စိတ်ညစ်နေသောရှီဖုန်း
Vol. 8 Ch. 91
ချိုးယီ နှုတ်ဆက်လိုက်ပြီးနောက် ဆိုင်ပြင်သို့ထွက်သွားလိုက်သည်။ ဆိုင်၏ လမ်းတစ်ဖက်တွင်ဝတ်စုံနက်နှင့်ချောမောလှသော ရှီဖုန်းမှာ လက်ပိုက်၍ ချိုးယီ၏အလာအားစောင့်နေခဲ့သည်။ လမ်းတစ်လျှောက်ရှိ မိန်းမပျိုလေးများမှာ ရှီဖုန်းအား ငဲ့ကြည့် ငဲ့ကြည့်ဖြင့်လုပ်နေကြလေသည်။ လမ်းဖြတ်ကူးသွားသောမိန်းမပျိုလေးများမှာ ရှီဖုန်းအရှေ့ရောက်သွားသောအခါ အရှက်သည်းနေသလိုအပြုအမှုမျိုးဖြစ်သွားကြပြီး အားနည်းလှသော မိန်းမပျိုလေးများအဖြစ်သို့ပြောင်းလဲသွားကြလေ
သည်။
ချိုးယီထွက်လာသောအခါ ပို၍ပင်ဆိုးသွားသေးသည်။ ချိုးယီမှာ ယခုမှ အသက် ၁၇ မှတ်တင်းလောက်သာရှိသေးသော်လည်း အသက် ၁၈ ၁၉ ယောက်က်ျားပျိူကဲ့ သို့ ချောမော ခန့်ညားနေပြီဖြစ်သည်။ပညာရှင်ဆန်သောအငွေ့အသက်များကလည်းပတ်ပတ်လည်ရစ်သိုင်းနေပြီး ဂန္ဓဝင်ပညာရှင်တစ်ယောက်ကိုမြင်နေရသည့်အတိုင်းပင်။ ချိုးယီမှာ ချောက်ကမ်းပါးပေါ်မှတက်တက်လာခြင်းလူရိုင်းတစ်ယောက်လိုဖြစ်ခဲ့ဖူးသော်လည်း ထိုအရာများအားလုံးအကြောင်းတစ်ခုခုကြောင့်သုံးလအတွင်းပြောင်းလဲသွားခဲ့သည်။ ချိုးယီ ချင်ဖန်ဆီမှလက်ဆောင်ရထားသော တောင်နဲ့မြစ် ယပ်တောင်အားကိုင်ကာ လက်နောက်ပစ်၍ ရှီဖုန်းနားသို့သွားလိုက်သည်။
သူတို့နှစ်ယောက်အားအတူတူယှဉ်တွဲမြင်လိုက်ရသော အပျိုတော်တို့အဖို့မှာ နှလုံးခုန်အလွန်မြန်သွားကြသည်။ ရင်သပ်ရှုမောဖွယ် ပညာရှင်တစ်ယောက်နှင့် ညို့ယူဖမ်းစားနိုင်သည့်အေးစက်စက်အကြည့်ဖြင့် ယောက်ျားနှစ်ယောက်မှာ မိန်းကလေးတိုင်းရဲ့အာရုံစိုက်စရာဖြစ်လာခဲ့သည်။ ချိုးယီမှာအနည်းငယ်ကြက်သိန်းဖျန်းလာပြီး ရှီဖုန်းအားမျက်စပစ်ကာပြောလိုက်သည်။
"ညီအကို ဒီမှာ အခြေအနေကတစ်ခုခုထူးဆန်းနေသလိုဘဲ ရောက်တုန်းရောက်ခိုက်မြစ်ရေကန်အိမ်တော်ကို သွားကြရအောင် ကျုပ်ဗိုက်ဆာနေပြီ"
"ကောင်းပြီ သွားတာပေါ့ ငါလဲဒီကိုလာတုန်းကပြဿနာကောင်တစ်ချို့နဲ့တွေ့ပြီးရန်ဖြစ်လာတာ တိုက်ခိုက်ရလွန်းလို့ ဗိုက်တောင်ဆာတယ်"
ရှီဖုန်း သက်ပျင်းချ၍ပြောလိုက်သည်။ ထို့နောက် မြစ်ရေကန်အိမ်တော်သို့ဦးတည်သွားလိုက်သည်။
............................
