အနိုင်ရခြင်း
Vol. 7 Ch. 80
ဖူးးး
ချန်ထုံအာ ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်သွားသည်။ ထိုအချိန်တွင် သူမ၏မျက်နှာသည် ဖြူဖျော့နေပြီး အစွမ်းအားမဲ့နေသည်။ သူမ၏ လှပသော မျက်လုံးများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။
ဤအခိုက်တွင် ကျိုးဝမ်သည် ခုန်တက်လာပြီး သူ့ခန္ဓာကိုယ်မှ သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ကြီးမားသော မျောက်ဝံကြီးရဲ့ အရိပ်တစ်ခုသည် သူ့နောက်တွင် ချုပ်နှောင်ထားသည်။ ထို့နောက်တွင် သူသည် အလေးချိန်တစ်သောင်းကြွေခြင်း ကို ရုတ်တရက် အသုံးပြုလိုက်ပြီး ကျောက်တုံးကြီး၏ အပျက်အစီးအောက်တွင် အလေးချိန်တစ်သောင်းရှိသော ခုနစ်လက်မခန့်ရှိ သွေးစပါးအုံးမြွေ ဆီသို့ ဒူးထောက်ကာ သယ်ဆောင်သွားခဲ့သည်။
ဘုန်းးး
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက်တွင် ရင်ပြင်တစ်ခုလုံး ပြန့်ကျဲနေသော သွေးစပါးအုံးမြွေ၏ သနားစရာ အော်သံနှင့်အတူ။ အားကောင်းသော အင်အားသည် ကျောက်တုံးကြီး၏ အခြေအနေကို တစ်ခုလုံးကို ဖုံးလွှမ်းသွားသော ဖုန်ထူထူများကို ဖယ်ထုတ်လိုက်ရာ ပရိသတ်များသည် ကျောက်စင်ပေါ်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။
သို့သော် ရံဖန်ရံခါ ထွက်ပေါ်လာသည့် ဝမ်းနည်းဖွယ် အော်ဟစ်သံသည် ပရိသတ်များ၏ ကျောရိုးကို အေးစိမ့်သွားစေခဲ့သည်။ ကျိုးဝမ် ၏ အလေးချိန်တစ်သောင်း ကြွေကျမှုအောက်တွင် သွေးစပါးအုံးမြွေ သည် ဆုံးပါးသွားဖွယ်ရှိသည်ကို သူတို့သိကြသည်။
ဖုန်မှုန့်များ တရွေ့ရွေ့ ပျောက်ကွယ်သွားသည်နှင့် နောက်ဆုံးတွင် အရပ်ရှည်သော အသွင်အပြင်သည် ပရိသတ်များရှေ့တွင် ပေါ်လာသည်။ ပရိသတ်များသည် ရုပ်ပုံသဏ္ဌာန်အမှန်ကို မြင်သောအခါတွင် လေကို ရှူရှိုက်မိရုံမှတစ်ပါး မကူညီနိုင်ခဲ့ကြပေ။တော်တော်များများက အဲဒါကို မှန်းဆခဲ့ကြပေမယ့် ပုံရိပ်ရဲ့ တကယ့်ရုပ်သွင်ကို မြင်လိုက်ရချိန်မှာတော့ အိပ်မက်ထဲမှာ ရှိနေသလို ခံစားလိုက်ရသည်။
ကျောက်စင်မြင့် အပျက်အစီးတွေပေါ်မှာ အရပ်ရှည်ရှည်နဲ့ တည့်တည့်မတ်မတ်ရပ်နေသူကတော့ ကျိုးဝမ် ဖြစ်ပါသည်။ ပေတစ်ထောင် ရှည်လျားသော စပါးအုံးမြွေကြီးသည် သူ့ရဲ့ခြေဖဝါးအောက်တွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။ နောက်ဆုံး ငိုကြွေးသံ ထွက်လာပြီး နောက်ဆုံးတွင် လေထဲသို့ ပျောက်ကွယ်သွားသော သွေးရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ငါတို့ နိုင်သွားတာလား။"
