ဝတ်ရုံနက်နဲ့ဆန်းကြယ်တဲ့အမတဓားနတ်လား
Vol. 8 Ch. 85
ဓားမြောင်တစ်ချောင်း ချိုးဝူယဲ့၏ မြင်ကွင်းသို့ရုတ်ခြည်းတိုးဝင်လာသည်။ ချိုးဝူယဲ့ ခေါင်းကိုအနည်းငယ်သာစောင်း၍ ရှောင်ရှားလိုက်သည်။ ထို့နောက် ဓားမြောင်နှင့် ချောင်းမြောင်းတိုက်ခိုက်လာသော ဝတ်ရုံနက်နှင့်ထိပ်တန်းတန်းသိုင်းသမားအား သူ၏လက်ဖမိုးဖြင့် ရိုက်ထုတ်လိုက်သည်။
"ဖုန်း"
ဝတ်ရုံနက်နှင့် ထိပ်တန်းသိုင်းသိုင်းသမားမှာ နံရံဘက်သို့ "ဘိုင်း" ကနဲ လွင့်ထွက်သွားလေသည်။ ထိုအချိန်မှာဘဲ နောက်ထပ် မျက်နှာအားကွယ်ဝှက်ထားသော ထိတ်တန်းသိုင်းသမား က အတွင်းအား အပြည့်အဝထည့်သုံးထားသော လက်တီးဖြင့် ထိုးချလာခဲ့သည်။ ချိုးဝူယဲ့ ထိုလူကိုကြည့်ပင်မကြည့်ချေ။သူ၏ ညာဖက်ဘက်အားဆန့်ထုတ်၍ လက်ဖဝါးသာဖြန့်လိုက်လေသည်။
"အုန်း"
ကြီးမား၍ အလွန်ပြင်းထန်သော အတွင်းအားများသည် ရေစီးကြောင်းတစ်ခုသဖွယ်အရှိန်အဟုန်ဖြင့် ဝတ်ရုံနက်နှင့်လူအားရိုက်ခတ်သွား၏။
"ဘန်း"
"တော်လောက်ပြီ ကျုပ်သည်းခံနိုင်စွမ်းကို လာမစမ်းသပ်စမ်းနဲ့"
ချိုးဝူယဲ့ အေးစက်စွာပြောလိုက်ပြီးနောက် သူ၏ လက်ချောင်းနှစ်ချောင်းအား မြေအောက်ခန်းနံရံဖက်သို့ တစ်ချက်လွဲရမ်းလိုက်သည်။
"ရွစ်"
နံရံတွင် ဓားနှင့်ခုတ်ထစ်ထားသကဲ့သို့ ငါးမီတာခန့်ရှည်လျားသော စွတ်ကြောင်းကြီးတစ်ခုဖြစ်သွားခဲ့သည်။ ရှေ့ရှိစားပွဲတွင်ထိုင်ကာလက်ဖက်ရည်သောက်နေသည့် အစိမ်းရောင်ဝတ်ရုံအားသေသေသပ်သပ်ဝတ်ဆင်ထားသောသူ၏ မျက်လုံးမှာ ချိုးဝူယဲ့ကိုကြည့်ရင်း ကျဉ်းမြောင်းသွားလေသည်။ ထို့နောက်သူအော်ပြောလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲဆူညံနေတာဘဲ"
ထိုဝတ်ရုံစိမ်းနှင့်လူအော်ပြောလိုက်သော အခါမှသာ အားလုံးရပ်တန့်သွားပြီးဝတ်ရုံနက်နှင့်လူများမရွေ့လျားတော့ပေ။ ဝတ်ရုံစိမ်းနှင့်လူမှာ ချိုးဝူယဲ့ဆီသို့ အပြုံးတစ်ခုဖြင့်လျှောက်သွားလိုက်ပြီး ဖော်ရွေသောလေသံဖြင့်......
