← Chapters

အခန်း (၆၁၈)

Vol. 42 Ch. 618

အခန်း (၆၁၈)

Vol. 42 Ch. 618

ဟယ်ကျူးက ဆက်၍ ရှင်းပြလိုက်သည်။

“တကယ်လို့ လူတစ်ယောက်ဆီမှာသာ သွေးပြာလူသားတွေကို ယှဉ်နိုင်တဲ့ လက်နက်တစ်ခု ဒါမှမဟုတ် လျို့ဝှက်ကျင့်စဉ်တစ်ခု မရှိဘူးဆိုရင် သူတို့တွေက ရေနဲ့တိုက်ခိုက်တဲ့အချိန် ရင်ဆိုင်ဖို့ တော်တော်လေး ခက်ခဲတယ်။ ဒီတော့ ဆရာတော်က သူတို့တွေထက် အဆင့်အရ အဆပေါင်းများစွာ ပိုပြီးသာနေတာပဲ ဖြစ်နိုင်တယ်…”

သူတို့က ထိုအချက်ကို နားလည်ထားနေသည်မှာ သူတို့၏ကိုယ်ပိုင်အတွေးသာ ဖြစ်သည်။ ထိုစကားကို ကြားသည့်အခါ မုန့်ချီက ခေါင်းညိတ်ထောက်ခံလိုက်၏။ သူကတော့ သွေးပြာလူသားကို မည်သို့သတ်ပစ်လိုက်ကြောင်း ရှင်းပြလိုသော ခံစားချက်မျိုး မရှိချေ။ သူတို့ကိုသာ ဆက်လက် ခန့်မှန်းခိုင်းထားလိုက်၏။

ဟယ်ကျူးက ပြန်လည်သုံးသပ်ရန် ဆက်ပြောလိုက်သည်။

“မျိုးရိုးစဉ်ဆက် ကျွန်တော်တို့ အရှေ့ပင်လယ်ဓားကျေးရွာက တပည့်တွေက သူတို့ရဲ့လက်ထဲမှာ အများကြီး သေဆုံးသွားခဲ့ရတယ်။ မကြာသေးခင်ကမှ သူတို့ကို ကာကွယ်ဖို့အတွက် နည်းလမ်းတွေ ရှာတွေ့ခဲ့ကြတာ…”

“အော်မီတော်ဖော်…

ငါက အရှေ့ပင်လယ်မှာ နှစ်ပေါင်းများစွာ နေခဲ့ပေမဲ့ သွေးပြာလူသားတွေနဲ့ ပတ်သက်ပြီး တစ်ခါမှ မကြားဖူးဘူး။ လျှပ်ပြေးကျွန်းမှာရှိတဲ့ လူတွေကတောင် သူတို့ကို မသိကြဘူး။ မင်းတို့က ဘယ်လိုများ သိနေတာလဲ…”

မုန့်ချီက အခွင့်အရေးကို အရယူပြီး သူတို့ကို မေးခွန်းထုတ်လိုက်သည်။

အခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။ ဟယ်ကျူးက မေးခွန်းကို ရှောင်တိမ်းရန် ကြိုးစားနေပြီး ဟွမ်တိုက်ချုံက မျက်မှောင်ကြုတ်နေမိသည်။ ဟယ်ရှိုကတော့ ခံစားချက်များ ကင်းမဲ့နေသည်။

ခဏကြာပြီးနောက် ဟယ်ကျူးက အပြုံးနှင့် ပြောလိုက်၏။

“ဒါက ကျွန်တော်တို့ရဲ့မိသားစုရေး လျို့ဝှက်ချက်တစ်ခုပါ…”

သူက စကားရောဖောရောနှင့် ဆက်ပြောလိုက်သည်။

“အစစ်အမှန် သွေးပြာလူသားတွေက ပင်လယ်အောက် အနက်ပိုင်းမှာ နေကြတာ။ သူတို့တွေက ကိုယ့်ကိုယ်ကိုယ် ရွေးချယ်ခံ ပင်လယ်နတ်ဘုရားတွေလို့ သတ်မှတ်ထားကြတယ်။ သူတို့က ရေကို ပိုင်စိုးနိုင်ပြီး ပင်လယ်ပြင်ကြီးကိုပဲ ကမ္ဘာအဖြစ် ယုံကြည်ကြတယ်။ သူတို့က ကုန်းမြေပေါ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ဂရုမစိုက်ကြဘူး။ အရှေ့ပင်လယ်ထဲမှာ သီးသန့်နေထိုင်ကြတယ်။ ဒါကြောင့် သူတို့ကို ဆရာတော်တို့က မကြားဖူးတာ ပုံမှန်ပါပဲ…”

