လောကနံပတ်တစ် သူရဲကောင်း
Vol. 8 Ch. 90
ထိပ်တန်းသိုင်းသမား နှစ်ယောက်မှာ တစ်ပြိုင်တည်းပြန်တိုက်ခိုက်လိုက်သည်။
"ဝှစ်..."
အနက်ရောင်ဝတ်စုံဖြင့် ထိပ်တန်းသိုင်းသမားက သူ၏ထိပ်တန်းသိုင်းပညာရပ်ဖြစ်သော မုန်တိုင်းလက်ဝါးသိုင်းကွက် ၁၃ ကွက်ဖြင့်စတင်တိုက်ခိုက်လိုက်သည်။
"ဖောက်...ဖောက်...ဖျောက်"
ချိုးယီလည်းငြိမ်ခံမနေဘဲ ကျောက်စိမ်းလက်တီးသိုင်းဖြင့်ပြန်လည်တိုက်ခိုက်လိုက်သည်။ နှစ်ကွက်ခန့်ဖလှယ်ပြီးနောက်တွင် တစ်ဖက်ရှိထိပ်တန်းသိုင်းသမားမှာ မုန်တိုင်းလက်ဖဝါးအား အလွန်ကျွမ်းကျင်ပိုင်နိုင်မှုမရှိသေးတာကြောင့် ဘယ်ဘက်ခါးထောင့်ရှိ အားနည်းချက်ဟာကွက် တစ်ခုအားအတင်းအကျပ်တိုက်ခိုက်လိုက်သည်။
"ဖျောင်း..."
"အား"
ဝတ်ရုံနက်ဖြင့်သိုင်းသမားလည်း သုံးပတ်ခန့်လည်ပြီးနောက် သူ့ခါးအားကိုင်ကာနောက်သို့ဆက်တိုက်ဆုတ်ပေးလိုက်ရသည်။ဘေးတစ်ဖက်မှ ခဲရောင်ဝတ်ရုံဖြင့်လူက ထိုအချိန်မှသတိဝင်လာပြီး တိုက်ခိုက်မည်အလုပ်တွင် ၎င်းရှေ့တွင် ချိုးယီ၏ပုံရိပ်သည် ဘွားခနဲပေါ်လာခဲ့သည်။ ခဲရောင်ဝတ်ရုံဖြင့် သိုင်းသမားလည်း ထိတ်လန့်သွားပြီး ချက်ချင်းလက်နှစ်ဖက်အား ယှက်၍ကာလိုက်သည်။ ချိုးယီမှာ ကျောက်စိမ်းလက်တီးသိုင်းကွက်တွင် အတွင်းအားအချို့အနည်းငယ်အသုံးပြု၍ ထိုးချလိုက်သည်။
"အုန်း...."
"အွတ်"
ခဲရောင်ဝတ်ရုံဖြင့်သိုင်းသမားမှာ ချက်ချင်းနောက်သို့ လွင့်ထွက်သွားပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ ထို့နောက်နံရံအားအရှိန်ဖြင့်ဝင်တိုက်၍ ပျဉ်ပြားမျာကျိုးသွားပြီး အပြင်ဘက်မြေကြီးပေါ်သို့လွင့်ထွက်သွား၏။ ဝတ်ရုံနက်နှင့်ထိပ်တန်းသိုင်းသမားလည်း လန့်ဖျန့်သွားပြီး သူ့ဘယ်ဘက်ခါးမှ နာကျင်မှုဒဏ်ကို ကြိတ်ခံရင်းသွားကြားထဲမှထွက်လာသောလေသံဖြင့်ပြောလိုက်သည်။
"မင်း...မင်း မုန်တိုင်းလက်ဝါး၁၃ ကွက်ကိုသိနေတာလား ငါတိုက်ခိုက်လိုက်တဲ့လမ်းကြောင်းတွေအားလုံးကိုကြည့်တောင်မကြည့်ဘဲ ခုခံနေတာမဖြစ်နိုင်ဘူး မင်းဘယ်သူလဲ"
"မုန်တိုင်းလက်ဝါး ၁၃ ကွက်"
ချိုးယီ စဉ်းစားမရသော လေသံဖြင့်ပြောလိုက်သည်။ အချိန်အနည်းငယ်စကားရပ်လိုက်ပြီးမှဆက်ပြောလိုက်သည်။
"အော်... အဲ့သိုင်းကွက်ရင်းနှီးနေပါတယ်လို့ ခင်ဗျား အရိပ်ပညာရှင်တွေဆိုတဲ့ဘိုးတော်တွေနဲ့ဘာတော်တာလဲ အဲ့ထဲက တစ်ယောက်က အဲ့သိုင်းကွက်တွေကိုခင်ဗျားထက်တောင်ပိုကျွမ်းအောင်သုံးနိုင်သေးတယ် ခင်ဗျား ဒီအဆင့်လောက်နဲ့ကျုပ်ကိုယှဉ်တိုက်ချက်ရင် အိမ်မက်သာမက်နေလိုက်တော့"
