← Chapters

အခန်း (၆၂၈)

Vol. 42 Ch. 628

အခန်း (၆၂၈)

Vol. 42 Ch. 628

ရှေးအချိန်ကတည်းက ကောင်းကင်ခုံရုံး၊ အင်မော်တယ်နယ်မြေနှင့် နတ်ဘုရားနယ်မြေဟု လူသိများသော ကောင်းကင်(၉)သွယ်က နတ်ဘုရားပေါင်းများစွာနှင့် အင်မော်တယ်ဘိုးဘေးများ၏ နေအိမ် ဖြစ်ခဲ့သည်။ ထိုနေရာတွင် ထာဝရလေဟုခေါ်သည့် သန့်စင်သည့် ချီစွမ်းအင်ဖြင့် ပြည့်နှက်နေပြီး ခိုင်မာလုနီးပါးဖြစ်သည့် အနှစ်သာရများနှင့် ပြည့်နှက်နေခဲ့သည်။

ထိုအရာက သဘာဝတရားကြီးကို အလွယ်တကူ နားလည်နိုင်ပြီး ခန္ဓာကိုယ်နှင့် ပင်မဝိညာဉ်အပေါ် ဖိအားအနည်းငယ်လေးသာ သက်ရောက်နိုင်သည့်အတွက် လေ့ကျင့်ရန် ထိပ်တန်းနေရာတစ်ခုဟု သတ်မှတ်နိုင်သည်။ တချို့ကတော့ ထာဝရလေကို အသက်ရှူမိလိုက်ရုံနှင့် (၁၀)နှစ်ပို၍ ငယ်ရွယ်သွားနိုင်သည် ဟူ၍ပင် ပြောစမှတ်တွင်ခဲ့သည်။

ထိုအရာကလည်း ကောင်းကင်(၉)သွယ်တွင် အင်မော်တယ်များစွာက သူတို့၏ နေအိမ်များကို ဆက်လက်ထိန်းသိမ်းထားရန် ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့က ကောင်းကင်ခုံရုံးတွင် အလုပ်မလုပ်တော့လျှင်ပင် ထိုအရာက သူတို့၏ထိန်းချုပ်မှုတွင်သာ ရှိနေသေးသည်။ လေဟာနယ်မိန်းမပျိုဂိုဏ်း၏ နတ်သမီးနယ်မြေကတော့ လျို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားသော ကောင်းကင်(၉)သွယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

မုန့်ချီက အပြာရောင်ကောင်းကင်ကြီးကို လွှမ်းခြုံနေသော တိမ်တိုက်များကိုသာ မြင်နေရသည်။ သို့သော် ထိုတိမ်တိုက်များက နေရောင်ခြည်ကို တားဆီးနိုင်ပုံမရဘဲ ပို၍တောက်ပအောင် ဖန်တီးပေးလိုက်သလို ဖြစ်နေခဲ့၏။ မုန့်ချီက ပတ်ပတ်လည်တွင် ရှုပ်ထွေးနေသော ချီစွမ်းအားများနှင့် ရောနှောနေသော ကမ္ဘာမြေကြီး၏ ချီစွမ်းအားများကို ခံစားမိနေခဲ့သည်။

အလွန်သိပ်သည်းသော လေလှိုင်းများကြောင့် တိမ်တိုက်များကပင် ခိုင်မာလာပြီး အပေါ်တွင် ဖြတ်နင်းသွား၍ ရနိုင်သည်။ တည်ငြိမ်နေသော လေလှိုင်းများက လှုပ်ရှားလာပြီး နယ်မြေ၏နေရာတိုင်းတွင် ပြည့်နှက်နေခဲ့သည်။

လေထဲတွင် အသက်ရှူလိုက်ရုံနှင့် သူ့ခန္ဓာကိုယ်နှင့် ပင်မဝိညာဉ်က သန့်ရှင်းသွားသလို မုန့်ချီက ခံစားလိုက်ရသည်။ သူက အလွန်လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရ၏။ ပတ်ဝန်းကျင် အနှစ်သာရများကလည်း ပြင်ပကမ္ဘာကြီးနှင့် အနည်းငယ် ကွဲပြားနေသည်။

