အခန်း (၆၂၂)
Vol. 42 Ch. 622
လင်းဟိုင်ဆိပ်ကမ်းတွင် ပင်လယ်ထဲ၌ သွားလာနိုင်သော ကုန်တင်လှေကြီးတစ်စင်း ရှိနေခဲ့သည်။ ပိုင်ဟွာမိန်းမပျိုနှင့် မုန့်ချီတို့က မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ယင်နင်ကတော့ သူ့အမေ၏နောက်တွင် ပုန်းအောင်းနေခဲ့၏။ ချစ်စရာကောင်းသော သူမ၏မျက်နှာလှလှလေးကိုလည်း မြင်နေရသည်။
"ဒီကိစ္စမှာတော့ ကျွန်မတို့က ရှင့်အပေါ် တော်တော်လေး အကြွေးတင်သွားပြီ ဆရာကြီးကရုဏာမဲ့...။ မဟုတ်ရင် ဒီရလဒ်က တွေးကြည့်လို့တောင် မရနိုင်ဘူး…"
ပိုင်ဟွာမိန်းမပျိုက (၂) ကြိမ်တိတိ ကျေးဇူးတင်စကားပြောလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် လေးစားအားကျမှုများ ပြည့်နှက်နေခဲ့၏။ မုန့်ချီ၏နေရာတွင် သာမန်လူတစ်ယောက်သာဆိုလျှင် သူ၏အတ္တက သူ၏အာရုံများကို သေချာပေါက် ဖုံးလွှမ်းသွားခဲ့ပါလိမ့်မည်။
‘အတိအကျပဲ။ တကယ်လို့ ငါ့ကြောင့်သာ မဟုတ်ရင် မင်းတို့က အဖမ်းခံရလုနီးပါး သေချာပေါက် ကြုံရမှာ မဟုတ်ဘူး…’
အလွန်တည်ငြိမ်အေးချမ်းသော မျက်နှာအမူအရာအောက်တွင် မုန့်ချီကတော့ စိတ်ထဲတွင် ခနဲ့သလို ပြုံးနေမိသည်။
သူက ပိုင်ဟွာမိန်းမပျို၏အကြည့်ကို လျစ်လျူရှုထားပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
"လင်းဟိုင်မှာရှိတဲ့ ပြဿနာတွေ ပြီးသွားပြီဆိုမှတော့ အခု မင်းတို့ဂိုဏ်းနဲ့ ပတ်သက်တဲ့အရာတွေကို အသေးစိတ် ပြောပြနိုင်ပြီ…"
ပိုင်ဟွာမိန်းမပျို၏မျက်လုံးက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ နှလုံးသားက ကျောက်တုံးတစ်တုံးကဲ့သို့ ဖြစ်နေသော ထိုအဘိုးအိုကြီးက သူ့ကို အစစအရာရာ ရှုံးနိမ့်အောင် လုပ်ဆောင်နေခဲ့သည်။
သူမကတော့ ချစ်စဖွယ် အပြုံးလေးနှင့် ပြောလိုက်၏။
"ဒီလိုကျယ်ပြန့်လှတဲ့ ကမ္ဘာကြီးထဲမှာ ဆရာကြီးနဲ့ဖျက်ဆီးရေးဂိုဏ်း ၊ လော်အဖွဲ့အစည်းတို့ရဲ့ပြဿနာတွေကို အဆုံးသတ်ပေးနိုင်တဲ့ အင်အားစုအများကြီး မရှိပါဘူး။ ပြီးတော့ ယင်နင်က သူ့ရဲ့ယင်စွမ်းအားတွေကို ယန်စွမ်းအားအဖြစ် ဘယ်လိုပြောင်းရမလဲဆိုတာ သိနေတယ်လေ။ ဒီတော့ ဆရာကြီးကရုဏာမဲ့က မခန့်မှန်းမိဘူးလား…"
"လေဟာနယ်မိန်းမပျိုဂိုဏ်းလား…"
မုန့်ချီ၏အမူအရာက တည်ငြိမ်သွားခဲ့သည်။
သူက ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ ထို့ကြောင့်လည်း ပိုမီတွင် ရှိနေသော မကောင်းဆိုးဝါးအိုကြီးများက အဆင့်တက်ရန် အသည်းအသန် ကြိုးစားနေကြခြင်း ဖြစ်သည်။ သူတို့၏တန်ဖိုးကို ပြသရန် လုံလောက်သော အစွမ်းမျိုး မရှိလျှင် သူတို့က အင်အားစုကြီးများ၏ အခွင့်အရေးပေးမှုကို ရရှိလိမ့်မည် မဟုတ်ချေ။
သူတို့က အကာအကွယ်ရမည် မဟုတ်သလို သူတို့နောက်သို့ လိုက်လံတိုက်ခိုက်နေသူများနှင့် ညှိနှိုင်းရန်လည်း မဖြစ်နိုင်တော့ပေ။ သူတို့က ဤကမ္ဘာကြီးထဲတွင် ခိုလှုံရာနေရာပင် ရှာတွေ့နိုင်ခြင်း မရှိနိုင်ချေ။
သူ့လို သွေးပြာလူသားများကို သတ်ဖြတ်ခဲ့သူ တစ်ယောက်အတွက်တော့ ဟွမ်တိုက်ချုံနှင့် ဟယ်ကျူးတို့၏ သဘောကျမှုကို ခံခဲ့ရသည်မှာ ကံကောင်းသွားသည်။ သူ၏ရပ်တည်မှုနှင့် ဆန့်ကျင်ပြီး သခင် (၉) နှင့် ပိုင်ဟွာမိန်းမပျိုတို့၏ ပတ်သက်မှုကိုလည်း ပြောပြခဲ့သည်။
