အခန်း (၆၀၁)
Vol. 41 Ch. 601
ရှန့်ယင် အကျဉ်းထောင်ထဲတွင် -
ရဲမက်များက ကျန်းကျိဝေနှင့် ရွမ်ယုရှုကို ထိုနေရာသို့ ပို့ခဲ့ကြသည်။ တရားရေးဌာနမှ အရာရှိငယ် တစ်ယောက်က ချဉ်းကပ်လာသော လူအုပ်ကြီးကို မြင်သည့်အခါ မေးလိုက်၏။
“ဒီမှာ တပ်မှူး တစ်ယောက်ယောက် ရှိလား…”
ထိုအချိန်တွင် လူအုပ်ကြီးထဲမှ တပ်မှူးတစ်ယောက် ထွက်လာပြီး ဦးညွှတ်လိုက်သည်။ သူက တံဆိပ်ပြားနှင့် ဖမ်းဆီးခွင့်စာရွက်ကို ပြသပြီး ရှင်းပြလိုက်၏။
“အရာရှိလျူ…
ဒီအဖွဲ့က ဓားပြဗိုလ် ကျန့်ရှင်းရဲ့ နောက်လိုက်တွေပါ…”
လျူဝမ်က တံဆိပ်ပြားနှင့် ထိုလူ၏ အဆင့်အတန်းကို အတည်ပြုလိုက်သည်။ ထို့နောက် သူက အထင်သေးစွာ ပြောလိုက်၏။
“ကျန့်ရှင်းလား။ အဲဒီကောင်က ဒီနေ့တော့ ငါ့ရဲ့ အကျဉ်းသားအဖြစ် ရောက်လာရပြီပေါ့…”
ကျန့်ရှင်းက အစစ်အမှန် ဝေ့ကျင်းပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် တိုင်းပြည်ငယ်လေးများတွင် အလွန်ဆိုးသွမ်းလှသည်။ သူက သတိထားနေတတ်ပြီး နည်းလမ်းကောင်းများ ပိုင်ဆိုင်ထား၏။ အထူးသဖြင့် သူ၏ဟန်ဆောင်မှု ဖြစ်သည်။ ခန့်မှန်း၍ မရနိုင်သော လှုပ်ရှားမှုများကြောင့် သူက ဖမ်းဆီးမှုကို အကြိမ်ပေါင်းများစွာ ရှောင်တိမ်းနိုင်ခဲ့၏။
ယခုတစ်ကြိမ် ရှန့်ယင်မြို့ထဲသို့ ဝင်လာလျှင် အဖမ်းခံရလိမ့်မည်ဟု သူလည်း လုံးဝ မထင်ထားခဲ့ပေ။ သို့သော် ယခုတော့ သူက အမှားလုပ်ခဲ့ခြင်း မရှိသော်လည်း မိုကျောင်းတော်ကြောင့် ဖမ်းဆီးခံခဲ့ရနေသည်မှာ မီးလောင်နေသော မီးဖိုကြီးထဲသို့ မတော်တဆ ရောက်လာသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။
သူက ထိုနေရာတွင် တိတ်တဆိတ် ရပ်နေပြီး သူ၏ ပင်မစိတ်ဝိညာဉ်ကို ပိတ်ဆို့ခံထားရသည့်အတွက် စိတ်ပျက်နေခဲ့သည်။
ကျန့်ရှင်းက တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ လျူဝမ်က လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။
“ကျန့်ရှင်းကို ပဉ္စမအလွှာဆီ ပို့လိုက်။ တခြားသူတွေကိုတော့ ပထမအလွှာမှာပဲ ထားလိုက်။ စုမိုနဲ့ သူ့ရဲ့နောက်လိုက်တွေအကြောင်း သိမသိ သူတို့ကို စစ်ဆေးကြည့်လိုက်ဦး။ တကယ်လို့ သူတို့က အသေးစိတ် ပြောပြနိုင်မယ်ဆိုရင် သူတို့ရဲ့ ပြစ်မှုတွေကို ဖယ်ရှားပေးမယ်…”
ရှန့်ယင်မြို့ထဲတွင် ရှိနေသော လူအင်အားက ကန့်သတ်ချက် ရှိနေသည်။ လူအတော်များများကလည်း မြို့ကို ပိတ်ဆို့ထားနေရပြီး ပုန်ကန်သည့် အခြေအနေကို တားမြစ်ရန်အတွက် ထိန်းသိမ်းထားနေရ၏။ ထို့ကြောင့် အကျဉ်းထောင်ထဲတွင်ပင် လူမရှိသလို ထင်မှတ်ရပြီး အကျဉ်းထောင်အစောင့်များကို တခြားတစ်နေရာတွင် နေရာချထားခြင်း သို့မဟုတ် ကင်းလှည့်ခြင်းနှင့် မိုကျောင်းတော်၏ နောက်လိုက်များကို စုံစမ်းစစ်ဆေးခြင်းနှင့် အလုပ်များနေကြသည်။
