← Chapters

အခန်း (၆၀၂)

Vol. 41 Ch. 602

အခန်း (၆၀၂)

Vol. 41 Ch. 602

မုန့်ချီက မြို့ထဲမှ အလျင်အမြန် ထွက်ပြေးသွားခဲ့ပြီး အနောက်ဘက်တွင် ရှိနေသော တောင်ကုန်းများဆီသို့ ပြေးသွားခဲ့ခြင်း ဖြစ်သည်။ တောင်တန်းမြစ် မြေပုံအတုက အသုံးဝင်မှု အနည်းငယ်လေးသာ ရှိ၏။ ထိုအရာကတော့ မူလမှော်ရတနာမှ ကူးထားသော မှော်ရတနာတစ်ခု၏ ကန့်သတ်ချက်တစ်ခုလည်း ဖြစ်သည်။

ထိုမြေပုံ၏အာနိသင်က ကြာရှည်ခံနိုင်ခြင်း မရှိသည့်အတွက် သူက ကုန်းရန်ကျန့်ကို သတ်ဖြတ်ရန် သူ့အဖွဲ့သားများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း မုန့်ချီက သေချာနားလည်နေသည်။

အဝေးကြည့်မျက်လုံးနှင့် အလုံးစုံနားတို့ကြောင့် မုန့်ချီနှင့် သူ့အဖွဲ့သားများကို သတ်ဖြတ်ရန် သူတို့၏အစီအစဉ်က လမ်းတစ်ဝက်တွင် ရပ်တန့်သွားခဲ့ရသည်။ ထို့ပြင် သူတို့က သူတို့၏အစွမ်း ၊ သူတို့၏ရတနာများကို နားလည်မှုလွဲပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြသည်။ သူတို့၏အစွမ်းအပေါ် အလွန်အကျွံ ယုံကြည်နေမှုကြောင့် သူတို့က မုန့်ချီတို့အဖွဲ့ဆီတွင် ရတနာမြေပုံကို ပေးအပ်လိုက်ရပြီး ကိုယ့်ရှူးကိုယ်ပတ်ခြင်း ဖြစ်သည်။

နိယာမဖြစ်စဉ်ရှိနေစဉ် အတောအတွင်း ခြေလက်အပိုများ၊ ခေါင်းများ၊ ပေါက်လာနိုင်သည့် အကျိုးသက်ရောက်မှုကြောင့် သူ၏လက်ရှိအစွမ်းနှင့် တိုက်ခိုက်စွမ်းရည်က ကောင်းကင် (၄) သွယ် ဝေ့ကျင်းအဆင့် အောက်တွင်ရှိနေသော ပညာရှင်အများစုကို ခြိမ်းခြောက်နိုင်သည်။

သေသေချာချာ အစီအစဉ်ဆွဲပြီး အခွင့်ကောင်းကို စောင့်ဆိုင်းလိုက်မည်ဆိုလျှင် သူတစ်ယောက်တည်းနှင့်ပင် သူတို့ကို အောင်အောင်မြင်မြင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။ သို့သော် ကုန်းရန်ကျန့်က ကောင်းကင် (၆) သွယ် ဝေ့ကျင်းအဆင့်ကို ပိုင်ဆိုင်ထားသော အတွေ့အကြုံရှိ ပညာရှင်တစ်ယောက် ဖြစ်သည်။ သူ့ကလန်တွင် အရှင်သခင်တစ်ယောက် ဖြစ်သော ကုန်းရန်ကျန့်ဆီ၌ သေစေနိုင်လောက်သော မှော်လက်နက်များ နည်းပါးနေခဲ့ခြင်း မရှိချေ။

အနည်းငယ် ဂရုမစိုက်မိရုံနှင့် သူတို့၏လမ်းကြောင်းက ထင်းထင်းကြီး ပေါ်သွားနိုင်သည်။ ထို့ကြောင့် မုန့်ချီက လုပ်ကြံသတ်ဖြတ်မှု ဆက်လက်လုပ်ဆောင်ရန် ခက်ခဲကြောင်း စဉ်းစားလိုက်သည်။

အရာအားလုံးတွင် သူတို့၏ကနဦး အစီအစဉ်မှစ၍ ထွက်ပြေးသည့်လမ်းကြောင်းများ ပြန်လည်စုစည်းမည့် နေရာများကိုပင် ကြိုတင်စီစဉ်ထားခဲ့ခြင်း ဖြစ်၏။ အနောက်ဘက်တွင် ရှိနေသော တောင်ကုန်းအမြင့်ပေါ်တွင် သူတို့က တွေ့ဆုံကြမည် ဖြစ်၏။

ကုန်းရန်ကျန့် ပျောက်ကွယ်သွားမှုကို မည်သူကမျှ မသိကြပေ။ မုန့်ချီက မြို့ထဲမှ ထွက်ပြေးလာပြီး တောင်ပေါ်သို့ ရောက်လာခဲ့၏။ ထိုတောင်တန်းများက အတော်လေးကို တိတ်ဆိတ် ခြောက်ကပ်နေသည်။ ထိုသစ်တောထဲတွင် လူတစ်ယောက်မျှ မနေကြပေ။

ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က ဤနေရာကို ရောက်မရောက် မပြောနိုင်သေးသော်လည်း ကျိုးဟမ်၊ ချီကျန်းရန်နှင့် တျန်းကွေတို့ကို မြင်လိုက်ရသည်။

"တျန်းကွေလား..."