"ဒီကလူကြီးမင်း ကျုပ်လူတွေ ရိုင်းစိုင်းမိတာကိုဗွေမယူပါနဲ့ သူတို့ကအဲ့လိုဘဲ တစ်ခါတစ်လေကျုပ်လဲထိန်းမရဘူး"
ဝတ်ရုံစိမ်းနှင့်လူက အနောက်မှ ဝတ်ရုံနက်နှင့်ထိပ်တန်းသိုင်းသမားများအား စိုက်ကြည့်၍ ဒေါသထွက်ဟန်ရသောလေသံဖြင့်ပြောလိုက်သည်။
"အဲ့နှစ်ကောင်ကိုဆွဲခေါ်သွားစမ်းပြီးတော့ ဧည့်သည်လူကြီးမင်းကိုတောင်တိုက်ခိုက်ရဲတယ် ကြာပွတ်နဲ့ အချက် ၁၀၀ ရိုက်ပြီးအပြစ်ပေးလိုက်"
ချိုးဝူယဲ့မှာ ထိုဝတ်ရုံစိမ်းနှင့်လူ၏ ဟန်ဆောင်ပန်ဆောင်ကြိုးစားမှုများကို ခပ်တည်တည်သာကြည့်နေလိုက်သည်။ အခြားလူများထွက်သွားပြီးနောက် အစိမ်းရောင်ဝတ်ရုံဖြင့် လူကအပြုံးတစ်ခု ဆင်မြန်း၍နှုတ်ဆက်လိုက်သည်။
"ကျုပ်က မုဝူယွီပါ ဒီကလူကြီးမင်းက ဘယ်သူများလဲမသိဘူး"
ချိုးဝူယဲ့ပြန်မပြောဘဲ အေးစက်စွာပြောလိုက်သည်။
"အရေးမကြီးတာတွေဘေးဖယ်ပြီး အရေးကြီးတာအရင်ပြောကြတာပေါ့"
ချိုးဝူယဲ့ ထိုမုဝူယွီဆိုသူအား ကြားဖူးသည်။ ထိုလူမှာ မှောင်ရိပ်စံအိမ်သခင် သုံးယောက်အနက်မှ သတ်ဖြတ်ခြင်းစံအိမ်သခင် ဖြစ်လေသည်။မှောင်ရိပ် အဖွဲ့အစည်းအား အပိုင်းသုံးပိုင်းအဖြစ် စံအိမ်သုံးခု ခွဲထားသည်။ သတ်ဖြတ်ခြင်းစံအိမ် ၊ အချက်အလတ်စံအိမ် ၊ အစောင့်အရှောက်စံအိမ်ဟူ၍ စံအိမ်သုံးခုရှိပြီး စံအိမ်တစ်ခုစီ၏ သခင်များသည် အဆင့်လွန်ထိပ်သီးပုဂ္ဂိုလ်များဖြစ်သည်။ မုဝူယွီ သည်သတ်ဖြတ်ခြင်းစံအိမ်၏သခင်ဖြစ်ပြီး လုပ်ကြံခြင်း ကိုအထူးပြုလုပ်ဆောင်သည့်သူဖြစ်သည်။
ချိုးဝူယဲ့ မုဝူယွီနှင့် တစ်ဖက်စီထိုင်လိုက်ပြီး လက်ဖက်ရည်တစ်ခွက်စီသောက်လိုက်ကြသည်။ထိုလူသည် သူ့အားလုပ်ကြံရဲမည်ဟု ချိုးဝူယဲ့မထင်ချေ။ အမှန်ပင် မုဝူယွီမှာ ချိုးဝူယဲ့အားလုံးဝ မလုပ်ကြံရဲပေ။ မုဝူယီ ချိုးဝူယဲ့၏ ပုံရိပ်အားပထမဆုံးမြင်လိုက်ရသောအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့် ပြိုင်ဘက်ကင်းသည့် အရှိန်အဝါအားခံစားမိသောကြောင့်ပင်။ လုပ်ကြံသူများမှာ သာမန်လူများထက် အန္တရာယ် အဆင့်အား ပို၍ ခံစားမိတတ်ကြသည်မဟုတ်လား။မုဝူယွီ အရင်စပြောလိုက်သည်။