သူတို့က ကျန့်ရှင်းကို အချိန်မပေးနိုင်သေးဘဲ အကျဉ်းသားများဆီမှ မုန့်ချီနှင့် နောက်လိုက်များ အကြောင်းကိုသာ မေးမြန်းနေခဲ့သည်။ သူတို့၏ အတွေ့အကြုံအရ သတင်းအချက်အလက်များကို မသက်ဆိုင်သောလူများဆီမှသာ ရတတ်ကြသည်။ အကျဉ်းထောင်တွင် အထပ်(၆)ထပ် ရှိနေပြီး မြေအောက်ထဲ အလွန်နက်ရှိုင်းသော နေရာအထိ ရှိနေသည်။
နောက်ဆုံး (၂)ထပ်ကိုတော့ အစွမ်းထက်သော ဝင်္ကပါများနှင့် ကာရံထားပြီး ပင်မဝိညာဉ် ပိတ်ဆို့ခံထားရသော ဝေ့ကျင်းအဆင့် တရားခံများကို ထိန်းသိမ်းထားသည်။ ယခု မိုကျောင်းတော်၏နောက်လိုက်များကိုတော့ ထိုအဆင့်တွင် ပိတ်လှောင်ထားခြင်း ဖြစ်၏။ အပေါ်ဘက်(၄)လွှာတွင်တော့ သာမန်လူများအတွက် ချန်ထားခြင်း ဖြစ်သည်။
ဖရိုဖရဲဖြစ်နေချိန်တွင် ယောကျ်ားလေး ယောင်ဆောင်ထားသော ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က ခေါင်းငုံ့ပြီး သူတို့၏အငွေ့အသက်များကို ဖုံးကွယ်ထားကြသည်။ သူတို့က လူသစ်များ ထိန်းချုပ်ထားသည့် အကျဉ်းခန်းတစ်ခုဆီကို အသာတကြည် လိုက်သွားခဲ့ကြ၏။
ထိုအခန်းထဲတွင် လူများ ပြည့်နေသည့်အတွက် မိန်းကလေး(၂)ယောက်က သက်ပြင်းချလိုက်မိသည်။ သူတို့က အခန်းထဲသို့ ဝင်သွားခဲ့သည့်အချိန်တွင် နေရာပြောင်းလဲပြီး တခြားအကျဉ်းသားများနှင့် ရောနှောနေလိုက်သည်။ သူတို့က ကျန့်ရှင်းတို့အဖွဲ့နှင့် ဝေးဝေးနေလိုက်သည့်အတွက် သံသယဝင်ခြင်းကို တားဆီးနိုင်၏။
ကျန့်ရှင်းတို့အဖွဲ့ကတော့ အံ့သြနေကြသေးသည်။ သူတို့က ထိုလူ(၂)ယောက်ကို အလေးမထားကြပေ။ သူတို့က မတော်တဆ အဖမ်းခံလိုက်ရသာ ကံဆိုးသည့် တရားခံများဟုသာ တွေးမိကြသည်။
ဖရိုဖရဲအခြေအနေက သူတို့ နှစ်ယောက်၏ လုပ်ရပ်များကို ဖုံးကွယ်ပေးခဲ့သည်။ သူတို့က အချင်းချင်း ဝမ်းမြောက်ဝမ်းသာ ရှိနေကြ၏။ ယခုတော့ သူတို့က တားမြစ်မှု အဆုံးသတ်သည့်အချိန်အထိ စောင့်နေရန် မလိုတော့ဘဲ ဘေးကင်းကင်းနှင့် ထွက်လာနိုင်ခဲ့သည်။
ပထမထပ်တွင် ရှိနေသော အစောင့်များကို စစ်ဆေးမှုအရ သူတို့က တိတ်တဆိတ် ထွက်ပြေးပြီး မုန့်ချီတို့နှင့် ပူးပေါင်း၍ ရနိုင်၏။ (၃)လကြာပြီးနောက် သူတို့က အန္တရာယ် တစ်စုံတစ်ခုနှင့် တွေ့ရလျှင် ကံကြမ္မာအမှတ်များ အသုံးပြုပြီး ပြန်သွားနိုင်ကြသည်။ ထိုအရာက သူတို့၏တာဝန်ကျရှုံးခြင်း ဖြစ်ကြောင်းလည်း နားလည်နေခဲ့သည်။
အထက်တန်းလွှာပညာရှင်များ အာဏာရလာသည့်အချိန်တွင် မိုကျောင်းတော်၏ အတွေးအခေါ်များဖြစ်သော ဘက်မလိုက်သည့် ချစ်ခြင်းမေတ္တာတရား၊ နောက်ခံကို မကြည့်ဘဲ သူကောင်းပြုသည့် စည်းမျဉ်းက အသက်ဝင်လာတော့မည် မဟုတ်ချေ။