သူက ခဏရပ်လိုက်ပြီး ဟွမ်တိုက်ချုံကိုကြည့်၍ ဆက်ပြောလိုက်သည်။

“ကျွန်တော်တို့ အရှေ့ပင်လယ် ဓားကျေးရွာကို ပထမဆုံး တည်ထောင်ခဲ့တဲ့အချိန်မှာ ဂိုဏ်းခွဲ(၇)ခု ရှိတယ်။ တချို့ကတော့ ညီအစ်ကိုရင်းတွေလိုပဲ။ အုတ်မြစ်ဆုံးရှုံးသွားကြတဲ့ ဂိုဏ်းတွေက အရှေ့ပင်လယ်ဓားကျေးရွာနဲ့ ပေါင်းစည်းလာတတ်ကြတယ်..”

“ဂိုဏ်းတစ်ဂိုဏ်းမှာတော့ တပည့်တွေက သဏ္ဌာန်မဲ့ဓားပိုးကောင်ကို လေ့ကျင့်ခဲ့ကြတယ်။ ပြီးတော့ သူတို့က ဓားနိယာမ ပုံစံအသစ်တစ်မျိုးကို ဖန်တီးနိုင်ခဲ့တယ်။ သူတို့က အောင်မြင်မှုကို အရမ်းလိုချင်နေခဲ့တာ ကံဆိုးသွားတယ်။ သူတို့က သွေးပြာလူသားတွေကို မတော်တဆ တွေ့လိုက်ရတဲ့အချိန်မှာတော့ သွေးပြာလူသားတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို တော်တော်လေး စိတ်ဝင်စားသွားကြတယ်…”

“အဲဒီလူတွေရဲ့ခန္ဓာကိုယ်က သဘာဝအနှစ်သာရတွေ ဖြစ်နိုင်တယ်လို့ သူတို့က သတ်မှတ်နိုင်ပြီး သူတို့ရဲ့သိုင်းပညာစွမ်းရည်တွေနဲ့ ပေါင်းစပ်နိုင်တယ်လို့ ယူဆခဲ့ကြတယ်။ အဲဒီလို ခန္ဓာကိုယ်မျိုးကို ရယူလိုက်မယ်ဆိုရင် သူတို့က နောက်ပိုင်းပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အကူအညီဖြစ်နိုင်မယ်လို့လည်း တွေးခဲ့ကြတယ်…”

“ဒါကြောင့် သူတို့တွေက နောက်ထပ်မျိုးဆက်(၃)ဆက်တိတိ ထူးဆန်းတဲ့စရိုက်တွေ၊ ခန္ဓာကိုယ်နည်းလမ်းတွေကို ကြိုးစားခဲ့ကြပြီး တဖြည်းဖြည်းနဲ့ သွေးပြာလူသားတွေအဖြစ် ပြောင်းလဲတဲ့နေရာမှာ အောင်မြင်သွားခဲ့တယ်။ ဒါပေမဲ့ သူတို့က လူသားတွေရဲ့ အကျင့်စရိုက်ကို ပိုင်ဆိုင်ထားကြသေးတဲ့အတွက် စွမ်းရည်အသစ်တွေ လျင်မြန်စွာ တိုးတက်လာခဲ့ကြတယ်…”

“အသစ်တည်ထောင်လိုက်တဲ့ အင်အားစုကြောင့် သူတို့တွေဆီမှာ ဆန္ဒတွေ ရှိလာကြတယ်။ သူတို့က မတူညီတဲ့ လှည့်ကွက်တွေကိုသုံးပြီး တခြားဂိုဏ်းခွဲတွေကို ဖိနှိပ်ဖို့ ကြိုးစားလာခဲ့ကြပေမဲ့ အရှေ့ပင်လယ်ဓားကျေးရွာက ထိပ်တန်း ပညာရှင်တွေကြောင့် မအောင်မြင်ခဲ့ဘူး…”