ထိုအရာကတော့ ဂြိုလ်ကြီးများနှင့် ကြယ်ကြီးများ၏လှုပ်ရှားမှုနောက်ကွယ်တွင် ရှိနေသော လျို့ဝှက်ဆန်းကြယ်သည့်အရာများကို အုပ်စိုးထားသယောင် ထင်မှတ်ရသည်။

ထိုအရာက ကမ္ဘာမြေကြီး၏ စွမ်းအားများ အသုံးပြုခြင်းကို တားဆီးထားသည့် ငရဲကြီး(၉)ထပ်၏ ပင်မနေရာနှင့် မတူညီပေ။ မုန့်ချီကတော့ သူ၏စွမ်းအားများ လျှို့ဝှက်ဆန်းကြယ်စွာ တိုးမြင့်လာသည်ကိုပင် ခံစားမိနေခဲ့သည်။

ပျံသန်းနေသော ငှက်များ၊ ပြေးလွှားနေသော မှော်သားရဲများကိုကြည့်ပြီး မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။

“တကယ့်ကို လေ့ကျင့်ဖို့ နေရာကောင်း တစ်ခုပဲ…”

ထိုအရာက ပင်မသိုင်းဂိုဏ်းကြီးတစ်ခုအတွက် သူ မျှော်လင့်ထားခဲ့သော အခြေအနေမျိုးလည်း ဖြစ်သည်။ လေဟာနယ်မိန်းမပျိုဂိုဏ်း၏ နတ်သမီးနယ်မြေနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ရှောင်လင် ကျောင်းတော်ကဲ့သို့သော နေရာမျိုးကပင် တော်တော်လေး နိမ့်ကျနေသေး၏။

သို့သော် ဒဏ္ဍာရီထဲမှ‌ ကောင်းကင်(၉)သွယ်နှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ လေဟာနယ်မိန်းမပျိုဂိုဏ်း၏ နတ်သမီး နယ်မြေကလည်း နိမ့်ကျနေပုံရသည်။ ထိုအရာကလည်း ကောင်းကင်ခုံရုံး ပျောက်ဆုံးသွားသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ဖရိုဖရဲ ချီစွမ်းအင်များကြောင့် ထွက်ပေါ်လာသော တိမ်တိုက်များပေါ်တွင် အဖြူရောင် ကျောက်စိမ်းများ ရှိသည်။ သူတို့က မတူညီသော ဦးတည်ရာသို့ ပျံ့နှံ့နေခဲ့ကြ၏။

ယမန်နေ့ညတွင် သူ မှတ်သားထားခဲ့သော မြေပုံ၏ကျေးဇူးကြောင့် မုန့်ချီက မည်သည့်နေရာကို သွားရမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်နေခဲ့သည်။ သူက အင်္ကျီပေါ်တွင် ရှိနေသော ဖုန်မှုန့်များကို ဖယ်ရှားလိုက်သည့် အချိန်တွင် အနည်းငယ် စိုးရိမ်နေခဲ့သေး၏။ သူက ဆံပင်အနည်းငယ်ကို မြေပေါ်သို့ သပ်ချလိုက်သည်။

မကျေနပ်မှုများ ရှိနေသည့် ရှန့်မြစ် နတ်သမီးက လျန်ယုဗောဓိတဗ္ပနှင့် သူမ၏ နောက်လိုက်များကို လျစ်လျူရှုထားခဲ့သည်။ သူမက ရှေ့ကို လျှောက်သွားပြီး သူတို့နှင့် ဝေးကွာသွားရန် မြန်မြန်လျှောက်လာခဲ့သည်။

မုန့်ချီကတော့ သူ့နောက်မှ ကပ်လိုက်လာခဲ့၏။ နောက်မှလိုက်လာသော ယောကျ်ားလေး တပည့်များစွာကလည်း လျန်ယုနှင့် ယင်နင်တို့ကို တိတ်တဆိတ် ခိုးကြည့်နေခဲ့ကြသည်။

“တော်တော်လှလိုက်တာ....”

