အခန်း (၆၂၉)
Vol. 42 Ch. 629
မုန့်ချီက အကာအကွယ်ကို တိုက်ခိုက်လိုက်သည့် အချိန်တွင် တလက်လက် တောက်ပနေသော ခရမ်းရောင်လျှပ်စီး အငွေ့အသက်များက ပျက်စီးလာခဲ့သည်။ တစ်ပိုင်းတစ်စပွင့်နေသော အကာအကွယ်ကလည်း ပျက်စီးသွားသော ငါးဖမ်းပိုက် တစ်ခုကဲ့သို့ ထိုးဖောက်ခံလိုက်ရပြီး အခန်း၏အတွင်းပိုင်းက ပြန်ပေါ်လာခဲ့သည်။
ကျင်းရန်ဗောဓိတဗ္ပက အဝတ်ဗလာနှင့် ရှိနေ၏။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် ချွေးများနှင့် စိုစွတ်နေပြီး အသားအရေပေါ်တွင် ရေချိုးထားသလိုဖြစ်၍ ခန္ဓာကိုယ်ဆီမှ ညှီစို့စို့ အနံ့တစ်ခု ရလာခဲ့သည်။ သူမ၏အနားတွင်တော့ ယောကျ်ား(၂)ယောက် ရှိနေပြီး သူတို့ကတော့ သာယာကျေနပ်မှုများနှင့် ပြည့်နှက်နေပုံရသည်။
ကျင်းရန်ဗောဓိတဗ္ပက သူမ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး လေထဲတွင် စက်ဝိုင်းတစ်ခု ဖန်တီးလိုက်သည်။ ထိုအခါ ကြိုးမျှင်လေးများ ထွက်ပေါ်လာပြီး ရန်သူ၏ ရုတ်တရက် တိုက်ခိုက်မှုကို ကာကွယ်ရန် အကာအကွယ်တစ်ခု ဖန်တီးလိုက်၏။
သူမ၏ မျက်လုံးထဲတွင်လည်း အပြာရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး အဖျက်စွမ်းအား ပြင်းထန်သည့် လျှပ်စီးကြောင်းများ ပြည့်နှက်နေသော အနက်ရောင် စက်ဝိုင်းတစ်ခုလည်း ပေါ်လာခဲ့သည်။
“မဟူရာ ရေမိုးကြိုး....”
ထိုအရာက ကောင်းကင်(၅)သွယ် ဝေ့ကျင်းအဆင့် လျှို့ဝှက်ရတနာတစ်ခု ဖြစ်၏။
သက်ရှိဖန်တီးခြင်းအဆင့်ကို အသုံးပြုပြီး ဖန်တီးထားသည့် မုန့်ချီ၏ကိုယ်ပွားက သူ၏ အစစ်အမှန် ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပို၍အားနည်းသည်။ ကျင်းရန်ဗောဓိတဗ္ပကတော့ ကြောက်စရာ ကောင်းသည့် စွမ်းအားများ ရှိနေသော အစစ်အမှန် ဝေ့ကျင်းပညာရှင် တစ်ယောက် ဖြစ်သည်။ အမှန်တကယ် တိုက်ခိုက်လိုက်မည်ဆိုလျှင် သက်ရှိဖန်တီးခြင်းအစွမ်းနှင့် ဖန်တီးထားခဲ့သော ကိုယ်ပွားက သေချာပေါက် ပေါ်သွားနိုင်သည်။
ထိုအရာက အာရုံလွှဲရန် ကြိုးစားလိုက်သော သူတို့၏အစီအစဉ်ကို ပျက်စီးသွားစေနိုင်ပြီး လက်ရှိဆန်းကြယ်နတ်သမီး ဆက်ခံသူက လောကသခင် ပျက်သုန်းခြင်းဓားကို ဆက်လက်စောင့်ကြည့်နေနိုင်သည်။ ထို့ကြောင့် မုန့်ချီက သူ၏လျှို့ဝှက်ရတနာများကို ချက်ချင်း အသုံးပြုလိုက်ခြင်း ဖြစ်သည်။
သူမဆီကို ရောက်လာနေသော မဟူရာမိုးကြိုးကို မြင်လိုက်ရသည့်အခါ ကျင်းရန်ဗောဓိတဗ္ပက မျက်မှောင်ကြုတ်လိုက်မိပြီး သူမ၏ရင်ထဲတွင်လည်း အကြောက်တရားများ၊ ထိတ်လန့်မှုများ ပြည့်နှက်လာခဲ့၏။
သူမက မဟူရာရေမိုးကြိုးကဲ့သို့သော အရာမျိုးနှင့် စိမ်းနေခြင်း မရှိချေ။ အကယ်၍ ထိုအရာကသာ သူမကို တိုက်ခိုက်လိုက်မည်ဆိုလျှင် သူမ၏ခန္ဓာကိုယ်ကို တိုက်စားပြီး အရေပြားကို ဝါးမျိုသွားပါလိမ့်မည်။ ထို့ကြောင့် သူမက မှော်ဝတ်စုံနှင့်ပင် တားဆီးရဲခြင်း မရှိချေ။
ထိုအစား သေးသွယ်သော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ ကိုယ်လုပ်တော် ယောကျ်ားလေး (၂)ယောက်ကို ရှေ့တွင် ဒိုင်းသဖွယ် ကာထားလိုက်သည်။
“ဘုန်း.....”