အများဆုံး ထိုအရာက ကွန်ဖြူးရှပ်၏ သစ္စာရှိမှုနှင့် သနားကြင်နာမှုကဲ့သို့သော အရာများအဖြစ်သာ ပြောင်းလဲသွားနိုင်၏။ အာဏာကို ထိန်းသိမ်းထားသည့် အချိန်တွင် အထက်တန်းလွှာပညာရှင်များကသာ အကျိုးအမြတ်များကို ရရှိနိုင်ပါလိမ့်မည်။ မိုကျောင်းတော်ကို ကယ်တင်ရန် အချိန်များများ သုံးလိုက်ခြင်းက ဉာဏ်ကောင်းသော လုပ်ရပ်မျိုး မဟုတ်နိုင်ပေ။
ဤအချိန်အတောအတွင်း သူတို့၏စွမ်းအားများက တိုးတက်လာခြင်း မရှိသည့်အပြင် ကမ္ဘာနှစ်ခု၏ ကြားထဲရှိ အချိန်ကန့်သတ်ချက်များလည်း ဖြစ်ပေါ်လာနိုင်သေးသည်။ ဤနေရာတွင် ကောင်းကင်ခုံရုံးက လွန်ခဲ့သော နှစ်ပေါင်း (၅၀၀)ခန့်တွင် ပျက်စီးသွားခဲ့ရသည်။ သူတို့၏ကိုယ်ပိုင်ကမ္ဘာကြီးထဲတွင်တော့ နှစ်ပေါင်း (၂)သိန်း ကြာနေပြီ ဖြစ်၏။
ထိုအရာကို ကိုးကားချက်အနေဖြင့် အသုံးပြုလိုက်မည်ဆိုလျှင် အချိန်ကွာဟမှုက ရူးချင်စရာကောင်းလွန်းလှသည်။ အကယ်၍ ကိုးကားချက်နှင့် တခြားအချက်အလက်များက မမှန်ကန်လျှင်ပင် ကျန်းကျိဝေတို့ကတော့ ရွေးချယ်စရာ မရှိဘဲ ထိုကဲ့သို့ စွန့်စားမှုများကို မလုပ်ရဲပေ။
“ငါက ကံကြမ္မာအမှတ်ဆုံးရှုံးမှုကို ပြန်ဖြည့်ဖို့အတွက် နည်းလမ်းတချို့ရှာရမယ်…”
မုန့်ချီ၏လွှမ်းမိုးမှုက ထိုမိန်းကလေးများ အပေါ်တွင်လည်း သက်ရောက်နေပုံရပြီး သူတို့၏ ခေါင်းထဲတွင် တူညီသောအတွေးများ ပေါ်လာကြသည်။
စစ်ဆေးမှု စတင်နေသည့်အချိန်တွင် အကျဉ်းထောင်က တိတ်ဆိတ်နေခဲ့၏။ သိုင်းလောကတွင် နေရာတိုင်း၌ လူဆိုးများ ရှိနေပြီး ကောက်ကျစ်စဉ်းလဲသည့် မျက်လုံးများစွာကလည်း လူစိမ်းများကို စိုက်ကြည့်၍ အဖွဲ့အင်အားတောင့်တင်းသူက တခြားသူများကို ဖိနှိပ်ချင်ကြသည်။
လူတိုင်းက ဤအကျဉ်းထောင်၏ ခေါင်းဆောင် ဖြစ်ချင်ကြသည်။ ထိုကဲ့သို့ အကြည့်မျိုးက ကျန်းကျိဝေတို့ (၂)ယောက်ဆီသို့ ရောက်လာသည့် အချိန်တွင် ကျန်းကျိဝေက မြေပြင်တွင် ရှိနေသော ကျောက်တုံးတစ်တုံးကို ခြေထောက်နှင့် ကန်လိုက်ပြီး လက်ဖြင့် ဖိချလိုက်ရာ အမှုန့်အဖြစ် ပြောင်းလဲသွားသည်။
“မြေပေါ်မှာရှိနေတဲ့ အပြာရောင်ကျောက်တုံးကို ခြေထောက်နဲ့ ကန်လိုက်တာလား။ လက်ထဲမှာ ထိပြီး အမှုန့်ဖြစ်သွားတာလား…”
သူတို့၏ မျက်လုံးများက ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကို ရှောင်တိမ်းသွားကြသည်။ သူတို့၏အစွမ်းက ဝေ့ကျင်းအဆင့်ကို မရောက်သေးနိုင်သော်လည်း ပထမထပ်တွင် ရှိနေသော လူတိုင်းကို အလွယ်တကူ အုပ်စိုးနိုင်သည်။ သိပ်မကြာခင် အရုဏ်တက်လာပြီး အရာအားလုံးက အဆုံးသတ်သွားတော့မည် ဖြစ်၏။
ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က ပြတင်းပေါက်မှတဆင့် အလင်းရောင်သဲ့သဲ့ကို မြင်လိုက်ရသည်။
“တစ်ရက် ကုန်သွားပြီ…”
ကျန်းကျိဝေက တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။
ထိုအချိန်တွင် မျက်နှာချင်းဆိုင် အချုပ်ခန်းထဲမှနေ၍ အိုမင်းပြီး စွမ်းအားပြည့်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