မဟုတ်လျှင် ထိုမိန်းမပျိုက လော်အဖွဲ့အစည်း၊ ဖျက်ဆီးရေးဂိုဏ်းနှင့် သူတောင်းစားဂိုဏ်းတို့ကို ပြဿနာရှာခဲ့သော သူ့အပေါ် ကမ်းလှမ်းရန် သေချာပေါက် ငြင်းဆန်ကြပါလိမ့်မည်။ သူတို့က သာမန်ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက်အတွက် ထိုလူများကို ရန်ပြုလိမ့်မည် မဟုတ်ချေ။
"ဆရာကြီးပြောတာ မှန်ပါတယ်…"
ပိုင်ဟွာမိန်းမပျိုက နှုတ်ခမ်းကို လက်နှင့်အုပ်ပြီး တိုးတိုးလေး ရယ်လိုက်သည်။
သူမ၏မျက်နှာပေါ်တွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု အနည်းငယ် ရှိနေ၏။ သူမက မုန့်ချီကို စစ်ဆေးကြည့်လိုက်ရာ သူမ၏အမူအရာက ပြောင်းလဲသွားခဲ့သည်။
မုန့်ချီက ပြုံးလိုက်ပြီး သူ၏မျက်လုံးထဲတွင် အေးစက်ချင်ယောင်ဆောင်လိုက်၏။
"ကျုပ်ကို (၃) နှစ်သားကလေးတစ်ယောက်လို ထင်နေတာလား။ လေဟာနယ်မိန်းမပျိုဂိုဏ်းက ယောကျ်ားတွေရဲ့ယန်စွမ်းအားကို ဝါးမျိုနေတယ်ဆိုတာ လူတိုင်းသိနေတာပဲ။ မင်းတို့က ငါ့ကို လူသားမီးဖို ဒါမှမဟုတ် ဆေးပင်တစ်ပင်အဖြစ် သတ်မှတ်ဖို့ ခေါ်သွားချင်တာလား…"
သူ၏မကျေနပ်မှုကို ပြသရန်အတွက် သူက သူ့ကိုယ်သူ ပို၍ရင်းနှီးသော အသုံးမျိုးနှင့် တမင်တကာ အသုံးပြုလိုက်သည်။
ပိုင်ဟွာမိန်းမပျိုကတော့ အံ့သြသွားခဲ့ခြင်း မရှိချေ။ ထိုအရာက လမ်းမှားပညာရှင် တစ်ယောက်၏ ပုံမှန်တုန့်ပြန်မှုမျိုး ဖြစ်သည်။ သူမက ခန္ဓာကိုယ်လေး လှုပ်ရှားသွားအောင်ပင် ခပ်သဲ့သဲ့လေး ရယ်လိုက်မိ၏။ သူမ၏ခန္ဓာကိုယ် လှုပ်ရှားမှုများက ဖွင့်ထွားနေသော ခန္ဓာကိုယ် အလှအပများကို အလေးပေး ဖော်ပြနေခဲ့သည်။
"သူက အလှတရားတွေနဲ့ ဆွဲဆောင်ဖို့ လုံးဝမရပ်ခဲ့ပါလား…"
မုန့်ချီ၏အကြည့်ကတော့ ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူ့ပုံစံက အေးစက်နေမြဲသာ ဖြစ်၏။
"ဒါက သာမန်လူတွေ ပြောနေကြတဲ့ ဒဏ္ဍာရီတစ်ခုသက်သက်ပါပဲ။ ဆရာကြီးက ဘာလို့ယုံရတာလဲ…"
နောက်ဆုံးတွင်တော့ ပိုင်ဟွာမိန်းမပျို၏ ရယ်သံလေးက ရပ်တန့်သွားခဲ့ပြီး သူမ၏မျက်လုံးများက ရွှန်းလဲ့လာပြီး နူးညံ့ပျော့ပျောင်းလာခဲ့သည်။
"လေဟာနယ်မိန်းမပျိုဂိုဏ်းကို အဖွဲ့ (၂) ဖွဲ့ခွဲထားတယ်။ အဲဒီအရာကလည်း ကောင်းကင်(၉)သွယ်က ရှေးဟောင်းဆန်းကြယ်နတ်သမီးရဲ့ အမွေဆက်ခံမှုအပေါ် အခြေခံထားတယ်။ နောက်လိုက်တွေက ယောကျ်ားနဲ့မိန်းမ ကာမဆက်ဆံရတဲ့ နှစ်မွှာကျင့်စဉ်တွေကို ကျင့်ကြံကြရတယ်။ အဲဒါက (၂) ဖက်စလုံးအတွက် အကျိုးအမြတ်ရှိတဲ့ ဆက်ဆံရေးတစ်ခုပါပဲ။ တခြားတစ်ယောက်ကို ဝါးမျိုရတဲ့ ပြဿနာမျိုး လုံးဝမရှိဘူး။ ဆရာကြီးကရုဏာမဲ့က ဒီအကြောင်းအရာကိုလည်း ကြားဖူးမယ်ဆိုတာ သေချာပါတယ်…"
‘သိတာပေါ့။ လေဟာနယ်မိန်းမပျိုဂိုဏ်းရဲ့ ပင်မသိုင်းကျမ်းက ကံကြမ္မာနဲ့ခွဲခွာခြင်း နှစ်မွှာကျင့်စဉ်ဖြစ်တဲ့ နီမဏကာရ လှုပ်ရှားမှုဆိုတာကိုတောင် သိထားသေးတယ်။ လက်ရှိဆန်းကြယ်နတ်သမီးဆက်ခံသူကလွဲရင် အကြီးအကဲတွေ၊ တပည့်တွေက ပုံမှန်ယောကျ်ားနဲ့ မိန်းမ ကာမဆက်ဆံပြီး နှစ်မွှာကျင့်စဉ်ကို လုပ်ဆောင်ရတဲ့အပြင် လေဟာနယ်မိန်းမပျိုကျင့်စဉ်ရဲ့ အပြင်ပိုင်းကျင့်စဉ်တွေကိုလည်း လေ့ကျင့်ကြရတယ်."