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင်မိုးကြိုးများက လှိုင်းလုံးများသဖွယ် ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။
ရှေ့ဆုံးတွင် ရှိနေသော ယောကျ်ားလေးကတော့ ပေါက်ကွဲမှုကြောင့် အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားခဲ့၏။ ဒုတိယတစ်ယောက်ကတော့ သူ့အတွက် လုံခြုံသည့်နေရာကို ရူးသွပ်စွာ ရှာဖွေရန် ကြိုးစားနေသော်လည်း အချည်းနှီးသာ ဖြစ်သွားခဲ့၏။ အနက်ရောင် လျှပ်စီးကြောင်းများက သူ့အသားနှင့် ထိသွားသည့်အတွက် သူ့ကို တခဏအတွင်း ဝါးမျိုသွားခဲ့သည်။
ထိုလူသားဒိုင်းများက တိုက်ခိုက်မှု၏ ပထမနှင့် ဒုတိယလှိုင်းလုံးများကို ကာကွယ်လိုက်သည့် အချိန်တွင် ကျင်းရန်ဗောဓိတဗ္ပ၏ လက်တစ်ဖက်က ဆက်တိုက် လှုပ်ရှားသွားခဲ့ပြီး တံဆိပ်ပေါင်းများစွာ ပေါ်လာခဲ့သည်။ သူ၏မျက်စိရှေ့တွင်လည်း ဝဲကတော့လေးတစ်ခု ပွင့်လာခဲ့သည်။
ဝဲကတော့ထဲမှ ထွက်ပေါ်လာသော အငွေ့အသက်က အလွန်အမင်းကို အစွမ်းထက်ပြီး အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုလည်း ပျံ့နှံ့လာခဲ့၏။ ပေါက်ကွဲမှုများ ဆက်လက်ထွက်ပေါ်လာပြီး အနက်ရောင်ရေလှိုင်းများက ပတ်ပတ်လည်ကို ဖျက်ဆီး၍ ဝဲကတော့ကြီးကို တိုက်ခိုက်လိုက်သည်။
ထိုဝဲကတော့နှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် ဝဲကတော့ထဲမှ ထွက်လာသော အစွမ်းကြောင့် အဖျက်စွမ်းအား ပထမလှိုင်းလုံးက ပျောက်ကွယ်သွား၏။ ထိုအရာက ဗောဓိတဗ္ပအတွက်တော့ တခဏစာ အချိန်ပေးလိုက်ခြင်းဖြစ်ပြီး ဝဲကတော့၏ ဒုတိယလှိုင်းလုံး အနီးအနားကို ရောက်လာခဲ့သည့်အချိန်တွင် ဝဲကတော့က အသစ်တဖန် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ကျန်းရန်ဗောဓိတဗ္ပက နောက်ထပ် တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ သူမ၏အတွင်းအားများကို သုံးပြီး ဖနောင့်နှင့် ပေါက်လိုက်၏။ သူမက ရောက်ရှိလာသော သေဆုံးခြင်း စွမ်းအားများကို ရှောင်တိမ်းလိုက်သည်။
ပေါက်ကွဲမှုများ ၊ စွမ်းအားများ ထိခိုက်မခံရစေရန် ရှောင်တိမ်းလိုက်ပြီးနောက် တိုက်စားနိုင်သည့် အကျိုးသက်ရောက်များကိုလည်း ကြောက်စရာ မလိုတော့ပေ။ မည်သို့ဖြစ်စေကာမူ သူမ၏လှုပ်ရှားမှုက မဟူရာရေမိုးကြိုးဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ လှိုင်းလုံးများထက် အနည်းငယ်ပို၍ နှေးကွေးနေခဲ့သည်။ ထိုအနက်ရောင်နှင့် အပြာရောင် လှိုင်းလုံးများက သူမနှင့် အလွန် နီးကပ်လာခဲ့သည်။
ထိုအချိန်တွင် မုန့်ချီကတော့ သူ့အတွေးကိုပင် နှေးကွေးသွားစေနိုင်သော အစွမ်းထက်ပညာရှင် တစ်ယောက်၏ တည်ရှိမှုကို ခံစားမိခဲ့သည်။ သူကတော့ ကောင်းကင်ဘုံမှ အဖြူရောင်လက်ဝါးတစ်ဖက် ကျဆင်းလာနေသည်ကို မသက်မသာ ကြည့်နေခဲ့ရသည်။
