အခန်း (၆၃၀)
Vol. 42 Ch. 630
လေဟာနယ်မိန်းမပျိုဂိုဏ်း၏ နတ်သမီးနယ်မြေထဲတွင် …
ကောင်းကင်ကြီးပေါ်၌ မီးခိုးရောင်တိမ်တိုက်များ ပြည့်နှက်နေခဲ့သည်။ နတ်သမီးဗောဓိတဗ္ပတစ်ယောက်က ကောင်းကင်ကြီးပေါ်တွင် ပျံသန်းလာပြီး ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုက နေရာတိုင်းတွင် လွှမ်းခြုံနေခဲ့သည်။
တပည့်များက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်ရန် ကြိုးစားနေကြသော်လည်း အခြေအနေက ဖိအားများကို အတော်လေးကို ခံစားနေကြရသည်။
ကူရှောင်စန်းက လျှူရှုယူ၏ နောက်ကျောကိုကြည့်လိုက်ရာ သူမက မိန်းကလေး အိမ်တစ်လုံး၏ရှေ့တွင် ရပ်နေကြောင်း မြင်လိုက်ရ၏။ သူမ၏အပြုံးလေးက အလွန်လှပပြီး ခန္ဓာကိုယ်ကတော့ ဝေဝေဝါးဝါးသာ ဖြစ်သည်။ သူမက လျင်မြန်စွာ ပြန်လှည့်လာပြီး ရှန့်မြစ်နတ်သမီးကို တိုက်ရိုက်လွှတ်ပေးလိုက်၏။
ထိုအချိန်တွင် ယောကျ်ားလေး တပည့်များကတော့ ဓမ္မကာရအဆင့်ပညာရှင်၏ အငွေ့အသက်များကြောင့် မူးဝေနေသေးသည်။ သူတို့၏အတွေးများကလည်း ပုံမှန်အတိုင်း လှုပ်ရှားနိုင်ခြင်းမရှိဘဲ သူတို့က တစ်စုံတစ်ခု လွဲမှားနေခြင်းကို သတိမထားမိခဲ့ကြပေ။
ကူရှောင်စန်းက ရှန့်မြစ်နတ်သမီးကို ခဏကြာ စိုက်ကြည့်နေပြီး ရှန့်မြစ်နတ်သမီးက အနည်းငယ် မျက်နှာပျက်နေကြောင်း တွေ့လိုက်ရသည်။ ကူရှောင်စန်းက အနက်ရောင်အိတ်ကလေးကို ဆုပ်ထားလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
သူမက ရှေ့ကို တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်က ကြည်လင်သွားခဲ့ပြီး စကြဝဠာကြီးနှင့် ပေါင်းစည်းသွားခဲ့သလို ထင်မှတ်ရ၏။ သူမက ကမ္ဘာမြေကြီးနှင့် တစ်သားတည်းဖြစ်သွားသလို ထင်မှတ်ရသည်။ သူမ၏ခန္ဓာကိုယ်က ကြည်လင်လာပြီး နောက်ဆုံးတွင်တော့ မမြင်ရတော့ပေ။ ထိုအရာက စကြဝဠာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကောင်းဖြစ်လာနိုင်၏။
ရှန့်မြစ်နတ်သမီးကတော့ အစစ်အမှန်ကောရှီနှင့်အတူ အိမ်ငယ်လေးထဲတွင် ကျန်နေခဲ့သည်။ ကောရှီ၏ ခြေထောက်နားတွင် ရှိနေသော အနက်ရောင်အုတ်ခဲပေါ်ရှိ အက်ကွဲကြောင်းလေးထဲတွင် အနက်ရောင်ဆံပင်မွှေးတစ်ခု ရှိနေသည်။