သူက မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားနှင့် ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်၏။ ထို့နောက် အနည်းငယ် စိုးရိမ်နေသော အမူအရာနှင့် ပျံသန်းလာပြီး သူတို့၏အနားတွင် ဆင်းသက်လိုက်သည်။

"မိန်းကလေးကျန်းနဲ့ မိန်းကလေးရွမ်တို့က ဓားပြတွေအဖြစ် ဟန်ဆောင်ပြီး အဖမ်းခံလိုက်တဲ့အတွက် သူတို့က ထောင်ထဲကို ရောက်နေတယ်။ အခု သူတို့ကို ချုပ်နှောင်ထားတဲ့အတွက် ကျွန်တော်က သူတို့ရဲ့ကိုယ်စားရောက်လာပြီး ခေါင်းဆောင်ကို သတင်းပို့တာ..."

တျန်းကွေက မုန့်ချီ၏သံသယများကို ခန့်မှန်းမိနေသည့်အတွက် စိတ်ဝိညာဉ်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။ အကျဉ်းထောင်၏ ထောင်မှူးများထဲမှ တစ်ယောက်ဖြစ်သော တျန်းကွေက လွတ်လပ်စွာ သွားလာ၍လည်း ရနိုင်သည်။

သူ့အဖော်များ၏ အစီအစဉ်ကို နားလည်သွားသည့်အတွက် မုန့်ချီက တခြားသူများကို ပြန်လှည့်ပြီး တောင်တန်းမြစ်မြေပုံကိုပြ၍ ပြောလိုက်သည်။

"ငါတို့က တခြားကိစ္စတွေကို ပြီးမှပြောကြမယ်။ အရင်ဆုံး ကုန်းရန်ကျန့်ကို သုတ်သင်လိုက်ကြတာပေါ့…"

"ကုန်းရန်ကျန့်လား..."

ကျိုးဟမ်နှင့် တျန်းကွေတို့က ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာနှင့် တုံ့ပြန်လိုက်ကြသည်။ ချီကျန်းရန် ကိုယ်တိုင်ပင် အနည်းငယ် ထိတ်လန့်သွားခဲ့၏။

"သူက ကုန်းရန်မိသားစုက အလုပ်သမားရေး အမတ်ကြီးကို တိတ်တဆိတ် ဖမ်းလာတာပဲ…"

ထိုအရာကတော့ ရဲမက်ထောင်ပေါင်းများစွာ၏ အကာအကွယ်အောက်တွင် ရှိနေသော စစ်သူကြီးတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ရသကဲ့သို့ ဖြစ်နေသည်။

မုန့်ချီက ဆက်၍ ပြောလိုက်၏။

"ဒါက တောင်တန်းမြစ်မြေပုံရဲ့ အကူအညီနဲ့ပဲ လုပ်နိုင်တယ်။ မင်းတို့ရဲ့ရတနာတွေကို ပြင်ဆင်ထားလိုက်...။ ငါက သူ့ကို အချိန်အကြာကြီး ထိန်းမထားနိုင်ဘူး…"

ညွှန်ကြားချက်က ကျိုးဟမ်နှင့် ချီကျန်းရန်တို့ (၂) ယောက်စလုံးကို ပြောလိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီလေ…"

ကျိုးဟမ်က နတ်ဘုရားချုပ်နှောင်ခြင်းကြိုးကို ပြင်ဆင်ထားသည်။ ချီကျန်းရန်ကလည်း ယုရှုတရုတ်ဇီးသီးအလံကို ကိုင်ထားပြီး တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့၏။

ထိတ်လန့်နေရာမှ သတိပြန်ဝင်လာပြီးနောက် တျန်းကွေက အလျင်စလို ပြောလိုက်သည်။

"ခေါင်းဆောင် …

ရတနာတွေကို တတ်နိုင်သမျှ မြန်မြန်သုံးမှရမယ်။ ကုန်းရန်မိသားစုက အစစ်အမှန် စကြဝဠာ ရွှံ့တံခွန်ပုံတူတစ်ခု ပိုင်ဆိုင်ထားတယ်။ အဲဒီအရာကို အသက်သွင်းလိုက်ပြီဆိုရင် တံခွန်က အသုံးပြုသူရဲ့ ခန္ဓာကိုယ်နဲ့ အငွေ့အသက်ကို ရန်သူတွေဆီကနေ ဖုံးကွယ်ပေးနိုင်ပြီး တခဏအတွင်း အဝေးကို ထွက်ပြေးနိုင်ဖို့ ကူညီပေးနိုင်တယ်။ အဲဒါက ထွက်ပြေးဖို့ ရည်ရွယ်ထားတဲ့ မှော်ရတနာတွေထဲမှာ အကောင်းဆုံးတစ်ခုပဲ…"

"တခြား ငါတို့သိထားဖို့လိုတဲ့အရာတစ်ခုခု ရှိနေသေးလား…"

မုန့်ချီကတော့ သူ၏သတိပေးချက်ကို အသိအမှတ်ပြုသယောင် ခေါင်းညိတ်လိုက်သည်။ ထိုကဲ့သို့ သတိပေးမှုများက မထင်မှတ်ထားသော အရာများကို ကြိုတင်ကာကွယ်နိုင်သည်။

တျန်းကွေက ကုန်းရန်ကျန့်နှင့်ပတ်သက်ပြီး သူသိထားသမျှ အရာအားလုံးကို ပြောပြလိုက်၏။ နောက်ဆုံးတွင်တော့ သူက ကောက်ချက်ချလိုက်သည်။