“ကျန်ရှိနေတဲ့ ဂိုဏ်းခွဲ(၅)ခုက အတူတူ ပေါင်းစည်းပြီး သူတို့ကို အနိုင်ရခဲ့တယ်။ ပြီးတော့ သူတို့ကို အရှေ့ပင်လယ်ဓားကျေးရွာထဲကနေ ဖယ်ထုတ်ပစ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး သူတို့က သွေးပြာလူသားဆိုတဲ့နာမည်နဲ့ အနှောင့်အယှက်မျိုးစုံ လုပ်ဆောင်ခဲ့ကြတယ်…”

ဟယ်ကျူးက ရှင်းပြနေသည့်အချိန်တွင် ဟယ်ရှို၏ ခံစားချက်များကတော့ တည်ငြိမ်နေသည်။ ဟွမ်တိုက်ချုံကတော့ အပြင်လူတစ်ယောက်ကဲ့သို့ မြေပြင်ကြီးကိုသာ တိတ်တဆိတ် စိုက်ကြည့်နေ၏။

“ဟယ်ကျူးပြောတဲ့အတိုင်းဆိုရင် လွန်ခဲ့တဲ့ ရက်တွေအတွင်း ဖြစ်ခဲ့တဲ့ အရာတွေက ရိုးရှင်းပုံမရဘူး..”

မုန့်ချီက ခဏကြာ စဉ်းစားနေပြီး သိပ်မကြာခင် ခေါင်းထဲရှိ အတွေးများကို ရှင်းထုတ်လိုက်သည်။

အရှေ့ပင်လယ်ဓားကျေးရွာမှ ဂိုဏ်းခွဲများ၏ အမွေဆက်ခံပိုင်ခွင့် ပြဿနာက သူနှင့် သက်ဆိုင်နေခြင်း မရှိချေ။ သူက ထိုသွေးကြွေး၏ နောက်ကွယ်တွင် ရှိနေသော အစစ်အမှန် အကြောင်းပြချက်ကို ဖော်ထုတ်ရန်လည်း မလိုအပ်ပေ။

ထို့ကြောင့် သူက ခေါင်းစဉ်ပြောင်းပြီး မေးလိုက်၏။

“တကယ်လို့ ငါက သဏ္ဌာန်မဲ့ ဓားပိုးကောင် လေ့ကျင့်ထားတဲ့ သွေးပြာလူသားတွေနဲ့ တွေ့ခဲ့တာ ဟုတ်မဟုတ် ဘယ်လိုစစ်ဆေးကြည့်နိုင်မလဲ…”

“တကယ်လို့ သေဆုံးသွားတဲ့အချိန် သူ့ရဲ့ခန္ဓာကိုယ်က အပြာရောင် သလင်းကျောက်အဖြစ် ပြောင်းလဲနိုင်တယ်ဆိုရင် အစစ်အမှန်သွေးပြာလူသား တစ်ယောက်ပဲ…”

ဟယ်ကျူးက အတည်ပြုပေးလိုက်သည်။

ဟွမ်တိုက်ချုံကတော့ မှင်တက်နေရာမှ တစ်ယောက်တည်း ခေါင်းခါပြီး သံသယဝင်စွာ မေးလိုက်သည်။

“တကယ်လို့ ပင်လယ်ကြီးက ကမ္ဘာရဲ့အလယ်မှာ ရှိတယ်လို့ အစစ်အမှန် သွေးပြာလူသားတွေက ယူဆထားတယ်ဆိုရင် ကုန်းမြေနဲ့ ကောင်းကင်ကြီးကို အလေးထားစရာ မလိုဘူးလို့ သူတို့က ယုံကြည်နေကြမှာပဲ။ ဘာလို့ သူတို့က ယွင်မိသားစုရဲ့ ပြဿနာကို ဝင်ပြီးရှုပ်ရတာလဲ..”

