အခန်း (၆၂၃)
Vol. 42 Ch. 623
စိမ်းပြာရောင် ကောင်းကင်ကြီးအောက်တွင် ကုန်တင်လှေက ကမ်းစပ်ကို ကပ်လာခဲ့သည်။ ကမ်းစပ်တွင် စိုက်ထားသော အလံတိုင်များစွာကို ကြည့်လိုက်မည်ဆိုလျှင် ထိုကျွန်းလေးက မုန့်ချီထင်ထားသလို ကန့်သတ်ချက်များ မရှိခြင်းတော့ မဟုတ်ချေ။
ဆံပင်များကို စုစည်းထားသော အရွယ်ရောက် မိန်းမပျိုတစ်ယောက်က လှေဆိပ်တွင် ရပ်နေခဲ့၏။ သူမ၏မျက်နှာက သာမန်ပုံစံသာဖြစ်ပြီး နူးညံ့သိမ်မွေ့သည်။ နှာခေါင်းက ချွန်ပြီး မျက်ခုံးနှင့်မျက်လုံးက ထင်ရှား၏။ သူမ၏အဖြူရောင် ဝတ်စုံလေးက နူးညံ့သိမ်မွေ့ပြီး ချောမွေ့သော အသားအရေကို ထင်ဟပ်ပြသနေခဲ့သည်။
မျက်လုံးတစ်စုံကလည်း အလွန်ထူးခြား၏။ ထိုမျက်လုံးထဲတွင် ချစ်စရာကောင်းသော အပြစ်ကင်းစင်မှုနှင့် ပိုးသားကဲ့သို့သော ဆွဲဆောင်မှုတစ်မျိုးကို ပေါင်းစပ်ထားသလို ထင်ရသည်။
“ဗောဓိတဗ္ပက ပြင်ပကျွန်းက သတင်းကို ရထားပြီး ဘာတွေဖြစ်နေလဲဆိုတာ သိတယ်။ သူက ဆရာကြီး ကရုဏာမဲ့ကို ပျော်ရွှင်ခြင်းနန်းတော်မှာတွေ့ဖို့ ဖိတ်ခေါ်ထားတယ်…”
မိန်းမပျိုက အလွန်လှပစွာ ပြောပြလိုက်သည်။
“ကောင်းပြီလေ…”
ပင်လယ်လေလှိုင်းများ တိုက်ခတ်မှုကြောင့် မုန့်ချီ၏ အစိမ်းရောင်ဝတ်စုံက အနည်းငယ် လှုပ်ရှားသွားခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကတော့ တောင်ကြီးတစ်လုံးကဲ့သို့ ရှိနေခဲ့သည်။ သူက ပင်လယ်အနက်ပိုင်းထဲတွင် ရောက်နေသကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားရ၏။ သူက ကုန်တင်လှေပေါ်မှ ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။
ယင်နင်ကလည်း အလွန်လှပသော အပြုံးနှင့် ပြန်လည် နှုတ်ဆက်လိုက်၏။ “ကျွန်မတို့က အစ်မကို ဘယ်လိုခေါ်ရမလဲ…”
“ငါ့နာမည်က လဲ့ဟွမ်လို့ ခေါ်တယ်။ ငါက လီဟွားကျွန်းပေါ်မှာရှိတဲ့ သာမန်တပည့် တစ်ယောက်ပါပဲ…”
မိန်းမပျိုက ပြန်ဖြေလိုက်သည်။
ယင်နင်က မုန့်ချီကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး လဲ့ဟွမ်၏ လက်ကိုကိုင်၍ သူမကို လီဟွားကျွန်းနှင့် လျန်ယုဗောဓိတဗ္ပအကြောင်း မေးနေခဲ့သည်။
လဲ့ဟွမ်ကတော့ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခဲ့ခြင်း မရှိသလို မေးခွန်းများအားလုံးကို ရိုးရိုးသားသား ပြန်ဖြေနေခဲ့သည့်အတွက် မုန့်ချီက ဤနေရာနှင့် ပတ်သက်ပြီး ပို၍ လေးလေးနက်နက် နားလည်လာခဲ့ရသည်။
ကမ်းစပ်တွင်တော့ ကြက်ခြေခတ်သဏ္ဌာန်လမ်းတစ်ခု ရှိနေပြီး ဈေးဆိုင်များနှင့် ပစ္စည်းမျိုးစုံဆိုင်များ အတန်းလိုက် ရှိနေကြသည်။ မုန့်ချီက အဝေးမှနေ၍ ညည်းတွားသံ တိုးတိုးကိုလည်း ကြားနေရသည်။
ဤနေရာက တဏှာရမ္မက်များ ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်ပြီး ထိုအခြေအနေတစ်ခုတည်းကပင် လူတိုင်းကို သွေးဆူလာအောင် လုပ်ဆောင်ပေးနိုင်သည်။ ခန္ဓာကိုယ်များကလည်း ပျော့ခွေသွားနိုင်ပြီး လမ်းပင် မလျှောက်နိုင် ဖြစ်သွားနိုင်၏။