"ကုန်းရန်ကျန့်က နန်းတွင်းထဲမှာ အဓိကကြိုးကိုင်နေတဲ့သူပဲ။ ကျွန်တော်က မတရားမှုကို ဖြေရှင်းတယ်ဆိုတဲ့နာမည်နဲ့ လုပ်ဆောင်လို့ ရနိုင်တယ်…”

“ဒါဆိုရင် သူက အထက်တန်းလွှာ ပညာရှင်တွေအတွက် တာဝန်ရှိတဲ့လူတစ်ယောက်ပေါ့…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး ဒေါသတကြီး အံကြိတ်လိုက်သည်။ ချန်းဘုရင်၏ သေဆုံးမှု၊ မိုကျောင်းတော်မှနောက်လိုက်များ ချုပ်နှောင်ခံရမှုနှင့် မိုကျောင်းတော်၏ အတွေးအခေါ်များ သိမ်းသွင်းခဲ့သော မှတ်ဉာဏ်များ၊ နောင်တ၊ ဒေါသနှင့် ဝမ်းနည်းမှုများက သူ့ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့သည်။

"အခုတော့ ငါတို့က ဒီလိုကောက်ကျစ်စဉ်းလဲမှုအတွက် လက်တုံ့ပြန်ပြီး တရားမျှတမှုကို ယူရမယ်…"

မုန့်ချီကတော့ သူ့ကိုယ်သူ ကရုဏာရှိပြီး ရက်ရောတတ်သူ တစ်ယောက်အဖြစ် လုံးဝသတ်မှတ်ထားခြင်း မရှိချေ။ သူက လေပူများကို မှုတ်ထုတ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။ ထို့နောက် စိတ်ထဲတွင် ဖြစ်နေသော ခံစားချက်များအားလုံးကို ဖယ်ရှားလိုက်သည်။

တည်ငြိမ်အေးချမ်းမှု ပြန်ရောက်လာသည့်အချိန်တွင် သူ့စိတ်ထဲ၌ အေးမြသွားခဲ့၏။ သူက တောင်တန်းမြစ်မြေပုံကို ကိုင်လိုက်ပြီး မြေပုံ၏တစ်ဖက်အစွန်းကို ကိုင်၍ အလယ်ဆီသို့ ဖြည်းဖြည်းခြင်း ခါထုတ်လိုက်သည်။

မြေပုံကို လှုပ်ရှားလိုက်သည့် အချိန်တွင် အထဲမှ လူတစ်ယောက် ထွက်လာ၏။ သူ့လက်ထဲတွင်တော့ အနက်ရောင်လေဟာနယ် ရှိနေသော တံခွန်တစ်ခုကို ကိုင်ထားသည်။ ထိုအရာက သူ၏စွမ်းအားများကို စတင်ထုတ်လွှတ်လိုက်ပြီး အသုံးပြုသူ၏ အငွေ့အသက်များကို ဖုံးကွယ်ပေးလိုက်သည်။

တခြားလက်တစ်ဖက်တွင်တော့ ပုံသ‌ဏ္ဍာန်မျိုးစုံ ထွက်ပေါ်နေသော ကျောက်တုံးလေးတစ်ခုရှိသည်။ ကုန်းရန်ကျန့်က ထိုအခြေအနေကို သေချာပြင်ဆင်ထားခဲ့၏။

တစ်ချိန်တည်းတွင် ကျိုးဟမ်နှင့် ချီကျန်းရန်တို့ကလည်း ငြိမ်မနေကြပေ။ ရွှေရောင်ကြိုးတစ်ချောင်းက ကုန်းရန်ကျန့်ဆီကို ပစ်လွှတ်လိုက်သည်။ သူတို့၏ ဆက်ကြောင်းတိုင်းတွင် ဖုထုံးလေးများ ရှိနေပြီး ဖုထုံးတစ်ခုချင်းဆီပေါ်၌ ကျမ်းစာများ ရေးသားထား၏။

ထိုကြိုးက ကုန်းရန်ကျန့်ကို ချည်နှောင်လိုက်ပြီး လေထဲတွင် အလင်းတန်းများ တောက်ပနေခဲ့သည်။ မျက်လုံးထဲတွင် ထောင်ပေါင်းများစွာသော ရွှေကြာပန်းများ ပွင့်လင်းလာပြီး တစ်ခုချင်းဆီက အလင်းရောင် မှေးမှိန်လာပြီး ထင်ရှားသည့် အငွေ့အသက်များ ပေါ်လာကြသည်။

သူတို့က အဝေးမှ ရောက်လာသော နေလုံးကြီးကဲ့သို့ပင် တောက်ပနေခဲ့၏။ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာနေသော ကျောက်တုံးလေးက ရွှေကြာပန်းများကို တိုက်ခိုက်လိုက်သည်။

ရွှေကြာပန်းများက တစ်ခုပြီးတစ်ခု ဖျက်ဆီးခံလိုက်ရပြီး ကျောက်တုံးလေးက မုန့်ချီဆီကို အတည့်အတိုင်း ရောက်သွားခဲ့သည်။ ယုရှုတရုတ်ဇီးသီးအလံက ကျောက်တုံးလေး၏ အစွမ်းကို အားနည်းသွားစေခဲ့ပြီး မုန့်ချီက တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့သည်။ နိယာမဖြစ်စဉ်၏ စွမ်းအားများကို ဆင့်ခေါ်ပြီး သူက ရေလှိုင်းမီးတောက်ဓားနှင့် သူ၏ဓားမောက်တို့ကိုသုံး၍ ကျောက်တုံးလေးကို တိုက်ခိုက်လိုက်သည်။

"ဗုန်း..."