“လက်ရှိ ပျော်ရွှင်ခြင်း ဗောဓိတဗ္ပလား။ ဒါဆိုရင် ရောက်လာတဲ့သူက ဆန်းကြယ်နတ်သမီး မဟုတ်ဘဲ ပျော်ရွှင်ခြင်းဗောဓိတဗ္ပ ဖြစ်နေတာလား။ ဒါက တကယ့်ကို ထောင်ချောက်တစ်ခုပဲ…”
စက္ကန့်ပိုင်းလေးအတွင်း တိုက်ပွဲ၏ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့သည်။ အလွန်ကြီးမားသော လက်ဖဝါးက နက်ပြာရောင် သေဆုံးခြင်း ပင်လယ်ကြီးထဲသို့ ကျရောက်လာခဲ့ပြီးနောက် ထိုအစွမ်းများက ခြွင်းချက်မရှိ ပျောက်ကွယ်သွားစေခဲ့သည်။
မုန့်ချီ ဆီတွင် ကိုယ်ပွားများ ရှိနေသည်မှာ ကံကောင်းသွားသည်။ သူ့အတွေးများက ယာယီအေးခဲသွားခဲ့သော်လည်း သူတို့က သူ၏ထိန်းချုပ်မှုအောက်တွင် ဆက်လက် ရှိနေသေးသည်။ ထိုအရာက ပိုမီ၌ တိုက်ခိုက်နေစဉ် အတောအတွင်း ဘိုးဘေးဒိုမူ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော ငရဲအင်ပါယာ၏ အခြေအနေကဲ့သို့သာ ဖြစ်သည်။ သူက သိုင်းပညာ၊ လျှို့ဝှက်ကျင့်စဉ်နှင့် ကိုယ်ပိုင်လက်နက်များကိုပင် ရိုးရှင်းစွာ အသုံးပြုခဲ့ခြင်း မရှိချေ။
အဖြူရောင်လက်ဖဝါးက အောက်သို့ ကျဆင်းလာသည့်အချိန်တွင် မုန့်ချီ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့၏။ သူ ရှိနေသည့်အတွက်ကြောင့် ပျော်ရွှင်ခြင်း ဗောဓိတဗ္ပက အနည်းငယ် အံ့သြသွားပုံရ၏။
မဟူရာရေမိုးကြိုး၏ အဖျက်စွမ်းအားများ ကျန်နေသေးသည်ကို သိနေသည့်အတွက် ကိုယ်ပွားများက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်သည်။ ထိုအခါ သူတို့က ဆံပင်မွှေးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး လေထဲသို့ လွင့်မျောသွားခဲ့၏။
ထိုအချိန်တွင် ရေကျောင်းဆောင်၏ အပေါ်ဘက်၌ ကြာပန်းပလ္လင်တစ်ခု ပေါ်လာပြီး အလွန်ကြောက်စရာကောင်းသော လက်ရှိပျော်ရွှင်ခြင်း ဗောဓိတဗ္ပက မုန့်ချီကို ခြေရာခံရန် နယ်မြေတခွင်လုံး စစ်ဆေးကြည့်နေခဲ့သည်။
……………
အစေခံမိန်းကလေး၏ ဦးဆောင်မှုနှင့် ယောကျ်ားလေး တပည့်တစ်ယောက်က ဆန်းကြယ်နတ်သမီးခန်းမထဲသို့ ဝင်လာခဲ့သည်။ သူ့မျက်လုံးများက လက်ရှိ ဆန်းကြယ်နတ်သမီး ဆက်ခံသူကို သတိထားမိသွားသည့်အချိန်တွင် အလွန်ထိတ်လန့်ကြောက်ရွံ့သွားပြီး ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။
ထို့နောက် ခန်းမကြီးထဲရှိ အဆောက်အဦးတစ်ခုပေါ် တင်ထားသော အနက်ရောင် ဧရာမ ဓားမောက်တစ်လက်ကို လှမ်းကြည့်လိုက်မိသည်။ ကူရှောင်စန်း နှင့် မုန့်ချီတို့ကလည်း ခန်းမထဲတွင် ရှိနေပြီး တခြားသော ယောကျ်ားလေး တပည့်များ အားလုံးကို ကြည့်နေကြ၏။
“ဘုန်း.....”