ချိုးယီအထင်သေးဟန်ဖြင့်ကြည့်၍ပြောလိုက်သည်။ ဘေးမှ ဒုတိယမင်းသား ရွယ်ကန်းတုမှာ ချိုးယီအားအံ့ဩနေသောအကြည့်ဖြင့်ကြည့်နေခဲ့ပြီး ယွဲ့ချူးမေမှာ ချိုးယီအားတောက်ပစွာကြည့်နေခဲ့သည်။ အမှန်ပင် ထိုသကောင့်သား ယီချိုးမှာ သိုင်းအလွန်တော်တာကိုတော့ သူမလက်ခံမိသည်။သူမ သာ ယီချိုးနေရာမှာဆိုလျှင် ထိုထိပ်တန်းသိုင်းသမားအား ခုခံရုံလေးသာတက်နိုင်လိမ့်မည်။ သို့သော် ထို ယီချိုးမှာတော့ တစ်ပြိုင်တည်းနှင့် နှစ်ယောက်အား အချိန်အနည်းငယ်လေးဖြင့် ရိုက်နက်နိုင်ခဲ့သည်။ စားသောက်ဆိုင်ထဲမှလူအားလုံးလည်း ချိုးယီအား လေးစားသည့်မျက်လုံး အားကျသည့်မျက်လုံး ကြောက်ရွံ့သည့်မျက်လုံးများဖြင့်ကြည့်နေခဲ့ကြသည်။ အနက်ရောင်ဝတ်စုံဖြင့်သိုင်းသမားက အထိတ်တလန့်ဖြင့်မေးမြန်းလိုက်သည်။
"မင်း...မင်း...မင်းငါ့ဆရာသခင် ဖုန်းကောယွင်နဲ့ဘယ်လိုပက်သက်မှုရှိလဲ..."
ချိုးယီ ဖုန်းကောယွင် ဆိုသည့်နာမည်ကိုကြားဖူးသလိုရှိသဖြင့်သေချာစဉ်းစားလိုက်သည်။ထို့နောက် ချိုးယီ ကျိန်ဆဲလိုက်သည်။
"သောက်ချီး ဖုန်းကောယွင်ဆိုတာ အဲ့ဒီသုံးစားမရတဲ့အရိပ်ပညာရှင်တွေဆိုတဲ့ အဘိုးကြီးသုံးယောက်ထဲက ငါ့ကိုအရှက်မရှိချောင်းတိုက်တဲ့လူပါလား ဟေ့လူဒီမှာ ကျုပ်ပြောပြမယ် အဲ့ဒီဖုန်းကောယွင်ဆိုတဲ့ ဘိုးတော်က တော်တော်သောက်ကျင့်မကောင်းတဲ့သူကျုပ်ကိုသုံးယောက်သားမျက်နှာချင်းဆိုင်တိုက်ခိုက်တာ မနိုင်လို့ ချောင်းတိုက်တဲ့ လူယုတ်မာဘဲ"
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာသည်အရောင်ပင်ပြောင်းလဲသွားချေပြီ။
"ဟေ့ကောင် ငါ့ဆရာသခင်ကိုစော်ကားရဲတယ် မင်းသေစမ်း"
ထိုလူချက်ချင်းတိုက်ခိုက်လိုက်သည်။ ချိုးယီလည်း အရေးမကြီးဟန်ဖြင့် ယပ်တောင်အားဖြန့်၍ ထိုလူ၏ လက်တီးအား ရပ်တန့်လိုက်သည်။ အနက်ဝတ်သိုင်းသမားလည်း အလျော့မပေးဘဲ မုန်တိုင်းလက်ဝါးသိုင်း ၁၃ ကွက်အားအသုံးပြု၍ဆက်လက်တိုက်ခိုက်လေသည်။ချိုးယီမှာ ကြွက်ကိုကစားနေသောကြောင်တစ်ကောင်ကဲ့သို့ ထိုလူမည်သည့်သိုင်းကွက်အသုံးပြုနေပါစေ ရှောင်ရှားကာ ယပ်တောင်ကိုသာအသုံးပြု၍ ခုခံနေခဲ့သည်။ စားပွဲပေါ်မှ လက်ဖက်ရည်ကြမ်းတစ်ခွက်ကိုပင်ငဲ့၍ တိုက်ခိုက်ရင်းသောက်လိုက်သေးသည်။ သိုင်းကွက်ဆယ်ကွက်ကျော်တိုက်ခိုက်ပြီးနောက် ချိုးယီ ယပ်တောင်အားတိုက်ခိုက်မှုကြားထဲမှခေါက်၍ အနက်ဝတ်ထိပ်တန်းသိုင်းသမား၏ မျက်နှာအားယပ်တောင်ဖြင့် ဖြတ်ရိုက်ကာ ယပ်တောင်အားဖြန့်လိုက်သည်။
"ဖောင်း.."
