← Chapters

ရည်မှန်းချက်ပြောင်းလဲခြင်း

Vol. 8 Ch. 88

ရည်မှန်းချက်ပြောင်းလဲခြင်း

Vol. 8 Ch. 88

ချင်ဖုန်းရယ်မော၍ ပြောလိုက်သည်။

"တကယ့်ကို လူငယ်တွေရဲ့ခေတ်ပါလား ဟားဟားဟား"

ချိုးယီ ​၏ ဘေးမှ ချင်ဖန်သည် လည်းလက်တီးစုလိုက်ပြီး ပညာတတ်တစ်ယောက်လိုပြောလိုက်သည်။

"ကျုပ်က ချင်ဖန်ပါ တွေ့ရတာဝမ်းသာပါတယ် ရောင်းရင်း"

ချိုးဝူယဲ့ ချင်ဖန်ဘက်သို့လှည့်၍ လက်တီးစုလိုက်ပြီး ဘာမှတော့မပြောတော့ပေ။ ချိုးဝူယဲ့ ချိုးယီဘက်သို့လှည့်ကာ ပြောလိုက်သည်။

"ယီချိုး မင်းကိုသတ်ဖို့လွတ်လိုက်တဲ့သူက ရွှေတံဆိပ်တော်အမတ်မင်းနဲ့ပက်သက်နေတယ်အခုလောလောဆယ် တော်ဝင်ရုံးတော်ကမင်းကို ဆင့်ခေါ်ထားတယ်ကြားတယ် ကမူးရှူးထိုးမလုပ်နဲ့အုံး"

"လာပြန်ပြီ ဒီရွှေတံဆိပ်တော်အမတ်မင်း ပဲလား"

ချိုးယီ မျက်နှာရှုံ့မဲ့စွာဖြင့်ပြောလိုက်သည်။ ချင်ဖန်လည်း ချိုးယီ​၏ပြဿနာအားသိရှိသွားပြီး..

"ကျုပ်အကူအညီလိုသေးလား သူရဲကောင်းယီ"

"ရပါတယ် မလိုပါဘူး အဲ့ဒီသုံးယောက်ကို ကျုပ်ပြန်တိုက်ရင် အဲ့သုံးယောက်ဒီအချိန်ဆိုသေချာပေါက်နေထိုင်လို့ကောင်းမှာမဟုတ်ဘူး"

ချင်ဖုန်းလည်းခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး ချိုးယီ​၏စကားများအားမငြင်းပေ။ အမှန်တကယ်ပင် သူချိုးယီကိုပထမဆုံးမြင်တွေ့ရသောအခါ ချိုးယီ​၏ အတွင်းအားသည် အလွန်နက်ရှိုင်းပြီး သိုင်းပညာမှာလည်း ထန်ရှန်းထို့ထက်သေချာပေါက်ပိုမြင့်သည်။ ချိုးယီ​၏ဓားသိုင်းပညာဆိုလျင် အစွန်းဆုံးအဆင့်ကိုပင်ရောက်ရှိနေပြီဟု ချင်ဖုန်းသံသယရှိသည်။ တကယ်တန်းသူသေကိုယ်သေတိုက်ခိုက်မည်ဆိုလျှင် တစ်ဖက်ရှိအရိပ်ပညာရှင်သုံးယောက်မှာ ထွက်ပြေးမှသာလျှင်လွတ်မြောက်နိုင်လိမ့်မည်။

ချိုးဝူယဲ့ ချင်ဖုန်းတို့ရှိနေသည်ကိုဂရုမစိုက်တော့ပဲ ပြောချင်သည့်အချက်များကိုသာပြောလိုက်တော့သည်။

"နောက်သုံးရက်မတိုင်ခင် သောကန်က လောဟန်မြို့ကိုရှီဖုန်းနဲ့အတူတူပြန်သွားလိုက်ဦး အဲ့ဒီကိုရောက်ရင် ရွက်ကြွေသိုင်းသင်တန်းကျောင်းကိုသွားပြီး ကျောင်းအုပ်စစ်ထူယန်ကို မင်းနာမည်ပြောပြပြီး ငါကလွတ်လိုက်တာပါလို့ပြောလိုက်"

"ဘာကိစ္စမို့လို့လဲ အကိုဝူယဲ့ တစ်ခုခုဖြစ်လို့လား"

ချိုးယီ ဇဝေဇဝါဖြင့်ပြန်မေးလိုက်သည်။ ချိုးဝူယဲ့လည်း ခေါင်းသာခါရမ်းလိုက်ပြီး..

