အရိပ်ပညာရှင်သုံးပါး
Vol. 8 Ch. 86
ယောင်ရှန်းမြို့သို့ရောက်သောအခါ အာရုဏ်ပင်တက်ဗတာ့ပေမည်။ ဈေးသည်များနှင့် အမဲလိုက်သမားများ ကုန်သသည်များမှာ စ၍ပင်အလုပ်လုပ်နေခဲ့ချေပြီ။ ချိုးဝူယဲ့ယောင်ရှန်းမြို့ထဲသို့ဝင်ခါနီးတွင် သူ့အကြားအာရုံထဲသို့ အရှိန်အဟုန်ဖြင့်ရွေ့လျားနေသော လေသံတစ်သံတိုးဝင်လာခဲ့သည်။ ချိုးဝူယဲ့ ချက်ချင်း ထိုအရပ်မျက်နှာသို့ခေါင်းလှည့်၍ သေချာအာရုံခံလိုက်သည်။
"တိုက်ခိုက်တဲ့အသံတွေလား"
ချိုးဝူယဲ့ ကိုယ်ဖော့သိုင်းချက်ချင်းထုတ်သုံးကာထိုနေရာသို့ထွက်သွားလိုက်သည်။ထိုစဉ် ယောင်ရှန်းမြို့နှင့် ငါးမိုင်ခန့်ဝေးသည့် တောအုပ်ထဲတွင်....
"ထန်...ထန်.....ရွမ်း"
ပညာရှင်ဆန်သောအနက်ရောင်ဝတ်ရုံများဝတ်ဆင်ထားသော လူသုံးယောက်သည် အပြာနုရောင် ကျောင်းတော်သားဝတ်ရုံအားဝတ်ဆင်ထားသော လူငယ်လေးအားပူးပေါင်းကာတိုက်ခိုက်နေလေသည်။၎င်းတို့၏ ပြင်းထန်သော ဓားချက်များနှင့်အတွင်းအားများကြောင့် ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာတစ်စစီကျိုးပဲ့ပျက်စီးနေပြီး အရာအားလုံးမှာ ဓားရာများဖြစ်ပေါ်နေခဲ့သည်။
"ခင်ဗျားတို့ကဘယ်သူတွေလဲ ကျုပ်နဲ့ရန်ငြိုးမရှိဘဲ ဘာကိစ္စကျုပ်ကိုလာတိုက်နေရတာလဲ"
ချိုးယီ နောက်ကျောမှတိုးဝင်လာသောဓားထိပ်ဖျားအား သူ၏ဘယ်လက်ဖြင့်ပျော့ပျောင်းစွာလမ်းကြောင်းလွဲ၍ဇဝေဇဝါဖြစ်နေသောလေသံဖြင့်မေးလိုက်သည်။ ထိုအနက်ရောင်ပညာရှင်ဝတ်ရုံအားဝတ်ဆင်ထားသည့် လူသုံးယောက်ထဲမှတစ်ယောက်သည် လောဟန်မြို့ပြင်တွင် တပ်မှုးချန်းရှုံအားဓားဖြင့်ထိုးခဲ့သော ထန်ရှန်းဖြစ်လေသည်။မမှားပေ ထိုသုံးယောက်မှာ ငါးပြည်ထောင်တွင်ပင် နာမည်ကျော်ကြားလှသော ရိပ်ပညာရှင်သုံးပါးဖြစ်လေသည်။ကျန်နှစ်ယောက်မှာ ဖုန်းယွင်ကော နှင့် မုန့်ချန်း တို့ဖြစ်လေသည်။