လျှူရှုယူက အိမ်ရှေ့တွင် ရှိနေသော ဆိုင်းဘုတ်ပေါ်ရှိ ရှေးဟောင်းတံဆိပ်(၃) ခုကို မော့ကြည့်လိုက်သည်။ သူမက အငွေ့အသက်တစ်ခုကို ဖြည်းညင်းစွာ ထုတ်လွှတ်လိုက်ပြီး အာရုံစိုက်ရန် ကြိုးစားလိုက်၏။ ထို့နောက် သူမက ခြေထောက်ထဲသို့ စွမ်းအားများပို့လိုက်ပြီး အတွင်းထဲသို့ ဝင်လာခဲ့သည်။
အိမ်ထဲသို့ ရောက်လာပြီးနောက် အနက်ရောင်ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲထားခဲ့သော မုန့်ချီက အလွန်သေးငယ်သော ဇကာပေါက်လေးများနှင့် မီးခိုးငွေ့အလွှာတစ်ခုကို ဖြတ်ကျော်လမ်းလျှောက်နေရသလို ခံစားနေရသည်။ သူက ပင့်သက်ရှိုက်လိုက်မိပြီး အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသလို ခံစားလိုက်ရ၏။
ယခု သူက အိမ်ထဲကို ရောက်နေပြီ ဖြစ်သည်။ မုန့်ချီက အလွန်အမင်းကို အန္တရာယ်များသော နေရာတစ်ခုတွင် ရှိနေခဲ့၏။ သူက ကြောက်စရာကောင်းသော ရန်သူများနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် အလွန်သတိထားနေခဲ့သည်။ ယခုသူက ပတ်ဝန်းကျင်ကို စစ်ဆေးရန် သူ၏စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ခဲ့ခြင်း မရှိချေ။
အရာအားလုံးက ဆက်စပ်နေခဲ့၏။ လူတစ်ယောက်က အပြင်ဘက်ကမ္ဘာကြီးကို ခံစားကြည့်နိုင်ပြီး အပြင်ဘက်ကို ထွက်သွားကြည့်မှသာ တစ်စုံတစ်ခု ချန်ထားနိုင်သည်။ သူက စိုက်ကြည့်နေမှန်း သတိမထားမိခဲ့သော လူတစ်ယောက်ကို ကြည့်နေသည့်အချိန်တွင် သူ့ခေါင်းထဲ၌ မှတ်ဉာဏ်တချို့ ကျန်နေနိုင်သေး၏။
ဆန်းကြယ်နတ်သမီးက လေဟာနယ်ကြီးတစ်ခုလုံးကို ခံစားကြည့်နိုင်ပြီး သူမ၏ အာရုံခံနိုင်စွမ်းက ဤနေရာတွင် ရှိနေသော လူတိုင်းထက် အဆပေါင်းများစွာ ပို၍မြင့်မားနေသည်။ တခြားသူများကတော့ စစ်ဆေးမှုကိုရှောင်တိမ်းရန် အလွန်ဂရုစိုက်ရမည် ဖြစ်၏။ သို့သော် မုန့်ချီကတော့ အိမ်၏ အခြေအနေကို အသေးစိတ် သိနေခဲ့သည်။
လျှူရှုယူကလည်း သူ့လို အမြင်အာရုံ၊ အကြားအာရုံနှင့် အာရုံခံနိုင်စွမ်းများ တူညီနေခဲ့သည်။ သူမ၏တာဝန်ကို ချောချောမွေ့မွေ့ ပြီးဆုံးသွားခြင်းက လျှူရှုယူအတွက် အကောင်းဆုံး ဖြစ်သည်။
ဤအခြေအနေမှ အသက်ရှင်လွတ်မြောက်နိုင်မည်ဆိုလျှင် သူမက အစစ်အမှန် ဆန်းကြယ်နတ်သမီး ဆက်ခံသူတစ်ယောက် ဖြစ်လာနိုင်ပြီး နတ်ဆိုးမ၏ လွှမ်းမိုးမှုကို မခံရနိုင်တော့ပေ။ ထိုအချိန်ကျလျှင် သူမက ပင်လယ်ထဲသို့ ပြန်သွားနိုင်ပြီး လုပ်ချင်သည့် အရာအားလုံးကို လုပ်ဆောင်နိုင်၏။ သူမက ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