ကျိုးရှန်းတင်း သည် ကျောက်စင်မြင့်ပေါ်ရှိ ရုပ်အသွင်ကို တည့်တည့် စိုက်ကြည့်ကာ အသံတုန်နေသည်။ ဒီအောင်ပွဲက ဘာကိုကိုယ်စားပြုတယ်ဆိုတာ သူရှင်းရှင်းလင်းလင်းသိသည်။ ဒီနှစ် စျေးကွက်တိုက်ပွဲမှာ သူတို့ရဲ့ ကျိုး မိသားစုဟာ အောက်ခြေမှာ ရှိတော့မှာ မဟုတ်ဘူးဆိုတာကို သူသိပြီး မိသားစုရဲ့ စျေးကွက်ကို ထိန်းသိမ်းထားတယ်လို့ ယူဆနိုင်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျိုးမိသားစုမှ အားလုံးက တညီတညွတ်တည်း အော်ဟစ်ကြသည်။ လူတိုင်း၏ မျက်နှာများသည် ပြင်းထန်သော စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။ အောက်ခြေမှာ ဆယ်နှစ်ကျော်ကြာအောင် နေခဲ့ရပြီး နောက်ဆုံးတော့ ဒီအချိန်မှာ ဖြတ်ကျော်သွားနိုင်ခဲ့သည်။
ကျောက်စင်မြင့်၏ အပျက်အစီးများတွင် ချန်ထုံအာ ၏ရင်ဘတ်သည် လျင်မြန်စွာ မြင့်တက်လာပြီး လဲကျသွားသည်။ သူမ၏ မျက်နှာမှာလည်း ပို၍ ဖြူဖျော့လာသည်။ ထင်းရှူးပင်လို အရပ်မြင့်မြင့် မတ်တပ်ရပ်နေတဲ့ ပုံရိပ်ကိုကြည့်လိုက်တော့ လုံးဝ ရှုံးသွားပြီဆိုတာ သူမ သိလိုက်သည် ။
"သွေးစပါးအုံးမြွေအေးခဲဝိညာဥ်လက်ဖဝါး ကိုသုံးပြီးတာတောင် ငါက ဒီကောင်နဲ့ မယှဉ်နိုင်သေးဘူး။ ဒီကောင်က ဘယ်လိုလုပ် ဒီလောက်သန်မာနိုင်ရတာလဲ" ချန်ထုံအာ သည် မလိုလားစွာ ပြောပြီး ပုလဲဖြူသွားများဖြင့် အနီရောင်နှုတ်ခမ်းများကို ကိုက်လိုက်သည်။
ထိုအခိုက်တွင် မြို့တော်ဝန်စံအိမ် မှ စေလွှတ်ထားသော အဖိုးအိုသည် အံ့သြတကြီးဖြင့် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သော ကျောက်စင်မြင့်ကို လှမ်းကြည့်လိုက်သည်။ ရလဒ်ကို မကြေငြာခင်မှာ သူက ကျိုးဝမ် ကို လေးလေးနက်နက် စေ့စေ့ကြည့်လိုက်သည်။
"ကျိုးမိသားစုက ကျိုးဝမ် နိုင်တယ်။"
သူပြောပြီးသည်နှင့် တပြိုင်နက် ရင်ပြင်တစ်ခုလုံး ပြင်းထန်သော လက်ခုပ်သံများ ထွက်ပေါ်လာသည်။ အားလုံးက ကျိုးဝမ် ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြသည်။ ဒီတိုက်ပွဲက ဒီလူတွေအတွက် တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပြီး ကျိုးဝမ် ရဲ့ စွမ်းဆောင်မှုက လူတိုင်းကို အောင်နိုင်ခဲ့သည်။
ဘန်းးး