အဝေးမှနေ၍ မဟူရာရေမိုးကြိုး ပေါက်ကွဲသံ ကြားလိုက်ရသည်။
နတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု သို့မဟုတ် အိပ်ပျော်နေရာမှ နိုးထလာသော အင်မော်တယ်တစ်ပါးကဲ့သို့ အငွေ့အသက်တစ်ခုကလည်း တဖြည်းဖြည်း ကြီးထွားလာခဲ့၏။ ထိုအရာကတော့ လက်ရှိမျိုးဆက် ဆန်းကြယ်နတ်သမီး ဖြစ်သည်။
သို့သော် သူမက မုန့်ချီနှင့် ကူရှောင်စန်းတို့ မျှော်လင့်ထားခဲ့သလို တုံ့ပြန်ခဲ့ခြင်း မရှိချေ။ ထိုနေရာတွင် ပျော်ရွှင်ခြင်းဗောဓိတဗ္ပက ဖြေရှင်းနိုင်သည့်အတွက် သူမက ဆန်းကြယ်နတ်သမီးခန်းမထဲမှ အလျင်အမြန် ထွက်သွားခဲ့ခြင်း မရှိချေ။ အနှောင့်အယှက်ကို စိုးရိမ်နေရမည့်အစား သူမကတော့ သတ်ဖြတ်ရေးဓားကိုသာ ရှာဖွေရန် အလေးထားနေခဲ့သည်။
ထို့နောက် လေထဲတွင် အဖြူရောင်တိမ်တိုက်များ စုစည်းလာပြီး တိမ်တိုက်ပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ နတ်ဘုရားစွမ်းအင်များကလည်း နတ်သမီးနယ်မြေ၏ အပြင်ဘက်ပိုင်းတွင် စုစည်းလာပြီး နယ်မြေတစ်ခုလုံးကို ကြည်လင်တောက်ပနေသော အကာအကွယ်တစ်ခု လွှမ်းခြုံ၍ ပြင်ပကမ္ဘာကြီးနှင့် ခွဲခြားထားလိုက်သည်။
လက်ရှိ ဆန်းကြယ်နတ်သမီးက လှုပ်ရှားမှု၊ ပေါက်ကွဲမှုများကြောင့် အာရုံလွင့်သွားခဲ့ခြင်းမရှိဘဲ သားကောင်ကို ထောင်ချောက်ထဲမှ လွတ်မသွားစေရန် နတ်သမီးနယ်မြေတစ်ခုလုံးကို မှော်ဝင်္ကပါနှင့် ပိတ်ဆို့ထားခဲ့သည်။
“မင်းက နတ်သမီးနယ်မြေထဲကို ရောက်လာပြီဆိုမှတော့ ဘယ်လိုပဲ ရောက်လာရောက်လာ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး…”
ထိုအရာက မုန့်ချီ ကြိုတွေးထားခဲ့သော မြင်ကွင်းများထဲမှ တစ်ခု ဖြစ်သည်။ ထိုအချိန်တွင် သူကတော့ စိုးရိမ်တွေဝေနေခြင်းမရှိဘဲ ကြောက်ချင်ယောင်ဆောင်ပြီး အော်ပြောလိုက်၏။
“ဘာတွေ ဖြစ်နေတာလဲ။ နတ်သမီးနယ်မြေက ဘာတွေဖြစ်သွားတာလဲ…”
သူ၏စိုးရိမ်တကြီး အော်ဟစ်သံကြောင့် ယောကျ်ားလေး တပည့်ပေါင်းများစွာက စတင် လှုပ်ရှားလာပြီး စိုးရိမ်ထိတ်လန့်လာကြသည်။ ကြောက်ရွံ့ထိတ်လန့်နေသည့် အတောအတွင်း ခန်းမကြီးတစ်ခုလုံးကလည်း ဗရမ်းဗတာ ဖြစ်လာခဲ့၏။
ထိုအချိန်တွင် လူတစ်ယောက်က ခန်းမထဲကို ပျံသန်းလာပြီး တည်ငြိမ်စွာ အော်ပြောလိုက်သည်။
“တိတ်တိတ်နေကြစမ်း…”
ထိုအရာကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက သူ့မျက်လုံးသူ ယုံကြည်ရန် ခက်ခဲနေခဲ့သည်။ ထိုအရာက သူ သိထားသော မျက်နှာလေးတစ်ခု ဖြစ်၏။ သူမဆီတွင် လုံးဝိုင်းသောမျက်လုံး၊ ပါးလွှာသော နှုတ်ခမ်းနှင့် ဘဲဥပုံမျက်နှာလေးတစ်ခု ရှိနေပြီး နူးညံ့ပျော့ပျောင်းသည့် အကျင့်စရိုက်မျိုး ရှိသည်။
ထိုအရာကတော့ ယပ်တောင်(၆)လက်ကျောင်းမှ ခရမ်းသိမ်းငှက်လူဆိုးထိန်း လျှူရှန့်မင်၏သမီး လျှူရှုယူ ဖြစ်သည်။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူမက အလွန်ကျက်သရေရှိစွာ လျှောက်လှမ်းလာခဲ့၏။ သူမဆီမှ ထွက်ပေါ်လာသော အငွေ့အသက်များအရ ဝေ့ကျင်းအဆင့်ကို ခြေတစ်လှမ်းသာ လိုတော့ကြောင်း ပြသနေသည်။
“သူကလည်း လေဟာနယ်မိန်းမပျိုဂိုဏ်းက အဖွဲ့သားတစ်ယောက် ဖြစ်နေတာပဲ။ ပြီးတော့ သူ့ကို ကြည့်ရတာ တော်တော်လေး အဆင့်မြင့်မယ်ထင်တယ်။ ဒါပေမဲ့ သူက လော့ရန်မြို့တော်မှ ကြီးပြင်းလာတာလေ။ သူက ဘယ်အချိန်တုန်းကများ နတ်သမီးနယ်မြေထဲကို ရောက်လာရတာလဲ..”