"ဒီကလူကြီးမင်း ဘယ်လိုအလုပ်များအပ်ချင်တာလဲ"
ချိုးဝူယဲ့ လက်ဖက်ရည်ခွက်အားချ၍ပြောလိုက်သည်။
"လူရှာဖို့"
မုဝူယွီမေးလိုက်သည်။
"ဘယ်သူ့ကိုများလဲ"
"ယီချိုးကိုရှာပေး"
အစိမ်းရောင်ဝတ်ရုံနှင့်လူ အနည်းငယ်စဉ်းစားရင်းပြောလိုက်သည်။
"သူဘယ်နေရာရောက်နေလဲ ကျုပ်သိတယ် ဒါပေမဲ့ သူ့ရဲ့သတင်းကဈေးနဲနဲတော့များတယ် ဒီကလူကြီးမင်းကို ကျုပ်ရွှေစ ၂၅၀၀ ကနေ ၁၅၀၀ အထိလျော့ပေးပါ့မယ်"
ချိုးဝူယဲ့ အင်္ကျီကြားထဲမှနှိုက်ယူဟန်ဖြင့် ရွှေတုံး တစ်ရာစီတန်သော ငွေလက်မှတ်နှစ်စောင်အားထုတ်ယူ၍စားပွဲပေါ်တွင်တင်လိုက်သည်။ ရွှေစဆယ်စသည် ရွှေတစ်တုံးတန်ဖိုးဖြစ်သည်။ထို့ကြောင့် ရွှေ၂၀၀ တန်သော ငွေလက်မှတ်အားထုတ်ပေးခြင်းဖြစ်သည်။ ချိုးဝူယဲ့ လေသံသေဖြင့်ပြောလိုက်သည်။
"ပြန်မအမ်းနဲ့တော့"
အစိမ်းရောင်ဝတ်ရုံနှင့်လူကခေါင်းငြိမ့်၍ ပြုံးပြုံးဖြင့် ငွေလက်မှတ်နှစ်စောင်အားယူလိုက်သည်။ထို့နောက် စကားစပြောလိုက်သည်။
"မနေ့ကရရှိထားတဲ့သတင်းအရတော့ လောလောဆယ် ယီချိုးက ဖုန်းထင်းပြည်နယ်ထဲက ယောက်ရှန်း မြို့မှာရှိနေတုန်ဘဲ လက်ဆောင်အဖြစ်အပိုသတင်းတစ်ခုကျုပ်ပြောပြပေးပါ့မယ် ရှီဖုန်းလဲ သူနဲ့အတူတူ ယောက်ရှန်းမြို့မှာဘဲရှိနေသေးတယ်"
ချိုးဝူယဲ့ ခေါင်းငြိမ့်၍ ထရပ်လိုက်သည်။ ထို့နောက် မြေအောက်ခန်းထွက်ပေါက်ဆီသို့လှည့်ကာ ထွက်သွားတော့သည်။ ကျန်နေသော အစိမ်းရောင်ဝတ်ရုံဖြင့် လူမှာ ချိုးဝူယဲ့၏ နောက်ကျောအားကြည့်ရင်း အတွေးထဲတွင် နစ်မြုတ်နေခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက်သူ၏ မျက်နှာမှာ ထိတ်လန့်မှုအဖြစ်စို့ပြောင်းလဲသွားလေသည်။
"ဝတ်ရုံနက်နဲ့ ဆန်းကြယ်တဲ့ အမတဓားနတ်"
............
ချိုးဝူယဲ့ ကခုန်ခြင်းစံအိမ်မြေအောက်ခန်းမှထွက်လာပြီးနောက် အင်ပါယာမြို့တော်မှထွက်လာကာ ယောက်ရှန်းမြို့တော်ဆီသို့ဦးတည်ပြီးသွားလိုက်သည်။ တစ်နာရီအတွင်းရောက်ရှိစေရန် ဓားပျံဖြင့်တိုက်ရိုက်ပြန်သန်းသွားလိုက်လေသည်။
........................
ပြီး...