“ဒကာလေးတို့…
မင်းတို့က သိပ်မကြာခင် ဒီနေရာကနေ ထွက်သွားရတော့မယ်လို့ မင်းတို့ရဲ့ မျက်နှာလက္ခဏာတွေက ပြောပြနေတယ်။ ပြီးတော့ အန္တရာယ်ကနေ အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်…”
“အကျဉ်းခန်းထဲမှာလည်း ကံကြမ္မာဟောပြောသူတွေ ရှိနေသေးတာလား…”
ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး လှည့်ကြည့်လိုက်ရာ ကံကြမ္မာဟောပြောသည့် အပြာရောင်အဝတ်အစား ဝတ်ဆင်ထားသော ဆံပင်ဖြူနှင့် အကြီးအကဲတစ်ယောက်ကို တွေ့လိုက်ရသည်။
အကျဉ်းခန်းတစ်ခုလုံးမှ အကျဉ်းသားများအားလုံးကတော့ ထိုအဘိုးကြီးကို အလွန်လေးစားနေပုံရ၏။ အကျဉ်းခန်းထဲတွင် ထိုကဲ့သို့ မြင်ကွင်းတစ်ခုကို မြင်တွေ့ရသည်မှာ အလွန်ရှားပါးလှသည်။
ကံကြမ္မာဟောပြောသော တာအိုသခင်အိုကြီးက တဖက်လူ၏ မျက်နှာအမူအရာကို ကြည့်ပြီး စကားလုံးများကို တိတိကျကျ ပြောပြနိုင်ပုံရသည်။ သူ၏စကားလုံးများကြောင့် တချို့ကတော့ အရှိုက်တည့်တည့် ထိသည့်အလား ချွေးသီးချွေးပေါက်များပင် ကျလာကြသည်။
မိန်းမပျိုများက သူ့စကားကို နားထောင်နေရင်း တာအိုသခင်ကြီးက ရုတ်တရက် ထိုင်လိုက်၍ တခြားအကျဉ်းသားများကို ဘေးသို့ဖယ်ပေးရန် အချက်ပြလိုက်သည်။ ထို့နောက် သူက အာရုံစိုက်မှုကို ရှောင်တိမ်းရန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
“ဘာဖြစ်တာလဲ…”
ထိုအချိန်တွင် တျန်းကွေက အကျဉ်းတံခါးများကိုဖွင့်ပြီး အကျဉ်းသား အနည်းငယ်ကို အထဲသို့ ခေါ်လာကြောင်း မြင်သည့်အခါ ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က အလွန်ထိတ်လန့်သွားကြသည်။
“သူတို့က အဆင့်နိမ့် အကျဉ်းခန်းထဲကို အကျဉ်းသားတွေ ထပ်ထည့်နေတယ်။ ဘာလို့ တာအိုသခင်အိုကြီးဆီမှာ ဒီလိုတုံ့ပြန်မှုမျိုး ရှိနေရတာလဲ။ ထောင်သားတွေက အကြိမ်ပေါင်းများစွာ ဖြတ်သွားတဲ့အချိန်မှာတောင် သူက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တဲ့ ပုံစံမျိုး မရှိဘူး…”
မိန်းကလေးနှစ်ယောက်က ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်နေမိသည်။
သူတို့၏မျက်နှာပေါ်တွင် သံသယများ ပြည့်နှက်နေပြီး အလွန်အကျွံ သတိထားလိုက်ကြ၏။ ရုတ်တရက်ဆိုသလို ကြောက်စရာကောင်းသော ရန်သူနှင့် မကောင်းဆိုးဝါးများက အနီးအနားတွင် ရှိနေသည့်အလား ရင်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
ကျန်းကျိဝေက ရွမ်ယုရှုကို သူမ၏အငွေ့အသက်များ ထိန်းချုပ်ထားရန် အချက်ပြလိုက်၏။ သူမကိုယ်တိုင်ကတော့ စိတ်ဝင်စားချင်ယောင်ဆောင်ပြီး ဝင်လာသော အကျဉ်းသားကို လှည့်ကြည့်လိုက်သည်။
“သူ့မျက်နှာက နီနေတယ်။ သူ့ခြေလှမ်းတွေက မတည်ငြိမ်ဘူး။ ဒါပေမဲ့ သူက တော်တော်လေး အန္တရာယ်များတယ်လို့ ခံစားရတယ်..”