ချန်ကလန် ရဲ့ ပလက်ဖောင်းပေါ်မှာ ချန်ရှန့် က သူ့ဘေးက လက်ဖက်ရည် စားပွဲကို ဆောင့်ချလိုက်သည်။ တဟုန်ထိုး တက်လာသော အနှစ်သာရစွမ်းအင်က လက်ဖက်ရည် စားပွဲကို ချက်ခြင်း အမှုန်အမွှားအဖြစ်သို့ ဖြိုခွဲပစ်လိုက်သည်။
"ကျိုးမိသားစုက ကျိုးဝမ်။"ချန်ရှန့် ၏ အကြည့်များသည် အလွန်အမင်း မှောင်မည်းနေပြီး သူ့မျက်လုံးများ၏ အနက်ရှိုင်းတွင် လူသတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ချန်ရှန့် ၏နောက်ကွယ်မှ တပည့်များ အားလုံး တိတ်ဆိတ်နေကြသည်။ အိမ်ထောင်ဦးစီးသည် အမှန်တကယ် ဒေါသထွက်နေမှန်း သူတို့သိသည်။ တစ်ချိန်တည်းမှာပင် ဤရလဒ်သည် ချန်ကလန် တပည့်များကို မှိန်းသွားစေခဲ့သည်။ ချန်ကလန်ရဲ့ တပည့်တစ်ယောက်အနေနှင့် ချန်ထုံအာ ၏ ခွန်အားသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို ရှင်းရှင်းလင်းလင်း သိခဲ့ကြသည်။
သို့သော်ငြားလည်း ချန်ထုံအာ သည် သူမနှင့် အဆင့်တူဖြစ်သော ကျိုးဝမ် ကို ရှုံးနိမ့်နေဆဲဖြစ်သည်။ ယင်းက ချန် မိသားစု၏ တပည့်များစွာကို စိတ်ပျက်စေခဲ့သည်မှာ အမှန်ပင်။
အဲဒီအထဲမှာ အရှုပ်ထွေးဆုံးခံစားချက်က ချန်ထင် ကလွဲလို့ တခြားသူမဟုတ်ဘူး။ သူမ၏ လှပသော မျက်လုံးများသည် ရင်ပြင်ရှိ အရပ်ရှည်သော အသွင်အပြင်ကို တည့်တည့်စိုက်ကြည့်နေသည်။ သူ့ထက်အများကြီးမမြင့်တဲ့ ကျင့်ကြံခြင်းအဆင့်ရှိတဲ့လူငယ်ဟာ ချန်ကလန် ရဲ့ နံပါတ်တစ်ပါရမီရှင် ချန်ထုံအာ လို့သိကြတဲ့ သူ့အစ်မကို တိုက်ရိုက်အနိုင်ယူနိုင်လိမ့်မယ်လို့လည်း သူမမျှော်လင့်ထားပါဘူး။
"ချန်ထုံအာ က အဆုံးသတ်မှာ တကယ်ပဲ ရှုံးသွားခဲ့တယ်!" အနည်းငယ်လေးနက်သောအမူအရာဖြင့် ကျောက်စင်ပေါ်ရှိရုပ်အသွင်ကို စိုက်ကြည့်နေစဉ် ဝမ်မုန့် ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
"ဟီးဟီး ဒါ ငါတို့လိုချင်တာဘဲ။ ခဏနေရင် ငါတို့ ဝမ်မိသားစု နဲ့ ကျိုး မိသားစု ဖြစ်သွားလိမ့်မယ်။ မုန့်အာ မင်း ကျိုးဝမ် ကို အပြီးတိုင် ချေမှုန်းပစ်ဖို့ အခွင့်အရေးရှိတယ်။သူက ချန်ထုံအာ ရဲ့ သွေစပါးအုံးမြွေအေးခဲဝိညာဥ်လက်ဖဝါး ကိုတိုက်ရိုက်အနိုင်ယူနိုင်လို့ နည်းနည်းတော့ အံ့သြမိပေမယ့် မင်းရဲ့ လက်ရှိ ပုံရိပ်ယောင်ယင်နယ်ပယ် ရဲ့ ပထမအဆင့် အထွတ်အထိပ်ကို ကျင့်ကြံအဆင့်နဲ့ သူ့ကိုအနိုင်ယူဖို့ မခက်ခဲသင့်ပါဘူး။ “
ဝမ်ယွမ်ရှင်း သည် ရင်ပြင်ရှိ ရုပ်အသွင်ကို ပေါ့ပေါ့တန်တန် စိုက်ကြည့်ကာ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ လက်ဖက်ရည်သောက်လိုက်သည်။