တိုက်ခိုက်မှုမှနေ၍ အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာပြီး ငါးရောင်ခြယ် ကျောက်တုံးတစ်ခုလုံးကို ဝါးမျိုသွားခဲ့သည်။ ကျောက်တုံးက မုန့်ချီ၏ မျက်နှာကို ထိမိသွားသည့်အချိန်တွင် ရောင်စုံအလင်းတန်းများ ပေါ်လာခဲ့၏။

ရွှေရောင်အကာအကွယ်ကလည်း အနည်းငယ် မှေးမှိန်သွားခဲ့ပြီး ကျောက်တုံးလေးက အရာတစ်ခု ထင်နေခဲ့သည်။ သူ့ခေါင်းက တစ်စိတ်တစ်ပိုင်း ပေါက်ကွဲသွားခဲ့ပြီး ကျောက်တုံးလေး၏ အစွမ်းကြောင့် အက်ကွဲသွားသလို ဖြစ်သွားခဲ့၏။ သူ့ဆီတွင် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၏ အကာအကွယ်မရှိသလို ထင်ရသည်။

ထိုအရာက ကောင်းကင် (၇) သွယ်အဆင့် လျှို့ဝှက်ရတနာတစ်ခု ဖြစ်သည်။ တံခွန်ဆီမှ မှေးမှိန်နေသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ကုန်းရန်ကျန့်က လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။သို့သော် နတ်ဘုရားချုပ်နှောင်ခြင်းကြိုးက သူ့ကို အောင်အောင်မြင်မြင် ချုပ်နှောင်ထားနိုင်ခဲ့သည်။

ကုန်းရန်ကျန့်က သူတို့၏အဝေးကို ခဏရောက်သွားပြီး ချက်ချင်း ပြန်ရောက်လာခဲ့၏။ သူက ကြိုးနှင့်အတူ မြေပေါ်သို့ ပြုတ်ကျလာခဲ့ပြီး ကြိုး၏ပတ်ပတ်လည်တွင် ရှိနေသော လေထဲတွင်လည်း ပုံရိပ်ပေါင်းများစွာ တောက်ပလာသည်။ နတ်ဘုရား ချုပ်နှောင်ခြင်းကြိုး၏ အကျိုးသက်ရောက်မှုက ကုန်းရန်ကျန့်နှင့် ပုံရိပ်ယောင်ခန္ဓာ၏ အစွမ်းများကို ကန့်သတ်ထားခဲ့သည်။

ခြေလှမ်းအနည်းငယ်အတွင်း မုန့်ချီက ရှေ့ကို တက်လာပြီး အင်မော်တယ် ချုပ်နှောင်ခြင်းကျင့်စဉ်ကိုသုံး၍ သူ၏ခန္ဓာကိုယ်ပေါ်တွင် ပို၍များပြားသော မှော်တံဆိပ်များ အသုံးပြုလိုက်သည်။

ထို့နောက် သူက မြေပေါ်တွင် လဲကျနေသော ကုန်းရန်ကျန့်ကို ကြည့်လိုက်၏။ မလှုပ်ရှားနိုင်သော ရန်သူ၏မျက်လုံးထဲတွင်တော့ အမုန်းတရားများ ၊ ဒေါသများ ပြည့်နှက်နေပြီး သူ့ကို စူးစူးနစ်နစ် စိုက်ကြည့်နေခဲ့သည်။

"အလုပ်သမားရေးအမတ်ကြီး ….

ခင်ဗျားက နန်းတော်ထဲမှာ ဘုရင်ကြီးကို သုတ်သင်လိုက်တဲ့အချိန် ဒီလိုနေ့မျိုး ရောက်လာမှာကို ကြိုမြင်ခဲ့ရဲ့လား…"

မုန့်ချီက မေးလိုက်သည်။ ရန်သူက သူ့ရှေ့တွင် မလှုပ်ရှားနိုင်ကြောင်း မြင်လိုက်ရသည့်အချိန်တွင် သူက ဝမ်းသာနေခဲ့၏။

ကုန်းရန်ကျန့်က စိုးရိပ်ထိတ်လန့်မှုများကို ဖိနှိပ်ထားလိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ရာ တျန်းကွေကို မြင်လိုက်ရသည်။ သူက အေးစက်စွာ ပြောလိုက်၏။

"အဲဒါက မင်းပဲ…"

ထို့နောက် သူက မုန့်ချီကို လှည့်ကြည့်လိုက်သည်။ သူက ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်၏။

"ဘာလို့ ဒီလိုစကားတွေ ပြောနေတာလဲ သခင်လေးစု...။ တိုင်းပြည်ကို အောင်နိုင်သူကပဲ တည်ဆောက်ရတာ...။ ချီတိုင်းပြည်က အမတ်ကြီးဟွမ်တောင် ဓမ္မကာရအဆင့်ကို မရောက်ခင် သူ့ညီက ရှင်းပစ်လိုက်ပြီး သူ့နေရာကို ယူထားတာပဲ မဟုတ်လား။ ပြီးတော့ သူက ထိပ်သီးပညာရှင် (၆) ယောက်ထဲမှာ အကြီးကျယ်ဆုံး ဖြစ်လာတာပဲ မဟုတ်လား…"

ချီတိုင်းပြည်မှ အမတ်ကြီးဟွမ်ဟူသည်မှာ တိုက်ခိုက်နေကြသော နတ်ဘုရားကမ္ဘာကြီးထဲရှိ တိုင်းပြည်ငယ်လေးများ၏ ခေါင်းဆောင် ဖြစ်သည်။ ယခု ကုန်းရန်ကျန့်က သူ့ကို ဥပမာပေးပြီး သူ၏လုပ်ရပ်ကို အကြောင်းပြချက်ပေးနေခြင်း ဖြစ်သည်။