ကျန်းကျိဝေက အန္တရယ် အငွေ့အသက်ကို သတိထားမိခဲ့သည်။
အနီရောင်အသားအရည်နှင့် အနီရောင်နားရွက် ရှိနေသော သာမန်အကျဉ်းသားက သာမန် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် မဟုတ်ပေ။
ထို့နောက် တျန်းကွေက ဒုတိယထပ်မှ တံခါးကိုဖွင့်လိုက်ရာ အတွင်းထဲတွင် တာဝန်ကျနေသော ပညာရှင်က အံ့အားသင့်စွာ မေးလိုက်သည်။
“သူတို့က ဘယ်သူလဲ အရာရှိတျန်း…”
“မိုကျောင်းတော်ရဲ့ နောက်လိုက်အသစ်တွေ…”
တျန်းကွေက ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။ မှတ်ချက်ပေးလိုက်ပြီးနောက် သူက အမိန့်မရှိဘဲ စုမိုတို့အဖွဲ့မှ တခြားနောက်လိုက်များအနားကို ကပ်မသွားရဲပေ။
“ရလဒ်က မဆိုးပါဘူး…”
အကျဉ်းသားများကိုကြည့်ပြီး ဆရာဖြစ်သူက ချီးကျူးလိုက်သည်။
“ဂျိန်း....”
ဒုတိယထပ်၏ တံခါး ပိတ်သွားပြီးနောက် ကျန်းကျိဝေက ရွမ်ယုရှုကို အသံမထွက်ဘဲ အချက်ပြလိုက်သည်။
“အဲဒါငါတို့ နောက်လိုက်တွေထဲက တစ်ယောက်လား..”
ကျောင်းတော်ထဲတွင် လူအများစုကို တာဝန်ယူထားရသော ရွမ်ယုရှုနှင့် မုန့်ချီတို့က သူတို့၏အဖွဲ့သားအများစုကို မှတ်မိနေခဲ့သည်။
ရွမ်ယုရှုက ခေါင်းခါပြီး ပြောလိုက်၏။
“မဟုတ်ဘူး…”
…………
အလုပ်သမားရေး အမတ်ကြီး၏ စံအိမ်ထဲတွင် -
ကုန်းရန်ပေါင်၏ ခံစားချက်များက လှုပ်ရှားနေပြီး ပြတင်းပေါက်နားတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။ အပြင်ဘက်တွင် အလွန်လှပသော မြင်ကွင်းက သူ့ရင်ထဲရှိ ရှုပ်ထွေးမှုများကို ပျောက်ကွယ်စေနိုင်ခြင်း မရှိချေ။
“စုမို…
အဲဒီကောင်က အရူးပဲ။ ငါတို့ရဲ့နယ်မြေကို တိုက်ခိုက်ပြီး ငါ့ရဲ့ ဦးလေး(၇)ကိုတောင် သတ်ရဲတယ်။ ပြီးတော့ မတရားမှုကို သတ်ဖြတ်တယ်လို့တောင် ကြွေးကြော်ရဲသေးတာလား။ ကုန်းရန်မိသားစုနဲ့ ရွှေအလင်းတန်းလိုဏ်ဂူက လက်တုံ့ပြန်မှာကို မကြောက်ဘူးလား…”
သူက ကုန်းရန်မိသားစုထဲတွင် မွေးဖွားလာခဲ့ပြီး အရွယ်ရောက်ချိန်တွင် ရွှေအလင်းတန်းလိုဏ်ဂူသို့ ပူးပေါင်းခဲ့သည်။ သူ့ဘဝတွင် အကြောက်တရားများ၊ လေးစားမှုများကိုသာ ခံစားခဲ့ရသည့်အတွက် တစ်စုံတစ်ယောက်က သူ့မိသားစုနှင့် ရွှေအလင်းတန်းလိုဏ်ဂူကို အထင်သေးသည့်အဖြစ်မျိုး လုံးဝမမြင်ဖူးခဲ့ပေ။
အရေးကြီးဆုံးအရာကတော့ သူက သူ့နယ်မြေထဲသို့ ပြန်လာရန် စီစဉ်ထားပြီး သူ၏ချစ်လှစွာသော ကိုယ်လုပ်တော်များနှင့် ရက်အနည်းငယ်ကြာ အချိန်ဖြုန်းရန် စဉ်းစားထားခဲ့သည်။ အကယ်၍ တိမ်တိုက်နီဆရာကြောင့်သာ မဟုတ်လျှင် ယခုတကြိမ် သူက အသတ်ခံရမည် ဖြစ်၏။
“ငါက တိမ်တိုက်နီဆရာကို မပြောဘဲ ဝူတန်တောင်ကို ပြန်သွားပြီး အင်မော်တယ်ခေါင်းဆောင်ဆီကနေ နောက်ထပ် သိုင်းသခင် နည်းနည်းလောက် အကူအညီတောင်းရင် ကောင်းမလား။ ငါက စုမိုကို ဖမ်းဖို့အတွက် အစွမ်းကုန် ကြိုးစားသင့်လား…”
မုန့်ချီ၏လုပ်ရပ်များက ကုန်းရန်ပေါင်ကို ထိတ်လန့်စေခဲ့ပြီး စစ်ကူတောင်းရန် စဉ်းစားစေခဲ့သည်။ သို့သော် ထိုအရာက သူ့ဆရာဦးလေး၏အစွမ်းကို အထင်သေးနေခြင်းဖြစ်ပြီး သူ့ဆရာဦးလေးက သူ့အပေါ် အငြိုးအတေးများ ထားလာနိုင်၏။ တဖက်တွင်တော့ သူ့ဆရာဦးလေးက ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသည့်အတွက် အခြေအနေကို ကိုင်တွယ်နိုင်ခြင်း မရှိနိုင်ပေ။
“သေစမ်း။ ငါက အဲဒီစုမိုကို မြင်းတွေနဲ့ ခန္ဓာကိုယ် တစစီ ဖျက်ဆီးပစ်ခိုင်းရမယ်..”