သူ့ခေါင်းထဲတွင် မေးခွန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက်ဆိုသလို ရှန်ရှို့မေနှင့် လျှူရှုယူတို့က တူညီသော အခြေအနေတစ်ခု ရှိနေသည်ကို အမှတ်ရသွားခဲ့သည်။
“ဒါဆိုရင် လျှူရှုယူကလည်း ဆန်းကြယ်နတ်သမီး ဆက်ခံသူရဲ့ နီမဏကာရ တစ်ယောက်လား ဖြစ်နေမလား…”
မုန့်ချီက စတင်နားလည်လာသည့်အချိန်တွင် ယောကျ်ားလေး တပည့်များကတော့ လျှူရှုယူ၏ ကျယ်လောင်သော အော်သံကြောင့် ငြိမ်သက်သွားရ၏။
ကူရှောင်စန်း၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“အဲဒီအရူးတွေကို ဘာမှဂရုစိုက်မနေနဲ့ ညီမလေး လျှူလော်…။ ပြဿနာဖြစ်တဲ့ နယ်မြေကို စောင့်ကြည့်နေတဲ့ ကျင်းရန်ဗောဓိတဗ္ပ ရှိတယ်လေ ညီမလေးရဲ့။ အဲဒါက သတ်ဖြတ်ရေးဓားကြောင့် ဖြစ်ခဲ့တာ။ ပြီးတော့ ဒီနေ့ ဒီနေရာကို ဝင်လာတဲ့လူတွေထဲမှာ ညီမလေး ဦးဆောင်ပြီး အဖွဲ့(၂)ဖွဲ့ပဲ ရှိတယ်..”
“ကျွန်မကတော့ သတ်ဖြတ်ရေးဓားရဲ့ အစီအစဉ်တွေကို စိုးရိမ်နေမိတယ်။ သူက ဒီအခွင့်အရေးကို အရယူပြီး နတ်ဘုရားလက်နက်ကို အနီးကပ် စစ်ဆေးကြည့်နိုင်တယ်။ ကျွန်မရဲ့စိုးရိမ်မှုကို ခွင့်လွှတ်ပေးပါ…”
လျှူရှုယူက ရှန့်မြစ်နတ်သမီးကိုကြည့်ပြီး မသေမချာ ပြောလိုက်သည်။
မုန့်ချီက ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။ သို့သော် ကူရှောင်စန်းက ဆန်းကြယ်နတ်သမီး ဆက်ခံသူကို သတ်လိုက်ခြင်းနှင့် လေဟာနယ်မိန်းမပျိုဂိုဏ်းတွင် အကူအညီတစ်ယောက် ရှိသည်ဟူသော စကားကို ပြန်လည် စဉ်းစားမိသွားသည်။ထိုကိစ္စ(၂)ခုက ဆက်စပ်မှု မရှိသလို ထင်မှတ်ရသော်လည်း မုန့်ချီကတော့ စိတ်ထဲတွင် တွေးနေမိခဲ့သည်။
သူက လျှူရှုယူ၏ အကြံပေးချက်ကို ကြားသည့်အချိန်တွင် စိုးရိမ်ထိတ်လန့်ခြင်း မရှိသည့် ကူရှောင်စန်းကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး ကူရှောင်စန်းဆီတွင် ဝှက်ဖဲများ ရှိသေးကြောင်း နားလည်သွားသည့်အတွက် သူ့ရင်ထဲတွင် ရှိနေသော စိုးရိမ်ပူပန်မှုများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် လက်ရှိဆန်းကြယ်နတ်သမီး၏အစွမ်းများနှင့် ပိတ်ဆို့ထားသော အကာအကွယ်က စတင်လှုပ်ရှားလာပြီး ကျောက်ခဲများ၊ အုတ်ချပ်များနှင့် ပစ္စည်းပေါင်းစုံကိုပင် သေချာစစ်ဆေး ကြည့်နေခဲ့၏။
“ညီမလေးရဲ့အကြံပေးချက်က သင့်တော်တာပဲလေ။ ဘာလို့ အစ်မက ဒီလိုအရာမျိုးကိုး ဆန့်ကျင်ရမှာလဲ…”
ကူရှောင်စန်း ပုံစံပြောင်းထားသော ရှန့်မြစ်နတ်သမီးက အပြုံးနှင့် ပြန်ပြောလိုက်သည်။