"စိတ်မပူပါနဲ့ အဖေ၊ ငါ ဒီလူယုတ်မာကျိုးဝမ်ကို ပြန်ပေးဆပ်အောင် ငါလုပ်မယ်။"
မြို့တော်သခင်စံအိမ်၏စင်မြင့်ပေါ်တွင် ကူယွဲ့ သည် ကျိုးဝမ် အား အဓိပ္ပါယ်ရှိစွာကြည့်ကာ ချစ်စရာကောင်းသောအပြုံးဖြင့် "ဆရာသခင်၏အမြင်အာရုံက ယခင်ကထက် ထက်မြက်နေပုံရတယ်။ ဒီလိုတပည့်တစ်ယောက်ရသည့်အတွက် ကျေနပ်သင့်ပါတယ်။"
ဆရာသခင်ကူရာကီသည် သူ၏ မုတ်ဆိတ်ဖြူဖြူများကို ပွတ်သပ်ရင်း ကျေနပ်သော အပြုံးဖြင့် "အမှန်ဘဲ။ မဟုတ်ရင် သူ့ကို ငါ့တပည့်အဖြစ် လက်ခံမှာ မဟုတ်ဘူး"
ကျိုးဝမ် ၏ ပြောင်မြောက်သော စွမ်းဆောင်မှုဖြင့် ဆရာသခင် ကူရာကီ သည် သဘာဝအတိုင်း ဂုဏ်ယူဝမ်းမြောက်စွာ ခံစားရလေသည်။
ပလက်ဖောင်းပေါ်ပြန်တက်လာတော့ ကျိုးဝမ် က သူ့ကို စိုက်ကြည့်နေတဲ့ စိတ်အားထက်သန်တဲ့ မျက်လုံးများစွာကို ချက်ချင်း ခံစားလိုက်ရသည်။ ကျိုးမိသားစု မှ မိန်းကလေးငယ်အချို့ပင် သူ့ကို လျှို့ဝှက်စွာ စိုက်ကြည့်နေကြပြီး ကျိုးဝမ် က ရှိုက်ကြီးတငင် ပြုံးနေခဲ့သည်။ ဤအောင်ပွဲသည် ကျိုး မိသားစုအတွက် တကယ်အရေးကြီးသည်ဟု ထင်ရသည်။
" ကျိုးဝမ် လုပ်တာ ကောင်းတယ်။ ဒီတစ်ခါ ငါတို့ ကျိုးကလန် ကို မင်းတကယ် ဂုဏ်ဆောင်ပေးခဲ့တာပဲ။ အဲဒီ ချန်ရှန့် က သေးနုပ်တဲ့သူသာသာပဲ။ ငါတို့ ကျိုးကလန် က သူ့ရဲ့ချန်ကလန် ကို အနိုင်ယူလိုက်လို့ အခု ဒေါသနဲ့ ရူးသွားမလားလို့ သိချင်မိတယ်။ "
ကျိုးရှန်းတင်း ၏ မျက်နှာသည် အပြုံးများဖြင့် ပြည့်နေသည်။ သူ၏ကြမ်းတမ်းသောလက်များက ကျိုးဝမ် ၏ပခုံးကို စိတ်လှုပ်ရှားစွာ ပုတ်လိုက်ရာ သူ့မျက်လုံးများသည် လေးနက်သောစိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
ဒါကိုကြားတော့ ကျိုးဝမ် က ချန် မိသားစုရဲ့ ပလက်ဖောင်းကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ချန်ရှန့် သည် ဒေါသအမျက်ထွက်ကာ ဒေါသအပြည့်ဖြင့် စားပွဲကို ရိုက်ချိုးသည်ကို မြင်လိုက်ရသည်။
ခေါင်းကို အနည်းငယ် ခါယမ်းရင်း လက်ဆက်သောလေက သူ့နှာခေါင်းကို တိုက်ခတ်လာသောခါ ထိုင်ပြီး အနားယူလေသည် ။ ကျိုးရှန်းအာ ၏ လှပသော မျက်လုံးများသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး "အဆင်ပြေရဲ့လား။"
ကျိုးဝမ် က ပခုံးတွန့်ပြီး "မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အဲဒါက ဘာမှ မပြင်းထန်ပါဘူး။"