“တကယ့်ကို ကြောင်သူတော်တစ်ယောက်ပဲ။ သူက ယောကျ်ားသေသွားပြီး မကြာခင်မှာပဲ လက်တွဲဖော်အသစ် တစ်ယောက် ရှာခဲ့တာ မဟုတ်လား။ သူလည်း ငါတို့လိုပါပဲ…”

လျန်ယုဗောဓိတဗ္ပက ရှန့်မြစ်နတ်သမီး၏ နောက်ကျောကို စိုက်ကြည့်ပြီး အထင်သေးမှုများ ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။

အလွန်လှပသော ယင်နင်၏မျက်နှာလေးကတော့ အေးစက်နေပြီး ကရုဏာမဲ့နတ်ဆိုးကို မသိမ်းသွင်းနိုင်ခဲ့သည့်အတွက် ယခုအချိန်အထိ ဒေါသထွက်နေသေးပုံရသည်။

သူမ၏အစီအစဉ်အရ သူမကသာ ကရုဏာမဲ့နတ်ဆိုးနှင့် ဂိုဏ်းခေါင်းဆောင် ဗောဓိတဗ္ပတို့၏ တွေ့ဆုံမှုကို နှောင့်နှေးအောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် သူက အထွဋ်အထိပ်သို့ ရောက်ရှိပြီး အဆင့်တက်မှုကို ကြုံတွေ့ရနိုင်သည်။ သူမကလည်း သူနှင့် ကာမဆက်ဆံရလိမ့်မည် ဖြစ်၏။

ထို့နောက် သူမက ပျော်ရွှင်ခြင်းမိန်းမပျို ကျင့်စဉ်ကို အသုံးချပြီး သူမ လိုချင်နေသည့် အရာအားလုံးကို ယူဆောင်၍ ရနိုင်သည်။ ‘သိုင်းသခင်အဆင့် ကိုယ်လုပ်တော် တစ်ယောက်..’ ‘အမိန့်နာခံသော ကိုယ်လုပ်တော်တစ်ယောက်..’

အကယ်၍ သူမက ဝေ့ကျင်းအဆင့်ကို တစ်ကြိမ်တည်းနှင့် မရောက်လျှင်ပင် အလွန် နာမည်ကျော်ကြားသော သတ်ဖြတ်ရေးဓား စုမုန့်၊ လော်အဖွဲ့အစည်းမှ နတ်ဘုရားမ ကူရှောင်စန်း၊ ပျက်သုန်းခြင်း ဓားနတ်သမီး ကျန်းကျိဝေနှင့် ကိုယ်ပျောက်ဓား ဟယ်ကျူးတို့ကို ယှဉ်နိုင်မည် ဖြစ်သည်။ ထို့ပြင် သူမကဲ့သို့ သိုင်းသခင်အဆင့် အစေခံတစ်ယောက် မည်သူ့ဆီတွင်မှ မရှိခဲ့ချေ။

သို့သော် အဆုံးတွင်တော့ လျန်ယုက စိတ်ဆန္ဒ အလွန်ပြင်းပြနေသည့်အတွက် သူမ၏ အစီအစဉ်က ပျက်စီးသွားခဲ့ရသည်။ အကယ်၍ လျန်ယုကသာ ဂိုဏ်းထဲတွင် သူမထက် ပို၍အဆင့်မြင့်သော မဟာဗောဓိတဗ္ပများထဲမှ တစ်ယောက် မဟုတ်ခဲ့လျှင် ယင်နင်က သူမကို သေချာပေါက် အပြစ်ပေးမည် ဖြစ်သည်။

“အခုကစပြီး ငါက ဆရာ့ရဲ့ရှေ့မှာ သူ့မကောင်းကြောင်းတွေကိုပဲ မကြာမကြာ ပြောရမယ်…”

ခေါင်းထဲတွင် အတွေးကိုယ်စီ ရှိနေကြသော လျန်ယုဗောဓိတဗ္ပနှင့် ယင်နင်တို့က ညာဘက်ကို ပြန်လှည့်လိုက်ရာ သူတို့၏ရှေ့တွင် အလွန်ကြီးမားသော နန်း‌တော်ကြီး တစ်ခုကို တွေ့လိုက်ရသည်။

သူတို့က လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာသော သိမ်းငှက်ပုံသဏ္ဌာန် မှော်သားရဲတစ်ကောင်ကိုတော့ သတိမထားမိခဲ့ကြပေ။ ထိုအရာက အမျိုးအမည် မသိသော မျိုးစိတ်တစ်ခုဖြစ်ပြီး အစွမ်းထက်သော အငွေ့အသက်တစ်ခု ရှိနေခဲ့၏။