ထိုစကားလုံးများကြောင့် လှုပ်ရှားသွားခြင်း မရှိသော မုန့်ချီက သူ့ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ဒါပေမဲ့ ပျက်စီးသွားတဲ့ နယ်မြေတွေထဲက ပြဿနာတွေက မပြီးသေးဘူး။ အမတ်ကြီးဟွမ်ရဲ့ အဖြစ်အပျက်တွေ ပြီးသွားတဲ့ အချိန်ကတည်းကစပြီး ဒီကမ္ဘာကြီးက တကယ့်ကို လှုပ်ရှားလာခဲ့ရတာ...။ အဲဒီမှာ တရားမျှတမှုရှိရဲ့လား…"

ကုန်းရန်ကျန့်နှင့် စကားစစ်ထိုးရန် စိတ်မရှည်တော့သည့် မုန့်ချီက သူ၏ဓားကို မြှောက်လိုက်သည်။ သူက ရှန့်ယင်မြို့ရှိရာကို ဦးညွှတ်ပြီး ပြောလိုက်၏။

"ဘုရင်ကြီးက လူတိုင်းကို ကရုဏာတရားတွေနဲ့ လေးလေးစားစား ဆက်ဆံခဲ့တယ်။ ကျွန်တော်က မိုကျောင်းတော်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ခွင့်ပြုပေးခဲ့တဲ့ ဘုရင်ကြီးရဲ့အကြွေးကို ပြန်ဆပ်လိုက်ပါပြီ။ ဒီနေ့မှာ ဒီလိုကောက်ကျစ်စဉ်းလဲတဲ့သူကို ဘုရင်ကြီးအတွက် ပူဇော်ပေးလိုက်ပါတယ်.."

ထိုစကားလုံးများက ရက်စက်သည်ဟု ထင်ရသော်လည်း အမုန်းတရားများ လုံးဝမရှိခဲ့ချေ။ မုန့်ချီက စီရင်ချက်ချရန် သေချာနေသည့်အတွက် ကုန်းရန်ကျန့်က စကားမပြောရန် ဆုံးဖြတ်လိုက်သည်။

သူက မျက်လုံးမှိတ်ပြီး ခါးသီးစွာ ပြောလိုက်၏။

"ငါက တျန်းမိသားစုကို မှားပြီး ယုံကြည်ခဲ့မိတာ နောင်တရမိတယ်။ တကယ်လို့ သူတို့ရဲ့ကောက်ကျစ်မှုကြောင့်သာ မဟုတ်ရင် ငါက ဒီလိုအခြေအနေမျိုးကို မရောက်နိုင်ဘူး။ မင်းတို့တွေကတောင် ပြာအဖြစ် ပြောင်းသွားရမှာ..."

မုန့်ချီက အသက်ကို ဖြည်းဖြည်းလေး ရှုလိုက်၏။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ ပုံရိပ်ယောင်ခန္ဓာတစ်ခု ထွက်ပေါ်လာပြီး သူ၏စွမ်းအားများနှင့် တသားတည်း ပေါင်းစပ်လိုက်သည်။ အမှောင်ထုကြီးတစ်ခုလည်း ဖြစ်ပေါ်လာပြီး သူတို့၏ပတ်ပတ်လည်တွင် စုစည်းလာခဲ့၏။

သူက ဓားကို လေထဲသို့မြှောက်လိုက်ပြီး အားနှင့် ခုတ်ချလိုက်သည်။ ထိုဓားသွားက အပြောင်းအလဲ မြန်လွန်းလှပြီး တဝှီးဝှီး မြည်သံများ ထွက်ပေါ်နေခဲ့၏။ ဓားထိပ်ဖျား မရောက်ခင် အနက်ရောင် အလင်းစက်လေးတစ်ခု မထင်မရှား ပေါ်လာခဲ့သည်။

တိုက်ခိုက်မှု၏အစွမ်းက ကုန်းရန်ကျန့်ဆီသို့ ရောက်ရှိလာသည့်အချိန်တွင် မလှုပ်ရှားနိုင်သော သူ၏ခန္ဓာကိုယ်က မြေပြင်ပေါ်မှ ရုတ်တရက် ကြွတက်လာခဲ့ပြီး နတ်ဘုရားချုပ်နှောင်ခြင်းကြိုးနှင့် ချုပ်နှောင်ခံထားရသော သူ၏အင်္ကျီထဲတွင် အက်ကွဲရာကြီးတစ်ခု ပေါ်လာခဲ့သည်။

"အား..."

ဓားသွားက ကုန်းရန်ကျန့်ကို အညှာအတာကင်းမဲ့စွာ ခုတ်ချလိုက်၏။ သူ၏အော်သံက နာနာကျင်ကျင် အော်ဟစ်သံတစ်ခု ဖြစ်သည်။ မုန့်ချီ၏ခုတ်ချက်က သူ့ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေခဲ့ပြီး အရိုးအပိုင်းအစများ ၊သွေးသားများက မြေပေါ်တွင် ပျံ့ကြဲနေခဲ့၏။

ကုန်းရန်ကျန့်ကို ထွက်ပြေးရန် အခွင့်အရေး မပေးချင်သည့်အတွက် မုန့်ချီက သူ၏လေဟာနယ်လက်စွပ်ထဲတွင် ရှိနေသော အဖိုးတန်လက်နက်များ ပစ္စည်းများကိုပင် စစ်ဆေးမနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားချုပ်နှောင်ခြင်းကြိုးကို ဖယ်ရှားလိုက်မှသာ ထိုအရာများကို ရရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