၎င်းတို့သုံးယောက်လုံးသည် အဆင့်လွန်ထိပ်သီးသိုင်းသမားအဆင့်များဖြစ်ပြီး တော်ဝင်ရုံးတော်တွင်ပင် ပြိုက်ဘက်ကင်းသိုင်းသမားများဖြစ်သည်။ တော်ဝင်ရုံးတော်တစ်ခုလုံးတွင် ပန်းချီနတ်ဓားရှင်ရွယ်ဝူဟန်မှလွဲ၍ သုံးယောက်လုံးအားတစ်ပြိုင်နက်တိုက်ခိုက်အနိုင်ယူနိုင်သူဟု၍မရှိပေ။ ဖုန်းကော့ယွင် ချိုးယီနှင့် လက်ဝါးချင်းဆိုင်မိကာ အတွင်အားတန်ပြန်သက်ရောက်မှုဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ အရှိန်သပ်လိုက်သည်။ ထို့နောက်ရယ်မောကာပြောလိုက်သည်။
"ဟားဟားဟား တော်လွန်းနေတာမင်းအပြစ်ဘဲကောင်လေး ပြီးတော့ ဒီသိုင်းလောကမှာ ငါတို့အရိပ်ပညာရှင်သုံးပါးကမပေါ်လာတာကြာတော့ နောက်ပေါက်လေးတွေ ဘာမှမသိကြတာမဆန်းပါဘူး"
ချိုးယီ သူ့အားဝိုင်းထားသော သူသုံးယောက်အားတစ်ယောက်ချင်းစီ ဆုံဆန်ကာကြည့်လိုက်ပြီး အထင်သေးသောအကြည့်ဖြင့်ကြည့်ကာ မှဲ့၍ပြောလိုက်သည်။
"အော်ဟုတ်လား အဲ့ဒီတော့ ခင်ဗျားတို့က ကျုပ်ကိုအနိုင်ယူနိုင်လို့လား"
ချိုးယီ၏စကားကြောင့် ထန်ရှန်းဒေါသထွက်သွားပြီး...
"ဟမ့် ငါတို့သိုင်းလောကမှာပြိုင်ဘက်ကင်းခဲ့တုန်က မင်းကမင်းအမေဗိုက်ထဲတောင်ရောက်လာအုံးမှာမဟုတ်ဘူး"
ထို့နောက် ထန်ရှန်း သံဆူးချွန်ယပ်တောင်အား ဖြန့်၍ ချိုးယီဆီသို့ တဟုန်ထိုးတိုးဝင်သွား၏။ချိုးယီ သူ၏ဓားအားအဖုံးပင်မချွတ်ဘဲ ဓားရိုးဖြင့် ယပ်တောင်အားပွတ်တိုက်၍လမ်းလွဲလိုက်ပြီး ထန်ရှန်း၏ဘေးတစ်ဖက်သို့ အဟုန်ဖြင့်ရှောင်တိမ်း၍လျှောချလိုက်သည်။ထို့နောက် အဖုံးတပ်ထားသော ဓားဖျားဖြင့် ကျောအားရိုက်လွင့်လိုက်သည်။
"ဘန်း"
ထန်ရှန်းအရှိန်ပင်မသတ်နိုင်တော့ဘဲ ချိုးယီ၏ ရိုက်ချက်ကြောင့် အရှေ့တည့်တည့်သို့အရှိန်မထိန်းနိုင်ဘဲ လွင့်ထွက်သွား၏။ ချိုးယီခန္ဓာကိုယ်အားတစ်ပတ်လည်၍လှလှပပ မြေပြင်တွင်ခြေကုက်ယူလိုက်သည်။ ချိုးယီမျက်မှောင်ကြုတ်၍ပြောလိုက်သည်။
"ရူးနေကြတာလား ကျုပ်တို့ရန်ငြိုးမရှိဘဲ ကျုပ်ကသိုင်းတော်တာ နဲ့ကျုပ်ကိုသတ်ချင်ကြတယ်ပေါ့ ကောင်းပြီလေ အခုတိုက်ကြတာပေါ့ နောက်ကွယ်မှာဘယ်သူရှိလဲမသိပေမဲ့ ကျုပ်ဒီတိုင်းလွတ်ထားပေးမှာမဟုတ်ဘူး"
ချိုးယီသူ၏ ဓားအဖုံးအားဆွဲချွတ်၍ ဘယ်လက်ဖြင့်ကိုင်ထားလိုက်သည်။
"ရွမ်း..."