ထိုငှက်က မုန့်ချီ ဖြစ်သည်။ သူက မှော်သားရဲတိုင်း ငှက်တိုင်း၏ ပုံသဏ္ဌာန်ကို ပြောင်းလဲနိုင်ခြင်း မရှိချေ။ ထို့ကြောင့် သူက ထူးဆန်းသော ပုံသဏ္ဌာန် ရှိနေသည့် သာမန်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲလိုက်ပြီး သူက ရှားပါးမျိုးစိတ် ငှက်တစ်ကောင် ဖြစ်သည်ဟု တခြားသူများကို လှည့်စားရန် အစွမ်းထက် အငွေ့အသက်တစ်ခု ထုတ်လွှတ်နေခြင်း ဖြစ်သည်။

ထိုကဲ့သို့ ငှက်မျိုးကို ဂရုစိုက်သော လျန်ယုဗောဓိတဗ္ပနှင့် ယင်နင်တို့က အဆင့်နိမ့် တပည့်များ မဟုတ်သည့်အတွက် သူ၏မူမမှန်မှုကို သေချာပေါက် သတိထားလိမ့်မည် မဟုတ်ချေ။

နတ်သမီးနယ်မြေ၏ အတွင်းထဲတွင် ကြွက်နှင့် တခြားသတ္တဝါများ မရှိကြောင်း မုန့်ချီက ယုံကြည်နေခဲ့၏။ အကယ်၍ သူကသာ ရှန့်မြစ်နတ်သမီး၏ စံအိမ်ထဲတွင် သိထားခဲ့သော ငှက်များ ၊ မှော်သားရဲများအဖြစ် ပြောင်းလဲလိုက်မည်ဆိုလျှင် သူတို့ကို ကြည့်လိုက်ရုံနှင့် အနှစ်သာရများကို ဖမ်းဆုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သူက အလွယ်တကူ တွေ့သွားနိုင်၏။

သူတို့က သူ့ကို ရန်သူအဖြစ် မတွေးမိစေရန် သူက တခြားငှက်များနှင့်အတူ ပျံသန်းခဲ့ခြင်း မရှိချေ။ သူက လျန်ယုဗောဓိတဗ္ပ၏ အရှေ့သို့ ပျံသန်းလာပြီး သူ၏ ရုပ်ရည်ကို နောက်တစ်ကြိမ် ပြောင်းလဲ၍ လမ်းတစ်လျှောက်လုံးတွင် သူတို့ကို လှည့်စားလာခဲ့သည်။

နတ်သမီးနယ်မြေက အချိန်ကြာမြင့်စွာ ကျူးကျော်မှု မရှိခဲ့သည့်အတွက် အကာအကွယ်များက တင်းကြပ်မှု မရှိဘဲ မုန့်ချီက အဆုံးမဲ့ နန်းတော်ကြီးများကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့သည်။

လမ်းတလျှောက်တွင် မှော်သားရဲအနည်းငယ်သာ ရှိနေသည့်အတွက် မုန့်ချီက ဥယျာဉ်တစ်ခု၏ ထောင့်တစ်နေရာတွင် ရပ်တန့်နေပြီး ပုန်းအောင်းနေခဲ့ရသည်။ သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး ထိုနေရာကို မှတ်ထားလိုက်၏။ သူ့နေရာကို မှတ်သားထားခဲ့ပြီး ခန္ဓာကိုယ်နှင့် အငွေ့အသက်များကို ဖုံးကွယ်လိုက်သည်။

ထို့နောက် သူက နန်းတော်ကြီးများ၏အနားတွင် ရှိနေသော ကောင်းကင်မြစ်အနားသို့ ခိုးကြောင်ခိုးဝှက် သွားလာခဲ့၏။ သူ၏ခန္ဓာကိုယ်ပုံသဏ္ဌာန်က ပြောင်းလဲနေပြီး အရေပြားကလည်း သလင်းကျောက် ပုံသဏ္ဌာန် ပြောင်းလဲလာခဲ့သည်။

မုန့်ချီက တဖြည်းဖြည်းနှင့် ပျော့ပျောင်းသွားပြီး ရေထဲတွင် ပျော်ဝင်သွားခဲ့၏။ သူက သွေးပြာလူသားတစ်ယောက်အဖြစ် ပြီးပြည့်စုံစွာ ပြောင်းလဲနိုင်ခြင်း မရှိသည့်အပြင် ရေထဲတွင် ပျော်ဝင်နိုင်သော သူတို့၏အနှစ်သာရကို သင်ယူနိုင်ခြင်း မရှိသော်လည်း သူတို့၏ ရုပ်ရည်ကိုတော့ တုပနိုင်သေးသည်။