အိမ်က အလွန်ကြီးမားပြီး အုတ်ခဲပေါင်းများစွာနှင့် တည်ဆောက်ထား၏။ အဆောက်အဦးတစ်ခုလုံးကို တိုင်လုံးကြီး (၄) ခုနှင့် ထောက်ပံ့ထားခဲ့သည်။ ကောင်းကင်ကြီးက နက်မှောင်နေပြီး ကြယ်ပေါင်းများစွာ လင်းလက်တောက်ပနေသည့်အတွက် အိပ်မက်ဆန်သော ခံစားမှုတစ်ခုကို ပေးနိုင်သည်။
ယောကျ်ားလေး တပည့်တစ်ယောက်က လျှူရှုယူ၏ရှေ့တွင် ဒူးထောက်နေခဲ့သည်။ သူက ဤနေရာတွင် လောကသခင်ပျက်သုဉ်းခြင်းဓားကို လာရောက်လေ့လာခွင့်ရသည့် လူတစ်ယောက်လည်း ဖြစ်၏။
သူကတော့ အလွန်စိတ်ပျက်ပြီး ဒေါသထွက်နေသလို ခံစားနေရသည်။ သူက မိုးကြိုးနတ်ဘုရား၏ အမွေဆက်ခံမှုကို မရခဲ့သည်မှာ သေချာနေ၏။ ထိုအရာက အလွန်ရှားပါးသော အခွင့်အရေးတစ်ခုဟု ဆိုနိုင်သည်။
အပြင်ဘက်၌ ဖရိုဖရဲဖြစ်လာသည့်အချိန်တွင် သူက ရှေ့ကို လျှောက်လာခဲ့သည်။ သူ့ကို ထွက်သွားရန် မည်သူကမျှ တောင်းဆိုခဲ့ခြင်း မရှိချေ။ သူက လက်မြှောက်လိုက်ပြီး အဆောက်အဦးပေါ်တွင် ရှိနေသော ဓားရှည်ကို ကိုင်ကြည့်လိုက်၏။
ထိုဓားရှည်ကြီးက အလွန်ကြီးမားပြီး အရောင်ကလည်း အနက်ရောင် ဖြစ်သည်။ ထိုအရာက မုန့်ချီ၏ကောင်းကင်ပြစ်ဒဏ်ဓားထက်ပင် ပို၍ရှည်လျားပြီး ပို၍ကျယ်နေသေး၏။ ထိုဓားက အလွန်လေးလံပြီး ရှေးကျသည်။ ထိုအရာက လေဟာနယ်နှင့် အလင်းတန်းများကိုပင် ကွေးညွှတ်သွားစေနိုင်ပြီး ပတ်ဝန်းကျင်ကို မည်းမှောင်သွားစေခဲ့၏။
"လောကသခင်ပျက်သုဉ်းခြင်းဓား..."
ထိုဓားကို ပထမဆုံးအကြိမ် မြင်လိုက်ရသည့်အချိန်တွင် သံသရာအရှင်သခင်၏ ထိပ်ဆုံး နတ်ဘုရားလက်နက် (၁၀) ခု စာရင်းထဲတွင် အပါအဝင်ဖြစ်သော လောကသခင်ပျက်သုဉ်းခြင်းဓားဖြစ်ကြောင်း မုန့်ချီက သိခွင့်ရခဲ့သည်။
ထိုအချိန်တွင် လူတစ်ယောက်တည်းက ရန်သူအားလုံးကို အနိုင်ရခဲ့၏။ ထိုဓားက အလွန်နာမည်ကျော်ကြားပြီး အလယ်ခေတ် အစပိုင်းကတည်းက တိုးတက်လာခဲ့သည်။ ထိုဓားက မုန့်ချီ မြင်ဖူးသည့်ဓမ္မကာရအဆင့်ထက် ပို၍များပြားသော ဓမ္မကာရအဆင့် ပညာရှင်ပေါင်းများစွာကို သတ်ပစ်ခဲ့ဖူးသည်။