ချိုးယီ၏ အရှိန်အဝါများပြောင်းလဲသွားပြီး ဓားမှ အလင်းအနည်းငယ်လတ်နေသယောင်ပင်။ချိုးယီ ထန်ရှန်း ဖုန်းကော့ယွင် မုန့်ချန် တို့သုံးယောက်အားစူးရှသော မျက်လုံးများဖြင့်ကြည့်လိုက်ပြီးသူ၏ဓားအား တိုက်ခိုက်ရန် အသွားဘက်သို့လှည့်လိုက်သည်။ထိုသုံးယောက်မလှုပ်ရှားခင်ချိုးယီအရင်လှုပ်ရှားလိုက်သည်။
"ရွှီး....ဝှစ်"
ချိုးယီ ဓားတစ်ချက်ဝေ့ရမ်းလိုက်သည်။ လေနှင့်သဏ္ဍာန်တူသော ဓားစွမ်းအင်တစ်ခုထွက်ပေါ်လာပြီး အရိပ်ပညာရှင်သုံးယောက်ဘက်သို့ရွေ့လျားသွားသည်။ ထန်ရှန်းတို့သုံးယောက်သိုင်းကွက်များထုတ်၍ ထိုဓားစွမ်းအင်အားတိုက်ထုတ်ကာ ခုခံလိုက်သည်။
"ဘန်း"
ချိုးယိ၏ ဓားစွမ်းအင်မပြိုကွဲပင်မှာပင် ချိုးယီ ၎င်းတို့သုံးယောက်နားဝဲပျံလာပြီး ဓားထိပ်ချွန်ဖြင့် တိုးဝေ့တိုက်ခိုက်လိုက်သည်။ ဖုန်းကောယွင် အတွင်းအားအကာကွယ်သုံးကာသူ၏ လက်ဖြင့်ခုခံလိုက်ပြီး နောက်သို့ဆက်တိုက်ဆုတ်ပေးလိုက်ရသည်။ ထို့နောက် ခတ်ခတ်ခဲခဲဖြင့် ချိုးယီ၏တိုက်ခိုက်မှုအားလမ်းလွဲလိုက်နိုင်သည်။ ချိုးယီလည်းမအပေချက်ချင်း ဘယ်ခြေထောက်အား အားယူ၍ မြေပြင်တွင်ကုက်ယူကာ အရှိန်သတ်လိုက်သည်။
ထိုအချိန် ကျန်နှစ်ယောက်မှာ ချိုးယီ ၏ တစ်ဖက်စီသို့လျှပ်တစ်ပြက်ရောက်ရှိလာပြီး တိုက်ခိုက်လာခဲ့သည်။ ချိုးယီ လျင်မြန်စွာပင် လေပေါ်သို့ခန္ဓာကိုယ်အား ပတ်ပတ်လည်ကာခုန်တက်လိုက်သည်။ ထို့နောက်သူ၏ခြေထောက်အားနှစ်ဖက်ခွဲကာ ဘေးနှစ်ဖက်ရှိ ထန်ရှန်းနှင့် မုန့်ချန်းအား တစ်ဖက်စီကန်လိုက်သည်။ထန်ရှန်းမှာလည်းမခေလှပေ။ ချိုးယီ၏ ခြေထောက်အား ဘေးတစ်ဖက်သို့ရိုက်ထုတ်လိုက်ပြီး မုန့်ချန်းမှာ လက်ဝါးဖြင့်ပြန်ရိုက်၍ခုခံလိုက်သည်။ချိုးယီခြေထောက်အားပြန်ရုပ်သိမ်းလိုက်ပြီး လေထဲတွင်နောက်ဂျွန်းတစ်ချက်ခုန်ကာ ထန်ရှန်းတို့နှင့် ငါးမီတာခန့်အကွာအဝေးခြားလိုက်သည်။ထို့နောက်ချိုးယီ သူ၏ဓားအား ထန်ရှန်းနှင့် မုန့်ချန်းဘက်သို့ချိန်ကာ ရေလှိုင်းကဲ့သို့ရမ်းလိုက်သည်။
"ရွီး...ရွက်"
ရေလှိုင်းသဏ္ဍာန်ဖြင့် ထက်ရှသော ဓားစွမ်းအင်လှိုင်းတစ်ခုသည် ထန်ရှန်းတို့နှစ်ယောက်ဆီသို့အရှိန်အဟုန်ဖြင့် ရောက်ရှိသွယးလေသည်။ထန်ရှန်းမျက်နှာပြောင်းလဲသွားပြီး အော်ပြောလိုက်သည်။
"မကောင်းတော့ဘူး ရှောင်လိုက်"
"ရွမ်း...."