သာမန်လူအများစုကတော့ ရေကို သူတို့၏ရန်သူအဖြစ် တွေးမိကြလိမ့်မည် မဟုတ်ချေ။ သူတို့က ရေထဲတွင် ရှိနေသော ပင်လယ်သတ္တဝါများကိုသာ အာရုံစိုက်ကြမည် ဖြစ်သည်။ ထို့ပြင် ယင်နင်က သူမ၏ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပျော်ရွှင်ခြင်း ဗောဓိတဗ္ပဆီသို့ သတင်းမပို့ရသေးကြောင်း ကူရှောင်စန်းက ပြောပြထားခဲ့၏။

ထို့ကြောင့် ပျော်ရွှင်ခြင်း ဗောဓိတဗ္ပမျိုးဆက်က လင်းဟိုင်တွင် ဖြစ်ခဲ့သည့် အရာများနှင့် သွေးပြာလူသားများအကြောင်း မသိသေးကြောင်း ပြသနေသည်။ ထိုကဲ့သို့ ဉာဏ်ကောင်းသော လုပ်ရပ်မျိုးသာ မရှိလျှင် မုန့်ချီက အကာအကွယ်များကို ဖြတ်ကျော်ရန် ပို၍ ကြိုးစားအားထုတ်ရနိုင်သည်။

တသွင်သွင် စီးဆင်းနေသော မြစ်ကြီးက နန်းတော်များထဲသို့ စီးဆင်းလာပြီး အတွင်းထဲတွင် ရှိနေသော ပန်းပွင့်များ၊ သစ်ပင်များကို အာဟာရများ ဖြည့်ဆည်းပေး၍ တပည့်များနှင့် ဗောဓိတဗ္ပအကြီးအကဲများကို သောက်သုံးရေများ ‌ပေးနေခဲ့သည်။

မုန့်ချီက လျန်ယုဗောဓိတဗ္ပတို့၏ နောက်မှ လိုက်မသွားတော့ဘဲ ကျင်းရန်ဗောဓိတဗ္ပ စံအိမ် ရှိနေသော တခြားစမ်းချောင်းတစ်ခုဆီကို လိုက်သွားခဲ့သည်။ ရုတ်တရက်ဆိုသလို ဆွဲငင်အားတစ်ခု ပေါ်လာပြီး ရေအဖြစ် ပြောင်းလဲထားသော မုန့်ချီက ပို၍လျင်မြန်စွာ စီးဆင်းလာခဲ့သည်။ သူက အလွန်ထိတ်လန့်သွားခဲ့ပြီး ရှေ့ကိုကြည့်လိုက်ရာ ရှေ့တွင် အလွန်ကြီးမားသော ပါးစပ်ကြီးတစ်ခုကို မြင်လိုက်ရ၏။ လူတစ်ယောက်၏ အိမ်မွေးသားကောင်လေးက ရေသောက်နေခြင်း ဖြစ်သည်။

“ရေအဖြစ် ပြောင်းနေတာအောင် အန္တရာယ်များသေးတာပဲ..”

မုန့်ချီက ငါးတစ်ကောင်အဖြစ် ပြောင်းလဲပြီး ထိုသတ္တဝါ၏ ဗိုက်ထဲသို့ မရောက်သွားစေရန် ကူးခတ်သွားခဲ့၏။

သူ့ရင်ထဲတွင်တော့ တီးတိုး ရေရွတ်နေမိခဲ့သည်။

“ဒီကမ္ဘာကြီးထဲမှာ ပြီးပြည့်စုံတဲ့အရာ ဘာမှမရှိပါလား…”

သူက နောက်တကြိမ် သတိထားနေပြီး မတူညီသောငါးများအဖြစ် ပြောင်းလိုက် ရေအဖြစ် ပြောင်းလိုက်နှင့် ဆက်တိုက် ပြောင်းနေခဲ့၏။ နောက်ဆုံးတွင်တော့ ဝင်္ကပါများစွာကို ဖြတ်ကျော်ပြီး ကျင်းရန်ဗောဓိတဗ္ပ၏ စံအိမ်ဖြစ်သော ရေကျောင်းဆောင်ဆီသို့ ရောက်လာခဲ့သည်။