သို့သော် မုန့်ချီကတော့ သူ၏ဂုဏ်သတင်းကြောင့် စိတ်လှုပ်ရှားနေခဲ့ခြင်း မရှိချေ။ ထိုအစား မိတ်ဆွေဟောင်းတစ်ယောက်ကဲ့သို့ ရင်းနှီးသော ခံစားမှုတစ်ခုကို ခံစားနေခဲ့ရ၏။ ထိုအရာက သူ၏သွေးမျိုးဆက် သို့မဟုတ် ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းနှင့် ဆက်သွယ်နေသလို ထင်မှတ်ရသည်။ ထိုအရာက မိုးကြိုးအမှတ်အသားမှ ရောက်လာခြင်းပေလော။
သခင်မစုက မိုးကြိုးနတ်ဘုရားဆက်ခံသူကို ဘာကြောင့် ဖမ်းဆီးထားချင်နေကြောင်း သူက နားလည်ပေးနိုင်သည်။ သူတို့ကသာ ထိုဓားကိုရရှိပြီး ကောင်းမွန်စွာ ထိန်းချုပ်နိုင်မည်ဆိုလျှင် ကူအာဒိုနှင့် ချုံဟယ်တို့ကပင် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ ဓမ္မကာရအဆင့်ကို မရောက်သေးသော ပညာရှင်တစ်ယောက်ကပင် ရက်စက်ကြမ်းကြုတ်မည်ဆိုလျှင် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ကို သတ်ပစ်နိုင်ပါလိမ့်မည်။
ဥပမာအနေနှင့်ပြောရလျှင် အစစ်အမှန် တောင်တန်းမြစ်မြေပုံထဲတွင် နှစ်ပေါင်း (၁၀၀)ကျော် ပိတ်မိနေခဲ့သော ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ကတော့ နောက်ဆုံးမှသာ သေဆုံးသွားရခြင်း ဖြစ်သည်။ အဓိကအချက်ကတော့ သူက နေရာအမှန်တွင် ရန်သူကို တိုက်ခိုက်ပြီး ဖျက်ဆီးပစ်ရန် ဖြစ်၏။
ထိုတပည့်က ကျင့်စဉ်များကို နားလည်ရန် အကောင်းဆုံး ကြိုးစားနေသော်လည်း လောကသခင်ပျက်သုဉ်းခြင်းဓားက တုံ့ပြန်မှု မရှိခဲ့ချေ။
လျှူရှုယူက ရှေ့ကို လျှောက်လာပြီး ဦးညွှတ်လိုက်၏။
"ဆရာ …
သတ်ဖြတ်ရေးဓား ဝင်လာတယ်။ သူ လှည့်စားတာကို မခံရဖို့အတွက် ကျွန်မတို့က လောကသခင်ပျက်သုဉ်းခြင်းဓား လေ့လာဖို့ အစီအစဉ်ကို ခဏရွှေ့ဆိုင်းလိုက်တာ ပိုကောင်းမယ်။ ကျွန်မက ရှန့်မြစ်နတ်သမီးနေထိုင်ဖို့ ဘယ်နေရာမှာ စီစဉ်ပေးလိုက်ရမလဲ…"
လောကသခင်ပျက်သုဉ်းခြင်းဓားကို နားလည်ရသည့်ကိစ္စက ဆက်လုပ်၍ မရနိုင်ပေ။ လျှူရှုယူကတော့ မသိချင်ယောင်ဆောင်လိုက်ပြီး နေရာတိုင်းတွင် လိုက်လံရှာဖွေရန် ဆင်ခြေတစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်သည်။
အိမ်ငယ်လေး၏ နောက်တွင်တော့ စံအိမ်အိုကြီးတစ်ခု ရှိ၏။ ထိုနေရာတွင် လူသားများ၏အငွေ့အသက်များမရှိဘဲ နှစ်ပေါင်း (၁)သောင်းကျော် လွတ်နေသလို ထင်မှတ်ရ၏။ တဖြည်းဖြည်းနှင့် ထိုအရာကို လူအများက မေ့လျော့သွားခဲ့ကြသည်။
…………..