မုန့်ချီက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ မင်းတို့က ငါ့ကို ဒီလိုမျိုး တိုက်တွန်းနေတယ်ဆိုတော့ မင်းတို့က လေဟာနယ်မိန်းမပျိုဂိုဏ်းရဲ့ဘယ်အဖွဲ့ကလဲ…"
"ကျွန်မတို့က ပျော်ရွှင်ခြင်း ဗောဓိတဗ္ပမျိုးဆက်ကပါ…"
ပိုင်ဟွာမိန်းမပျိုက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
မုန့်ချီကတော့ ဒေါသကို ဖော်ပြရမည့်အစား အလွန်နက်ရှိုင်းသော အမူအရာနှင့် သူမကို စိုက်ကြည့်နေခဲ့၏။ သူက အချိန်မရွေး ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးကဲ့သို့ ထင်ရသည်။
"မင်းက ငါ့ရဲ့အချိန်တွေကို ဖြုန်းနေတာလား မိန်းကလေး..."
သူမက ကျေနပ်စွာ ရယ်မောလိုက်၏။
"ခဏ ခဏ စိတ်ထိန်းထားပါဦး ဆရာကြီးကရုဏာမဲ့...။ ကျွန်မ ရှင်းပြပါရစေ…"
သူမ၏အလှတရားများကို ထိန်းချုပ်ထားလိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
"ကျွန်မတို့ ပျော်ရွှင်ခြင်းဗောဓိတဗ္ပဂိုဏ်းခွဲရဲ့ အမွေဆက်ခံမှုတွေက ကရုဏာကွမ်ရင်ဗောဓိတဗ္ပအပေါ် အခြေခံထားတာပါ။ အဲဒါက တခြားသူတွေကို ဖြည့်ဆည်းပေးဖို့အတွက် ခန္ဓာကိုယ်ကိုတောင် အသုံးချခဲ့တဲ့ နတ်ဘုရားတစ်ပါးလေ။ ကျွန်မတို့မှာ စုံတွဲကျင့်ကြံသူတွေ များများမရှိတဲ့အတွက် ကျွန်မတို့က လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တခြားသူတွေရဲ့ စွမ်းအားတွေကို ဝါးမျိုကြရတယ်။ ကျွန်မတို့က ပျော်ရွှင်ခြင်းဗောဓိတဗ္ပရွှေခန္ဓာကိုယ် ဖန်တီးနိုင်ဖို့အတွက် အဲဒီအားဖြည့်မှုတွေကို ယူကြရတယ်။ တကယ်လို့ ကျွန်မတို့ကသာ ဓမ္မကာရအဆင့်ကို ရောက်ချင်တယ်ဆိုရင် ကွမ်ရင်ဗောဓိတဗ္ပရွှေခန္ဓာကိုယ် ဖန်တီးချင်တယ်ဆိုရင် ကာမဆက်ဆံခြင်းနဲ့ပတ်သက်ပြီး ပြည့်ပြည့်ဝဝ နားလည်ထားဖို့ လိုအပ်တယ်။ ပြီးတော့ ပုံစံမျိုးစုံကိုရောပေါ့။ ပြီးရင်တော့ ကျွန်မတို့တွေက ယောကျ်ားတွေအပေါ် အခွင့်အရေးပြန်ပေးရပြီး သာမန်လူတွေအပေါ်ကိုလည်း သနားငဲ့ညှာပေးရတယ်.."