အနက်ဝတ်သိုင်းသမားနောက်ဆုတ်လိုက်ရပြီး သူ့မျက်လုံးအားပြန်ပွတ်လိုက်သည်။ သူ့မျက်လုံးနှစ်လုံးတွင် ယပ်တောင်ရာကြီးအချောင်းလိုက်ထင်သွားသည်။
"အား ငါ့မျက်လုံးတွေ..."
ထိုလူမှာ နာကျင်စွာဖြင့်မျက်လုံးအားပွတ်နေရလေသည်။ ချိုးယီ ယပ်တောင်အား ပြန်ခေါက်၍ ဘယ်လက်ပေါ်တွင်တင်ထားလိုက်သည်။ ထို့နောက် ကြက်သေသေနေသော ဒုတိယမင်းသား ရွယ်ကန်းတုနှင့် ယွဲ့ချူးမေနားသို့သွားလိုက်သည်။ ချိုးယီ လက်တီးစု၍ နှုတ်ဆက်လိုက်သည်။
"မိန်းကလေးယွဲ့ချူးမေ မတွေ့တာကြာပြီ နှုတ်ဆက်ပါတယ် ဒီမှာပြန်တွေ့ရမယ်လို့မထင်ထားဘူး"
ချိုးယီမှာ ဤအခြေအနေအထိရောက်လာပြီဖြစ်သဖြင့် သွား၍ မနှုတ်ဆက်လျှင်လည်းမကောင်းတော့ချေ။ ထို့ကြောင့်သွားနှုတ်ဆက်လိုက်သည်။
ယွဲ့ချူးမေမှာ ရွန်းလဲ့နေသော မျက်လုံးကြီးများဖြင့် ချိုးယီအား မော့ကြည့်လိုက်ပြီး နူးညံ့သောအပြုံးဖြင့်ပြန်လည်နှုတ်ဆက်လိုက်သည်။
"သူရဲကောင်းယီချိုး ကလောကနံပတ်တစ်သခင်လေးဆိုတဲ့ ဂုဏ်သတင်းနဲ့လိုက်ဖက်လောက်အောင်ကို သိုင်းပညာမြင့်မားပါပေတယ် ယွဲ့ချူးမေ တကယ်လေးစားမိပါတယ်ရှင်"
ယွဲ့ချူးမေ၏စကားကြောင့်တစ်ဆိုင်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။
"လောကနံပတ်တစ် သူရဲကောင်းယီချိုး"
"ဟ သူကနယ်စပ်တောထဲကိုတစ်ယောက်ထဲဝင်ပြီး တိမ်ကြားဓားပြအဖွဲ့တစ်ခုလုံးကို ဖိန့်ဖိန့်တုန်နေအောင် ဖိနှိပ်ခဲ့တဲ့ သူရဲကောင်းယီချိုးပဲ"
"ငါကြားတာတော့ သူရဲကောင်းယီချိုးက မကြာခင်ဓားအရှင်ဖြစ်လာတော့မှာတဲ့ နယ်စပ်ကဓားပြတွေထကြွတဲ့တိုက်ပွဲမှာ သူကိုယ်တိုင်ဝင်ပါပြီး သူတစ်ယောက်တည်း လူပေါင်းထောင်ချီကိုတိုက်ခိုက်ခဲ့တာတဲ့"
"ဒါကြောင့် ဒီလောက်သိုင်းပညာမြင့်နေတာကို မဆန်းပါဘူးသူက လူငယ်မျိုးဆက်ရဲ့ နံပတ်တစ်သိုင်းပညာရှင်ဘဲ"
"ခနလေး အဲ့ဒိမိန်းကလေးရဲ့နာမည်က ယွဲ့ချုးမေ တဲ့ အော်မေ့ဂိုဏ်းချုပ် တိမ်ကြွေနတ်သမီးရဲ့အချစ်ဆုံးတပည့်ကြီးမဟုတ်ဘူးလား"
"သေစမ်း ဒီတစ်ခါမင်းသားတော့ သံပြားကိုကန်မိပြီထင်တယ်"
"သူရဲကောင်းယီချိုးရဲ့သိုင်းပညာဘယ်လောက်ထိမြင့်သလဲအခုထိဘယ်သူမှသေချာမသိကြသေးဘူး"
ဘေးပတ်ဝန်းကျင်မှာ ချိုးယီ၏ ဂုဏ်သတင်းကြောင့်ဆူညံလျက်ရှိသည်။ဒုတိယမင်းသားလည်း ချိုးယီအားထိတ်လန့်တကြားကြည့်၍ပြောလိုက်သည်။