လူတစ်ယောက် လေထဲတွင် ပျံသန်းလာခဲ့၏။ ကူရှောင်စန်းက ဗောဓိတဗ္ပတစ်ပါးကဲ့သို့ မြေပေါ်တွင် ဆင်းသက်လာပြီး သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ မျက်နှာလေးပေါ်တွင်လည်း အပြုံးတစ်ခု ရှိနေခဲ့၏။
သူမက ဆန်းကြယ်နတ်သမီးဆီမှ လုံခြုံသည်ဟုထင်ရသော နေရာကို သွားခဲ့သည်။ သူမက ကွေ့ပတ်၍ သွားခဲ့ပြီး ဤနေရာကို နောက်ဆုံးမှ ရောက်လာခဲ့ခြင်း ဖြစ်၏။ သူမက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ကောင်းကင်ပေါ်၌ ရှိနေသော တိမ်တိုက်များကိုကြည့်၍ ရင်ထဲတွင် ရေတွက်ကြည့်နေခဲ့သည်။
ကူရှောင်စန်းက ဤနေရာတွင် တစ်ခုတည်းသော သက်ရှိဖြစ်သည့် သစ်ပင်ကြီး တစ်ပင်ဆီသို့ လျှောက်သွားပြီး သစ်ပင်ကြီး၏အောက်တွင် ရပ်လိုက်၏။ ထို့နောက် သူမက အနက်ရောင်အိတ်ကလေးတစ်ခုကို ထုတ်လိုက်သည်။
ထိုအခါ ရှန့်မြစ်နတ်သမီးအပြင် တခြားလူတစ်ယောက် ထွက်လာခဲ့၏။ ထိုအရာက ပါးဖောင်းဖောင်းလေးနှင့် (၆) နှစ်အရွယ် ကလေးမလေးတစ်ယောက် ဖြစ်သည်။ ထိုကလေးမလေးက အိပ်ချင်နေသော အမူအရာနှင့် လက် (၂) ဖက်ကို ဆန့်လိုက်၏။
"မေမေ …
သမီးက ဘယ်လောက်အကြာကြီး အိပ်ပျော်သွားခဲ့တာလဲ…"
ကူရှောင်စန်းက ကလေးမလေးကို ဖက်လိုက်ပြီး ပြုံးလိုက်၏။
"သမီး အိပ်နေတာ အကြာကြီးပဲ။ သမီးက တော်တော်လေးကို ပျင်းနေပြီထင်တယ်။ လာခဲ့ … မေမေက သမီးရဲ့ဆံပင်တွေကို ခေါင်းဖြီးပေးမယ်…"
သူမ၏လက်ထဲတွင် ဘီးတစ်ချောင်း ရှိနေခဲ့သည်။
သူမအမေ၏ ဂရုစိုက်မှုကြောင့် ကလေးမလေးက ကျေနပ်နေပြီး အလွန်ပျော်ရွှင်နေပုံရသည်။ ရုတ်တရက်ဆိုသလို သူမက မေးလိုက်၏။
"မေမေ …
ဘာလို့သမီးက ဒီနေရာကို လာခဲ့ဖူးသလို ဘာလို့ခံစားနေရတာလဲ။ ဒါကို တော်တော်လေး ရင်းနှီးနေသလို ခံစားနေရတယ်…"
"ဒါက အမေတို့အိမ်လေ။ အဲဒီအချိန်တုန်းက သမီးက အရမ်းငယ်နေသေးတော့ ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်သေးတာ..."
ကူရှောင်စန်းက ကလေးမလေး၏ ဆံပင်ကို ပွတ်လိုက်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"သမီး မှတ်မိပြီ…"
ကလေးမလေးက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ကောင်းကင်ပေါ်သို့ လက်ညှိုးထိုး၍ ညွှန်ပြလိုက်၏။
"သမီးက အဲဒီတိမ်တိုက်တွေနဲ့ ဒီသစ်ပင်ကြီးကို မှတ်မိသွားပြီ…"
…………………
လျှူရှုယူက အိမ်ထဲတွင် ဆန်းကြယ်နတ်သမီးဆီမှ ခွင့်ပြုချက် တောင်းနေခဲ့သည်။
"ကောင်းပြီလေ။ သူတို့က လောကသခင်ပျက်သုဉ်းခြင်းဓားရဲ့စွမ်းရည်တွေကို နားလည်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဒီတော့ ရှန့်မြစ်နတ်သမီးကို တခြးအိမ်မှာနေဖို့ ခွင့်ပြုလိုက်..."