လေဟာနယ်မိန်းမပျိုဂိုဏ်းတွင် နန်းတော်၊ ဥယျာဉ်နှင့် မြစ်ချောင်းများစွာ ရှိနေသည်။ သို့သော် သူ၏ပင်မဗဟိုထဲတွင်တော့ အလွန်ရှေးကျသော ရဲတိုက်ကြီးတစ်ခု ရှိနေပြီး ထိုအရာက ရှေးဟောင်းပုံစံ ရှိနေသည်။ ထိုအရာက အတွေ့အကြုံများစွာကို ကြုံတွေ့ခဲ့ရသော နေရာတစ်ခုပမာ ထင်ရ၏။

ကူရှောင်စန်း၏ ဦးဆောင်မှုအတိုင်း မုန့်ချီနှင့်တခြားသူများက မြို့၏ ထောင့်တစ်နေရာတွင် ရှိနေသော အဆောက်အဦးတစ်ခုထဲသို့ ဝင်လာခဲ့သည်။ အတွင်းထဲတွင် ရှိနေသော တိုင်လုံးများက နက်မှောင်ပြီး ပျက်စီးနေသော်လည်း သူတို့က အဆောက်အဦး၏ အလေးချိန်ကို ကြံ့ကြံ့ခံနိုင်သေးသည်။

ဤနေရာတွင် အဆောက်အဦးကို ကာကွယ်ရန်အတွက် ဝင်္ကပါတစ်ခု ရှိနေသော်လည်း တိုင်လုံးများကတော့ နှစ်ထောင်ပေါင်းများစွာ တည်ရှိနေသည့်အတွက် ထူးခြားသော အရည်အသွေးများ ရှိနေ‌သေးသည်။ တချို့ကတော့ သန့်စင်လက်နက်များ ဖန်တီးရန်အတွက် အသုံးပြုနိုင်သော သစ်သားများပင် ပါဝင်နေသေးသည်။

“ဒီနေရာမှာ လာခေါ်တဲ့အထိ စိတ်ရှည်လက်ရှည် စောင့်နေရမယ်။ မင်းတို့က လောကသခင် ပျက်သုန်းခြင်းဓားကနေ ကျင့်စဉ်တစ်ခုကို နားလည်နိုင်မယ်ဆိုရင် လက်ရင်းတပည့်တစ်ယောက် ဖြစ်လာနိုင်ပြီး နှစ်မွှာကျင့်စဉ် ကျင့်ကြံဖို့အတွက် အဖော်တစ်ယောက်ကို ရွေးချယ်နိုင်လိမ့်မယ်…”

ကူရှောင်စန်းက ရှန့်မြစ်နတ်သမီးကဲ့သို့ အေးစက်စက်ပုံစံ ဟန်ဆောင်နေပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ကောင်းပါပြီ။ သခင်မ…”

ယောကျ်ားလေး တပည့်တစ်ယောက်က ရိုရိုသေသေ ပြန်ဖြေလိုက်ပြီး သူ၏ မျက်လုံးထဲတွင် ရှိနေသော စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

မည်သူကရော ထိပ်ဆုံးသို့ ပို့ဆောင်ပေးနိုင်သည့် အခွင့်အရေးတစ်ခုကို မလိုချင်ဘဲ နေမည်နည်း။

မုန့်ချီက ဘေးတစ်ဖက်တွင် တိတ်တဆိတ် ရပ်နေပြီး သူ၏ကိုယ်ပွားကိုသာ အာရုံစိုက်ထားနေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ့လက်တွင် ပျော့ပျောင်းနူးညံ့သော လက်ချောင်းလေးများကို ခံစားမိလိုက်၏။

“ဘယ်လို....”

မုန့်ချီက မော့ကြည့်လိုက်ရာ သူ့ကို စိုက်ကြည့်နေသော ကူရှောင်စန်းကို မြင်လိုက်ရသည်။ သူမ၏မျက်လုံးများက ရွှန်းလဲ့တောက်ပနေပြီး အလွန်အေးစက်သော သူမ၏ပုံစံနှင့် ကွဲပြားစွာ ရင်းနှီးသော အမူအရာတစ်ခု ပေါ်နေခဲ့သည်။

“ဒါက လောကသခင် ပျက်သုန်းခြင်းဓားကို ထိန်းသိမ်းထားတဲ့ ဆန်းကြယ်နတ်သမီးခန်းမပဲ။ ဒါက ငါတို့ဂိုဏ်းရဲ့ ဖန်တီးရှင်လို့လည်း ပြောကြတယ်။ ကောင်းကင်(၉)သွယ်က ဆန်းကြယ်နတ်သမီး ကိုယ်ပွားတစ်ယောက်ကလည်း အတွင်းထဲမှာ ရှိတယ်..”

