ့ သစ်သားအိမ်အတွင်းက အသံတစ်ခု ရုတ်တရက် ပေါ်လာခဲ့တယ်။”
“ဟူး...
ဟူး...
ဟူး...
ဟူး...
ဟူး...”
အသက်မရှူနိုင်တဲ့ လူတစ်ယောက်က အသက်ရှူဖို့ အသည်းအသန် ကြိုးစားနေတဲ့ အခါလိုမျိုး အသံတွေ ဆက်တိုက် ထွက်လာခဲ့တယ်
အသံထွက်လာတော့ ငါ လုံး၀ ကြောင်အသွားခဲ့တယ်။
ကြောက်စိတ်တွေကိုတောင် မေ့ပြီးတော့ သစ်သားအိမ်ဆီ လျှောက်သွားခဲ့တယ်။
အိမ်ရဲ့ နောက်ဘက်တံခါးကနေ အသံထွက်လာပုံရတယ်။
“နောက်တံခါးက သစ်သားတံခါးပဲ။ အတွင်းကနေ သော့ခတ်ထားတာ။ နောက်တံခါးကို နီးကပ်လေလေ အသက်ရှုသံကို ပိုကြားလာလေလပဲ!”
” တုန်တုန်ယင်ယင်နဲ့ လက်ကို ဆန့်ထုတ်လိုက်ပြီး တံခါးသော့တံပေါ် ရောက်သွားတယ်။
ဒါပေမယ့် တံခါးကိုဖွင့်တော့မယ့်အချိန်မှာ ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ အတွက် ငါ့မှာ အကြောင်းပြချက်တွေ ရှိနေသေးတယ်။
ဒီတံခါးကို ဖွင့်လို့မရဘူး။
ဖွင့်လိုက်ရင် ငါ သေသွားလိမ့်မယ်။
ဒါပေမယ့် ငါ့လက်က မနာခံတော့ဘဲ တံခါးကို တွန်းဖွင့်ပြီး အက်ကွဲရာကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။”
“တံခါးအပြင်ဘက် အမှောင်ထုထဲမှာ ပိန်ပါးတဲ့ ခန္ဓာကိုယ်၊ ကုန်းနေတဲ့ ကျောပြင်နဲ့ အဖြူရောင်ဆံပင်တွေက မျက်နှာရှေ့မှာ ပြန့်ကျဲနေတဲ့ ပုံရိပ်ကို တွေ့လိုက်ရတယ်
သူမက ခေါင်းကို အရှည်ကြီး ဆန့်ထုတ်လိုက်တယ်
ငါ တံခါး အက်ကွဲကြောင်းကနေ လှမ်းကြည့်လိုက်တော့ သူမလည်း အခန်းထဲကို လှမ်းကြည့်နေခဲ့တယ်။ .
ငါ တံခါးကို ဖိလိုက်တာနဲ့ အဘွားကူဟွာကလည်း ချက်ချင်းပဲ သူမမျက်နှာက ငါ့နား ရောက်လာခဲ့တယ်”
“အဲ့ဒီမျက်နှာအိုကြီးကို ငါရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်၊ ဒါပေမယ့် သူ့မျက်နှာက ဘယ်လောက်ထိ ဖြူဖျော့နေတယ်လို့တောင် ပြောလို့မရဘူး၊ ဆန့်ကျင်ဘက်ပဲ သူ့မျက်နှာက မီးခိုးရောင်ဖြစ်နေခဲ့တယ်။ အလင်းရောင်ရှိနေသလိုပဲ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ သူလည်ပင်းကိုငါ့ဘက် ဆန့်လိုက်တာနဲ့ ချက်ချင်း ငါနောက်ကို အလိုလို ဆုတ်လိုက်မိတယ်၊ အဲ့ဒီအချိန်မှာ ငါ့လက်က တံခါးကိုဆွဲဖွင့်လိုက်မိတယ်။
“အဲဒီတုန်းက ငါ တဲအိမ်ထဲမှာ တစ်ယောက်တည်း အသားကုန် အော်နေခဲ့တာပေါ့
ဘာတွေ အော်ခဲ့မှန်းကိုတောင် မမှတ်မိတော့ဘူး။
တံခါးပွင့်သွားပြီး အပြင်ဘက်မှာ ရှိနေတာက အဘွားကူဟွာ တစ်ဦးတည်း မဟုတ်ခဲ့ဘူး
သူမရဲ့ ဘယ်ညာ လက်တွေမှာ တက်တူးတွေ ရှိနေခဲ့တယ်။
ကလေးတွေကို ဆွဲထားတယ်။
အဲဒီကလေးတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့တဲ့ သူ့ရဲ့ မြေးတွေ ဖြစ်နေခဲ့တယ်”
“ငါ မြေပြင်ပေါ် ဖင်ထိုင်ကျသွားခဲ့ပြီး အဘွားကူဟွာက ကျော ကုန်းနေတဲ့ ပုံစံနဲ့ သူ့ မြေးတွေနဲ့အတူ တစ်လှမ်းပြီးတစ်လှမ်း ငါ့ဆီကို လျှောက်လာခဲ့တယ်။
ဒါပေမယ့် သူမရဲ့ မြေးနှစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေက စက္ကူတွေဖြင့် ပြုလုပ်ထားပြီးတော့ သူတို့ရဲ့ ဦးခေါင်းတွေကသာ လူ့ခေါင်းနဲ့ တူနေတာ
ကံမကောင်းစွာနဲ့ပဲ၊ သူတို့ သုံးယောက်က ငူငိုင်ငိုင်ကြီး ဖြစ်နေခဲ့တယ်
အဘွားကူဟွာ ၏ အသက်ရှုသံများသာ ဆက်တိုက်ထွက်နေခဲ့တယ်
အိမ်ထဲမှာ သူတို့ ဘာတွေလုပ်နေလဲတော့ မသိပေမယ့် သူတို့ တစ်ခုခုကို ရှာနေပုံရတယ်။
နောက်ဆုံးတော့ သူတို့ ရပ်လိုက်တယ်။
ငါအရင်က ထိလိုက်တဲ့ အမှတ်အသားတွေရှေ့မှာ ရပ်လိုက်တယ်”
“အဲဒီတုန်းက အဘွားကူဟွာ ရဲ့သမီးက အဲဒီနှစ်မှာ သီးသန့်ခွဲထားခံရတဲ့ လူနာတွေထဲက တစ်ယောက်ဆိုတာကို သတိရမိလိုက်တယ်။ ဒီသစ်သားအိမ်မှာ အဲဒီနှစ်က သီးသန့်ခွဲထားခဲ့တာက သူ့သမီးပဲ!”