လမ်းသွားလမ်းလာများထဲတွင် တစ်ယောက်တည်း လျှောက်နေသော မိန်းမပျိုလေးများ အပါအဝင် လက်ချင်းတွဲ၍ လျှောက်နေသော စုံတွဲများ၊ ယောကျ်ားပေါင်းများစွာ ခေါ်လာသော မိန်းမပျိုတစ်ယောက် စသဖြင့် လူပေါင်းစုံ ရှိနေကြသည်။
ကျွန်း၏နေရာအချို့တွင် ခန္ဓာကိုယ်ချင်း ပွတ်သပ်နေသည့် မြင်ကွင်းများကိုလည်း မကြာခဏ မြင်နေရ၏။ နေရောင်အောက်တွင် သူတို့၏အသားအရေက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး တဏှာရမ္မက်များ ပြည့်နှက်စေသော မြင်ကွင်းတစ်ခုကို ပြသနေခဲ့သည်။
လဲ့ဟွမ်က မုန့်ချီနှင့် ယင်နင်တို့ကို လမ်းမအတိုင်း ခေါ်ဆောင်သွားခဲ့ပြီး အဆုံးတွင် ရှိနေသော တောင်မြင့်ကြီးတစ်လုံးဆီသို့ ဦးတည်သွားနေခဲ့သည်။ သူတို့က ထိုလမ်းကို ဖြတ်လာခဲ့သည့် အချိန်တွင် သူတောင်းစားတစ်ယောက်က သူတို့ဆီကို ရောက်လာခဲ့၏။
သူက အင်္ကျီအဝတ်အစားများ စုတ်ပြတ်နေသော်လည်း ခန္ဓာကိုယ်ကတော့ သန့်ရှင်းနေသည်။ သူက လဲ့ဟွမ်၏ခြေထောက်ကိုဖက်ပြီး တောင်းပန်သော အမူအရာနှင့် ဆက်တိုက်တောင်းဆိုနေခဲ့၏။
“ဗောဓိတဗ္ပ… ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ…”
“လီဟွားကျွန်းမှာတောင် သူတောင်းစားတွေ ရှိတာလား…”
မုန့်ချီကတော့ မကောင်းဆိုးဝါးအိုကြီးများကဲ့သို့ ပတ်ပတ်လည်ကို တည်ငြိမ်စွာ လှည့်ကြည့်နေခဲ့သည်။ ထိုအခါ လမ်းပေါ်တွင် ရှိနေသော အဆောက်အဦးများ၏ အောက်တွင် သူတောင်းစား တစ်ဒါဇင်နီးပါးခန့် စုရုံးနေကြောင်း တွေ့လိုက်ရသည်။
လဲ့ဟွမ်က သူတောင်းစား၏လက်ထဲမှ ရုန်းထွက်လိုက်ပြီး မျက်မှောင်ကြုတ်နေမိ၏။ သူမက နှာခေါင်းရှုံ့ပြီး ပြောပြလိုက်၏။
“သူတို့က ဗောဓိတဗ္ပ အကြီးအကဲတွေနဲ့ ဂိုဏ်းတူအစ်မတွေရဲ့လူသားမီးဖိုတွေပါ။ သူတို့တွေက ကျင့်စဉ်အဆင့် တိုးတက်မှု အားနည်းတဲ့အတွက် ဆေးလူသားတွေအဖြစ်တောင် အသုံးချလို့ မရနိုင်တော့ဘူး။ ပြီးတော့ သူတို့ဆီမှာ ထူးခြားတဲ့စွမ်းရည်တွေလည်း မရှိကြဘူးလေ။ သူတို့က ဘာအားဖြည့်မှုမှ မရနိုင်တဲ့အတွက် အစေခံတွေပဲ ဖြစ်လာကြပြီး ထူးဆန်းတဲ့ အလုပ်တချို့ပဲ ခိုင်းစေနိုင်တော့တယ်။ ဒါပေမဲ့ ဘယ်မိန်းကလေးကမှ သူတို့အနားကို မကပ်ချင်တော့တဲ့အတွက် သူတို့က ကာမစည်းစိမ်းကို မရနိုင်တော့ဘူး။ တကယ်လို့ သူတို့က နည်းနည်းလေး ပိုပြီးစွမ်းဆောင်နိုင်မယ်ဆိုရင်တော့ တခြားတပည့်တွေကို သိမ်းသွင်းနိုင်ပါလိမ့်မယ်။ အားနည်းတဲ့သူတွေကတော့ အဲဒီလို သူတောင်းစားတွေကို ကြိုက်ကြတယ်လေ။ သူတို့က ဒီနေရာကို လာပြီး ကာမဆက်ဆံဖို အခွင့်အရေးတစ်ခုကို တောင်းဆိုနိုင်ကြတယ်…”
“ဒီလိုအရာမျိုးတောင် တောင်းဆိုနိုင်တာလား…”
မုန့်ချီကတော့ နဖူးပေါ်မှ ကျလာတော့မည့် ချွေးများကို သုတ်လိုက်မိသည်။