သူမ၏ အခြားလက်တစ်ဖက်က ခန်းမအလယ်ကို လက်ညှိုးထိုးပြလိုက်သည်။

‘ဆန်းကြယ်နတ်သမီးခန်းမ။ လောကပျက်သုန်းခြင်းဓား။ ကောင်းကင်(၉)သွယ်က ဆန်းကြယ်နတ်သမီးရဲ့ ပြောင်းလဲမှု..’

ထိုစကားလုံးများကြောင့် မုန့်ချီက ကူရှောင်စန်း လက်ညှိုးထိုးပြလိုက်သည့် နေရာကို အာရုံပြောင်းလဲလိုက်ရာ သူ၏အာရုံစိုက်မှုကို ဆုံးရှုံးသွားခဲ့ရသည်။

ထိုအရာက လျှပ်စီးချက်များ၊ မီးလောင်ဒဏ်များစွာ ကျန်ရစ်နေခဲ့သော အမာရွတ်များစွာ ပြည့်နှက်နေသည့် ခန်းမအပျက်ကြီးတစ်ခု ဖြစ်သည်။ ထိုခန်းမ၏ မူလအရောင်ကို သေချာမသိရသော်လည်း ယခုတော့ မည်းနက်နေခဲ့သည်။ လူအများ၏ ရှေ့တွင်တော့ သူက ကူရှောင်စန်း၏လက်ကို ဖယ်ရှားနိုင်ခြင်း မရှိချေ။

ကူရှောင်စန်းက မုန့်ချီကို စိုက်ကြည့်လိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

“နင်က အဲဒီကို အခုထိ မရောက်သေးဘူးလား…”

“ဟုတ်တယ်။ ငါက အခွင့်အရေး ရှာနေတာ…”

မုန့်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ပုံမှန်အားဖြင့် အေးစက်ပြီး ချဉ်းကပ်၍ မရနိုင်သော ရှန့်မြစ်နတ်သမီးက အလွန်ရုပ်ဆိုးသော ကောရှီ၏ ရှေ့တွင်တော့ ဆွဲဆောင်မှုအပြည့်ရှိနေကြောင်း မြင်လိုက်ရသည့်အခါ ယောကျ်ားလေး တပည့်များ အားလုံးက မုန့်ချီကို အားကျစွာ စိုက်ကြည့်နေမိကြသည်။ သူတို့ကသာ သူ့နေရာကို ရနိုင်မည်ဆိုလျှင် အရာအားလုံး လုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် အစေခံမလေးတစ်ယောက်က ခန်းမထဲကို ဝင်လာပြီး အသံနှင့် ပြောလိုက်၏။

“ဆန်းကြယ်နတ်သမီး ခန်းမထဲကို ငါ့နောက်ကနေ တစ်ယောက်ချင်း ဝင်ကြရမယ်…”

ယောကျ်ားလေး တပည့်များက စိတ်လှုပ်ရှားစွာ ရှေ့ကို လျှောက်သွားနေကြပြီး မုန့်ချီနှင့် ကူရှောင်စန်းတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။

“ပြပွဲက စပြီ…”

…………

ရေကျောင်းဆောင်ထဲမှနေ၍ ညည်းသံသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။ ပန်းရောင်မီးခိုးငွေ့များက သူ၏အမြင်အာရုံကို တားဆီးထားပြီး လမ်းတလျှောက်တွင် ငှက်များ၊ ပိုးကောင်များကို တားဆီးထား‌သော အကာအကွယ် မှော်အစွမ်းများလည်း ရှိနေခဲ့သည်။

မုန့်ချီက ထိုနေရာ၏ အနားကို ချဉ်းကပ်နိုင်ခြင်း မရှိချေ။ မိန်းမပျိုများ၏ ညည်းညူနေသံက ကျေနပ်အားရမှုများဖြင့် ရောယှက်နေပုံ ရ၏။ သူက နားထောင်နေရင်း ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားအတွက် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။

