သိုင်းအရှင်
Vol. 8 Ch. 87
ချိုးယီ ခေါင်းလှည့်လိုက်ရင်းသူ့ကိုခေါ်သည့်လူအားလိုက်ရှာလိုက်သည်။ချိုးယီ အံ့အားသင့်သွား၏။
"ခင်ဗျားပါလား"
ချိုးယီအားခေါ်လိုက်သောသူမှာအခြားလူမဟုတ်ပေ။ သူချောက်ကမ်းပါးမှတက်တက်လာခြင်းတွေ့ဆုံရသော မိန်းကလေးတစ်ယောက်နှင့်အတူပြေးနေသည့် လူငယ်လေး ချင်ဖန်ပင်။ ယခုတစ်ခါတော့မိန်းကလေးမပါတော့ဘဲ ပြောင်အဝတ်စားများက်ိုဝတ်ဆင်ထားသည့် မုတ်ဆိတ်ဖြူ ဆံပင်ဖြူနှင့်အဘိုးအိုသာပါလာခဲ့သည်။ ချင်ဖန်ချိုးယီနားသို့အလျင်အမြန်ပြေးသွားလိုက်ပြီး တည်တံ့စွာမေးလိုက်သည်။
"အဆင်ပြေရဲ့လား ယီသူရဲကောင်း"
ချိုးယီ ပြုံး၍ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး ဒီလောက်ကတော့ ဒါနဲ့ အကူအညီအတွက်ကျေးဇူးတင်ပါတယ်"
"ဒါကမှဘာမဟုတ်ပါဘူးဗျာ လွန်ခဲ့တဲ့လအနည်းငယ်လောက်ကဆို ယီသူရဲကောင်းကဘဲ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့အမျိုးသမီးအသက်ကိုကယ်တင်ပေးခဲ့တာလေ ဒီလောက်လေးကိုစိတ်ထဲမထားပါနဲ့ဗျာ"
ချင်ဖန် ရယ်မော၍ပြောလိုက်သည်။ ထို့နောက် ချင်ဖန် သူ့အဖိုးအားကြည့်၍မိတ်ဆက်ပေးလိုက်သည်။
"ယီသူရဲကောင်း ဒါကကျွန်တော့်ရဲ့အဖိုးချင်ဖုန်းတဲ့ သိုင်းလောကထဲကလူတွေကတော့ သိုင်းအရှင်လို့ခေါ်ကြတယ်လေ"
ချင်ဖန် ၏မိတ်ဆက်ပေးမှုကြောင့်ချိုးယီ ချင်ဖုန်းမည်သူဆိုတာသိရှိသွားလေသည်။ ချိုးယီ၏ မျက်လုံးထဲတွင်လေးစားမှုများထွက်ပေါ်လာပြီး လက်တီးစု၍နှုတ်ဆက်လိုက်သည်။
"ဆွေးရတာဝမ်းသာပါတယ် အဘိုးချင်ဖုန်း နောက်ဆုံးတော့ သောကန်ပြည်နယ်ရဲ့ ဒဏ္ဍာရီလာတစ်ယောက်ကို မျက်လုံးနဲ့ကိုယ်တိုင်မြင်ရပြီဘဲ "
ချိုးယီ၏ ဖော်ရွေမှုကြောင့်ချင်ဖုန်းလည်းပြုံးရွင်သွားပြီး သူ၏ မုတ်ဆိတ်မွေးအား ပွတ်သပ်လိုက်ပြီး ကြည်လင်သောအသံဖြင့်ပြောလိုက်သည်။
"မဆိုးဘူး ဒီနေ့ခေတ်သိုင်းလောကရဲ့ပြိုင်ဘက်ကင်းတစ်ယောက်ဘဲ ဒါကြောင့်မို့ အခြားလူတွေကမောင်ရင်ကိုတကယ်သိုင်းပညာမြင့်မားတယ်လို့ပြောကြတာကိုအခုမြင်ရတော့မှ တကယ့်ကိုနာမည်နဲ့ဂုဏ်သတင်းလိုက်ဖက်ပါပေတယ်"
"စီနီယာကလဲမြောက်နေပြန်ပါပြီဗျာ ကျွန်တော်က သာမန်ထက်နဲနဲလေးပိုသန်မာရုံပါ အဘိုးချင်ဖုန်းနဲ့ယှဉ်ရင်တော့ ဘာမှမဟုတ်သေးပါဘူး"