ဤကမ္ဘာကြီးထဲတွင် အလွန်ထူးဆန်းသောအရာတစ်ခုမျှ မရှိချေ။ သို့သော် ထိုသူတောင်းစားအဖွဲ့ကတော့ ယခုလို အခြေအနေမျိုး ရောက်ရှိသွားခဲ့သည်ကိုပင် ဤကျွန်းမှ ထွက်သွားရန် ဆန္ဒမရှိကြပေ။ ထို့ကြောင့် ဤနေရာက သူတို့အတွက် မည်မျှဆွဲဆောင်မှုရှိကြောင်း ပြသနေခဲ့သည်။ ထိုကျွန်းက သူတို့ကို လွတ်မြောက်မသွားစေနိုင်ရန် ဆေးနှင့် သိမ်းသွင်းထားသလို ထင်မှတ်ရသည်။
လဲ့ဟွမ်က စကားပြောနေရင်း မျက်လုံးများကို လမ်းပေါ်သို့ ကြည့်လိုက်ရာ သူမ၏မျက်လုံးက ချက်ချင်း အေးစက်သွားခဲ့သည်။ သူမက လမ်းထောင့်တစ်နေရာကို စိုက်ကြည့်နေခဲ့၏။ ထိုနေရာတွင် ဆိုးရွားသောရနံ့များ ရှိနေပြီး စုတ်စုတ်ပြတ်ပြတ် အဝတ်အစားနှင့် သူတောင်းစားတစ်ယောက် ရှိနေသည်။
တခြားသူများနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရပြီးနောက် သူ့ခြေထောက်(၂)ဖက်လုံး ကျိုးနေခဲ့၏။ သူ့ပုံစံက အတော်လေးကို ရွံရှာစရာ ကောင်းသည်။ အသားအရေကလည်း အစက်အပြောက်များ ဖြစ်နေပြီး အလွန်ချောမောခန့်ညားသော မျက်နှာလေးနှင့် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်တစ်ခုသာ ရှိနေ၏။
သူ၏နှုတ်ခမ်းက အလွန်ခြောက်ကပ်နေသည့်အတွက် အရေခွံများ ကွာနေသလို ထင်ရသည်။ သူက အလွန်စိတ်ပျက်နေသော အမူအရာနှင့် လဲ့ဟွမ်ကို ခိုးကြည့်နေခဲ့၏။
“သနားစရာကောင်းလိုက်တာ…”
လဲ့ဟွမ်က တီးတိုးရေရွတ်လိုက်မိသည်။ သူမ၏အသံကပင် ယောကျ်ားအများစု၏ တဏှာရမ္မက်များကို သိမ်းသွင်းရန် လုံလောက်၏။
မုန့်ချီက ရှုံ့မဲ့သွားခဲ့သည်။ သူ၏အာရုံထဲတွင်တော့ လဲ့ဟွမ်၏ပုံရိပ်က ရေစက် တစ်စက်ပမာ စိုစွတ်လာခဲ့သည်။ သူမ၏အမူအရာကလည်း သနားညှာတာမှုနှင့် ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်လာခဲ့၏။
“တော်တော်လေးကို သနားဖို့ကောင်းတာပဲ…”
သူမက နောက်တစ်ကြိမ် ပြောလိုက်ပြီးနောက် မုန့်ချီကို လှည့်ပြီး တောင်းပန်လိုက်သည်။
“ဆရာကြီး ကရုဏာမဲ့။ ကျွန်မကို ခဏလောက် စောင့်ပေးလို့ ရမလား။ ကျွန်မက ဒီသနားစရာကောင်းတဲ့သူကို အကူအညီ ပေးလိုက်ဦးမယ်…”
“လုပ်စရာရှိတာသာ လုပ်ပါ…”
မုန့်ချီက ပြောစရာစကားလုံး မရှိသလောက် ဖြစ်နေသော်လည်း မကောင်းဆိုးဝါးအိုကြီး တစ်ယောက်၏ အပြုအမူကို ဆက်လက်ထိန်းသိမ်းထားသေးသည်။
ထိုအရာက လဲ့ဟွမ်၏နှလုံးသားကို လှုပ်ရှားစေလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ ပျော်ရွှင်ခြင်းဗောဓိတဗ္ပ၏ သင်ကြားမှုများက သာမန်လူများကို အမှန်တကယ် မှင်တက်သွားစေနိုင်သော အရာများ ဖြစ်သည်။
လဲ့ဟွမ်က ထိုသူတောင်းစားဆီသို့ လျှောက်သွားသည့်အချိန်တွင် သူတောင်းစားက သူမကို မော့ကြည့်နေခဲ့၏။ သူ၏မျက်လုံးထဲတွင်တော့ သံသယများ၊ ကြောက်လန့်မှုများနှင့် ချစ်ခင်မြတ်နိုးစိတ်များ ရှိနေခဲ့သည်။