"ဒုတိယအကျော့ကို မကြာခင်စတင်တော့မှာ။ မင်းတို့ငါးယောက် ကောင်းကောင်းအနားယူပြီး ပြန်ကောင်းလာရမယ်။ တကယ်တော့ ငါတို့ ကျိုးမိသားစု ရဲ့ ပန်းတိုင်ဟာ ဒီတခေါက် ချန်မိသားစု ကို အနိုင်ယူပြီး အောင်မြင်သွားပြီ။"
"မင်း ဝမ်မျိုးနွယ်စုနဲ့ နောက်ပိုင်းမှာ တိုက်တဲ့အခါ မင်း အကောင်းဆုံး လုပ်ရမယ်။ ကိုယ့်ကိုကိုယ် တွန်းအားပေးဖို့ မလိုဘူး။ နောက်ဆုံးတော့ ဝမ်မျိုးနွယ်စုရဲ့ အခြေခံက ငါတို့ ကျိုးမျိုးနွယ်စုထက် အများကြီး ပိုမြင့်တယ်။"(ဒီအပိုဒ်ကနေ စပြီးတော့ မိသားစုကို မျိုးနွယ်စုလို့ ပြောင်းပြီးရေးပါ့မယ်။ ဖတ်ရတာ အဆင်မပြေရင် တောင်းပန်ပါတယ်😘😘😘)
ကျိုးရှန်းတင်း သည် ကျိုးဝမ် နှင့် အခြားသူများထံသို့ ရောက်ရှိလာပြီး လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။
"အဘိုး၊ ဝမ်မျိုးနွယ်စုရဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ခွန်အားက ဘယ်လိုလဲ။" ကျိုးဝမ် ဘေးတွင်ထိုင်နေသော ကျိုးရှန်းအာ သည် ကျိုးရှန်းတင်း ၏ လေးနက်သောအမူအရာကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးနေသဖြင့် သူမ သိချင်စွာ မေးလိုက်သည်။
ကျိုးရှန်းအာ ၏မေးခွန်းသည် အခြားသူများ၏ စိတ်ဝင်စားမှုကို ချက်ချင်းရရှိစေသည်။ ကျိုးဝမ် ပင် အာရုံစိုက်ကာ နားထောင်နေခဲ့သည်။ ကျိုးရှန်းတင်း က ဒီကိစ္စကို လေးလေးနက်နက် ဆက်ဆံပြီးကတည်းက ဝမ်မျိုးနွယ်စု က စေလွှတ်လိုက်တဲ့ မျိုးဆက်သစ်လူငယ်တွေဟာ မရိုးရှင်းဘူးဆိုတာ သူသိသည်။
"ငါသိသလောက်တော့ ဝမ်မျိုးနွယ်စုရဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ခွန်အားက အခြေခံအားဖြင့် နိဗ္ဗာနနယ်ပယ်အထက်မှာ ရှိကြတယ်။ အသန်မာဆုံးကတော့ ပုံရိပ်ယောင်ယင်နယ်ပယ်၏ ပထမအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားတဲ့ ဝမ်မုန့်ပဲ။ သူတို့ရဲ့ ခွန်အားက အဆင့်တစ်ခုမှာပါ။ ငါတို့ ကျိုး မျိုးနွယ်စုထက် မြင့်တယ်။"
ကျိုးရှန်းတင်း ၏ အမူအရာသည် ခိုကိုးရာမဲ့ ပြောနေသဖြင့် ပို၍ ခါးသီးလာသည်။
ဟစ်
ကျိုးဝမ် နှင့် ကျန်လူများက ထိုစကားကိုကြားသောအခါတွင် သူတို့သည် ချက်ခြင်း လေကို ရှုရှိုက်လိုက်ကြသည်။ ကျိုးဝမ် ၏ အမူအရာသည် အနည်းငယ် ရုပ်ဆိုးသွားသည် ။ ဝမ်ကလန် ၏ မျိုးဆက်သစ်များ အားလုံးသည် နိဗ္ဗာနအဆင့်နှင့် အထက်တွင် ရှိနေမည်ဟု သူ မမျှော်လင့်ထားပေ။