“တွက်ချက်တာကတော့ မဖြစ်မနေ လုပ်ရမှာပဲ။ အဆုံးသတ်ကလည်း နီးလာပြီ။ ပုံမှန်မဟုတ်တာက ပုံမှန်အသစ်တစ်ခုပါပဲ…”

မုန့်ချီက လျို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

ဟယ်ကျူးက ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။

“လူတစ်ယောက်က သွေးပြာလူသားတွေကို လမ်းခင်းပေးလိုက်တာ ဖြစ်နိုင်တယ်။ ယွင်သခင်ကြီးရဲ့ သေဆုံးမှုက ထူးခြားနေတယ်ဆိုတာကို ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်က သတိထားမိခဲ့တယ်။ ပြီးတော့ သူကိုယ်တိုင်ကလည်း ကရုဏာမဲ့နတ်ဆိုးရဲ့ လက်ထဲမှာ အသတ်ခံရလုနီးပါး ကြုံခဲ့ရတယ်။ ဒီလိုဆိုမှတော့ သွေးပြာလူသားတွေရဲ့နောက်ကွယ်မှာ ပိုပြီးများပြားတဲ့ မကောင်းဆိုးဝါးတွေ ပုန်းအောင်းနေတယ်ဆိုတာ ပြသနေတာပဲ..”

“သူတို့တွေက မကောင်းဆိုးဝါးတွေ၊ လမ်းမှားဂိုဏ်းတွေနဲ့ ပူးပေါင်းနေမှာ ကြောက်ရတယ်…”

ဟွမ်တိုက်ချုံက စိုးရိမ်နေပုံရသည်။

“လမ်းမှားနတ်ဆိုးတွေက ဆက်ပြီးရှိနေဦးမယ်လို့ မထင်ဘူး။ ကရုဏာမဲ့နတ်ဆိုးက လမ်းပေါ်ကို ပြန်ရောက်လာပြီလား…”

မုန့်ချီက ကရုဏာမဲ့နတ်ဆိုးနှင့် ပတ်သက်ပြီး သူတို့ဆီတွင် သေချာစစ်ဆေးကြည့်လိုက်သည်။

အဆုံးတွင်တော့ မုန့်ချီက ပြန်မေးလိုက်၏။

“ဒါဆိုရင် ငိုကြွေးခြင်းခန်းမထဲမှာ ဒကာလေးတို့နဲ့အတူ လိုက်လာတဲ့ ဒကာက ကရုဏာမဲ့နတ်ဆိုး တိုက်ခိုက်တာကို ခံခဲ့ရတာလား…”

“ဟုတ်ပါတယ်…”

ဟယ်ကျူးက ဝန်ခံလိုက်သည်။

“အခု အဲဒီဒကာလေးက ဘယ်နေရာမှာလဲ။ သူက ကရုဏာမဲ့နတ်ဆိုးရဲ့လျို့ဝှက်ချက်နဲ့ ပတ်သက်ပြီး တစ်ခုခု ပြောခဲ့သေးလား…”

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။

ဟယ်ကျူးက ခေါင်းခါပြီး ပြန်ဖြေလိုက်၏။

“သူက ယွင်မိသားစုစံအိမ်ထဲကနေ ထွက်သွားပြီး တစ်နေရာရာမှာ ပုန်းနေတယ်…”

မုန့်ချီကတော့ စိတ်ပျက်မှုကို ဖိနှိပ်ထားလိုက်ပြီး ကရုဏာမဲ့နတ်ဆိုး၏ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အသေးစိတ် မေးနေခဲ့၏။

ထို့နောက် ဟယ်ရှိုက ဝင်ပြောလိုက်သည်။

“ဒါပေမဲ့ သွေးပြာလူသားတွေရဲ့ အဆင့်မြင့်နတ်ဆရာကတောင် ဆရာကြီးယွင်လို ပညာရှင်တစ်ယောက်ကို အလွယ်တကူ သတ်နိုင်မှာ မဟုတ်ဘူး။ ယွင်မိသားစုထဲမှာရှိတဲ့ တစ်ယောက်ယောက်က အကူအညီ မပေးဘဲ မဖြစ်နိုင်ဘူး..”

ဟယ်ကျူးက ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်လိုက်၏။

ယွင်မိသားစုရဲတိုက်ထဲတွင်တော့ အလွန်တောက်ပသော နေရောင်ခြည်များ ထွက်ပေါ်လာနေပြီး အောက်ဘက်တွင် ရှိနေသော အညစ်အကြေးများကို ဖုံးကွယ်ပေးထားသလို ဖြစ်နေသည်။

“အော်မီတော်ဖော်....”