ပိုင်ဟွာမိန်းမပျို၏ မိတ်ဆက်ပေးမှုကြောင့် မုန့်ချီက အနည်းငယ် အံ့သြသွားခဲ့သည်။ ပျော်ရွှင်ခြင်းဗောဓိတဗ္ပမျိုးဆက်၏ ဘိုးဘေးတည်ထောင်သူက မည်ကဲ့သို့သော ထူးဆန်းသည့် လူတစ်ယောက် ဖြစ်နေမည်နည်း။ သူကတော့ ကွမ်ရင်ဗောဓိတဗ္ပကို အမှီပြု၍ ထိုကဲ့သို့ နည်းလမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
ထို့ကြောင့်လည်း ဆွေယွဲ့သီလရှင်ကျောင်းနှင့် ဆန်းကြယ်နတ်သမီး ဆက်ခံသူတို့က ဆီနဲ့ရေကဲ့သို့ ဖြစ်နေသော်လည်း နီးစပ်သော ပတ်သက်မှုတစ်ခုရှိနေခြင်း ဖြစ်သည်။ လမ်းမှားပညာရှင်များက ကွမ်ရင်ဗောဓိတဗ္ပ၏ ဂုဏ်သတင်းကို အလုံးစုံ ဖျက်ဆီးနေသည့် အချိန်တွင် လမ်းမှန်ဂိုဏ်းများက ဒေါသမထွက်ဘဲ နေနိုင်ကြမည်လော။
မုန့်ချီကတော့ ပိုင်ဟွာမိန်းမပျို၏ နောက်ပိုင်းစကားလုံးများကို လျစ်လျူရှုထားခဲ့သည်။ သူက ထိုအကြောင်းအရာများကို မယုံကြည်ခဲ့ပေ။ အကယ်၍ အမှန်ဖြစ်နေလျှင်ပင် ပြန်လည်ရရှိနိုင်သော အကျိုးအမြတ်က ပျော်ရွှင်ခြင်း ဗောဓိတဗ္ပရွှေခန္ဓာ ပြည့်စုံသည့်အချိန်ထိ စောင့်နေရန် လိုအပ်သည်။
လက်ရှိမျိုးဆက် ပျော်ရွှင်ခြင်းဗောဓိတဗ္ပကပင် ယခုအချိန်ထိ ဓမ္မကာရအဆင့်ကို မရောက်သေးပေ။ ပျော်ရွှင်ခြင်း ဗောဓိတဗ္ပရွှေခန္ဓာကတော့ ဆိုဖွယ်ရာပင် မရှိသေးပေ။ ဗောဓိတဗ္ပအမည်ခံထားသော တခြားပညာရှင်များကတော့ သူမထက်ပင် ပို၍ဝေးကွာနေသေး၏။
အကယ်၍ သူကသာ ပြန်လည်ပေးဆပ်မှုကို စောင့်ဆိုင်းရမည်ဆိုလျှင် သူ၏ကောင်းမွန်သော ရုပ်ရည်၊ ပုံစံနှင့် ပါရမီအပေါ် သူမ၏စိတ်လှုပ်ရှားမှုကို ကြိုးစားခြင်းကသာ ပိုကောင်းနေပါသေးသည်။ ထိုသို့ဆိုလျှင် သူမက သူ၏ယန်စွမ်းအားများကို ဝါးမျိုချင်တော့မည် မဟုတ်ချေ။ ရလဒ်ကလည်း အိပ်မက်ဆန်သော ခံစားမှုတစ်ခု ရရှိနိုင်၏။
သူမက စကားလုံးသက်သက်နှင့် ကရုဏာမဲ့နတ်ဆိုး၏ နှလုံးသားကို လှုပ်ရှားအောင် လုပ်ဆောင်ရန် မအောင်မြင်ကြောင်း ပိုင်ဟွာမိန်းမပျိုက သိနေခဲ့၏။ တစ်ဖက်လူကတော့ ဝမ်းသာနေသည့် ခံစားချက်များကို အနည်းငယ်လေးပင် ပြသခဲ့ခြင်း မရှိချေ။
သူမက အပြုံးနှင့် ပြောလိုက်၏။
"ဆရာကြီးကရုဏာမဲ့ …
ဆရာကြီးက အဖမ်းခံထားရတဲ့ လူသားမီးဖိုတစ်ခု မဟုတ်ဘူး။ ကျွန်မတို့ရဲ့ အဖွဲ့အစည်းအောက်မှာ ရှိနေတဲ့ ပြင်ပပညာရှင်တစ်ယောက်ပါ။ ကျွန်မတို့ ပျော်ရွှင်ခြင်းဗောဓိတဗ္ပမျိုးဆက်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဆရာကြီးက နည်းနည်းလောက် ဆန့်ကျင်မယ်ဆိုရင်တောင် ဘယ်သူကမှ ဆရာကြီးရဲ့ စွမ်းအားတွေကို အတင်းအကျပ် စုပ်ယူမှာ မဟုတ်ပါဘူး။ ဆရာကြီးရဲ့အစွမ်းတွေကို ဝါးမျိုနိုင်လောက်အောင် အစွမ်းထက်တဲ့သူတွေကလည်း ဆရာကြီးရဲ့သဘောတူညီမှုကို လိုအပ်တယ်။ တခြားသူတွေကိုတော့ ဆရာကြီးက ကြိုက်သလို လုပ်နိုင်တယ်။ ပြီးတော့ အခုမှစပြီး ကျင့်ကြံနေတဲ့ အပျိုစင်မိန်းမပျိုတွေလည်း ရှားပါးမှုမရှိပါဘူး.."
မုန့်ချီ၏အမူအရာက တည်ငြိမ်နေသေးသည်။
"ဒါက အပိုစကားပြောသလိုပဲ ဖြစ်မှာပေါ့။ လက်ရှိ ပျော်ရွှင်ခြင်းဗောဓိတဗ္ပရဲ့အစွမ်းမျိုးနဲ့ ငါက မင်းတို့ရဲ့ပိုင်နက်ထဲကို ရောက်သွားပြီဆိုရင် သေမှာ ထိုင်စောင့်နေရတဲ့ သားကောင်တစ်ကောင်လို ဖြစ်သွားပြီမဟုတ်လား…"
"ဆရာကြီးရဲ့စကားတွေက သင့်တော်ပါတယ်။ ဒါပေမယ့် ကျွန်မက ကျိန်စာတစ်ခုကိုသုံးပြီး လျှို့ဝှက်စာချုပ်တစ်ခု လုပ်လိုက်မယ်ဆိုရင်တောင် အဲဒီအရာက ကျွန်မတစ်ယောက်တည်းနဲ့ပဲ ပတ်သက်နေလိမ့်မယ်။ အဲဒါက ဆရာကြီး ကျွန်မကို ယုံကြည်လာအောင် လုပ်ပေးဖို့တော့ မလုံလောက်ပါဘူး.."