လဲ့ဟွမ်က သူမ၏အဖြူရောင်ဝတ်စုံလေးကို ချွတ်လိုက်ရာ နူးညံ့သိမ်မွေ့ပြီး လှပသော ခန္ဓာကိုယ်ကောက်ကြောင်းများ အထင်းသား ပေါ်လာခဲ့၏။ သူမက လက်ကို မြှောက်လိုက်ပြီး နက်မှောင်နေသော ဆံပင်များကိလည်း ဖြည်ချလိုက်သည်။ ဆံပင်များက ပုခုံးပေါ်မှ ကျဆင်းလာပြီး သူ၏နောက်ကျောကို တစ်ပိုင်းတစ်စ ဖုံးကွယ်ပေးလိုက်သည်။ သူမ၏လှုပ်ရှားမှုများက တခြားသော သူတောင်းစားများကိုပင် လှုံ့ဆော်နိုင်ခဲ့၏။
အလွန်သန့်စင်ပြီး လေးနက်သော သူမ၏အမူအရာတွင် မေတ္တာတရားများ ပြည့်နှက်နေခဲ့၏။ အလွန်အံ့သြထိတ်လန့်ပြီး ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်နေသော သူတောင်းစား၏ မျက်လုံးထဲတွင်တော့ သူမက သူ့ကို ရွှံ့ထဲမှ ဆွဲထူနေသည့် ဗောဓိတဗ္ပတစ်ပါးကဲ့သို့ ဖြစ်နေသည်။
သူမက သူတောင်းစား၏ ခန္ဓာကိုယ်ပေါ်သို့ ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။ ထိုအချိန်တွင် ဆွတ်ဆွတ်ဖြူနေသော အသားအရေနှင့် ညစ်ပတ်ပတ် ဖြစ်နေသော အသားအရေတို့က ဖြည်းဖြည်းဆီ ရောနှောသွားခဲ့၏။ သူတို့က ကာမဆက်ဆံနေသည့် အချိန်တွင် သူတို့ဆီမှ ညည်းသံတိုးတိုး ထွက်ပေါ်လာနေခဲ့သည်။
“အစ်မကြီး လဲ့ဟွမ်က တော်တော်လေးကို ကရုဏာရှိတာပဲ…”
ယင်နင်က လဲ့ဟွမ်ကို တလေးတစား လှမ်းကြည့်လိုက်၏။ သူမကတော့ မုန့်ချီ၏နောက်တွင် ပုန်းအောင်းနေပြီး တခြားသူတောင်းစားများ၏ အာသာငမ်းငမ်း အကြည့်များကို ရှောင်တိမ်းနေခဲ့သည်။
“သနားကြင်နာတတ်တဲ့ နှလုံးသားလား…”
သနားကြင်နာတတ်သည်ဟူသော စကားလုံးက မုန့်ချီအတွက်တော့ အဓိပ္ပာယ်ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ သူက အနာဂတ်တွင် တစ်ယောက်ယောက်ကို သနားညှာတာပေးရန် ဖျောင်းဖျရမည့်အစား သူတို့ကို တစ်စစီသာ ဖျက်ဆီးပစ်ချင်နေသည်။
သူက လက်နောက်ပစ်ထားပြီး ကောင်းကင်ပေါ်ကို မော့ကြည့်နေရာ သူ့ဆီမှ အလွန်တည်ငြိမ်အေးချမ်းသော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အမှန်အတိုင်း ပြောရလျှင်တော့ သူ့ရင်ထဲတွင် ပြောစရာစကားလုံး လုံးဝမရှိခဲ့ချေ။
လီဟွားကျွန်းပေါ်တွင် ရှိနေသော လူများကတော့ စည်းမျဉ်းများကို ရိုသေလေးစားသလို ထင်မှတ်ရသည်။ သူတောင်းစားများစွာက ထိုကဲ့သို့ တဏှာရမ္မက်များ ပြည့်နှက်နေသည့် မြင်ကွင်းတစ်ခုကို ကြည့်နေသော်လည်း သူတို့နှစ်ယောက်ကို နှောင့်ယှက်ကြခြင်း မရှိချေ။ ထိုအစား မိန်းမပျိုကသာ သူတို့ကို သနားညှာတာပေးရန် မျှော်လင့်နေကြ၏။
သိပ်မကြာခင် သူတောင်းစားဆီမှ ညည်းတွားသံများ၊ နာကျင်နေသည့် အသံတစ်ခု ထွက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်က ပြိုလဲသွားခဲ့ပြီး လဲ့ဟွမ်က သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။ သူမ၏အသားအရေကလည်း တကိုယ်လုံး နီရဲလာခဲ့သည်။ သူမက သူ့ကို အနမ်းပေးလိုက်ပြီး နေရာမှထရန် ပြင်လိုက်၏။ ထိုသို့ဆိုရာတွင် သူတောင်းစား၏ အငွေ့အသက်များကတော့ စွမ်းအင်ကုန်ခမ်းမှုကြောင့် ပြိုလဲသွားတော့မည့်အလား အားနည်းလာခဲ့သည်။
“သူက အဲဒီလူရဲ့ယန်စွမ်းအားတွေကို စုပ်ယူလိုက်တာလား။ သူက အဲဒီလူကို သနားညှာတာပေးတယ်လို့ ပြောခဲ့တယ် မဟုတ်လား…”