ချိုးယီပြုံး၍နိမ့်ချစွာပြောလိုက်သည်။ အမှန်ပင် ချိုးယီ ထိုလူအိုကြီးချင်ဖုန်း၏ ရောင်ဝါအားဖောက်မမြင်နိုင်ပေ။ သိုင်းပညာမ
ရှိသည့်အတိုင်းပင် သို့သော် ထိုလူအိုကြီးမှာ တာယွမ်အင်ပါယာတွင်ပင် အထွတ်အထိပ်ဖြစ်သည်မှာ ပြောစရာပင်မလိုချေ။ ချင်ဖုန်း ချိုးယီအားသဘောကျသွားပြီး ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။
"မောင်ရင်နိမ့်ချစရာမလိုပါဘူးကွယ် ဖန်အာက ဒီအဖိုးကြီးကို မောင်ရင်ရဲ့အကြောင်းတွေပြောပြထားပါတယ် ဒီတလောမှာလည်း သိုင်းလောကထဲမှာ မောင်ရင်ရဲ့အကြောင်းတွေနားနဲ့မဆန့်အောင်ကြားခဲ့ရတာလေ ကဲခနနေမှ စကားကောင်းကောင်းပြောကြတာပေါ့"
ချင်ဖုန်းရောက်လာသည်ကိုတွေ့သောအခါ အရိပ်ပညာရှင်သုံးပါးမှာ အလွန်ကူရာမဲ့သွားခဲ့သည်။ ချိုးယီတစ်ယောက်တည်းတောင် သုံးယောက်သား သူမသာကိုယ်မသာဖြစ်နေကြတဲ့အချိန် သောကန်ပြည်နယ်၏ နံပတ်တစ် သိုင်းအရှင် ချင်ဖုန်းပါရောက်လာသောအခါ သူတို့မည်သို့မှမနိုင်နိုင်မှန်းသိလိုက်ကြသည်။ ထန်ရှန်း တိုးတိုးလေးပြောလိုက်သည်။
"အခြေအနေမဟန်ဘူး ပြန်ဆုတ်ဖို့အသင့်ပြင်ထားကြ"
မုန့်ချန်းနှင့်ဖုန်းကောယွင် ခေါင်းငြိမ့်လိုက်ပြီး ချိုးယီအားအန္တရယ် ရှိသောအကြည့်ဖြင့်ကြည့်လိုက်ကြသည်။ ချိုးယီလည်းအေးစက်စက်အကြည့်တစ်ချက် ပေးလိုက်ပြီး မထီမဲ့မြင်ပြောလိုက်သည်။
"ခင်ဗျားတို့လိုလူတွေက တရားမျှတမှုရှိရှိနဲ့တိုက်လို့မရဘူးပဲ နောက်တစ်ခေါက်ထပ်တွေ့ရင်ခင်ဗျားတို့သုံးယောက် မလွယ်ဘူးမှတ်"
မုန့်ချန်း ဟက်ပက်ပက်ရယ်မောလိုက်ပြီး ရွဲ့စောင်းကာပြောလိုက်သည်။
"ကောင်လေးအပြောကတော့အတော်ကြီးတာဘဲ အပြောကြီးသလောက်အစွမ်းကြီးပါစေလို့ဘဲမျှော်လင့်ပါတယ် နောက်တစ်ခါထပ်တွေ့ရင် မင်းကိုအသေသတ်ပစ်မယ်"
ချိုးယီ ဒေါသထွက်သွားပြီး ဓားဆွဲထုတ်ရန်လုပ်လိုက်သည်။ သို့သော် ချိုးယီ ဓားတစ်ဝက်လောက်ဆွဲထုတ်ပြီးသည့်အချိန် ချင် ဖုန်း၏ လက်တစ်ဖက်သည် လျင်မြန်စွာရောက်ရှိလာပြီး ဓားရိုးအားအပေါ်မှရိုက်၍ ဓားအား ဓားအိမ်ထဲသို့ပြန်ဝင်စေလိုက်သည်။ ချိုးယီအံ့အားသင့်သွား၏ မည်သို့ပင်ဖြစ်စေ သူဓားဆွဲထုတ်သည်အားတားဆီးနိုင်သူမှာသိုင်းလောကတွင်မရှိသလောက်ရှားပါလေသည်။ကြည့်ရသည်မှာ ချန်ဖုန်းသည် သိုင်းပညာအလွန့်အလွန်မြင့်မားသည်မှာသေချာလေပြီ။ချင်ဖုန်းမှာ ပုံမှန်အတိုင်း ညင်သာစွာပြုံး၍ပြောလိုက်သည်။