ကြည့်ရသည်မှာ ကျင်းရန်ဗောဓိတဗ္ပက သူ၏သေဆုံးမှုကို ဂရုစိုက်ပုံ မရချေ။ ပျော်ရွှင်ခြင်း ဗောဓိတဗ္ပမျိုးဆက်မှ မိန်းမပျိုတပည့် တစ်‌ယောက်အတွက်တော့ သူတို့နှင့် ကာမဆက်ဆံသော လူတစ်ယောက်ကို ချစ်မြတ်နိုးမည်ဆိုလျှင် ကာမဆက်ဆံနေစဉ် အတောအတွင်း သူတို့၏စွမ်းအင်ကို ထိန်းသိမ်းမထားနိုင်သည့်အတွက် ချီစွမ်းအင် သွေဖယ်မှုကို ကြုံရနိုင်သည်။ ထိုအရာက သူတို့၏ သွေးကြောများကို ပျက်စီးသွားစေနိုင်ပြီး သေသည်ထက် ဆိုးသောဘဝနှင့် ရှင်သန်ရနိုင်၏။ လက်ရှိ ကျင်းရန်ဗောဓိတဗ္ပက သူမ၏ ယခင်ပတ်သက်မှုများကို လုံးဝ အလေးထားပုံ မရချေ။

ယောကျ်ားလေး တပည့်များက လောကသခင်ပျက်သုန်းခြင်းဓားကို နားလည်နိုင်ခွင့်ရရန် ဆန်းကြယ်နတ်သမီးခန်းမထဲသို့ တန်းစီ၍ ဝင်သွားကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီက သက်ပြင်းချလိုက်မိသည်။

သူက သူတို့၏ ကာမဆက်ဆံမှု ပြီးဆုံးသွားသည်အထိ စောင့်နေ၍ မရတော့သလို အကာအကွယ် မှော်အစွမ်းကို ရုတ်သိမ်းသည့်အချိန်အထိ စောင့်နေ၍ မရတော့ပေ။

သူက အစေခံမလေး တစ်ယောက်ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့ပြီး သူမကို သတိလစ်အောင် တိုက်ခိုက်လိုက်သည်။ ထို့နောက် သူမကို ထောင့်တစ်နေရာတွင် ဖုံးကွယ်ထားလိုက်ပြီး မိန်းကလေး ပုံသဏ္ဌာန်ပြောင်းလဲ၍ အိပ်ခန်းဆီသို့ လျှောက်သွားခဲ့၏။

“ဗောဓိတဗ္ပ…

ခေါင်းဆောင် ဗောဓိတဗ္ပက ရှာနေပါတယ်။ သူက အခုပဲလာဖို့ ပြောနေတယ်…”

မုန့်ချီက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။

ထိုအချိန်တွင် ညည်းညူသံများက ရပ်တန့်သွားခဲ့ပြီး အကာအကွယ် မှော်အစွမ်းကလည်း ပျောက်ကွယ်သွားခဲ့၏။ စိတ်ဝိညာဉ်စွမ်းအားများက ရေကျောင်းဆောင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ထိုအချိန်တွင် ဆွဲဆောင်မှုများ ပြည့်နှက်နေသော မိန်းမပျိုတစ်ယောက်၏အသံ ထွက်ပေါ်လာခဲ့၏။

“သူ ဘယ်မှာလဲ..”

သူမကတော့ ပျော်ရွှင်ခြင်းဗောဓိတဗ္ပဆီမှ သတင်းပို့လိုက်သောလူကို ရည်ညွှန်းခြင်း ဖြစ်သည်။ မုန့်ချီက သူ၏လက်ဖဝါးကို ဓားအဖြစ် ပြောင်းလဲလိုက်ပြီး ပတ်ပတ်လည်တွင် ခရမ်းရောင် လျှပ်စီးကြောင်းများ လွှမ်းခြုံလိုက်သည်။

“ကျုပ်က ဒီကို ရောက်လာပြီ…”

ဖျောက်....

ထိုအချိန်တွင် အနည်းငယ် ပွင့်နေသော အကာအကွယ် မှော်အစွမ်းက ခရမ်းရောင် လျှပ်စီးဓားမောက်၏ စွမ်းအင်များကြောင့် ချက်ချင်း ပျက်စီးသွားခဲ့လေ၏။

Translated by Hein Htet.

All Chapters