ပိုင်ဟွာမိန်းမပျိုက ထိုအချက်ကို ကောင်းကောင်းကြီး နားလည်ထားခဲ့သည်။
"ဒီလိုလုပ်ကြရင် မကောင်းဘူးလား။ ကျွန်မက ဆရာကြီးကို ကျွန်မတို့ရဲ့စခန်းတစ်ခုဆီ အရင်ဆုံးခေါ်သွားမယ်။ အဲဒီနေရာက ပျော်ရွှင်ခြင်းဗောဓိတဗ္ပနဲ့ ဆန်းကြယ်နတ်သမီးမျိုးဆက်တွေ အတူတကွ မျှဝေနေထိုင်ကြတဲ့ နေရာတစ်ခုပဲ။ တကယ်လို့ တစ်ယောက်ယောက်ကသာ ဆရာကြီးရဲ့စွမ်းအားတွေကို အတင်းအကျပ် ဝါးမျိုဖို့ ကြိုးစားတယ်ဆိုရင် ဆရာကြီးက ဆန်းကြယ်နတ်သမီးဂိုဏ်းခွဲဆီကို ခိုလှုံပြီး သူတို့ရဲ့တပည့်တွေနဲ့ နှစ်မွှာကျင့်စဉ် လုပ်ဆောင်လို့ရတယ်။ ဂိုဏ်းခေါင်းဆောင် ဗောဓိတဗ္ပကသာ သဘောတူပြီး ကျိန်ဆိုလိုက်မယ်ဆိုရင် ဆရာကြီးက စိတ်အေးအေးထားလို့ရပြီ…"
သူတို့က ပျော်ရွှင်ခြင်းဗောဓိတဗ္ပကို ဂိုဏ်းခေါင်းဆောင် ဗောဓိတဗ္ပဟု ခေါ်ဆိုကြပြီး တခြားသော ဗောဓိတဗ္ပဟူသော နာမည်များလည်း ရှိနေခဲ့သည်။
‘ဒါက ငါကြားချင်နေတဲ့ အရာတစ်ခုပဲ…’
နောက်ဆုံးတွင်တော့ သူ ကြိုးစားခဲ့ရသော ရလဒ်က ဆန်းကြယ်နတ်သမီးမျိုးဆက်နှင့် နီးစပ်ခွင့်ရရန် ဖြစ်သည်။ ပျော်ရွှင်ခြင်းဗောဓိတဗ္ပမျိုးဆက်နှင့် ရင်းနှီးလိုခြင်း မဟုတ်ချေ။
သူက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။
"အဲဒါဆိုရင်တော့ ငါက စိတ်ချပါပြီ။ ကျေးဇူးပြုပြီး လမ်းပြပါ မိန်းကလေး..."
"ကျွန်မက ဆရာကြီးနဲ့အတူ မလိုက်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက လင်းဟိုင်မှာရှိတဲ့ ရေမြို့ထဲမှာ ကိစ္စလေးတွေကို စီမံစရာ ကျန်နေသေးလို့ပါ…"
သူမက ယင်နင်ကို လှည့်ကြည့်ပြီး ပြောလိုက်၏။
"ယင်နင် …
ဆရာကြီးကရုဏာမဲ့ကို လီဟွားကျွန်းဆီ ခေါ်သွားပေးလိုက်ပါ…"
"ဟုတ်ကဲ့ပါ အမေ…"
ယင်နင်က ခေါင်းညိတ်ပြလိုက်၏။
"တကယ်လို့ ဆရာကြီးကရုဏာမဲ့က နင့်ကို လိုချင်နေတယ်ဆိုရင်လည်း သူနဲ့အတူ နေလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် နင်က သူ့အပိုင်ဖြစ်သွားပြီလေ.."