ထိုစကားကိုကြားသည့်အခါ လျှူရှုယူက လက်တစ်ဖက်ကို ဆုပ်လိုက်ပြီး လက်ထဲတွင် တံဆိပ်ပေါင်းများစွာကို ဖန်တီးလိုက်သည်။ ထို့နောက် ယောကျ်ားလေး တပည့်များ အားလုံးကို အလင်းတန်းကြီးတစ်ခုနှင့် လွှမ်းခြုံလိုက်၏။ ဘာကြောင့်မှန်း မသိသော်လည်း သူမက မုန့်ချီ တစ်ယောက်တည်းကိုသာ အပြင်ဘက်တွင် ချန်ထားခဲ့သည်။
“ထုတ်လိုက်တော့…”
မုန့်ချီ၏ နားထဲတွင် ကူရှောင်စန်း၏အသံကို ရုတ်တရက် ကြားလိုက်ရသည်။
ထိုအခြေအနေမျိုးတွင် အချိန်ကိုက်လှုပ်ရှားမှုက အရေးကြီးဆုံး ဖြစ်၏။ မုန့်ချီကတော့ တခြားမည်သည့်အရာမျှ မမေးဘဲ သူတို့ ကြိုတင်စီစဉ်ထားသည့်အတိုင်း မလှုပ်မရပ် ရပ်နေခဲ့၏။
သူက တောင်တန်းမြစ်မြေပုံကို လှုပ်ရှားလိုက်ပြီး ကောရှီကို လွှတ်ပေးလိုက်သည်။ သူက ငေးငိုင်နေသည့် အမူအရာ ရှိနေပြီး စိတ်ဝိညာဉ် ထိန်းချုပ်ခံထားရသလို ဖြစ်နေသည်။ မုန့်ချီကတော့ မြေပုံထဲသို့ ဝင်သွားခဲ့ပြီး အတွင်းထဲမှနေ၍ လျှို့ဝှက်ရတနာ၏ ပိုင်ဆိုင်သူ အမှတ်အသားကို သတိထားမိခဲ့သည်။
တစ်ဖက်တွင်လည်း ကူရှောင်စန်းက အနက်ရောင်ပုဆိန်ငယ်လေး တစ်ခုကို ထုတ်လိုက်၏။ သူမကလည်း အလားတူ ငေးငိုင်နေသော ရှန့်မြစ်နတ်သမီးကို လွှတ်လိုက်ပြီး သူမကိုယ်တိုင်က ထိုပုဆိန်လေးထဲတွင် ပျောက်ကွယ်သွားခဲ့၏။
တောင်တန်းမြစ်မြေပုံနှင့် ပုဆိန်က မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး သူတို့ကို လျှူရှုယူက ယူဆောင်သွားခဲ့သည်။ သူမက ကူရှောင်စန်းကို ကူညီပေးနေသော အတွင်းလူတစ်ယောက် ဖြစ်သည်။ သူမက နတ်သမီးနယ်မြေထဲတွင် ဆန်းကြယ်နတ်သမီး ဆက်ခံသူကိုပင် သူမ၏လူတစ်ယောက်အဖြစ် သိမ်းသွင်းထားနိုင်မည်ဟု မည်သူကရော တွေးထားကြမည်နည်း။
တခဏ လှည့်ပြောင်းလိုက်ပြီးနောက် အသစ် ထွက်ပေါ်လာသော ရှန့်မြစ်နတ်သမီးနှင့် ကောရှီတို့ကတော့ ယာယီငေးငိုင်နေသေးပုံရသည်။ သို့သော် သူတို့၏ နှေးကွေးသောပုံစံကို လက်ရှိမျိုးဆက် ဆန်းကြယ်နတ်သမီး သတိထားမိနိုင်သေးသည်။ ထို့ကြောင့် သူမက သူတို့ကို ကာကွယ်ရန်အတွက် ထူးဆန်းသော အကာအကွယ်ကို အသုံးပြုလိုက်ရခြင်း ဖြစ်သည်။
ထိုအရာကတော့ လျှူရှုယူကို အကြွင်းမဲ့ ယုံကြည်ထားခဲ့ခြင်းလည်း ဖြစ်၏။ ထိုကဲ့သို့ အတွင်းလူတစ်ယောက် မရှိလျှင် သူတို့က ဆန်းကြယ်နတ်သမီး၏ မျက်စိအောက်မှ ပျောက်ကွယ်သွားရန် လုံးဝမဖြစ်နိုင်ပေ။