"ဟိုရောက်ရင်နားလည်လာလိမ့်မယ် အခုလောလောဆယ် တော်ဝင်ရုံးတော်ကမင်းကိစ္စကိုအရင်ဖြေရှင်းလိုက်အုံး ငါ့အကြောင်းကတော့ ထုံးစံအတိုင်းပဲ ချိုးဖဲ့ထားလိုက်"

ချိုးဝူယဲ့ ပြောပြီးနောက် လက်ဝေ့ရမ်းလိုက်သည်။ ထိုအခါ ချိုးဝူယဲ့​၏ ကျောနောက်မှ သစ်သားဓားလေးတစ်ချောင်းရုတ်တရက်ထွက်ပေါ်လာပြီး ချိုးဝူယဲ့ဘေးနားတွင်ဝဲပျံနေခဲ့သည်။ ချိုးဝူယဲ့ ချင်ဖုန်းအား လက်တီးစု၍နှုတ်ဆက်လိုက်သည်။ ထို့နောက်ချိုးယီအားခေါင်းငြိမ့်ပြ၍ ကောင်းကင်ပေါ်သို့ခုန်တက်လိုက်သည်။ ပျံဝဲနေသောဝိဉာဉ်သတ်ဖြတ်ခြင်းဓားလည်း လေထဲတွင်လိုက်ပါလာပြီး ချိုးဝူယဲ့ ခြေချလိုက်သောအခါ ဓားပေါ်တွင်ကွက်တိရောက်ရှိသွားသည်။ ထို့နောက် ဓားပျံ​၏အရှိန်ရုတ်တရက်မြန်ဆန်လာပြီး ချိုးယီတို့မြင်ကွင်းမှ လျှပ်စီးလျှပ်တကဲ့သို့ ပျံသန်းပျောက်ကွယ်သွားလေသည်။

ထိုအချိန်မှ မှင်သက်နေသော အဘိုးကြီးချင်ဖုန်း နှင့် ချင်ဖန်သတိပြန်ဝင်လာပြီး ထိတ်လန့်စွာအော်ပြောလိုက်သည်။

"အမတနတ်"

"ဘာကြီးလဲ ဒီကမ္ဘာကြီးပေါ်မှာ မသေမျိုးနတ်ဘုရားတွေတကယ်ရှိနေတာလား"

ချင်ဖုန်းသက်ပျင်းချ၍ညည်းညူလိုက်သည်။

"ကြည့်ရတာ ကိုယ်ခံပညာရပ်တွေရဲ့အလွန်မှာ ငါမထိတွေ့နိုင်သေးတဲ့အရာတွေရှိနေသေးတာပဲ"

ချိုးယီ ဘေးနားမှပြုံး၍ဝင်ပြောလိုက်သည်။

"ဒီတလောကမှသတင်းထနေတဲ့ စစ်တပ်ကြီးတစ်ခုလုံးကို ဓားတစ်ချောင်းနဲ့ဖြိုခွင်းနိုင်စွမ်းရှိတဲ့ အမတဓားနတ်ကို အဖိုးချင်ကြားဖူးမှာပါ အဲ့တာသူပါပဲ ပြီးတော့ သိုင်းပညာတွေရဲ့အလွန်မှာ နတ်ဝိဇ္ဇာတွေရှိတယ်ဆိုတာလဲ အဖိုးချင်ကြားဖူးလောက်ပါတယ်"

"ဟူး....အဲ့ဒီအဆင့်ကိုမတည်ရှိနိုင်တဲ့ဒဏ္ဍာရီလို့ဘဲ ဒီအဖိုးကြီးကထင်ခဲ့တာ တကယ်ရှိနေမယ်မထင်ထားဘူး ဒီနေ့ တွေ့လိုက်ရတော့မှ ဒီအဖိုးကြီး အမြင်ကျဉ်းတာသိလိုက်ရတယ် ပြောကြတာတော့ အဲ့ဒီအဆင့်ကိုရောက်သွားရင် လောကကြီးတစ်ခုလုံးကို ဓားတစ်လက်နဲ့ ကောင်းကင်ကနေ လွတ်လွတ်လပ်လပ်