မြေပေါ်တွင် အပိုင်းအစငယ်လေးများက ဖြည်းညင်းစွာ လှုပ်ရှားသွားပြီး စကား (၃) လုံး ပေါ်လာခဲ့သည်။

"မတရားမှုအတွက် သေဆုံးခြင်း…"

မုန့်ချီ၏ရှေ့တွင် ရှိနေသော တျန်းကွေကလည်း သေဆုံးသွားသော ချန်းဘုရင်ရှိရာကို တလေးတစား ဦးညွတ်လိုက်သည်။

…………

ကုန်းရန်မိသားစုဝင်တစ်ယောက်၏ သတင်းပို့မှုကို ကြားသည့်အချိန်တွင် ရွှေအလင်းတန်းလိုဏ်ဂူမှ သိုင်းသခင်က အလွန်ဒေါသထွက်လာခဲ့၏။ မိုကျောင်းတော်မှ နောက်လိုက်တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး အကျဉ်းထောင်ထဲတွင် ဝင်နေခဲ့သော သူက အလွန်ဒေါသထွက်နေခဲ့သည်။

သူက ကုန်းရန်မိသားစုစံအိမ်သို့ ပြန်လာခဲ့၏။ သူက စံအိမ်ထဲတွင် သေချာရှာဖွေနေခဲ့သော်လည်း ကုန်းရန်ကျန့်နှင့် ကုန်းရန်ပေါင်တို့၏ အလောင်းကို မတွေ့ရပေ။ သူ၏ဒေါသများက တဖြည်းဖြည်း ပို၍မြင့်မားလာပြီး အလွန်ကြောက်စရာကောင်းသည့် ခံစားမှုတစ်ခု ပေါ်လာခဲ့၏။

နောက်မှလိုက်လာသော ကုန်းရန်မိသားစုမှ ပညာရှင်ဆီတွင်တော့ သံသယများ အကြောက်တရားများ ပြည့်နှက်နေခဲ့သည်။ သူကိုယ်တိုင်က ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ဖြစ်ပြီး သူက စံအိမ်ထဲတွင် ရှိနေသော အစောင့်များ၊ အစေခံများကို ဆင့်ခေါ်၍ သူတို့သခင်အကြောင်းကို စုံစမ်းမေးမြန်းနေခဲ့၏။

"အစောပိုင်းမှာ သခင်ကြီး ထွက်သွားတဲ့အချိန်တုန်းက အကောင်းအတိုင်း ရှိပါသေးတယ်။ သူက အကျဉ်းထောင်ရှိရာကို ထွက်သွားသလိုပဲ…"

စုံစမ်းမေးမြန်းသည့် ရလဒ်ကြောင့် တာအိုသခင်က မျက်မှောင်ကြုတ်လိုက်မိသည်။

"ကုန်းရန်ကျန့်က တစ်ခုခုကို တွေ့သွားခဲ့တာများလား။ သူက ငါနဲ့တိုင်ပင်ဖို့ ပြန်လာခဲ့တဲ့လမ်းမှာ ရန်သူရဲ့လက်ထဲကို ကျသွားတာလား…"

သူက ပတ်ပတ်လည်ကို လှည့်ကြည့်နေသော်လည်း မူမမှန်သည့်အရာ တစ်စုံတစ်ရာမျှ သတိမထားမိခဲ့ပေ။ နောက်ဆုံးတွင်တော့ သူက မေးလိုက်၏။

"ငါ့ရဲ့တူလေးကုန်းရန်က ဘယ်နေရာမှာ အသတ်ခံရတာလဲ…"

ဝေ့ကျင်းအဆင့် ပညာရှင်က ခေါင်းညိတ်ပြလိုက်ပြီး အနားကို ကပ်ကြည့်လိုက်သည့် အချိန်တွင် သူလည်း အံ့ဩသွားခဲ့သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဒီနေရာမှာ ပရမ်းပတာဖြစ်နေတဲ့ လက္ခဏာမရှိသလို အလောင်းကိုမီးရှို့လိုက်တဲ့ ခြေရာလက်ရာမျိုးလည်း မကျန်ခဲ့ဘူး…"

အလွန်အတွေ့အကြုံ ရင့်ကျက်နေသော တာအိုသခင်က ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေခဲ့သည်။ သူက တိတ်တဆိတ် စဉ်းစားပြီးနောက် ပြောလိုက်၏။

"တောင်တန်းမြစ်မြေပုံ ….

ရန်သူက ယုရှုတောင်တန်းပေါ်မှာရှိတဲ့ ကောင်းကင်လိုဏ်ဂူနဲ့ ပတ်သက်နေတာပဲ…"

"တောင်တန်းမြစ်မြေပုံလား။ အဲဒါဆိုရင်..."

ထိုပညာရှင်ကလည်း စိုးရိမ်ထိတ်လန့်သွားခဲ့၏။

တာအိုသခင်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

"မှော်အကာအကွယ်တွေကို အသက်သွင်းလိုက်ပြီး အရမ်းနောက်မကျသေးခင် တစ်မြို့လုံးကို ပိတ်လိုက်..."