မုန့်ချီက ရွတ်ဆိုလိုက်ပြီး သွေးပြာလူသားများနှင့် တိုက်ပွဲကို ပြန်လည်သုံးသပ်နေခဲ့သည်။

ဟယ်ကျူးနှင့် ဟွမ်တိုက်ချုံတို့က အချင်းချင်း လေးလေးနက်နက် ကြည့်လိုက်ကြပြီး ပြောလိုက်၏။

“သွေးပြာလူသားတွေက ရေနဲ့ အလုံးစုံ ပေါင်းစည်းနိုင်တယ်ဆိုတာ တော်တော် ထူးခြားနေတယ်။ ငါတို့က ရေကန်တိုင်းကို ဓားချီစွမ်းအားတွေ ဖြည့်ထားပြီး အထူးလျို့ဝှက်ထားတဲ့ ဆေးပုလင်းတစ်လုံးကို ထည့်သင့်တယ်။ ပြီး‌တော့ ယွင်မိသားစု စံအိမ်ထဲမှာရှိတဲ့ ရေတွေအားလုံးကို ချက်ချင်း ရှင်းပစ်သင့်တယ်…”

“အော်မီတော်ဖော်....

သူတို့က ပေါ်သွားကြပြီဖြစ်သလို ဒကာကြီးတို့ကလည်း ဒီနေရာမှာ ရှိနေတာကို သိနေမှတော့ အလျင်စလို လှုပ်ရှားရဲကြမှာ မဟုတ်ဘူး။ အခု သူတို့က ထွက်သွားကြပြီလို့ ထင်တာပဲ။ ရေတွေကို ရှင်းပစ်တာက သိပ်ပြီး အကူအညီ မဖြစ်နိုင်ဘူး။ ငါတို့က လမ်မှားနတ်ဆိုးတွေကိုလည်း သတိထားသင့်တယ်…”

မုန့်ချီက သတိပေးလိုက်၏။

“ဆရာတော်ပြောတာ ဟုတ်တယ်။ အဲဒါတွေကို ကျွန်တော်တို့က ဂရုမစိုက်လို့ မရဘူး..”

ဟယ်ကျူးက တိုးတိုးလေး ရယ်လိုက်မိသည်။

အပြာရောင်သလင်းကျောက်ကို သိမ်းဆည်းလိုက်ပြီး မုန့်ချီက မတ်တပ်ရပ်လိုက်သည်။ သူက လက်အုပ်ချီ၍ နှုတ်ဆက်စကား ပြောလိုက်၏။

“ဒကာလေးတို့က ဂရုစိုက်တယ်ဆိုရင် အဆင်ပြေပါပြီ။ တကယ်လို့ သွေးပြာလူသားတွေ ပေါ်မလာခဲ့ဘူး ဆိုရင်တောင် ငါက ယွင်မိသားစုရဲ့ အရေးကိစ္စတွေကို ဝင်ပါဖို့ မသင့်တော်ဘူး။ အခုတော့ ငါလည်း သွားတော့မယ်..”

ဟယ်ကျူးနှင့် တခြားသူများကတော့ ယွင်မိသားစုအရေးနှင့် ပတ်သက်ပြီး မုန့်ချီ၏ သဘောထားကို အံ့သြနေကြသည်။ သူတို့က သူ့ကို တံခါးအပြင်ဘက်သို့ လိုက်လံပို့ဆောင်ပေးခဲ့ကြ၏။

ယခုတစ်ကြိမ်တော့ မုန့်ချီက ရေကို သေချာစစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက ကရုဏာမဲ့နတ်ဆိုးအဖြစ် ပြန်ပြောင်း၍ ကျူးမိသားစု အိမ်ဂေဟာဆီသို့ ပြန်လာခဲ့သည်။

ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့က သူ့ကို စောင့်နေပြီး ဆရာတော်ဖာကျန်းက ဘာကြောင့် သခင်လေး ဟယ်ကျူးဆီသို့ လည်ပတ်ခဲ့ကြောင်း နှစ်ယောက်လုံးက သိချင်နေခဲ့ကြသည်။

မုန့်ချီက သွေးပြာလူသားနှင့် သူ၏တွေ့ဆုံမှုကို လျင်မြန်စွာ ပြောပြလိုက်ပြီး အိပ်ရာဆီသို့ လျှောက်သွားခဲ့သည်။ သူက ပြတင်းပေါက်အပြင်တွင် ပွင့်လန်းနေသော ပန်းပွင့်လေးများကို အပြုံးနှင့် စိုက်ကြည့်နေခဲ့၏။