"မင်း..မင်းက ယီချိုးလား"
"မှန်လှပါအရှင်မင်းသား ကျွန်တော်မျိုးနာမည်က ယီချိုးပါ သိုင်းလောကထဲကျင်လည်နေတဲ့အိမ်ခြေရာမဲ့တစ်ယောက်ပေါ့"
ချိုးယီ လက်တီးစု၍ပြုံးပြုံးလေးဖြင့်နှုတ်ဆက်လိုက်သည်။ဒုတိယမင်းသား အားနာစွာပြောလိုက်သည်။
"အထင်တွေလွဲကုန်ကြပြီ ဒီမင်းသားက အဲ့လိုလုပ်ဖို့မရည်ရွယ်ပါဘူး သူရဲကောင်းယီချိုးကို ဟာသတွေဖြစ်စေမိပြီ ဒီမင်းသားအမှားပါ"
"ရပါတယ် အရှင်မင်းသား ကျွန်တော်မျိုးက ဒီလိုကိစ္စတွေကို လျော်နေကြပါကိစ္စမရှိလှပါဘူး"
"ဒါနဲ့အရှင်မင်းသား ကျွန်တော်မျိုးကိစ္စရှိသေးလို့ ခွင့်ပြုပါဦး နှုတ်ဆက်ပါတယ်"
ချိုးယီ ထိုမင်းသားနဲ့မပက်သက်ချင်တာမို့ မြန်မြန်နှုတ်ဆက်၍ ထွက်သွားရန်သာလုပ်လိုက်သည်။
ဒုတိယမင်းသားရွယ်ကန်းတု ချိုးယီအားတားလိုက်သည်။
"သူရဲကောင်းယီချိုး ခနနေပါဦး"
"ကိစ္စရှိသေးလို့ပါလား အရှင်မင်းသား"
ချိုးယီလှည့်၍ပြန်ပြောလိုက်သည်။ ရွယ်ကန်းတု ရယ်ကျဲကျဲလုပ်၍ပြောလိုက်သည်။
"သူရဲကောင်းယီချိူး ဒီမင်းသားကိုအဲ့လောက်မစိမ်းကားပါနဲ့ဦးလေ ဒီမင်းသားက မင်းကို ဧကရာဇ်ရဲ့အမိန့်အရ နန်းတွင်းညီလာခံကိုဖိတ်ခေါ်ချင်လို့ပါ"
"လမ်းမှာ ကျွန်တော်မျိုးကြားခဲ့ရပါတယ် ဒါနဲ့ ဧကရာဇ်က ကျွန်တော်မျိုးကိုဘာကိစ္စရှိလို့ဆင့်ခေါ်ရတာလဲမသိဘူး "
ချိုးယီနားမလည်နိုင်စွာပြောလိုက်သည်။ ရွယ်ကန်းတုရယ်မော၍ပြောလိုက်သည်။
"သူရဲကောင်းယီသာ မသိတာ နန်းတွင်းထဲမှာ သူရဲကောင်းယီချိုးရဲ့ ဂုဏ်သတင်းကမွေးလို့ ကျုပ်ရဲ့အမတော်တောင် သူရဲကောင်းယီကိုတွေ့ချင်နေတာ အဲ့တာသတိရတာနဲ့ သူရဲကောင်းယီကို နန်းတွင်းညီလာခံကို တက်ပေးဖို့ဖိတ်တာပါ"
"ကောင်းပါပြီ အရှင်မင်းသား စိတ်မရှိဘူးဆိုရင်ကျွန်တော်မျိုးမနက်ဖြန်နေ့လည်နန်းတော်တံခါးဝကိုလာခဲ့ပါမယ်"
"ကောင်းပြီ သူရဲကောင်းယီ ဒီမင်းသားရဲ့ဖိတ်ခေါ်မှုကိုလက်ခံပေးလို့ကျေးဇူးတင်ပါတယ်"
"ရပါတယ်အရှင်မင်းသား အခုတော့ ကျွန်တော်မျိုးတော်ဝင်မြို့ထဲလျှောက်ပတ်ကြည့်မလို့ ခွင်ပြုပါဦး"
ချိုးယီ နှုတ်ဆက်၍လှည့်ထွက်လာလိုက်သည်။ ဒုတိယမင်းသားရွယ်ကန်းတုလဲ သိုင်းလောကဝတ်နည်းအတိုင်းလက်တီးစု၍နှုတ်ဆက်လိုက်သည်။
"ကောင်းပါပြီ နှုတ်ဆက်ပါတယ်"
......................
ပြီး...