ကုန်းရန်ပေါင်က ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပြီး ကြုံးဝါးလိုက်သည်။
ကုန်းရန်သန်း၏ သေဆုံးမှုကြောင့် သူ့အဖေ ကုန်းရန်ကျန့်က နောက်ထပ် လုပ်ကြံမှုများကို ထိတ်လန့်နေသည့်အတွက် စံအိမ်အကာအကွယ်ကို တိုးမြှင့်ထားခဲ့သည်။ မုန့်ချီက သူ့ကို လုပ်ကြံရန် ကြိုးစားမည်ဆိုလျှင် သူက ချက်ချင်း သတိပေးလိုက်မည်ဖြစ်ပြီး သူ့ကို ကာကွယ်ပေးရန် ပညာရှင်များ ရောက်လာနိုင်သည်။ ထို့ပြင် သူ့အဖေက သူ့ကို အိမ်ထဲမှ မကြာခဏ ထွက်မသွားရန် တားမြစ်ထားခဲ့သည့်အတွက် သူ၏ခံစားချက်များက ပို၍ဆိုးဝါးနေခဲ့၏။
အပြင်ဘက်မှနေ၍ ငှက်ကလေးတစ်ကောင် ပျံသန်းလာပြီး ပြတင်းပေါက်တွင် ဆင်းသက်လိုက်သည်။ ကုန်းရန်ပေါင်က ထိုငှက်ကလေးကို ကြည့်နေသော်လည်း သူ၏ပုံစံကို သေချာ အလေးမထားခဲ့ပေ။
ရုတ်တရက်ဆိုသလို သူ့နားထဲ၌ အလွန်သိမ်မွေ့သော ခေါင်းလောင်းသံတစ်ခု ကြားလိုက်ရပြီး ကုန်းရန်ပေါင်၏ ပင်မဝိညာဉ်က လှုပ်ရှားသွားကြောင်း ခံစားလိုက်ရသည်။သူက အိမ်မက်မက်နေသလို ခံစားနေရ၏။
ထိုအချိန်တွင် သူ၏ ရွှံ့ဆေးလုံး နန်းတော်ထဲမှနေ၍ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရာက သူ၏ပင်မဝိညာဉ်ကို ကာကွယ်ပေးထားသော ရတနာတစ်ခု ဖြစ်၏။ သို့သော် ထိုအရာက အဆင့်နိမ့်သာ ဖြစ်သည့်အတွက် တိုက်ခိုက်မှု၏ တစိတ်တပိုင်းကိုသာ ချေဖျက်နိုင်ခဲ့ပြီး သူ့ခေါင်းထဲတွင် မူးဝေနေသေးသည်။
သူ့ခေါင်းထဲ၌ မူးဝေသွားသည့်အချိန်တွင် ငှက်ကလေး၏အရှေ့ရှိ အနက်ရောင် ခေါင်းလောင်းက သူ့ရှေ့တွင် လွင့်မျောလာကြောင်း မြင်တွေ့လိုက်ရသည်။ ခေါင်းလောင်းတစ်ခုလုံးတွင် ထူးဆန်းသော အင်းကွက်များ ပြည့်နှက်နေပြီး ထိုခေါင်းလောင်းပေါ်တွင် စကားလုံးတစ်ခုကို ရေးထိုးထားသည်။
“ရှုပ်ထွေးမှု”
မုန့်ချီက ရုတ်တရက် လူသားပုံသဏ္ဌာန်ပြောင်းလဲလိုက်ပြီး တဟုန်ထိုး ဓားသိုင်းပညာကို သုံးလိုက်သည်။ ဓားမောက်အလင်းတန်းများ တောက်ပလာသည့်အချိန်တွင် ဓားက ချက်ချင်း လှုပ်ရှားသွားခဲ့ပြီး မူးဝေနေသော ပစ်မှတ်ဆီကို ရောက်သွားခဲ့၏။ သူ၏ ရွှေရောင်အကာအကွယ်က ရပ်တန့်၍ မရနိုင်သော အလင်းတန်းကြောင့် ပျက်စီးသွားခဲ့သည်။
ထိုအချိန်တွင် အနည်းငယ် သတိရှိနေသေးသော ကုန်းရန်ပေါင်က လျှာကို ကိုက်လိုက်ပြီး သူ့ဂိုဏ်းမှ ပေးထားသည့် လျို့ဝှက်ကျင့်စဉ်တစ်ခုကို အသုံးပြုလိုက်သည်။ သူက စစ်ကူများ ရောက်မလာခင် တစ်မိနစ်သာ အသက်ရှင်နေရန် လိုအပ်သည်။
သူက ထိုအရာကို ကြည့်လိုက်သည့်အချိန်တွင် မုန့်ချီဆီမှ နောက်ထပ် လက်(၂)ဖက် ထွက်လာသည်ကို မြင်လိုက်ရပြီး မုန့်ချီက ခရမ်းရောင်၊ အနက်ရောင်နှင့် အဖြူရောင်များ ပြည့်နှက်နေသော လက်သီးတစ်ဖက်နှင့် ထိုးလိုက်သည်။