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
ယင်နင်က စိတ်လိုလက်ရ ပြန်ဖြေလိုက်၏။
“နှစ်ခုလုံးပဲလေ။ သနားညှာတာပေးတာနဲ့ ပြုစုပေးတာ။ တကယ်လို့ သူကသာ စွမ်းအားတွေကို လက်မခံဘဲ သနားညှာတာပေးလိုက်မယ်ဆိုရင် သူ့ရဲ့သွေးတွေက ချက်ချင်း ဆူပွက်လာလိမ့်မယ်။ သူက ကာမကြာရှည်ဆေးတစ်ခု သောက်လိုက်သလို ဖြစ်သွားလိမ့်မယ်။ တကယ်လို့ သူသာ ကျေနပ်မှုမရဘူးဆိုရင် မီးတောက်တွေက သူ့ရဲ့နှလုံးသားကို လောင်ကျွမ်းပြီး သူ့ကို သတ်ပစ်လိမ့်မယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အစောပိုင်းမှာ သူက စွမ်းအားနည်းနည်းလေးပဲ ရခဲ့တာပါ။ အဲဒါက သာမန်လူတစ်ယောက် သူ့မိန်းမ၊ ဒါမှမဟုတ် သူ့ရဲ့ကိုယ်လုပ်တော်နဲ့ (၂)ကြိမ်၊ (၃)ကြိမ်လောက် ကာမဆက်ဆံတာနဲ့ ညီမျှတယ်။ သူတောင်းစားက ပြိုလဲကျသွားတယ်ဆိုတာ သူ့ရဲ့နှစ်ရှည်ဒဏ်ရာတွေနဲ့ အားနည်းတဲ့ ကျန်းမာရေးကြောင့်ပါ…”
“ဒီလို ရှိသေးတာလား…”
မုန့်ချီကတော့ မထင်မှတ်ထားသည့်အရာနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ပို၍တည်ငြိမ်နေရန် ဆုံးဖြတ်လိုက်သည်။ ပျော်ရွှင်ခြင်းဗောဓိတဗ္ပ၏ ကျင့်ကြံမှု နည်းလမ်းများကလည်း သခင်မစု၏ လက်အောက်တွင်သာ ရှိနေသည်။ ဤနေရာတွင် အရာအားလုံးက ထူးခြားနေခဲ့၏။
လဲ့ဟွမ်က သူမ၏အင်္ကျီကို ပြန်ဝတ်လိုက်ပြီး သူမ၏မျက်နှာလေးက အနည်းငယ် လှုပ်ရှားနေခဲ့သည်။ အသက်ရှူသံကပင် အနည်းငယ် မြန်နေခဲ့၏။ သူမ၏ နှာခေါင်း(၂)ဖက်တွင်တော့ ချွေးစက်လေးများ အနည်းငယ် သီးနေခဲ့သည်။ သူမက မုန့်ချီဆီကို ပြန်လှည့်လာပြီး သူမကို ကမ်းနေသည့် လက်များကိုတော့ လျစ်လျူရှုထားခဲ့သည်။
“ကျွန်မကို စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ် ဆရာကြီး ကရုဏာမဲ့။ ကျွန်မက အစောပိုင်းမှာ ခံစားချက်အရမ်းပြင်းထန်သွားတယ်။ စိတ်ဆန္ဒတွေက လှိုင်းလုံးကြီးတစ်ခုလို ထွက်လာတော့ ကျွန်မလည်း ခံနိုင်ရည်မရှိခဲ့ဘူး…”
သူမက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။
‘ဒါက လူအများရှေ့မှာ ဆွေးနွေးသင့်တဲ့ အရာမျိုးလား…’
မုန့်ချီကတော့ သူ၏ပုံမှန်စည်းမျဉ်းများနှင့် စဉ်းစားပြီး ခေါင်းထဲတွင် နောက်တစ်ကြိမ် ရှုပ်ထွေးသွားခဲ့သည်။
သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ဒါဆိုလည်း ကျေးဇူးပြုပြီး ရှေ့ကနေ လမ်းပြပေးပါ…”
လဲ့ဟွမ်က ယင်နင်ကို တစ်ချက်ကြည့်လိုက်ပြီး လျှာထုတ်ပြလိုက်သည်။ ထို့နောက် ပြန်လှည့်သွားခဲ့ပြီး လေလှိုင်းတစ်ခုသဖွယ် ရှေ့မှ ဦးဆောင်သွားခဲ့၏။ သူတို့က မြို့ငယ်လေးထဲမှ ထွက်လာပြီး ကျောက်လှေကားအတိုင်း အပေါ်ဘက်ကို တက်လာခဲ့ကြသည်။
စိတ်ရှုပ်နေသော မုန့်ချီကတော့ ကျွန်းပေါ်တွင် ရှိနေသော ချီစွမ်းအင် လှုပ်ရှားမှုများနှင့် သိသာထင်ရှားသော ဝင်္ကပါများစွာကို စစ်ဆေးကြည့်နေခဲ့သည်။