ဆန်းကြယ်နတ်သမီးအသံက တိုးတိုးလေး ထွက်လာခဲ့သည်။
မုန့်ချီကတော့ မည်သည့်အရာကိုမျှ ခံစားခဲ့ရခြင်း မရှိသော်လည်း လျှုရှုယူ၏ နှလုံးခုန်သံကတော့ ပို၍မြန်လာပြီး အနည်းငယ် စိုးရိမ်သွားခဲ့၏။
"ဆရာ … ဆရာက အပြင်မှာလို့ ထင်နေတာ..."
သူမက ထိုအရာကို ရှင်းရှင်းလင်းလင်း မပြောခဲ့ပေ။ မုန့်ချီက ပထမတွင် စိတ်ဝင်စားနေခဲ့သော်လည်း အလွန်ထိတ်လန့်သွားခဲ့၏။ လျှူရှုယူ ယခုပြောလိုက်သည့်စကားကို သူလည်း နားလည်နိုင်သည်။ ထိုသို့ဆိုလျှင် လောကသခင်ပျက်သုဉ်းခြင်းဓား၏ အနားတွင် ရှိနေသူက အစစ်အမှန် ဆန်းကြယ်နတ်သမီးဟု ဆိုလိုနေသည်။
သို့သော် အစောပိုင်းတွင် ဆန်းကြယ်နတ်သမီးက မည်သူဖြစ်နေသနည်း။ သူမက မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။ မုန့်ချီက လျှူရှုယူ၏ မျက်လုံးမှတဆင့် ဆန်းကြယ်နတ်သမီးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
သူမက အလွန်လှပ၏။ သူမ၏မျက်နှာလေးက လူတိုင်းကို ကျေနပ်သွားစေနိုင်သည်။ သူမက အဆင့်အတန်းမြင့်ပုံရပြီး လူတိုင်းကို ပျော်ရွှင်မှုများပေးနိုင်၏။ ပတ်ဝန်းကျင်ကလည်း လှပပြီး သန့်စင်နယ်မြေတစ်ခု ဖြစ်နေသည်။ သူမက အစစ်အမှန် ဆန်းကြယ်နတ်သမီး ဖြစ်၏။
ထိုအချိန်တွင် မုန့်ချီက မလှုပ်ရှားနိုင်ခဲ့ပေ။
"ဘာကြောင့် သူက ဒီနေရာမှာ ရှိနေရသေးတာလဲ…"
ဆန်းကြယ်နတ်သမီးက သူမကို ပြုံးပြလိုက်၏။ လျှူရှုယူက အံ့ဩနေခဲ့သည်။
"အပြင်ဘက်မှာရှိတဲ့ ခန္ဓာကိုယ်က လူတွေကို ရှုပ်ထွေးအောင် လုပ်ထားတာလေ။ စုမုန့်က အရမ်းကို ဉာဏ်များပြီး လှည့်စားမှုတွေ ကျွမ်းကျင်တယ်။ သူက တော်တော်လေးကို ရှုပ်ထွေးတဲ့ လူတစ်ယောက်ပဲ။ သူနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ ဆရာတို့က တည်ငြိမ်နေဖို့လိုတယ်။ သူက အနှေးနဲ့အမြန် ဒီကိုရောက်လာမှာပဲ။ ဒီတော့ ဆရာတို့က သူ့ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်နေဖို့ပဲလိုတယ်။ သူက ဘယ်လောက်ပဲ ကောက်ကျစ်ပါစေ။ ဒီတစ်ကြိမ်တော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး…"
မုန့်ချီနှင့် လျှူရှုယူတို့က တစ်ချိန်တည်းတွင် ထိတ်လန့်သွားခဲ့ကြသည်။ သူတို့က ရောက်လာသော အန္တရာယ်များကို ခံစားမိနေကြ၏။ သူတို့က အချိန်တော်တော်ကြာ အသက်ရှင်နေထိုင်ခဲ့သော လူတစ်ယောက်ကို လျော့တွက်နိုင်ခြင်း မရှိချေ။ အတွေ့အကြုံရှိသော လူတစ်ယောက်က အမှန်တကယ်ကို ဉာဏ်ကောင်းလွန်းလှ၏။