"ကောင်လေးတွေမင်းတို့တောင်အသက်ကြီးလာကြပြီဘဲ ဒီအဖိုးကြီးဆုံးမခဲ့တဲ့အရာတွေကိုမှတ်မိသေးရဲ့လား"
ထန်ရှန်းမျက်နှာလျင်မြန်စွာပြောင်းလဲသွားပြီး လက်တီးဆုကာပြောလိုက်သည်။
"စီနီယာချင်ဆုံးမခဲ့တဲ့အရာတွေကိုကျွန်တော်မှတ်မိပါတယ် ဒါပေမဲ့ အခုကျွန်တော်တို့လဲတာဝန်အရလုပ်ရတာမို့ နားလည်ပေးစေချင်ပါတယ်"
ချင်ဖုန်းသက်ပျင်းချ၍ အရိပ်ပညာရှင်သုံးပါးအားကြည့်လိုက်သည်။ တစ်ချိန်က တော်ဝင်ရုံးတော်တွင်သင်ခန်းစာပို့ချပေးခဲ့ဖူးသော ထိုကလေးသုံးယောက်သည် ယခုလိုအရိပ်ပညာရှင်သုံးပါးအဖြစ်သို့ရောက်ရှိလာလိမ့်မည်ဟုမထင်ထားခဲ့ချေ။ ချင်ဖုန်း လက်ခါရမ်း၍ပြောလိုက်သည်။
"မင်းတို့သုံးယောက်ထွက်သွားကြတော့ အရင်ကဒီအဖိုးကြီးရဲ့ပညာပို့ချပေးဖူးတဲ့သူတွေဖြစ်တာကြောင့် ဒီတစ်ခါတော့ခွင့်လွတ်ပေးလိုက်မယ် သွားကြတော့"
ထန်ရှန်း ဖုန်းကောယွင် နှင့် မုန့်ချန်းတို့ သုံးယောက်လုံး ချင်ဖုန်းအား လက်တီးဆုတ်ဂါရဝပြု၍ထွက်သွားကြလေသည်။ မည်သို့ပင်ဖြစ်စေ ထိုလူမှာ တစ်ချိန်ကသူတို့၏ နည်းပြဆရာတစ်ယောက်ဖြစ်ခဲ့သည်မဟုတ်လား။ မဟုတ်လျှင်လည်း သုံးယောက်ပေါင်းတိုက်လျှင်ပင်နိုင်မည်မဟုတ်ချေ။ ချင်ဖုန်း၏ အရှိန်အဝါအားမည်သို့မှမတွေ့ရသဖြင့် ချင်ဖုန်း မည်မျှသိုင်းပညာမြင့်မားမှန်းမည်သူမှမသိကြချေ။
ထို့နောက် အရိပ်ပညာရှင်သုံးယောက်သည် အ
ရိပ်တစ်ခုအသွင်ဖြင့် သစ်ပင်တစ်ပင်နှင့်တစ်ပင်ကြား ခုန်ကူးသွားကာ မျက်စိတစ်မှိတ်အတွင်း ချိုးယီ၏ မြင်ကွင်းမှပျောက်ကွယ်သွားလေသည်။ ၎င်းတို့သုံးယောက် ထွက်ခွာသွားပြီးနောက်ချင်ဖုန်း သက်ပျင်းချ၍ ဘေးတစ်ဖက် မီတာ ငါးဆယ်အကွာရှိ သစ်ပင်တစ်ပင်အားကြည့်၍ ပြောလိုက်သည်။
"သစ်ပင်ပေါ်ကမိတ်ဆွေ ပွဲကြည့်ရတာပျော်စရာကောင်းရဲ့လား"