ယင်နင်ကတော့ ပြင်ပရန်သူများကို တားမြစ်ထားသော ကျွန်း၏နေရာများကို အသေးစိတ် ပြောပြနေခဲ့သည်။ သို့သော် သူတို့ပြောသလို စိတ်ကြိုက် ထွက်သွားနိုင်ခြင်းကိုတော့ မတွေ့ခဲ့ရပေ။ ထို့ပြင် ချီစွမ်းအင်လှုပ်ရှားမှုထဲ၌ ပုန်းကွယ်နေသော သတ်ဖြတ်ချင်စိတ်များက သတ်ဖြတ်ရေး ဝင်္ကပါများဖြစ်ကြောင်း ညွှန်ပြနေသည်။
အကယ်၍ ဆေးလူသားအဆင့်ရှိ လူသားမီးဖိုများက ထွက်သွားချင်သည် ဆိုလျှင် သခင်မစု၏ နောက်လိုက်များက သူတို့ကို တားဆီးရန် ကြိုးစားအားထုတ်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ လူတစ်ယောက်ကို ရှာဖွေရန်က ပို၍ လွယ်ကူလှသည်။ အကျိုးသက်ရောက်မှုက မကောင်းတော့လျှင် သူတို့က ပြောင်းလဲရန် စဉ်းစားကြပါလိမ့်မည်။
မုန့်ချီက လက်နောက်ပစ်ပြီး လှေကားပေါ်သို့ တက်သွားခဲ့သည်။ သူ့ပုံစံက အလွန်နက်ရှိုင်းပြီး ခန့်မှန်း၍ မရသလို ထင်ရသည်။ သူ့စိတ်ထဲတွင်တော့ အစီအစဉ်များကို စဉ်းစားနေခဲ့၏။
သူက ပျော်ရွှင်ခြင်း ဗောဓိတဗ္ပ သို့မဟုတ် လေဟာနယ်မိန်းမပျိုဂိုဏ်းမှ တခြားသိုင်းသခင်များကို တွေ့ရန် လုံးဝ မဖြစ်နိုင်ပေ။ လျန်ယုဗောဓိတဗ္ပက သတင်းပို့ပြီးသွားလျှင် သူက ကရုဏာမဲ့နတ်ဆိုးဟူသော နာမည်ကို လုံးဝ ဖယ်ရှားပစ်ရပါလိမ့်မည်။
ထို့နောက် သူက ကျွန်းပေါ်တွင် ပုန်းအောင်းနေပြီး လောကသခင် ပျက်သုန်းခြင်းဓားကို နားလည်ရန် ပါရမီ ရှိနေသော ယောကျ်ားလေးတစ်ယောက်ကို ရှာဖွေရမည် ဖြစ်သည်။ သူက အခွင့်အရေးကို ရှာဖွေပြီး သူတို့ထဲမှ တစ်ယောက်အဖြစ် ပြောင်းလဲ၍ အစစ်အမှန်ဓားကို နားလည်ခွင့်ရရန် သခင်မစု နတ်သမီးနယ်မြေထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။
ထိုအခြေအနေတွင် အချိန်ကိုက်လုပ်ဆောင်ခြင်းက အောင်မြင်ရန်သော့ချက် ဖြစ်သည်။ အကယ်၍ သူက စောသွားလျှင် အဓမ္မကျင့်ရန် ပစ်မှတ်တစ်ခုအဖြစ် ရွေးချယ်ခံရနိုင်ပြီး အားနည်းသော မိန်းမပျိုများနှင့် ရင်ဆိုင်ရာတွင်တော့ ကောင်းကင်နတ်ဆိုးကျင့်စဉ်ကို အသုံးပြု၍ ရနိုင်သည်။ သို့သော် ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် ရင်ဆိုင်ရလျှင်တော့ သူ့အကြောင်းက ပေါ်သွားနိုင်၏။
သူက အကျပ်အတည်းထဲကို ကျရောက်သွားနိုင်ပြီး လန်ကီကျောင်းတော်ကိုသာ အားကိုးရပါလိမ့်မည်။ ဤနေရာတွင် သံသရာတံဆိပ်ကိုသုံးပြီး ထွက်ပြေးနိုင်ခြင်း ရှိမရှိ သူလည်း သေချာမသိသေးပေ။ သို့သော် အကယ်၍ သူက အလွန်နောက်ကျသွားပြီး နားလည်မှု စတင်တော့မည့်အချိန်မှ ဖုံးကွယ်ရန် ကြိုးစားလိုက်မည်ဆိုလျှင်လည်း တစ်ယောက်ယောက်က သတိထားမိသွားနိုင်သည်။
‘ဆန်းကြယ်နတ်သမီးနဲ့ ပျော်ရွှင်ခြင်းဗောဓိတဗ္ပ မျိုးဆက်တွေက အချင်းချင်း ရင်းနှီးနေတဲ့ ဆက်ဆံရေးမျိုး မရှိဘူး။ ရွေးချယ်ခွင့်ရမယ်ဆိုရင် ရှန့်မြစ်နတ်သမီးက လျန်ယုဗောဓိတဗ္ပနဲ့ သေချာပေါက် ကျင့်စဉ် မတူနိုင်ဘူး..’