သူ အမိန့်ပေးလိုက်သည့်အချိန်တွင် တခြားသော ပညာရှင်တစ်ယောက်က အလျင်အမြန် ပြန်ရောက်လာခဲ့သည်။ ထိုအရာကတော့ ဘိုးဘေးအုတ်ဂူဆီကို ရှာဖွေရန် စေလွှတ်လိုက်သော ဝေ့ကျင်းအဆင့် ပညာရှင် ဖြစ်သည်။

သူက ကျယ်လောင်စွာ အော်ဟစ်ပြောလိုက်၏။

"အခြေအနေ တော်တော်ဆိုးသွားပြီ။ သခင်ကြီးရဲ့ စိတ်ဝိညာဉ်မီးအိမ်က အခုပဲငြိမ်းသွားပြီ…"

"ဖျောက်…"

တာအိုသခင်၏ ဒေါသမှ ထွက်ပေါ်လာသော လှိုင်းလုံးများကြောင့် ခြံဝန်းထဲတွင် ရှိနေသော ကျောက်တုံးများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက အလွန်ဒေါသထွက်နေခဲ့၏။

"မြို့ကို ပိတ်ဖို့ မလိုတော့ဘူး။ တခြားကလန်တွေအားလုံးကိုလည်း ညွှန်ကြားလိုက်...။ အကျဉ်းထောင်ထဲက လူတွေအားလုံးကို ပြန်ရုတ်သိမ်းလိုက်တော့...။ သူတို့ရဲ့အိမ်တွေကို စောင့်ကြည့်ဖို့အတွက် အတော်ဆုံးလူတွေကို ချန်ထားလိုက်...။ ဝေ့ကျင်းအဆင့်နဲ့အထက် ပညာရှင်တွေအားလုံးနဲ့ အရေးပါတဲ့ပညာရှင်တွေ ၊ တော်ဝင်မိသားစုတွေအားလုံးက တစ်ချိန်လုံးစောင့်ကြည့်နေကြ...။ ဘယ်သူမှ ပိုင်နက်ထဲကနေ ထွက်မသွားကြနဲ့။ ငါက ရှန့်ယင်မြို့တစ်မြို့လုံးကို စောင့်ကြည့်နေမယ်။ ငါက မြို့အပေါ်ဘက် ကောင်းကင်ပေါ်မှာပဲရှိနေပြီး ရွှေအလင်းတန်းလိုဏ်ဂူက အကူအညီတွေ ရောက်လာတဲ့အချိန်ထိ စောင့်နေမယ်။ စုမိုနဲ့ သူ့ရဲ့အဖွဲ့သားတွေ ပျောက်သွားတဲ့အချိန်ထိ ငါတို့မနားဘူး…"

…………..

တာဝန်မစခင် လဲလှယ်ထားခဲ့သော လျှို့ဝှက်ရတနာများအားလုံး ကုန်ဆုံးလုနီးပါး ဖြစ်နေသည့်အတွက် မုန်ချီက ကုန်းရန်ကျန့်၏ လေဟာနယ်လက်စွပ်ကို ရှာဖွေကြည့်လိုက်သည်။ သူတို့က မူလရတနာများနေရာတွင် အစားထိုးနိုင်သော လျှို့ဝှက်ရတနာများကို ရှာတွေ့ရန် မျှော်လင့်နေခဲ့၏။

ကုန်းရန်မိသားစု၏ အရှင်သခင်ဖြစ်သော ကုန်းရန်ကျန့်၏ ပိုင်ဆိုင်မှုများအားလုံးက သူ၏လေဟာနယ်လက်စွပ်ထဲတွင် မရှိသည့်အတွက် သူက ကုန်းရန်သန်းနှင့် ကုန်းရန်ပေါင်တို့လောက်ပင် ပိုင်ဆိုင်မှု မရှိပေ။ စုစုပေါင်း တွင်းထွက်ပစ္စည်း (၁၀) စုံနှင့် အဖိုးတန်လက်နက်(၂) ခုသာ ရှိသည်။

အဖိုးတန် လက်နက် (၂) ခုက အဆင့်မြင့်လှံတစ်ချောင်းနှင့် ဓားတစ်ချောင်းတို့ ဖြစ်၏။ နောက်ဆုံးတွင်တော့ မုန့်ချီက ကုန်းရန်ကျန့် အစောပိုင်းတွင် အသုံးပြုခဲ့သော ရတနာ (၂) ခုကို တွေ့လိုက်ရသည်။

"ငါးရောင်ခြယ်ကျောက်တုံး - ကောင်းကင် (၅) သွယ် ၊ ကောင်းကင် (၆) သွယ် ဝေ့ကျင်းအဆင့် ရှိတယ်။ မြေအောက်ရွှေအလင်းတန်းအဆောင်နဲ့ လေးရောင်ခြယ်ပုလွေ (၂) ခုလုံးက ကောင်းကင် (၄) သွယ်နဲ့ ကောင်းကင် (၅) သွယ် ဝေ့ကျင်းအဆင့်ရှိတယ်။ ပြီးတော့ မျက်ကန်းပုလဲလုံးတစ်ခုလည်း ရှိသေးတယ်…"

မုန့်ချီက ပစ္စည်းများ၏နာမည်ကို စစ်ဆေးကြည့်နေရင်း ရေရွတ်ကြည့်လိုက်သည်။

သူက ရှာဖွေမှုအတွက် အတော်လေးကို စိတ်ပျက်သွားခဲ့၏။ ထိုရတနာများက ဝေ့ကျင်းအဆင့် အစောပိုင်း ရန်သူများကို ရင်ဆိုင်ရာတွင် အကူအညီ ဖြစ်နိုင်သော်လည်း သိုင်းသခင်အဆင့်ထက် ကျော်လွန်နေသော ရန်သူများကိုတော့ ရင်ဆိုင်၍ မရနိုင်ပေ။