လှည့်လည်သွားလာနိုင်ပြီး သူတို့ကအသက်အလွန်ရှည်လျားကြတဲ့ မသေမျိုးနတ်တွေတဲ့"

"ဒါနဲ့ မောင်ရင်ကသူနဲ့သိတယ်လို့ပြောတယ် သူကဘယ်လိုလူလဲ သိမှာပေါ့"

ချိုးယီလည်း ချင်ဖုန်းစကားနှိုက်ချင်နေမှန်းသိ၍အသေးစိတ်မပြောတော့ပဲ..

"သူက အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့သူတစ်ယောက်ဘဲ ကျန်တာတော့ ကျွန်တော်လဲပြောပြလို့မရလို့ပါအဖိုးချင် သေချာတာတော့ သူက လူကောင်းတစ်ယောက်ပါ အဖိုးချင်စိတ်မပူပါနဲ့"

ချင်ဖုန်းလည်း မေး၍မရမှန်းသိတော့ ခေါင်းခါရမ်းလိုက်ပြီး ရည်မှန်းချက်ပြင်းထန်သောအသံဖြင့်ပြောလိုက်သည်။

"ငါ့ရည်မှန်းချက်ကိုပြောင်းလဲသင့်ပြီ မဟာသိုင်းရာဇာအဆင့်သိုင်းသမားတစ်ယောက်ဖြစ်လာလို့ငါးပြည်ထောင်လုံးမှာတောင်ငါနဲ့ယှဉ်နိုင်တဲ့သူကကလက်တစ်ဖက်စာတောင်မှမရှိတော့ဘူး ဒါတောင် နတ်ဝိဇ္ဇာ အဆင့်ကိုလုံးဝကိုမထိတွေ့နိုင်သေးဘူး ဒီအဖိုးကြီးရဲ့ဒီတစ်ခေါက်ခရီးစဉ်ပြီးရင် ဝူတန်တောင်ပေါ်က ငါ့မိတ်ဆွေဟောင်းကြီးနဲ့အတူ နတ်ဝိဇ္ဇာအဆင့်ရဲ့ရည်ညွန်းချက်တွေကိုလိုက်လံရှာဖွေမှဖြစ်တော့မယ်"

ချင်ဖန် မျက်လုံးပြူး၍ချင်ဖုန်းအား သူ့ကိုယ်သူလက်ညိုးထိုး၍ပြောလိုက်သည်။

"အဖိုး အဲ့လိုလုပ်လို့မရဘူးလေ ကျွန်တော်ကအဖိုးအားကိုးနဲ့မိုက်နေတာနော် အဖိုးမရှိရင် ကျွန်တော်အမှုန့်ကြိတ်ခံရလိမ့်မယ်ဗျ မရဘူး မရဘူး အဖိုးမသွားရဘူး"

"ကောင်စုတ်လေး မင်းမိုက်ချင်ရင်မင်းကိုမင်းအားကိုးပါလား မင်းကိုကြည့်စမ်း ညံ့လိုက်တာကို အခုထိ ထိပ်တန်းသိုင်းသမားတစ်ယောက်တောင်ဖြစ်မလာသေးဘူး အနာဂတ်မှာ လူတွေမေးရင် မင်းကိုငါ့မြေးလို့မပြောစေနဲ့ ငါရှက်တယ်ကွ ဒီလောက်တောင်အသုံးမကျတာ ငါ့မြေးတဲ့လားကွာ မင်းသာငါ့ရဲ့တစ်ဝက်လောက်ပါရမီရှိရင် ဒီအချိန်မင်းလူငယ်မျိုးဆက်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်နေလောက်ပြီ ပြီးတော့မင်းဘာသာမင်းကြီးပြင်းရမဲ့အရွယ်ရောက်နေပြီ"

"မရဘူးဗျာ...မရဘူး"

ချိုးယီ ကတောက်ကဆတ်ဖြစ်နေသော မြေးအဖိုးအားကြည့်၍ ရယ်မောလိုက်ပြီး ခရီးအားအတူတူရှေ့ဆက်လိုက်ကြသည်။

.................................