မုန့်ချီက စဉ်းစားနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။
‘ဒီနေရာမှာ ထူးခြားတဲ့နေရာတစ်ခု သေချာပေါက် ရှိနေနိုင်တယ်။ အဲဒါက သခင်မစု နတ်သမီးနယ်မြေရဲ့ ဝင်ပေါက်တွေထဲက တစ်ခုများ ဖြစ်နိုင်မလား…’
သူက မျက်မှောင်ကြုတ်နေမိပြီး အမူအရာက ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ သူက ရွှေနှင့်ကျောက်စိမ်းများ ပေါင်းစပ်တည်ဆောက်ထားသော နန်းတော်ကြီးတစ်ခု၏ အရှေ့ကို ရောက်လာခဲ့သည်။ ထိုနန်းတော်တွင်တော့ ကာမရမ္မက်များ ပြည့်နှက်နေသော ဆိုင်းဘုတ်တစ်ခု ရှိသည်။
‘ပျော်ရွှင်ခြင်းနန်းတော်....’
လူတစ်ယောက်က ဝင်ပေါက်တွင် ရပ်နေခဲ့၏။ သူက အသက်(၄၀)အရွယ်သာ ရှိသေးသော်လည်း သူ့ပုံစံက အသက်ကြီးနေပုံရပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသည်။ ခေါင်းတွင် ရှိနေသော ဆံပင်များကလည်း ဖြူဖွေးနေခဲ့၏။
သူ၏မျက်ခုံးကြားထဲတွင်တော့ တတိယမျက်လုံးတစ်ခုအလား နက်ရှိုင်းသည့် အနီရောင်အလင်းတန်းတစ်ခု ရှိသည်။ သူ့လက်ထဲတွင် အနက်ရောင် လေးတစ်ချောင်းကို ကိုင်ထားပြီး ကြေးနီရောင်သုတ်ထားသည့် မြား(၇)ချောင်း ထည့်ထားသော မြားကျည်တောက်တစ်ခုကို ခါးတွင် ချိတ်ထားသည်။
မု့န်ချီက ထိုလူကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။
‘သူက မျက်လုံး(၃)လုံး နတ်ဘုရားမြား လီဝမ်တင်းလား…’
ထိုလူက မုန့်ချီကိုကြည့်ပြီး ရုတ်တရက် သတိထားလိုက်သည်။
“မင်းက ဘယ်သူလဲ…”
“သူက ကရုဏာမဲ့နတ်ဆိုးပဲ…”
လဲ့ဟွမ်က ထိုလူကိုကြည့်ပြီး မိတ်ဆက်ပေးလိုက်သည်။
“လီဝမ်တင်း…
ရှင့်ရဲ့ အုတ်မြစ်က ပျက်စီးသွားပြီ။ ရှင်က အဆင့်မြင့်ဆေးလူသား အဆင့်ကနေ လူသစ်အဆင့်ကို ပြန်ရောက်သွားပြီ။ ရှင်က ဘာလို့ တခြားသူတွေကို ဂရုစိုက်နေတာလဲ….”