ပိုင်ဟွာမိန်းမပျိုက စနောက်၍ ပြောလိုက်၏။
ယင်နင်၏ ခန္ဓာကိုယ်လေးက လှုပ်ရှားသွားခဲ့ပြီး သူမက ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ခက်ခက်ခဲခဲ ကြိုးစားပြီးမှသာ သူက တည်ငြိမ်သွားခဲ့ပြီး သူမ၏မျက်နှာလေးက လုံးဝကို နီရဲနေခဲ့သည်။
သူမက မုန့်ချီကို ပြောလိုက်၏။
"အချက်အလက်တွေအရ လီဟွားကျွန်းက ကျွန်းတွေရဲ့ အပြင်ဘက်မှာ နစ်မြုပ်နေတဲ့ ကျွန်းတစ်ခုပဲ။ ပင်မကျွန်းကြီးကတော့ တူညီတဲ့နေရာမှာပဲ ရှိတယ်။ အဲဒီနေရာက ကျွန်မတို့မျိုးဆက်ရဲ့ မဟာဗောဓိတဗ္ပ (၈) ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လျန်ယုဗောဓိတဗ္ပရဲ့ လေ့ကျင့်ရေးနေရာပဲ။ ဆန်းကြယ်နတ်သမီးမျိုးဆက်ရဲ့ ရှန့်မြစ်နတ်သမီးက သူ့ယောကျ်ား သေသွားပြီးတဲ့နောက် အဲဒီနေရာမှာ ကောင်းကောင်းနေထိုင်နေတယ်…"
မုန့်ချီက ခံစားချက်ကင်းမဲ့စွာ ခေါင်းညိတ်ပြလိုက်ပြီး ခန့်မှန်း၍ မရနိုင်သော အမူအရာတစ်ခုကို ထိန်းသိမ်းထားခဲ့သည်။ သူ့ရင်ထဲတွင်တော့ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ သိုင်းသခင်များက သူ၏လက်ရှိ ရုပ်ဖျက်ထားမှုကို အလွယ်တကူ မြင်တွေ့သွားမှာလည်း စိုးရိမ်နေခဲ့သည်။
ဟွမ်တိုက်ချုံကဲ့သို့ လူတိုင်းက သူ၏ထောင်ချောက်ထဲကို ကျရောက်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူက သူ၏ဖုံးကွယ်ထားသော အငွေ့အသက်ကို ရှာဖွေရန် ကြိုးစားလိုက်သည့်အချိန်တွင် သူကတော့ ကံကြမ္မာကွင်းဆက်နည်းလမ်းနှင့် ဖယ်ရှားခဲ့သည်။
ဟွမ်တိုက်ချုံ ရှာဖွေတွေ့ရှိခဲ့သည်မှာ အပေါ်ယံသာဖြစ်ပြီး အမှန်အတိုင်း ပြောရလျှင်တော့ သူ၏ဖုံးကွယ်ထားမှု သက်သက်သာ ဖြစ်သည်။ အကယ်၍ သူ့ကို စုမုန့်အဖြစ် ရှာတွေ့သွားမည်ဆိုလျှင်ပင် သူက အလွန်အမင်း ပြဿနာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဟယ်ကျူးနှင့် ဟယ်ရှိုတို့က မိသားစုဝင်များဟု သတ်မှတ်နိုင်ခြင်းကြောင့် ဖြစ်သည်။
ယခုတစ်ကြိမ်တော့ သူက လျန်ယုဗောဓိတဗ္ပနှင့် ရှန့်မြစ်နတ်သမီးတို့ကို ရင်ဆိုင်ရမည် ဖြစ်သည်။ နှစ်ယောက်လုံးက နာမည်ကျော် ပြိုင်ဘက်ကင်း သိုင်းပညာရှင်များ ဖြစ်ကြ၏။
သူက ပထမခြေလှမ်းတွင် ကံကောင်းသွားခဲ့သည်။ ထို့သေူက လီဟွားကျွန်းကို ရှာဖွေပြီး ဖုံးကွယ်ထားမှုကို ဖယ်ရှား၍ ကျွန်းပေါ်တွင် နေထိုင်သူတစ်ယောက်အဖြစ် ဟန်ဆောင်ရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဆန်းကြယ်နတ်သမီး၏ နတ်သမီးနယ်မြေကို အားကြိုးမာန်တက် ရှာဖွေရမည် ဖြစ်၏။
သူက ပျော်ရွှင်ခြင်း ဗောဓိတဗ္ပနှင့် တွေ့ဆုံကတိပေးရန် လုံးဝမဖြစ်နိုင်သော်လည်း ယခုအချိန်တွင် သူတို့၏ ပြင်ပအကြီးအကဲတစ်ယောက် ဖြစ်လာခဲ့သည်။ လက်တစ်သန်း၏ ဦးဆောင်မှုနှင့် ယင်နင်က မုန့်ချီကို အဝေးသို့ ခေါ်သွားခဲ့၏။
သူတို့က (၁၀) ရက်ခန့် ပျံသန်းလာပြီး နောက်ဆုံးတွင်တော့ ပြင်ပကျွန်းများကို ဖြတ်ကျော်လာခဲ့ကြသည်။ ထို့နောက် သူတို့မျက်စိထဲတွင် စိမ်းပြာရောင် ပင်လယ်ကြီးကိုသာ မျက်စိတဆုံး မြင်နေရ၏။
"ဆရာကြီးကရုဏာမဲ့ ကျွန်မတို့က ဒီနေရာကနေ လီဟွားကျွန်းကို လှေနဲ့ပဲသွားလို့ရတယ်…"
လက်တစ်သန်းကို ပြန်လွှတ်လိုက်ပြီးနောက် ယင်နင်က ပြောလိုက်သည်။