ထိုလက်သီးချက်က အလွန်ဆန်းကြယ်ပြီး ကြောက်စရာကောင်းလွန်းလှ၏။ ထိုလက်သီးက အကာအကွယ်အားလုံးကို ထိုးဖောက်သွားခဲ့ပြီး ကုန်းရန်ပေါင်၏ နဖူးတည့်တည့်ကို ကျရောက်သွားခဲ့သည်။ သူ၏ဦးနှောက်ထဲမှ သွေးများ စီးကျလာပြီး ကြမ်းပြင်တစ်ခုလုံး နီရဲသွားခဲ့၏။
“တစ်မိနစ်တောင် မကြာလိုက်ဘူး…”
ကုန်းရန်ပေါင်က လက်မခံနိုင်ဘဲ အမှောင်ထုကြီးထဲသို့ ကျရောက်သွားခဲ့သည်။
မုန့်ချီ၏ဘက်ဖက်လက်က ကုန်းရန်ပေါင်ကို ထိုးဖောက်ကာ အလောင်းကို မီးတောက်နှင့် မီးရှို့လိုက်ပြီး ဆုတောင်း(၃)မျိုး လက်သီးသိုင်း၏ ခြေရာလက်ရာများကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူက သွေးနှင့် စကားလုံးအနည်းငယ် ရေးသားလိုက်၏။
တချိန်တည်းတွင် ကုန်းရန်ပေါင်၏ လေဟာနယ် လက်စွပ်ကို ယူလိုက်ပြီး ပါးစပ်ထဲကို ပစ်ထည့်လိုက်သည်။ ထို့နောက် ငှက်တစ်ကောင်အဖြစ် ပြောင်းလဲပြီး တခြားသော ငှက်များနှင့်အတူ ထွက်ပြေးသွားခဲ့၏။
ခဏကြာပြီးနောက် အိုမင်းပြီး အစွမ်းထက်သော အငွေ့အသက်များ ပေါ်လာကြသည်။ သူတို့က ကုန်းရန်ကျန့် ဦးဆောင်သော ကုန်းရန်မိသားစုမှ ပညာရှင်များ ဖြစ်ကြ၏။ စိုးရိမ်နေသောအဖေဖြစ်သူ ရောက်လာသည့်အချိန်တွင် သွေးစာတစ်ခုနှင့် မီးလောင်နေသော အလောင်းတစ်ခုကို တွေ့လိုက်ရသည်။
“မတရားမှုအတွက် သေဆုံးခြင်း”
“မတရားမှုအတွက် သေဆုံးခြင်း....”
ကုန်းရန်ကျန့်က နောက်ကို လဲကျသွားခဲ့ပြီး အတော်လေးကို ထိတ်လန့်သွားခဲ့၏။ သူက သတိလစ်မတတ် ခံစားလိုက်ရသည်။
“သား။ ငါ့သားလေး…”
သူက ကျယ်လောင်စွာ အော်ဟစ်ပြီး အံကြိတ်လိုက်သည်။
သူက သူ့သားအကြောင်းကို တွေးမိပြီး ကျယ်လောင်စွာ အော်ဟစ်နေခဲ့၏။
“စုမို ငါမင်းကို သေချာပေါက် သတ်ပစ်မယ်…”
တခြားသူများကလည်း ဝမ်းနည်းနေကြပြီး သူ့တို့အပေါ်ကိုလည်း တူညီသော ကံကြမ္မာတစ်ခု ကျရောက်လာမည်ကို စိုးရိမ်နေကြသည်။ သူတို့က မုန့်ချီကို ရှာဖွေနေကြ၏။ သူက ဝေးဝေးကို မသွားနိုင်ကြောင်း သိနေသော်လည်း သဲလွန်စများ မကျန်ခဲ့ပေ။
ကုန်းရန်ကျန့်၏ ဒေါသများ ပျောက်ကွယ်သွားသည့်အချိန်တွင် သူ၏မျက်နှာက မည်းမှောင်နေပြီး ရွှေအလင်းတန်းလိုဏ်ဂူမှ နောက်ထပ်သိုင်းသခင်များ တောင်းဆိုရန် ပညာရှင်တစ်ယောက်ကို အမိန့်ပေးလိုက်သည်။
အလွန်လျှို့ဝှက်ဆန်းကြယ်သော စုမိုက မည်သူ့ကို နောက်ထပ် လုပ်ကြံမည်ဖြစ်ကြောင်း မည်သူမျှ မသိနိုင်ကြပေ။ သိုင်းသခင်တစ်ယောက်နှင့် ပြိုင်ဘက်ကင်း သိုင်းပညာရှင် အနည်းငယ်ကိုသုံးပြီး သူ့ကို ခုခံရန် မဖြစ်နိုင်ပေ။