‘ဒါဆိုရင် တကယ့်ကို မျက်လုံး(၃)လုံး နတ်ဘုရားမြား လီဝမ်တင်းပေါ့…’
မုန့်ချီ၏ ရင်ထဲတွင် ခံစားချက်များ ထွက်ပေါ်လာခဲ့သည်။
ထိုအရာက လွန်ခဲ့သော ဆယ်စုနှစ်ခန့်တွင် နာမည်ကျော်ကြားခဲ့သော ပညာရှင် တစ်ယောက်ဖြစ်ပြီး ထိပ်တန်းသိုင်းဂိုဏ်းကြီးတစ်ခုမှ လက်ရင်းတပည့် တစ်ယောက် ဖြစ်သည်။ သူက မြားစွမ်းရည်ကြောင့် နာမည်ကျော်ကြားလာခဲ့ပြီး ဝေ့ကျင်းအဆင့်သို့ ရောက်သည်နှင့် မိုင်(၂၀)အတွင်း ရှိနေသော လူတစ်ယောက်ကို မြားတစ်ချောင်းတည်းနှင့် သတ်ပစ်နိုင်စွမ်းရှိသည်။
သူက သိုင်းသခင်တစ်ယောက် ဖြစ်လာမည်ဟု လူအများက မျှော်လင့်ထားသော်လည်း သူက ပထမကောင်းကင်လှေကားကို မတက်လှမ်းနိုင်ခင် ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့၏။ သူ့ကို လီဟွားကျွန်းပေါ်တွင် တွေ့ရလိမ့်မည်ဟု မုန့်ချီလည်း မထင်ထားခဲ့ပေ။
လီဝမ်တင်း၏ အသက်ရှူသံက လျင်မြန်လာခဲ့သည်။ သူက ဒေါသများကို ခက်ခက်ခဲခဲ မျိုချနေရပြီး သူ့ဘေးတွင်ရှိနေသော တံခါးကို တွန်းဖွင့်ပေးလိုက်၏။
မုန့်ချီက သူ့ကို ထပ်မကြည့်တော့ဘဲ လဲ့ဟွမ်နှင့်အတူ နန်းတော်ထဲသို့ လိုက်လာခဲ့သည်။
“သူက အရင်ဗောဓိတဗ္ပရဲ့အနားမှာ အချိန်အကြာဆုံး ရှိနေခဲ့တဲ့ လူသားမီးဖိုတစ်ယောက်ပဲ။ သူက တတိယကောင်းကင် ဝေ့ကျင်းအဆင့်ကို ရောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အရင်ဗောဓိတဗ္ပက တခြားလူသားမီးဖိုတွေနဲ့ ကာမဆက်ဆံနေတဲ့အချိန် မနာလိုတဲ့ ခံစားချက်မီးတောက်တွေက သူ့ရဲ့ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်ခဲ့တယ်။ ပြီးတော့ သူက ကာမဆက်ဆံနေတဲ့ အတောအတွင်း သူ့ရဲ့ ပင်မဝိညာဉ်ကို မကာကွယ်နိုင်တဲ့အတွက် သူ့ရဲ့အဆီအနှစ်နဲ့ အသက်နှစ်ခုလုံး ဆုံးရှုံးခဲ့ရတာပဲ။ ဒါ့ကြောင့် သူက အဆင့်မြင့်ဆေးလူသားအဖြစ်ကနေ သာမန်လူသစ်အဖြစ်ပဲ လျော့ကျသွားခဲ့တယ်။ အရင်ဗောဓိတဗ္ပက သူ့ရဲ့ အတိတ်ကိုသာ စဉ်းစားမပေးဘူးဆိုရင် သူက အစေခံတစ်ယောက် ဖြစ်သွားတာ ကြာလှပြီ…”
လဲ့ဟွမ်က တစ်ယောက်တည်း ပြောနေသည့်အလား တီးတိုးရေရွတ်နေခဲ့သည်။
‘သူက ဒီလိုခံစားချက်မျိုးတောင် ပေါ်လာနိုင်သေးတာပဲ…’
မုန့်ချီက ပြုံးလိုက်မိပြီး အဖြူရောင်ပွင့်ချပ်များ လွှမ်းခြုံနေသည့် ခန်းမကြီးထဲကို ဝင်လာခဲ့သည်။
အတွင်းထဲတွင်တော့ ဗလတောင့်တောင့် လူငယ်(၂)ယောက်အပေါ် မှီ၍လှဲနေသော မိန်းမပျိုတစ်ယောက် ရှိသည်။ အလွန်ရုပ်ရည်ချောမောသော လူငယ်များကလည်း သူ့ပတ်ပတ်လည်တွင် ရှိနေပြီး သူတို့အားလုံးက သူမ၏ဆန္ဒများကို စိတ်လိုလက်ရ ဖြည့်ဆည်းပေးနေကြ၏။
ဖျော့တော့နူးညံ့သော သူမ၏ အသားအရေက ဆွတ်ဆွတ်ဖြူနေခဲ့သည်။ သူမက အလွန်သိမ်မွေ့ညင်သာပြီး ကရုဏာတရားများ ပြည့်နှက်နေသယောင် ထင်မှတ်ရသည်။ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းဆီတိုင်းကလည်း ပြောပြ၍မရနိုင်သော ဆွဲငင်အားတစ်ခုဆီ ထွက်နေခဲ့သည်။
လျန်ယုဗောဓိတဗ္ပက သူမ၏ခြေထောက်လေးကို သိမ်မွေ့စွာ လှုပ်ရှားလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။
“ကရုဏာမဲ့…
ငါတို့ မတွေ့ခဲ့ရတာ နည်းနည်းတော့ ကြာသွားပြီပဲ။ ရှင်က အရင်တုန်းကထက်တောင် ပိုပြီး ခန့်မှန်းလို့ မရနိုင်တော့ဘူး…”
“သေစမ်း။ သူက ကရုဏာမဲ့နတ်ဆိုးကို သိနေတာပဲ…”
မုန့်ချီက ချက်ချင်းပင် ရူးသွပ်သွားသလို ခံစားလိုက်ရသည်။ သူက သံသရာတံဆိပ်ကိုလည်း သတိလက်လွတ် ကိုင်ထားလိုက်မိ၏။
Translated by Hein Htet