ချင်ဖုန်း၏ အသံကြောင့်ချိုးယီလည်း တုန်လှုပ်သွားပြီး မီတာငါးဆယ်အကွာ၍ သစ်ပင်အားကြည့်လိုက်သည်။ ဝါးခမောက်နှင့်ဝတ်ရုံအားခြုံထားသော ပုံရိပ်တစ်ခုသည် သစ်ကိုင်းတစ်ကိုင်းပေါ်တွင်ထိုင်၍ လက်တစ်ဖက်တွင်ဘူးသီးခြောက်ကိုင်ကာ ပင်စည်အားနောက်ကျောမှီ၍၎င်းတို့အားကြည့်နေခဲ့သည်။ ထိုလူမှာချိုးဝူယဲ့မှန်း ချိုးယီချက်ချင်းသိလိုက်သည်။ ချိုးဝူယဲ့လည်းချင်ဖုန်းကိုကြည့်၍အံ့အားသင့်နေသည်။ ချင်ဖုန်းမှာ သောကန်ပြည်နယ်၏ နံပတ်တစ်သိုင်းသမားမှန်းသိသော်လည်း တကယ်တွေ့လိုက်ရသောအခါမှသာ ထိုလူအိုကြီးမှာ သိုင်းလောကတွင်သူမြင်ခဲ့ဖူးသမျှသိုင်းသမားတွေအကုန်လုံးထက် သိုင်းပညာပိုမိုမြင့်မားနေခဲ့သည်။
ချိုးဝူယဲ့လက်ဝေ့ရမ်းလိုက်သောအခါ ဘူးသီးခြောက်မှာဝတ်ရုံနှင့်ကွယ်၍ပျောက်ကွယ်သွားပြီး ချိုးဝူယဲ့၏ ပုံရိပ်သည်လည်းအားလုံး၏ မြင်ကွင်းရှေ့မှပျောက်ကွယ်သွားလေသည်။ ချင်ဖုန်း၏ မျက်လုံးများကျဉ်းမြောင်းသွား ပြီး ခန္ဓာကိုယ်တွင်းရှိအတွင်းအားများကို အချိန်မရွေးထုတ်သုံးနိုင်အောင်သွေးကြောများထဲသို့ ကြိုတင်လှည့်ပတ်ထားလိုက်သည်။
ချိုးဝူယဲ့၏ ပုံရိပ်ချိုးယီ၏ နံဘေးတွင်ရုတ်ခြည်းထွက်ပေါ်လာသောအခါ ချင်ဖုန်းသတိအပြည့်ဖြင့်လှည့်၍ အတွင်းအားများကိုလက်ထဲတွင်စုစည်းထားလိုက်သည်။ တစ်ဖျပ်ဖျပ်ထနေသော အလင်းတန်းများသည် ချင်ဖုန်း၏ လက်ဖဝါးတစ်ဝိုက်တွင်လှည့်ပတ်နေခဲ့သည်။
ချိုးယီ ချက်ချင်းအော်၍ ပြောလိုက်သည်။
"အဘိုး စိတ်လျှော့ပါ ကျွန်တော့်မိတ်ဆွေပါ"
ချိုးယီ၏စကားကြောင့် ချင်ဖုန်းစိတ်သက်သာရာရစွာသက်ပျင်းချလိုက်သည်။ အမှန်တကယ် ချင်ဖုန်းမှာ ချိုးဝူယဲ့၏အရှိန်အဝါနှင့်ပင် တုန်လှုပ်သွားခဲ့သည်။ ထိုလူမည်မျှသိုင်းပညာမြင့်မားမှန်းလည်းသူမခန့်မှန်းနိုင်ခဲ့ပေ။ ထိုလူမှာ သူ့အားအန္တရာယ်ရှိသော ခံစားချက်ကိုပေးစွမ်းနေသဖြင့်သတိတော့မလျော့ခဲ့ချေ။ချင်ဖုန်းလက်တီးစု၍ပြောလိုက်သည်။
"ကျုပ်က ချင်ဖုန်းပါမိတ်ဆွေက ဘယ်သူများလဲမသိဘူး"
ချိုးဝူယဲ့ မျက်နှာသေဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။
"အဘိုးရဲ့ ဂုဏ်သတင်းတွေကိုကြားဖူးနေတာကြာပါပြီ ကျုပ်ကို ခရီးသွားဝူယဲ့ လို့ခေါ်နိုင်ပါတယ်"
တစ်ဖက်လူ၏ အသံကိုကြည့်၍ ချင်ဖုန်း ထိုလူသည် သူ့ထက်အများကြီးပိုငယ်သည်ကိုသိရှိသွားပြီး ချိုးယီ၏ မိတ်ဆွေဆိုတာ စိတ်သက်သာရာရစွာဖြင့်လက်ခံလိုက်၏။
............................
ပြီး...