“သွေးပြာလူသားတွေတော့ ပေါ်လာပြီ။ တစ်ခုခုတော့ မှားနေတယ်။ အရှေ့ပင်လယ် ဓားကျေးရွာက ထပ်ပြီးစောင့်မှာ မဟုတ်တော့ဘူး။ မနက်ဖြန် သူတို့က ယွင်မိသားစုရဲ့ သခင်အသစ်ကို ‌ရွေးချယ်လိုက်မှာ စိုးရတယ်။ မင်းတို့က အဆင်သင့်ဖြစ်နေပြီလား။ အဲဒါက နည်းနည်းလေးတော့ အလျင်လိုနေပြီ..”

ပိုင်ဟွာမိန်းမပျိုက တစ်ယောက်တည်း ရေရွတ်ပြီး စဉ်းစားကြည့်နေခဲ့သည်။

“အဲဒါက နင့်အမှားပဲ။ သွေးပြာလူသားတွေနဲ့ သွားပြီး ပတ်သက်နေတာ။ မဟုတ်ရင် ပိုပြီးတော့ကောင်းကောင်း ပြင်ဆင်လို့ ရသေးတယ်…”

အပြစ်ကင်းစင်သော မျက်နှာလေးရှိနေသည့် ယင်နင်ကလည်း တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“သွေးပြာလူသားတွေက လူသားတွေ၊ နတ်ဆိုးတွေနဲ့ ဝိညာဉ်တွေလိုမှ မဟုတ်တာ။ သူတို့က ရေဘိုးဘေးရဲ့တပည့်တွေလို ရေစွမ်းအားကို ထိန်းချုပ်နိုင်ကြတယ်…”

ရေဘိုးဘေးဟူသည်မှာ ရှေးဟောင်းရေနတ်ဘုရား၏ တခြားနာမည်တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှေး‌ဟောင်းရေနတ်ဘုရားက မိုးကြိုးနတ်ဘုရားပြီးလျှင် ဒုတိယအဆင့်လည်း ဖြစ်ကြ၏။

“သွေးပြာလူသားတွေရဲ့ အဖြစ်အပျက်မှာ တရားခံက ဘယ်သူလဲ သိချင်တယ်..” ပိုင်ဟွာမိန်းမပျိုက ပြန်ပြောလိုက်၏။

ထိုအချိန်တွင် အနက်ဝတ်မုန့်ချီက လက်နောက်ပစ်ပြီး လှေကားမှ ပြန်ဆင်းလာကြောင်း သူမက တွေ့လိုက်ရသည်။ သူ၏မီးခိုးရောင်ဆံပင်များက နေရောင်အောက်တွင် ပြောင်းလဲနေသလို ထင်မှတ်ရသည့်အတွက် ယခင်ကထက် ပို၍ ရင့်ကျက်တည်ငြိမ်နေပုံရသည်။

ကြာပန်းရေကန်၏ ဘေးနားတွင် မုန့်ချီက ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့ကို ကျောပေး၍ ရပ်နေခဲ့၏။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

“ယွင်မိသားစုစံအိမ်ကိုတော့ ရှင်းပြီးသွားပြီ။ သွေးပြာလူသားတွေက အဲဒီမှာ ပုန်းနေလို့ မရတော့ဘူး။ အဲဒါကြောင့် ဒီအချိန်အတောအတွင်း တစ်ယောက်ယောက်ရဲ့အိမ်ထဲမှာ သွေးပြာလူသားတွေကို တွေ့လိုက်မယ်ဆိုရင် အိမ်ပိုင်ရှင်ကလည်း ကြံရာပါအဖြစ် သတ်မှတ်ခံရနိုင်တယ်…”

သူက ပြောနေရင်း ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။ သူက ကြာပန်းရေကန်ထဲသို့ လက်ထည့်ကြည့်လိုက်၏။ သူက ရေ၏မျက်နှာပြင်ကို ညင်သာစွာ ခွဲခြမ်းကြည့်လိုက်ရာ အလွန်လျို့ဝှက်ဆန်းကြယ်‌သော အပြာရောင်အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။