ထန်ရှန်းချက်ချင်းရှောင်ရှားလိုက်သော်လည်း မုန့်ချန်းမှာအသိနောက်ကျ၍ လက်မောင်းမှနေ၍ ရင်ဘတ်အထိ ဓားစွမ်းအင်လှိုင်းဖြင့် ရှပ်ထိထိမိသွား၏။
"အား.."
မုန့်ချန်းနာကျင်စွာအော်ဟစ်လိုက်ပြီး သွေးကြောမှတ်များအားပိတ်၍ သွေးတိတ်အောင်လုပ်လိုက်လေသည်။
"မုန့်ချန်းဘာဖြစ်သွားသေးလဲ အဆင်ပြေလား"
ဖုန်းကော့ယွင် မုန့်ချန်းဆီသို့ပြေးလာလိုက်ပြီးဒဏ်ရာအားစမ်းသပ်ကြည့်လိုက်သည်။ ချိုးယီမှာမူ သူ၏ဓားအား ဓားအိမ်ထဲသို့ပြန်သွင်းလိုက်ပြီး မြေပြင်ပေါ်သို့ဖြေးညင်းစွာဆင်းသက်လိုက်သည်။ထို့နောက်နှာခေါင်းရှုံး၍ပြောလိုက်သည်။
"ကျုပ်ကိုသတ်ချင်တာဒီလောက်အစွမ်းနဲ့လား အိမ်မက်မက်နေလိုက်"
ထန်ရှန်းရုတ်ခြည်းပင် ယပ်တောင်အားဖြန့်လိုက်သည်။ ထန်ရှန်း၏ ယပ်တောင်မှ ရွှေရောင်အပ်ခုနှစ်ချောင်းသည် လေ၏အလျင်ဖြင့်ထွက်ပေါ်လာပြီး ချိုးယီဆီသို့ဦးတည်နေခဲ့သည်။ ချိုးယီမှာ နဂိုကတည်းကသတိအပြည့်ဖြင့်စောင့်ကြည့်နေသောကြောင့် ထိတ်လန့်ခြင်းမရှိဘဲ ဓားအိမ်စွပ်ထားသော ဓားဖြင့် ဝေ့ရမ်းကာ ကာဆီးလိုက်သည်။ မထင်မှတ်ထားစွာပင် ဖုန်းကော့ယွင်မှာ နောက်မှလိုက်လာပြီး...
"ဝင်ကစွပ်ဓားကွက်"
ချွန်ထက်သောဓားထိပ်ဖျားနှင့်အတူ ဖုန်းကော့ယွင်ဝင်ရောက်လာခဲ့သည်။ ချိုးယီ မျက်မှောင်ကြုတ်လိုက်သည်။
'ရှောင်ချိန်မရတော့ဘူး'
ထိုလူများမှာ ဤမျှကောက်ကျစ်လိမ့်မည်ဟုသူမထင်မှတ်ထားခဲ့ချေ။ ချိုးယီ လက်မဖြင့်သူ၏ဓားအားဆွဲထုတ်ခါနီးတွင်...
"ရွမ်း"
ဓားတစ်ချာင်းသည် အရှိန်အဟုန်ဖြင့်တိုးဝင်လာပြီး ဖုန်းကော့ယွင်၏ဓားကွက်အားလမ်းကြောင်းပြောင်းလဲသွားစေသည်။ထိုအချိန် ချိုးယီမှာ ချက်ချင်းလှုပ်ရှားလိုက်သည်။ ဖုန်းကော့ယွင်အား ဘေးတစ်စောင်းခန္ဓာကိုယ်လှည့်ကာ ခြေထောက်အစုံဖြင့်ကန်ကျောက်လိုက်လေသည်။
"ဘန်း"
ဖုန်းကော့ယွင် ရုပ်ပျက်ဆင်းပျက်လွင့်ထွက်သွားပြီးသစ်ပင်တစ်ပင်ဖြင့်တိုက်မိသွားလေသည်။ချိုးယီ မှာလည်းဘာထိခိုက်မှုမှမရှိဘဲ မြေပေါ်တွင်ကောင်းကောင်းမွန်မွန်ရပ်တန့်လိုက်သည်။ထိုအချိန် ချိုးယီ၏ နားထဲတွင် ရင်းနှီးဖူးသောအသံတစ်သံအားကြားလိုက်ရသည်။
"သူရဲကောင်းယီချိုး"
.............................
ပြီး...