ထို့ပြင် သူတို့၏စွမ်းဆောင်ရည်အရ ကောင်းကင် (၇) သွယ် ဝေ့ကျင်းအဆင့် အထက်တွင် ရှိနေသော ပညာရှင်များကို လျှို့ဝှက်အသုံးပြုရာတွင် အားနည်းချက်များ ရှိနိုင်သည်။

တျန်းကွေက ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့၏ တွေ့ရှိချက်ကို သတင်းပို့လိုက်သည်။ အကျဉ်းထောင်ထဲတွင် မိုကျောင်းတော်၏ နောက်လိုက်များကဲ့သို့ ရုပ်ဖျက်ထားသော အစွမ်းထက် ဝေ့ကျင်းအဆင့် ပညာရှင်များ ရှိနေကြသည်။ ထို့ကြောင့် သူတို့က တျန်းကွေကိုပြောပြီး ထိုသတင်းကို မုန့်ချီဆီသို့ ပို့ခိုင်းလိုက်ခြင်း ဖြစ်၏။

"ငါတို့ထင်ထားတဲ့အတိုင်းပဲ အလစ်ချောင်းတိုက်ခိုက်ချင်နေတာ..."

မုန့်ချီက တျန်းကွေ၏ပြောပြမှုနှင့် မြို့ထဲတွင် ရှိနေသော သူ့အဖော်များအကြောင်း ခေါင်းထဲတွင် စဉ်းစားနေခဲ့သည်။

"ကုန်းရန်ကျန့်ရဲ့ အဖြစ်အပျက်ကြောင့် အခြေအနေတွေက တိုးတက်မှုတွေ ရှိလာနိုင်တယ်။ သခင်လေးတျန်း… မင်းက အကျဉ်းထောင်ကိုပြန်ပြီး ငါ့အဖော်တွေကို သတင်းပို့ပေးဖို့ တောင်းဆိုချင်တယ်။ ငါတို့က မလှုပ်ရှားခင် အချိန်ဆွဲဖို့အတွက် လက်ရှိအခြေအနေတွေကို သေချာသိဖို့လိုအပ်တယ်…"

"ကောင်းပါပြီ ခေါင်းဆောင်…"

တျန်းကွေက လက်သီး(၂) ဖက်ဆုပ်လိုက်ပြီး ရင်ဘတ်ပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။

လမ်းတလျှောက်တွင် တျန်းကွေက ကောင်းကင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသော တာအိုသခင်ချီရှကို တွေ့လိုက်ရသည်။ တစ်မြို့လုံးကို ကြည့်နေသော တာအိုသခင်၏ လက်ထဲတွင်တော့ လေးတစ်စင်း ကိုင်ထားပြီး သူက လူအများစု သွားလာနေသော နေရာများကို စောင့်ကြည့်နေခဲ့သည်။ သူက အဝေးကိုလည်း လှည့်ပတ်စစ်ဆေးနေသည့်အတွက် ပြဿနာတက်သည်နှင့် ချက်ချင်း သိသွားနိုင်၏။

"ဒါက သူတို့ကိုကယ်ဖို့ ငါ့ရဲ့အစီအစဉ်တွေကို အနှောင့်အယှက်ဖြစ်နိုင်တယ်…"

တျန်းကွေက စဉ်းစားလိုက်ပြီး ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကို ဆက်သွယ်၍ စီစဉ်ရန် အကျဉ်းထောင်ထဲသို့ ပြန်ဝင်လာခဲ့သည်။

တစ်မြို့လုံးကို သတိထားနေသည့်အချက်ကြောင့် ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကလည်း ဒုက္ခရောက်နေကြ၏။ ထိုအချိန်တွင် သူတို့က အသက်ကြီးနေသော အသံတစ်ခုကို ကြားလိုက်ရပြန်သည်။

"ဒကာလေးတို့ …

ဒီတာအိုသခင်က မင်းတို့ရဲ့အခက်အခဲကို ကူညီပေးနိုင်တယ်။ ဒါပေမယ့် မင်းတို့က ဒီတာအိုသခင်ရဲ့တောင်းဆိုမှုတစ်ခုကို သဘောတူရလိမ့်မယ်…"

"ဘယ်သူလဲ…."

တစ်ယောက်ယောက်က သူတို့၏အတွေးကို မြင်နေရသည့်အတွက် သူတို့က မယုံကြည်နိုင်ကြပေ။ သူတို့က ခံစားချက်များကို လျင်မြန်စွာ ဖိနှိပ်လိုက်ပြီး မျက်နှာချင်းဆိုင်တွင် ရှိနေသော အကျဉ်းခန်းဆီကို လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင်တော့ တာအိုသခင်အိုကြီးတစ်ယောက်က သူတို့ကို အပြုံးနှင့် စိုက်ကြည့်နေခဲ့သည်။ တာအိုသခင်အိုကြီးက လက်အုပ်ချီပြီး ဦးညွတ်လိုက်သည့်အတွက် စကားပြောသည့်လူက သူဖြစ်ကြောင်း အချက်ပြလိုက်သည်။

"ဆရာကြီးရဲ့တောင်းဆိုချက်က ဘာလဲ…"

ကျန်းကျိဝေက မေးလိုက်သည်။

"ဒါကတော့ ဒကာလေးစု သဘောတူဖို့ပဲ လိုအပ်တယ်…"

တာအိုသခင်အိုကြီးက တျန်းကွေကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ တျန်းကွေက သတင်းပို့ပေးရန် သူက ဆန္ဒရှိနေခြင်း ဖြစ်၏။

Translated by Hein Htet.

All Chapters