သူတို့က လေဟာနယ်မိန်းမပျိုဂိုဏ်းနှင့် ပူးပေါင်းနေသူများဟု သတ်မှတ်နိုင်ပြီး ယွင်မိသားစုနှင့် အရှေ့ပင်လယ်ဓားကျေးရွာ၏ ပတ်သက်မှုကဲ့သို့ ဖြစ်ကြသည်။ အလွန်ကျယ်ပြန့်သော ပင်လယ်ကြီးထဲတွင် အပြာရောင်ရေများက အလွန်နက်မှောင်နေသည့်အတွက် အနက်ရောင် ဖြစ်လုနီးပါး ဖြစ်နေသည်။ ထိုအရာက တိုက်ပွဲတစ်ပွဲမဖြစ်ခင် တင်းမာနေသော အခြေအနေကဲ့သို့ ဖြစ်နေ၏။
လှေတစ်စင်းက ထူးခြားသော လမ်းကြောင်းအတိုင်း သွားလာနေပြီး မြုပ်နေသော ကျွန်းများကို ကွေးပတ်သွားခဲ့၏။ သူတို့က ထိုကျွန်းများ၏အနားကို သွားလာခြင်းမရှိသလို ချဉ်းကပ်သွားခဲ့ခြင်းလည်း မရှိချေ။ မုန့်ချီက ယင်နင်ကို မေးခွန်းထုတ်ခဲ့ခြင်း မရှိချေ။
မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် သူက လှေ၏အခန်းထဲသို့ ဝင်လာရာ ယင်နင်က အိပ်ရာပေါ်တွင် စောင်ခြုံထားကြောင်း တွေ့လိုက်ရသည်။ ကြမ်းပြင်ပေါ်တွင်တော့ အဝတ်အစားများကို ချွတ်ထားပြီး သူမဆီမှ လူတစ်ယောက်၏ သွေးကို ဆူပွက်လာစေနိုင်သော မွှေးရနံ့တစ်ခု ထွက်လာနေခဲ့သည်။
"မင်း ဘာလုပ်တာလဲ…"
မုန့်ချီက တံခါးဝတွေရပ်ပြီး လက်နောက်ပစ်ထားခဲ့၏။
ယင်နင်က ဒေါသထွက်သွားသော်လည်း မျက်လုံးမှိတ်ထားခဲ့သည်။ သူမ၏မျက်တောင်လေးများက ကော့ညွတ်နေပြီး တုန်ယင်နေသောအသံနှင့် ပြောလိုက်သည်။
"ကျွန်မက ဆရာကြီးရဲ့အစေခံ ဖြစ်နေပြီလေ။ ဒီတော့ ဆရာကြီးကို အသုံးတော်ခံပြီး ပျော်စရာတွေ ဖန်တီးပေးမလို့ပါ…"
သူတို့၏ မူလသဘောတူညီချက်အရ လင်းဟိုင်မှ အဖြစ်အပျက် ပြီးဆုံးသွားသည်နှင့် အပေးအယူက ပြည့်စုံသွားပြီ ဖြစ်သည်။ မုန့်ချီ၏မျက်ခွံများက လှုပ်ရှားသွားခဲ့၏။ သူက ရှေ့ကို ခြေတစ်လှမ်းတိုးလာပြီး လက် (၂) ဖက်ကို နောက်ပစ်ထားသေးသည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"အခုတော့ မလိုအပ်သေးပါဘူး။ မင်းရဲ့ခန္ဓာကိုယ်က အရေးကြီးတဲ့အရာတစ်ခုပဲ။ ငါက အဆင့်တက်ဖို့ နည်းနည်းလေး လိုနေသေးတယ်။ ဒီတော့ တစ်ယောက်တည်း ကျင့်ကြံမှုကို အလေးထားဖို့လိုတယ်။ ငါက အရာအားလုံးကို ပြင်ဆင်ပြီး ငါ့ရဲ့အုတ်မြစ်ကို တည်ဆောက်ပြီးသွားပြီဆိုရင် မင်းကို အလိုလိုက်ပါ့မယ်…"
သူက သူမကို အလိုလိုက်မည်ဟု ပြောခဲ့သော်လည်း သူ့လေသံထဲတွင် ချစ်ခင်မြတ်နိုးမှု အနည်းငယ်လေးပင် ပါဝင်နေခြင်း မရှိချေ။
‘ဒီမိန်းကလေးက ဘယ်လိုလျှို့ဝှက်ကျင့်စဉ်မျိုးကို လေ့ကျင့်ထားလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ တကယ်လို့ စိတ်ပိုင်းဆိုင်ရာ အားနည်းတဲ့ လူတစ်ယောက်သာဆိုရင် သေချာပေါက် ခမ်းခြောက်သွားနိုင်တယ်…’
"ဒါဆိုလည်း ဆရာကြီးရဲ့သဘောအတိုင်းပါပဲ…"
သူ ပြောသည့်စကားကို ကြားသည့်အခါ အနည်းငယ် စိုးရိမ်နေပုံရသော ယင်နင်က သက်ပြင်းချလိုက်မိသည်။
သူမ အစောပိုင်းတွင် ပြောခဲ့သော စကားများကို ပြန်လည်စဉ်းစားပြီး သူက အပြုံးနှင့် ပြောလိုက်၏။
"မင်းက ယောကျ်ားနဲ့မိန်းမ ကာမဆက်ဆံမှုအကြောင်း ပြောတဲ့အချိန်မှာ ရှက်နေတဲ့ပုံမပေါ်ဘူး…"
ယင်နင်က နူးညံ့စွာ ပြောလိုက်သည်။