မုန့်ချီက လက်တစ်ဖက်ကို ရေထဲတွင် လက်ဆေးလိုက်ပြီးနောက် လက်တစ်ဖက်ကို ခါလိုက်၏။ သူ၏လက်ထဲတွင် အပြာရောင်အလင်းကျောက်လေးတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။

ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့က အံ့သြမှင်တက်နေကြပြီး ရေအောက်ထဲတွင် မည်သည့်အရာများ ပုန်းအောင်းနေခဲ့ကြောင်း ယုံကြည်နိုင်ခဲ့ခြင်း မရှိချေ။ ထိုအရာက သာမန်ရေကန်တစ်ခုပမာ ထင်ရသည်။

မုန့်ချီက သွေးပြာလူသားနှင့် ရင်ဆိုင်ခဲ့သည့် အကြောင်းများကို နားထောင်ပြီးနောက် သူတို့က မသက်မသာ ခံစားလာရ၏။ သူတို့က သွေးပြာလူသား သူတို့၏အစွမ်းကို မတွေ့ခဲ့ရသော်လည်း ရေအောက်ထဲတွင် ပုန်းအောင်းနေနိုင်သည်ဟူသောအချက်က အကြောက်တရားများကို ခံစားမိနိုင်သည်။

ထိုအခြေအနေများကြောင့် သူတို့က ကရုဏာမဲ့နတ်ဆိုးကို တဖြည်းဖြည်းပို၍ လေးစားလာခဲ့ကြသည်။ သူက သွေးပြာလူသားများကို မည်သို့ အလွယ်တကူ တိုက်ခိုက်ရမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေ၏။

“ငါကိုယ်တိုင်က သွေးပြာလူသားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ပေမဲ့ ရေတွေက တစ်စုံတစ်ခု လွဲနေတာရှိမရှိ ငါက ဘယ်လို စစ်ဆေးနိုင်မှာလဲ…”

မုန့်ချီက လက်ဖဝါးထဲရှိ သလင်းကျောက်ကို ကြည့်ပြီး အပြုံးနှင့် ခေါင်းခါလိုက်မိသည်။

ထိုအရာက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် သက်ဆိုင်ခြင်း မရှိသော်လည်း နောက်ဆုံးတစ်ကြိမ်တွင် မုန့်ချီက တုပမှုကို အသုံးပြုနိုင်ခဲ့သည်။ သူက ထိုအရာကို အသုံးချပြီး သွေးပြာလူသားအဖြစ် ပြောင်းလဲနိုင်ခဲ့၏။ သူက ရေကိုထိန်းချုပ်ရာတွင် အားနည်းသော်လည်း သွေးပြာလူသားများ၏ ထိန်းချုပ်မှုကို စောင့်ကြည့်ကာကွယ်နိုင်သည်။

“ကြည့်ရတာ ဟယ်ကျူးက ယွင်မိသားစု အပြင်ဘက်မှာရှိတဲ့ ဘယ်သူ့ကိုမှ အသိမပေးထားဘူး ထင်တယ်…”

မုန့်ချီက အေးအေးဆေးဆေး ပြောလိုက်၏။

ပိုင်ဟွာမိန်းမပျိုက သူ့ကိုယ်သူ ထိန်းချုပ်ပြီး ပြောလိုက်သည်။

“သွေးပြာလူသားတွေက ဆရာကြီးရဲ့လက်ထဲကနေ မလွတ်နိုင်တာ တကယ်ထူးဆန်းတယ်။ ဆရာကြီးရဲ့ စွမ်းရည်ကြောင့် ကျွန်မကတောင် တော်တော်လေး နိမ့်ကျတယ်လို့ ခံစားရတယ်..”

သူမက ခဏရပ်လိုက်ပြီးနောက် မျက်တောင်များကို လှုပ်ရှား၍ ဆက်ပြောလိုက်၏။ “ဆရာကြီးက ကျွန်မတို့ဂိုဏ်းကို ပူးပေါင်းချင်လား သိချင်လိုက်တာ။ ကျွန်မတို့က ထိပ်တန်းဂိုဏ်းတစ်ခု မဟုတ်ပေမဲ့ အနည်းနဲ့အများတော့ လွှမ်းမိုးမှု ရှိပါသေးတယ်။ ကျွန်မတို့က ဆရာကြီးကို ကူညီပြီး ဖျက်ဆီးရေးဂိုဏ်းနဲ့ လော်အဖွဲ့အစည်းကို ဖျောင်းဖျပေးလို့ ရနိုင်တယ်..”