လျှူရှုယူက အနည်းငယ် တွေဝေနေပြီး ထိုပုဆိန်လေးကို လက်ထဲတွင် ကိုင်ထားလိုက်၏။ သူမက သဘောတူညီချက်ကို အမှတ်ရသွားခဲ့သည့် အချိန်တွင် မျက်လုံးများက တည်ငြိမ်သွားခဲ့သည်။ သူမ၏လက်ချောင်းလေးများကလည်း တံဆိပ်များ ဖန်တီးလိုက်ပြီး သူမက ကြိုးမျှင်လေးတစ်ခုကို ဖမ်းဆုပ်လိုက်သလို ထင်ရ၏။
သူမက ရှန့်မြစ်နတ်သမီးနှင့် ကောရှီတို့ကို မှော်အစွမ်းတစ်ခု သုံးလိုက်ရာ သူတို့(၂)ယောက်လုံးက အသက်စွမ်းအင်များ ပြန်လည် နိုးထလာသလို ထင်ရသည်။ နတ်သမီးနယ်မြေတစ်ခုလုံး ပြည့်ပြည့်ဝဝ ပိတ်ဆို့လိုက်သည့်အချိန်တွင်တော့ သူမ၏ လုပ်ဆောင်မှုအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဆန်းကြယ်နတ်သမီးကိုယ်တိုင်က ကောင်းကင်ပေါ်တွင် ပျံသန်းနေပြီး သူမက နယ်မြေတစ်ခုလုံးကို သေချာစစ်ဆေးကြည့်နေခဲ့၏။ သူမက လေထဲတွင် ရပ်နေပြီး ရှန့်မြစ်နတ်သမီးနှင့် သူ့အဖွဲ့ကိုလည်း အပေါ်မှ ငုံ့ကြည့်နေခဲ့သည်။ ထိုအဖွဲ့ ဝင်ရောက်လာခြင်းနှင့် သတ်ဖြတ်ရေးဓား ရုတ်တရက် ပေါ်ထွက်လာခြင်းတို့က အလွန်တိုက်ဆိုင်နေသည်မှာ သံသယဝင်စရာ မရှိချေ။
သူမ၏အငွေ့အသက်များက သိပ်သည်းစွာ ကျရောက်လာနေခဲ့သည်။ ထိုအချိန်တွင် ယောကျ်ားလေးတပည့်များ၏ လှုပ်ရှားမှုများက ရပ်တန့်သွားခဲ့ပြီး သူတို့က မိန်းမောသွားကြပုံပေါ်သည်။
ဆန်းကြယ်နတ်သမီး၏ အငွေ့အသက်များက တစ်ယောက်ချင်းဆီကို စစ်ဆေးကြည့်နေပြီး သူတို့ ပိုင်ဆိုင်ထားသည့်အရာများပင် လွတ်မြောက်ခဲ့ခြင်း မရှိချေ။ စုမုန့်က ကျောက်တုံးတစ်တုံး သို့မဟုတ် ကျောက်မျက်ရတနာ တစ်ခုအဖြစ် ပြောင်းလဲထားခြင်း ရှိမရှိ မည်သူက သေချာပြောနိုင်မည်နည်း။ သူက လေဟာနယ်ကို ထိန်းချုပ်နိုင်သော လျှို့ဝှက် ရတနာများထဲတွင်ပင် ပုန်းနေနိုင်သည်။ ယောကျ်ားလေး တပည့်များ၏ရှာဖွေမှုက အဆုံးသတ်သွားခဲ့ပြီး ဆန်းကြယ်နတ်သမီးက ကောရှီကို စစ်ဆေးကြည့်နေခဲ့၏။
လျှူရှုယူကတော့ ကြောက်လန့်မှုများကို အားတင်းထားလိုက်မိသည်။ ကူရှောင်စန်းက မြေပုံနှင့် အနက်ရောင်ပုဆိန်လေးကို ထိုနှစ်ယောက်ဆီတွင် ချန်မထားခဲ့သည်မှာ ကံကောင်းသွားခဲ့သည်။ တချိန်တည်းတွင် ရှန့်မြစ်နတ်သမီးနှင့် ကောရှီတို့က စိတ်ဝိညာဉ်ထိန်းချုပ်မှု ပျက်ပြယ်သွားမှာကိုလည်း သူမက စိုးရိမ်နေသေးသည်။
ဆန်းကြယ်နတ်သမီးက ရုပ်ပြောင်းရုပ်လွှဲပညာနှင့် အသွင်ပြောင်းသည့်အရာအားလုံးကို သေချာစစ်ဆေးကြည့်နေသည့်အတွက် သူမက စိတ်ဝိညာဉ်ထိန်းချုပ်ခံထားရသည့် လက္ခဏာများကိုတော့ လျစ်လျူရှုမိခဲ့သည်။ သူမ၏အငွေ့အသက်များးက ကောရှီဆီမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ရှန့်မြစ်နတ်သမီးဆီသို့ ကျရောက်သွားခဲ့သည်။