ဆန်းကြယ်နတ်သမီးက စည်းမျဉ်းတစ်ခု သတ်မှတ်ထားခဲ့ပြီး တခြားသူများက လိုက်နာရသည်။ အထဲကို ဝင်လာရသည့် လူတိုင်းကိုလည်း သေချာစစ်ဆေးပါလိမ့်မည်။ မည်သူကမျှ ချွင်းချက် မရှိချေ။
မုန့်ချီက အလွန်ထိတ်လန့်နေခဲ့၏။
လျှူရှုယူကလည်း အလွန်ကြောက်လန့်သွားသည့်အတွက် ခြေထောက်က ပျော့ခွေလုမတတ် ဖြစ်သွားခဲ့၏။ ထိုအချိန်တွင် သူမက အရာအားလုံးကို လက်လျှော့ပြီး သူမ၏အပြစ်ကို ဝန်ခံချင်ခဲ့၏။ သို့သော် သူမ၏ဆရာက သူမကို ခွင့်လွှတ်ခြင်းရှိမရှိ သူမလည်း သေချာမသိချေ။
ထိုအရာက အလွန်အန္တရာယ်များသည့်အတွက် သူမက စိုးရိမ်နေခဲ့၏။ သို့သော် သူမက လက်ရှိအခြေအနေကို ပြောင်းလဲရန် မည်သည့်အရာမျှ မလုပ်နိုင်ပေ။ သူမက မည်သို့ လုပ်စေကာမူ သေရမည်သာ ဖြစ်၏။ သူမက ထိုပြဿနာများကို မည်သို့ ဖြေရှင်းရမည်ဖြစ်ကြောင်း မတွေးတော့ချေ။
ထိုအချိန်တွင် အခန်းထဲ၌ ဆံပင်မွှေးလေးတစ်ချောင်း ပေါ်လာပြီး အမှောင်ထဲတွင် မုန့်ချီအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာက ကိုယ်ပွားတစ်ခု ဖြစ်၏။ မုန့်ချီနှင့် တစ်ထပ်တည်းနီးပါး ဖြစ်သည်။ ထိုစွမ်းရည်က သက်ရှိဖန်တီးခြင်းအစွမ်းဟု ခေါ်ကြ၏။
မုန့်ချီက ကူရှောင်စန်းဆီတွင် မျှော်လင့်ချက်များများ မရှိခဲ့ချေ။ ထို့ကြောင့် သူမ၏ အကူအညီကိုလည်း တောင်းဆိုခဲ့ခြင်း မရှိချေ။ ထိုအစား သူက ပြဿနာကို ကိုယ်တိုင်ဖြေရှင်းရမည် ဖြစ်သည်။ အောင်မြင်ချင်သော လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အားကိုးရမည်သာ ဖြစ်သည်။
ထိုအချိန်တွင် ဆန်းကြယ်နတ်သမီးက တစ်စုံတစ်ခု လွဲမှားနေသလို ခံစားလိုက်ရ၏။
မုန့်ချီကတော့ ဓားကို နားလည်နိုင်ရန် နည်းလမ်းတစ်ခု ရှာဖွေချင်ခဲ့သည်။ သူ့ဆီတွင် အချိန်များများ မရှိချေ။
………….
"အမေ …
သမီးက ဆန်းကြယ်နတ်သမီးဆက်ခံသူလို့ ဒေါ်လေးလျှူက အမြဲတမ်းပြောတယ်။ အဲဒါ အမှန်ပဲလား…"
ကလေးမလေးက ဇဝေဇဝါ ဖြစ်နေခဲ့၏။
ကူရှောင်စန်းက သူမ၏ခေါင်းကို ပုတ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"သမီးက လျှူလော် မဟုတ်ဘူးလေ…"
သူမ၏အပြုံးက ပျောက်ကွယ်သွားပြီး ခံစားချက်များက အလွန်ရှုပ်ထွေးနေပုံရသည်။
"သမီးက ကောင်းကင် (၉)သွယ်က ဆန်းကြယ်နတ်သမီးတစ်ယောက်ပဲ…"
ကလေးမလေး၏ အပြုံးများက ပျောက်ကွယ်သွားပြီး မပျော်ရွှင်ရသည့် အဖြစ်အပျက်ပေါင်းများစွာကို ပြန်လည်အမှတ်ရလာသလို ထင်မှတ်ရလေသည်။
Translated by Hein Htet.