‘သူက တကယ့်ကို လေဟာနယ်မိန်းမပျိုဂိုဏ်းကပဲ..’

ထိုစကားကို ကြားသည့်အခါ မုန့်ချီက စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။

“ဖျက်ဆီး‌ရေးဂိုဏ်းနဲ့ လော်အဖွဲ့အစည်းကို ဖျောင်းဖျပေးဖို့လား…”

မုန့်ချီက ဝမ်းသာသွားခဲ့ပြီး ပြန်မေးလိုက်သည်။

“ဒါဆိုရင် မိန်းကလေးတို့က ဘယ်ဂိုဏ်းကလဲ..”

ပိုင်ဟွာမိန်းမပျိုက ပြုံးလိုက်၏။

“ဒါတွေပြီးသွားရင်တော့ ကျွန်မက ပြောပြပါ့မယ်။ နောက်ပိုင်း ယွင်မိသားစုနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကိုတော့ ကျွန်မနဲ့ သခင်(၉)တို့ပဲ ဆက်ပြီးတာဝန်ယူလိုက်ပါတော့မယ်..”

“ကောင်းပါပြီ…”

မုန့်ချီက ခေါင်းညိတ်ပြီး ထပ်ဖြည့်ပြောလိုက်သည်။

“မင်းတို့က သွေးပြာလူသားတွေအကြောင်း ရွမ်ကလန်က တတိယသခင်လေးကို သတင်းပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ…”

“ဘာကြောင့်လဲ…”

ပိုင်ဟွာမိန်းမပျိုနှင့် ယင်နင်တို့က ခေါင်းစဉ်ပြောင်းလဲသွားမှုကို နားမလည်နိုင်ကြပေ။

“ရွမ်မိသားစု တတိယသခင်လေးကလည်း သွေးပြာလူသားတွေနဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်ဝင်စားနေတာကို တွေ့ခဲ့ရတယ်..”

မုန့်ချီက သူတို့ကို လိမ်ပြောလိုက်သည်။

“ရွမ်ကလန်က ယွင်မိသားစုနဲ့ ရင်းနှီးတယ်။ အခု သူတို့က ငိုကြွေးခြင်း အခမ်းအနားကို တတိယသခင်လေး စေလွှတ်လိုက်တယ်။ ရွမ်ကလန်မှာ သေချာပေါက် လှုပ်ရှားမှုတွေ ရှိနေမှာပဲ။ ယွင်မိသားစုက သားသမီးတွေ ဒါမှမဟုတ် မြေးတွေကလည်း ကြံရာပါတွေ ဖြစ်နိုင်တယ်။ ဒီတော့ သွေးပြာလူသားတွေကြောင့် ရွမ်ကလန်မှာရှိတဲ့ တတိယ သခင်လေးကို သတင်းပေးနိုင်သလို နောက်ကျောကိုလည်း ဓားနဲ့ ထိုးလို့ရတယ်…”

“အဲဒါက အဓိပ္ပာယ်ရှိတယ်..”

ပိုင်ဟွာမိန်းမပျိုက တစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်း စဉ်းစားနေပုံရပြီး ပြုံးလိုက်မိ၏။

မိန်းမပျိုနှစ်ယောက် ထွက်သွားသည်ကို မြင်သည့်အခါ မုန့်ချီက သူတို့ မည်သူ့ကို ကူညီပေးနေကြောင်း ဖော်ထုတ်ရန် ကြိုးစားခဲ့ခြင်း မရှိချေ။ ထိုအရာက ယွင်မိသားစုထဲမှ သခင်(၉) သို့မဟုတ် သခင်(၁၃)ပေလော။ ထိုအရာက သူနှင့် မသက်ဆိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အတွက် ပစ်မှတ်က တစ်ခုတည်းသာ ဖြစ်၏။

ထိုအရာကတော့ အမှောင်ဓားသခင်ကို ဖော်ထုတ်ပြီး မကောင်းဆိုးဝါး အမှတ်အသားကို ဆက်လက်ရှာဖွေရန် ဖြစ်သည်။

Translated by Hein Htet

All Chapters