ထို့နောက် ဆန်းကြယ်နတ်သမီးက လျူရှုယူကို ပြောလိုက်၏။
“မင်းက ကောင်းကောင်းလုပ်ခဲ့တာပဲ။ မင်းက အခြေအနေကို ပြင်ဆင်ဖို့အတွက် မြန်မြန်လှုပ်ရှားလိုက်တော့…”
အစောပိုင်းတွင် သူမက လျှူရှုယူ၏ လျင်မြန်သော တုံ့ပြန်မှုကို သတိထားမိခဲ့ပြီး ခန်းမကြီးထဲတွင် ပထမဆုံး စစ်ဆေးခဲ့သည်။ ထို့ကြောင့်လည်း သူမက လျှူရှုယူကို ပြတ်သားစွာ အမိန့်ပေးလိုက်ခြင်း ဖြစ်၏။ ထို့နောက် ဆန်းကြယ်နတ်သမီးက သူတို့ဆီမှ ထွက်ခွာသွားခဲ့ပြီး တခြားနေရာတွင် ဆက်လက် ရှာဖွေနေခဲ့သည်။
လျှူရှုယူကတော့ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိ၏။ သူမ၏ ရင်ထဲတွင်တော့ စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ဦးနှောက်များ ပေါက်ကွဲသွားတော့မလို ခံစားနေရသည်။
သူမက ယောကျ်ားလေး တပည့်များ သတိပြန်မဝင်လာသေးခင် ကူရှောင်စန်းနှင့် မုန့်ချီတို့ကို လျင်မြန်စွာ လွှတ်ပေးလိုက်သည်။ ထို့နောက် သူမက ရှန့်မြစ်နတ်သမီးကို လျှို့ဝှက်ရတနာထဲသို့ ပြန်ဆွဲခေါ်လိုက်ပြီး ကောရှီကိုတော့ ထိတွေ့ခဲ့ခြင်း မရှိချေ။
“အခု မင်းတို့တွေက ညီမလေးလျှူရှုယူရဲ့ ဦးဆောင်မှုကို လိုက်သွားရမယ်။ မဟုတ်ဘူး။ ညီမလေး လျှူလော်..”
ကူရှောင်စန်း၏ မျက်လုံးများက မြေခွေးတစ်ကောင်ကဲ့သို့ လှုပ်ရှားနေခဲ့သည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး လျှူရှုယူ၏လက်ထဲတွင် အနက်ရောင် ကျောက်တုံးလေးတစ်တုံးအဖြစ် ပြောင်းလဲထားခဲ့သည်။ လျှူရှုယူက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဆန်းကြယ်နတ်သမီးခန်းမထဲသို့ ဝင်သွားခဲ့၏။ ပုံမှန်အခြေအနေတွင်တော့ သူမကို ဝင်ခွင့်မပေးပေ။ ထို့ကြောင့် သူမက မုန့်ချီတို့နှင့်အတူ ခန်းမထဲသို့ လိုက်လာနိုင်မည် မဟုတ်ချေ။ သို့သော် လက်ရှိနတ်သမီးနယ်မြေထဲတွင် ရှိနေသော ပြဿနာများကြောင့် သူမက အလွယ်တကူ ဝင်ရောက်ခွင့် ရသွားခဲ့၏။
အလယ်တွင် ရှိနေသော ဆန်းကြယ်နတ်သမီး ခန်းမထဲတွင်တော့ မီးလောင်နေသည့် အမှတ်အသားများ ပြည့်နှက်နေပြီး လျှပ်စီးကြောင်းများ၏ အငွေ့အသက်များလည်း ရှိနေခဲ့သည်။ ထိုနေရာက သူတို့ရောက်လာခြင်းကို စောင့်ကြိုနေသည့်အလား တိတ်ဆိတ်မှုများ ပြည့်နေခဲ့၏။
ကူရှောင်စန်းက ခန်းမထဲတွင် ပျောက်ကွယ်သွားသော လျှူရှုယူကို စောင့်ကြည့်နေခဲ့သည်။ သူမက ဝမ်းသာပျော်ရွှင်စွာ ပြုံးနေမိခဲ့၏။
Translated by Hein Htet.