"ယောကျ်ားနဲ့မိန်းမ ကာမဆက်ဆံမှုကနေ ရရှိလာတဲ့ ပျော်ရွှင်မှုတွေက ဗုဒ္ဓလမ်းစဉ်မှာ လူသားတွေရဲ့ သဘာဝကို သင်ကြားပေးတဲ့ အခြေခံသင်ကြားမှုတွေပဲလေ။ အဲဒါက ဘာများရှက်စရာလိုလို့လဲ။ ကျွန်မက ပထမဆုံးအကြိမ်မို့လို့ ရှက်ရွံ့နေတာပဲရှိတယ်။ ပြီးတော့ ဒီကမ္ဘာကြီးထဲမှာ အဲဒီလိုသုခမျိုး မရတဲ့အတွက် စိတ်ပျက်နေရတဲ့ ယောကျ်ားတွေ ဘယ်နှစ်ယောက်များ ရှိတာလဲ။ သူတို့တွေက ကျွန်မတို့ရဲ့ သနားညှာတာမှုကို လိုအပ်နေပြီး ကျွန်မတို့က သူတို့ကို နှစ်သိမ့်ပေးဖို့အတွက် ကျွန်မတို့ရဲ့ခန္ဓာကိုယ်ကို ပေးရတယ်လေ…"
သူမပြောနေသည့် စကားများကို နားလည်သွားသည့်အတွက် သူမက လျှာထုတ်ပြလိုက်သည်။
"ကျွန်မက ဆရာကြီးရဲ့ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်နေပါပြီ။ ကျွန်မကတော့ ဆရာကြီးတစ်ယောက်တည်းကိုပဲ အသုံးတော်ခံမှာပါ…"
‘သူက တကယ့်ကို ပျော်ရွှင်ခြင်းဗောဓိတဗ္ပမျိုးဆက် တပည့်တစ်ယောက်ပဲ။ သူ့ရဲ့စည်းမျဉ်း (၃) ခုက သာမန်လူတွေနဲ့ ကွဲပြားတယ်…’
မုန့်ချီကတော့ ပြုံးရုံလေး ပြုံးလိုက်မိသည်။ ထိုအရာကို နမူနာအနေနှင့် အသုံးချပြီး သူက လီဟွားကျွန်း၏ အနှစ်သာရများကို ဖော်ထုတ်ရမည် ဖြစ်၏။
"လီဟွားကျွန်းပေါ်မှာရှိတဲ့ ဝင်္ကပါတွေက အပြင်ဘက်ကမ္ဘာကြီးကိုပဲ ပစ်မှတ်ထားတယ်။ အဲဒါက လူသားမီးဖိုတွေကို ထွက်သွားတာကနေ တားမြစ်ထားတာမျိုးမရှိဘူး။ ဒါပေမဲ့ ဘယ်သူမှလည်း ထွက်မသွားချင်ကြပါဘူးလေ…"
ယင်နင်က နယ်မြေခံတစ်ယောက်ပုံစံနှင့် ကျွန်း၏ပုံသဏ္ဍာန်ကို ရှင်းပြလိုက်သည်။
"လျန်ယုဗောဓိတဗ္ပရဲ့လူသားမီးဖိုတွေကို အဆင့် (၅) ဆင့် ခွဲထားတယ်။ သူတို့တွေကတော့ အံ့ဖွယ်ဆေး ၊ မဟာဆေး၊ အဆင့်နိမ့်ဆေး၊ သာမန်ဆေးနဲ့ လူသစ်ဆိုပြီး နာမည်ခေါ်ကြတယ်.."
သူမက ထိုစကားကို ပြောလိုက်သည့်အချိန်တွင် လှေငယ်လေးဆီကို အလွန်ပြင်းထန်သော မုန်တိုင်းတစ်ခု ကျရောက်လာခဲ့သည်။
"ဘာမှမစိုးရိမ်ပါနဲ့ ဆရာကြီး...။ စိတ်ရှည်ရှည်နဲ့ စောင့်နေပါ.."
ယင်နင်က သူ့ကို လျင်မြန်စွာ သတိပေးလိုက်သည်။
ကုန်တင်လှေက ဖြည်းညင်းစွာ မြင့်တက်လာပြီး လှိုင်းလုံးများထဲတွင် နိမ့်လိုက်မြင့်လိုက် ဖြစ်နေခဲ့၏။ အလွန်ပြင်းထန်သော လေလှိုင်းများက လှေငယ်လေးကို တစ်စစီ ဖျက်ဆီးလုနီးပါး ဖြစ်နေသည်။
မုန့်ချီကတော့ ထိုကဲ့သို့ သဘာဝကပ်ဘေးများကို အကြောက်အလန့် မရှိသည်မှာ ကြာခဲ့ပါပြီ။ သူက လက်နောက်ပစ်ထားပြီး ပြတင်းပေါက်အပြင်ဘက်တွင် ရှိနေသော မှောင်မဲနေသည့် ကောင်းကင်ကြီးကို မေးကြည့်နေခဲ့၏။
အချိန်တော်တော်ကြာပြီးနောက် မုန်တိုင်းက တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။ မနက်ခင်းနေရောင်အောက်တွင် ထွက်ပေါ်လာသော နေရောင်ခြည်က အပြာရောင် ကောင်းကင်ကြီးဆီမှ သဘာဝကပ်ဘေးများကို ဖယ်ရှားပစ်လိုက်၏။
မုန့်ချီ၏ မျက်လုံးထဲတွင်တော့ စိမ်းလန်းစိုပြေနေသော ကျွန်းငယ်လေးတစ်ခု ပေါ်လာခဲ့သည်။ ပင်လယ်မျက်နှာပြင်ပေါ်တွင်လည်း အလွန်သိပ်သည်းသောမြူခိုးများ လွှမ်းခြုံနေပြီး ထိုကျွန်းငယ်လေးကို အပြင်မှ မတွေ့ရစေရန် ဖုံးကွယ်ပေးထား၏။
"ကျွန်မတို့က လီဟွားကျွန်းကို ရောက်ပြီ…"
ယင်နင်က အဝတ်အစားများကို ပြန်ဝတ်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်၏။ သူမ၏အသံက ဆည်းလဲသံလေးကဲ့သို့ ဖြစ်နေခဲ့သည်။
Translated by Hein Htet.