သူက ဝမ်းနည်းနေသော်လည်း အစီအစဉ်တကျ အမိန့်ပေးနေခဲ့သည်။ သိပ်မကြာခင် ဝေ့ကျင်းအဆင့် ပညာရှင်အားလုံးက မု့န်ချီကို ရှာဖွေရန်နှင့် သတင်းပို့ဆောင်ရန် ထွက်ခွာသွားကြပြီး သူ တစ်ယောက်တည်းသာ ကျန်နေခဲ့သည်။
သူက အခန်းထဲသို့ လျှောက်လာပြီး သူ့သား၏ ခန္ဓာကိုယ်ကို ပွေ့ချီ၍ ငိုကြွေးနေခဲ့၏။
“သား...အဖေက မင်းအတွက် လက်တုံ့ပြန်ပေးမယ်…”
ထို့နောက် သူက လေထဲသို့ ပျံသန်းလာပြီး အခန်းထဲမှ ထွက်သွားရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ့မျက်လုံးရှေ့တွင် ရှိနေသော အလင်းရောင်များက မေးမှိန်သွားကြောင်း မြင်လိုက်ရပြီး လေဟာနယ်ထဲတွင် လှုပ်ရှားသွားခဲ့သည်။
“သေစမ်း....”
သူ့ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။ သူက ကောင်းကင်ကြီးပေါ်ကို ပျံသန်းသွားချင်သော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်သည်။
ငှက်ကလေးက မုန့်ချီ အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက ထိုလေဟာနယ်ကို လက်ထဲတွင် လိပ်တင်လိုက်ရာ မြေပုံတစ်ချပ်အဖြစ် ဆွဲထုတ်လိုက်၏။ ထို့နောက် လှိုင်းလုံးများက လှုပ်ရှားသွားခဲ့ပြီး မူလမြေပုံသဏ္ဌာန် ပြောင်းလဲသွားသည်။
“တောင်တန်းမြစ်မြေပုံ လျှို့ဝှက်ရတနာ…”
ကုန်းရန်ပေါင်က အခန်းထဲကို ဝင်လာခဲ့သည့် အချိန်တွင် မြေပုံထဲသို့ ဝင်ထားမိပြီးသား ဖြစ်သည်။ သို့သော် မုန့်ချီကတော့ ထောင်ချောက်ကို ချက်ချင်းသုံးခဲ့ခြင်း မရှိသေးပေ။ ထိုအရာက ဖမ်းဆီးရန်သာ အသုံးပြုနိုင်၏။ မဟုတ်လျှင် တိုက်ခိုက်မှုကြောင့် အစောပိုင်းတွင် သတိပေးချက်များ ထွက်ပေါ်လာပြီ ဖြစ်သည်။
ကုန်းရန်ပေါင်ကို သတ်လိုက်ပြီးနောက် မုန့်ချီက တောင်တန်းမြစ် မြေပုံကို ရုတ်သိမ်းထားခြင်း မရှိသလို သူကိုယ်တိုင်လည်း ထွက်သွားခဲ့ခြင်း မရှိချေ။ သူက ကုန်းရန်ပေါင်အတွက် စိုးရိမ်မနေခဲ့သည်မှာ ကုန်းရန်ကျန့်ကို လှည့်စားရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်။ သူက အမှန်တကယ်ကို ရဲတင်းပြီး ယုံကြည်ချက် ရှိနေခဲ့၏။
ကုန်းရန်ကျန့်က သူ၏လှည့်ကွက်ထဲသို့ ကျရောက်ခြင်းမရှိလျှင် သူက အစီအစဉ်အတိုင်း လုပ်ဆောင်ရန် မလိုအပ်ဘဲ သူတို့ကို အလောင်းနှင့် ထားခဲ့၍လည်း ရနေသေးသည်။
မြေပုံကို ကိုင်ထားပြီး မုန့်ချီက ကုန်းရန်ကျန့်အဖြစ် ပြောင်းလဲလိုက်၏။ သူက အကျဉ်းထောင်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် သူက မည်သည့်တားဆီးမှုမျှ မတွေ့ခဲ့သလို မေးခွန်းများများ မဖြေခဲ့ရချေ။ သားတစ်ယောက် ဆုံးရှုံးထားသော သခင်တစ်ယောက်ကို မည်သူကရော မေးခွန်းထုတ်ရဲမည်နည်း။
မုန့်ချီက စံအိမ်ထဲမှ ထွက်သွားပြီးနောက် လူအုပ်ကြီးထဲသို့ ဝင်သွားခဲ့လေ၏။
Translated by Hein Htet.