ယခုတော့ ကျိုးမျိုးနွယ်စုတွင် ကျိုးဝမ်၊ ကျိုးရှန်းအာ နှင့် ကျိုးထျန်း တို့သည် နိဗ္ဗာနနယ်ပယ်အထက်တွင် ရှိနေကြသည်။ ကျန်ရှိသော ကျိုးမိန်ရွယ် နှင့် ကျိုးရုန် တို့သည် စိတ်ဝိညာဥ်အသွင်ပြောင်းခြင်းအဆင့် တွင်သာဖြစ်သည်။ အကယ်၍ ၎င်းသည် ၅၀-၅၀ တိုက်ပွဲဖြစ်ခဲ့ပါက ကျိုးမျိုးနွယ်စု သည် နှစ်ကျော့စလုံး ရှုံးနိမ့်မည်ဖြစ်သည်။
ခဏကြာတော့ ကျိုးမျိုးနွယ်စုပလက်ဖောင်း တစ်ခုလုံး အနည်းငယ် အုံမှိုင်းသွားသည်။ ထင်ရှားသည်မှာ ဝမ်မျိုးနွယ်စု၏ လူစာရင်းသည် အနည်းငယ် ကြောက်စရာကောင်းသည်။
"မင်း စိတ်ဓာတ်ကျနေစရာ မလိုပါဘူး။ ဒီတခေါက် ဝမ်မျိုးနွယ်စု ကို ငါတို့ ရှုံးခဲ့ရင်တောင် ငါတို့ ကျိုးမျိုးနွယ်စုက ဘာမှ ဆုံးရှုံးမှာ မဟုတ်ဘူး။ အရင်နှစ်တွေတုန်းကတော့ စျေးကွက်တိုက်ပွဲမှာ ဒုတိယနေရာကို ရောက်လာတဲ့ မျိုးနွယ်စုက ပိုနည်းတယ်။ ကျွန်တော်တို့ရဲ့ ကျိုးမျိုးနွယ်စူအတွက် ဒါက အခြေခံအားဖြင့် ဆုံးရှုံးမှုမဟုတ်ပါဘူး။"
ကျိုးရှန်းတင်း သည် သူ၏ မုတ်ဆိတ်မွေးကို ညင်သာစွာ ပွတ်သပ်ကာ နှစ်သိမ့်ပြုံးပြသည်။
ဒါကိုကြားတော့ လူတိုင်းက သက်ပြင်းချကြသည်။ ဒါတကယ်ဖြစ်ရင် ဝမ်မျိုးနွယ်စုကို ရှုံးရင်တောင် ဘာမှဆုံးရှုံးမှာမဟုတ်ဘူး။
သို့သော်လည်း ကျိုးဝမ် ၏ မျက်ခုံးများကို တင်းတင်းကျပ်ကျပ် ကြုပ်ထားသည်။ ဝမ်မုန့် ၏နားလည်မှုအပေါ်အခြေခံ၍ ဝမ် မျိုးနွယ်စုသည် ဤကိစ္စရပ်ကို လုံးဝလက်မခံတော့ပေ။
"ဒုတိယအကြိမ် စျေးကွက်တိုက်ပွဲစတော့မယ်။ ကျိုးမျိုးနွယ်စု နဲ့ ဝမ်မျိုးနွယ်စု ရဲ့ တပည့်တွေ ကျေးဇူးပြုပြီး ပလာဇာကို လာခဲ့ပါ။"
မြို့တော်သခင်စံအိမ် မှ အဖိုးအိုသည် ပလာဇာသို့ တစ်ဖန် ရောက်ရှိလာပြန်သည်။ သူ၏ ထက်မြက်သော အသံကို ယွမ်စွမ်းအား က ချဲ့ထွင်ခဲ့ပြီး ပလာဇာတစ်ခုလုံးတွင် အလွန်ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသည်။
"သွားကြရအောင်။ ငါတို့ ဒီတိုက်ပွဲမှာ အစွမ်းကုန်လုပ်ရမယ်။"
ကျိုးဝမ် သည် ပထမဆုံး မတ်တပ်ရပ်ခဲ့သည်။ အခြားသူများကလည်း ကျိုးမျိုးနွယ်စုအတွက် အောင်ပွဲရခဲ့သည့်ပုံကို ကြည့်နေကြသည် ။ ကျိုးဝမ် ကို လက်ခံရန် အမြဲငြင်းဆန်ခဲ့သော ကျိုးထျန်း ပင်လျှင် ထူးထူးခြားခြား တိတ်ဆိတ်နေ၏။
အလွန်လျင်မြန်စွာ မျိုးနွယ်စုနှစ်စု၏ မျိုးဆက်သစ်လူငယ်ကို ၎င်းတို့၏သက်ကြီးရွယ်အိုများက ပလာဇာသို့ ခေါ်ဆောင်သွားကြသည်။ ကျိုးဝမ် နှင့် ချန်ထုံအာ တို့၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော အပျက်အစီးများကို ရှင်းထုတ်နိုင်ခဲ့သည်။ ပလာဇာသည် ကြီးမား၍ ခိုင်ခံ့သော ကျောက်တုံးကြီးငါးခုဖြင့် ပြည့်နေသေးသည်။