ချိုးဝူယဲ့ သောကန်ပြည်နယ်သို့ ဓားပျံဖြင့်တောက်လျှောက်ပြန်သန်းလာခဲ့သည်။ သို့သော် သူ ဓားပျံအားအသေအချာမထိန်းချုပ်နိုင်သည့်အပြင် အတွင်းအားကုန်ခမ်းမှုမှာ လွန်စွာများပြားသောကြောင့် တစ်နာရီ ခန့်သာကောင်းကောင်းပျံသန်းနိုင်လေသည်။ မသက်သာသည့်အဆုံးချိုးဝူယဲ့ လမ်းတစ်ထောက်တွင် ခေတ္တအနားယူရသည်။ ချိုးဝူယဲ့ သုံးနာရီခန့်အတွင်းအားပြန်လည်ဖြည့်တင်းပြီးနောက် ခရီးဆက်ပြန်သည်။ ဓားပျံဖြင့်ပျံသန်းသောအချိန်တစ်နာရီမှာ အလွန်နည်းသည်ဟုဆိုနိုင်သော်လည်း ဓားပျံမှာတစ်နာရီအတွင်း မိုင် တစ်ထောင်ကျော်ခရီးနင်နိုင်သောကြောင့် နှစ်နာရီတည်းနှင့် သောကန်ပြည်နယ်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။

ချိုးဝူယဲ့ လောဟန်မြို့တွက်တွင် ပြန်လည်အနားယူရန်လိုအပ်နေပြီဖြစ်သည်။ထို့ကြောင့်သူတည်းဖူးသော တည်းခိုခန်းတွင်ပြန်လည်တည်းခို၍ အနားယူလိုက်သည်။

ယခုတစ်ယောက်တော့ချိုးဝူယဲ့ အလွန်ပင်ပန်းသွားပြီဖြစ်သည်။ သူတစ်ခါမှ ဓားပျံအားအပြည့်အဝထိန်းချုပ်၍အကန့်အသက်ထိမစီးဖူးပေ။ သို့သော် ထိုအရာကပင်ချိုးဝူယဲ့အားစိတ်လှုပ်ရှားစေသည်။

'ဒီအဆင့်မှာတောင်ဒီလောက် မြန်နေရင် ပြန်လည်မွေးဖွားခြင်းအဆင့်မှာဆိုဘယ်လိုနေမလဲမသိဘူး"

ချိုးဝူယဲ့ အတွေးနဲ့တင် ပြန်လည်မွေးဖွားခြင်း(နတ်ဝိဇ္ဇာ)အဆင့်ကိုရောက်သွားချင်နေပြီဖြစ်သည်။ ချိုးဝူယဲ့ ပြတင်းပေါက်ပေါ်မှ လမင်းကြီးအားကြည့်၍ တွေးလိုက်သည်။

"ဒီတစ်ခါငါဓားပျံကိုထိန်းချုပ်မှုက သွေးနဲ့ချီတွေကိုအနည်းငယ်ကမောက်ကမဖြစ်သွားစေတယ် ဒီတစ်လတော့ တံခါးပိတ်ကျင့်စဉ်ဝင်ပြီး နောက်လမှာ သူမကိုသွားတွေ့သင့်တယ်"

ချိုးယီနှင့် ရွက်ကြွေသင်တန်းကျောင်းကိစ္စကိုတော့သူစိတ်မပူတော့ချေ။ ချိုးယီ​၏ခွန်အားသည် ထိုသိုင်းရာဇာအဖိုးကြီးများမထွက်လာသေးသရွေ့တော့သိုင်းလောကမှာ ပြိုင်ဘက်ကင်းပင်။ လက်နက်ပုန်းအရှင်ထန်ရှောင်းတောင် ချိုးယီအားအနိုင်မယူနိုင်ပေ။ ထို့အပြင်ချိုးယီမှာ ဓားရည်ရွယ်ချက်ကိုအပြည့်အဝဖမ်းဆုတ်နိုင်ဖို့အချိန်သိပ်လိုမည်မဟုတ်ပေ။ 

..........................

ပြီး...

All Chapters