မြို့တော်သခင်စံအိမ် သည် အမှန်တကယ်ပင် ကြိမ်ချပ်ဝတ်မြို့ တွင် နံပါတ်တစ် ပါဝါဖြစ်သည်။ သူတို့ရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းကြသည်။ အရင်က အပျက်အစီးတွေနဲ့ ပြည့်နှက်နေတဲ့ ပလာဇာဟာ အခု အသစ်စက်စက် ဖြစ်နေသည်။
မျိုးနွယ်စုနှစ်စု၏ မျိုးဆက်သစ်လူငယ်လေးသည် အဝေးမှကြည့်ကာ ရန်လိုမှုများနှင့် ပြည့်နှက်နေသော အကြည့်များနဲ့ပြည့်နေကြသည်။ ဝမ်မုန့် နှင့် ဝမ်ကျန့် ၏အကြည့်များသည် ကျိုးမျိုးနွယ်စု ဘက်တွင်ရပ်နေသော ကျိုးဝမ် ကိုကြည့်ရင်း အနည်းငယ်အေးစက်သွားကြသည်။
"ကျိုးဝမ်၊ ဒီတစ်ခါ မင်းရဲ့ ကျိုး မျိုးနွယိစု သိပ်ကံကောင်းမှာ မဟုတ်ဘူး။ မင်းရဲ့ ကျိုးမျိုးနွယ်စု ရဲ့ စျေးကွက်တိုက်ပွဲမှာ အောင်ပွဲက ဒီမှာပဲ ပြီးလိမ့်မယ်။" ဝမ်မုန့် က ပြုံးပြီး ရွဲ့စောင်းစွာ ပြောလိုက်သည်။
ဝမ်မုန့် ၏လေသံက ကျိုးရှန်းအာ နှင့် အခြားလူများကို အနည်းငယ် ဒေါသထွက်စေခဲ့သည်။ သို့သော်လည်း ဝမ်မျိုးနွယ်စု သည် ၎င်းတို့၏ ကျိုး မျိုးနွယ်စုထက် အမှန်တကယ် အားကောင်းသောကြောင့် ၎င်းတို့ ငြင်းခုံနိုင်ခြင်း မရှိခဲ့ပေ။ ဒီတစ်ခါ ရှုံးခဲ့ရင်တောင် သူတို့ရဲ့ ကျိုး မျိုးနွယ်စုက အများကြီး ဆုံးရှုံးမှာ မဟုတ်ပါဘူး။
ထိုအချိန်တွင် ပလက်ဖောင်းပေါ်တွင်ထိုင်နေသော ဝမ်ယွမ်ရှင်း သည် ပလာဇာရှိလူအုပ်ကို ရုတ်တရက်ငုံ့ကြည့်ကာ "လူတိုင်း မင်းငါ့စကားကို အရင်နားထောင်ပေးလို့ရမလား။"
ဝမ်ယွမ်ရှင်း ၏ စကားလုံးများသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ဝမ်မျိုးနွယ်စု၏ အကြီးအကဲဖြစ်သည်ကို တွေ့လိုက်ရသောအခါ လူအများ၏ မျက်နှာများသည် ရိုသေမှုအပြည့်နှင့် ပြည့်နေလေသည်။ ဝမ်မျိုးနွယ်စု သည် ကြိမ်ချပ်ဝတ်မြို့ တွင် ဒုတိယအာဏာအရှိဆုံး မိသားစုသုံးစု၏ အကြီးအကဲဖြစ်သည်။ ဝမ်မျိုးနွယ်စု၏ အကြီးအကဲသည် ကြိမ်ချပ်ဝတ်မြို့ တွင် အခွင့်အာဏာများစွာ ရှိသည်။
ဝမ်ယွမ်ရှင်း က ကျေနပ်စွာဖြင့် တိတ်ဆိတ်နေသော ပလာဇာကို ကြည့်ပြီး "လူတိုင်းက စျေးကွက်တိုက်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိမှာပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဝမ်မျိုးနွယ်စု က ကျိုး မျိုးနွယ်စုကို အင်အားသုံးချင်နေတယ်။ ကျိုး မျိုးနွယ်စုက ဘာလိုထင်လဲ ငါသိချင်မိတယ်။"