"အားလုံးလာလာတစ်ခွက်လောက်တိုက်ကြရအောင်"
"ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ် အကိုဝမ် ခင်ဗျားကတော့ဗျာ အလှလေးနဲ့ညှိပြီးကံထူးတာဘဲ"
မြစ်ရေကန်အိမ်တော်အတွင်း မှာဆူညံလျှက်ရှိသည်။ မျိုးရိုးမြင့်လူငယ်များ ၊သူဌေးသားများ ၊သခင်လေးများဖြင့်ရှုပ်ရှပ်ခတ်လျှက်ရှိပြီး ကချေသည်ကညာပျိုများ မိန်းမလှလေးများဖြင့်ပြည့်နှက်နေခဲ့သည်။ ချိုးယီနှင့်ရှီဖုန်းမှာ အပေါ်ထပ်မှအခန်းတစ်ခန်းအား ငွေစတစ်ရာဖြင့် တစ်ခန်းငှားလိုက်ကြသည်။ ထို့နောက်စင်မြင့်ပေါ်မှ အနီရောင်ကချေသည်ဝတ်ရုံဖြင့် လှပသော မိန်းမပျိုလေးများ၏ အကကိုရှုစားနေကြလေသည်။
ချိုးယီ ဟွာကွေးမုန့်တစ်ခုအားတစ်ကိုက်ကိုက်လိုက်ပြီး စားလိုက်သည်။ ထို့နောက်ပြန်ချလိုက်ပြီး ရှီဖုန်းဘက်သို့လှည့်ကာ...
"ဒီမြစ်ရေကန်အိမ်တော်ကမဆိုးဘူးဘဲ အစားအသောက်တွေလဲကောင်းတယ် ဖျော်ဖြေမှုတွေကိုလဲသေချာလုပ်ထားတာ ညီအကိုခင်ဗျားရောဘယ်လိုထင်လဲ"
ရှီဖုန်းလည်း ဝက်သားကြော်ပန်းကန်ထဲမှ ဝက်သားဖက်တစ်ဖက်နှိုက်စားလိုက်ပြီး ပါးစပ်ကိုသုတ်ကာပြောလိုက်သည်။
"မဆိုးပါဘူးဒါပေမဲ့သိထားရမှာက မြစ်ရေကန်အိမ်တော်မှာပြဿနာတစ်ခုခုဖြစ်လာရင် ထိပ်တန်းသိုင်းသမားတွေတောင်ကန်ထုတ်ခံရလိမ့်မယ်"
"ဒါဆို မြစ်ရေကန်အိမ်တော်က တော်ဝင်အာဏာပိုင်တွေနဲ့ပတ်သက်နေမှာပဲစိုးရတယ်"
ချိုးယီလည်းမျက်မှောင်ကြုတ်၍ပြောလိုက်သည်။
ကခုန်ခြင်းဖျော်ဖြေမှုပြီးဆုံးသွားသောအခါ အပြောဖျော်ဖြေမှုသို့ရောက်ရှိလာခဲ့သည်။စင်ပေါ်တွင် မုတ်ဆိတ်ဖြူနေသောအဖိုးကြီးတစ်ယောက်က ယပ်တောင်တစ်ချောင်းကိုင်ကာကျကျနနထိုင်၍စကားစလိုက်သည်။
"ကောင်းကင်နဲ့မြေပြင်တစ်ခွင်မှာ ပြိုင်ဘက်ကင်းလို့တင်စားရတဲ့ ဆရာကြီးကျန်းထိုက်ရှန်းနဲ့ ဆရာကြီးချင်ဖုန်းတို့အကြောင်းကတော့ ကျုပ်မပြောပြလဲအားလုံးသိကြမှာပါ ဒါပေမဲ့ သိုင်လောကရဲ့ မျိုးဆက်သစ်ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်တဲ့ လောကနံပတ်တစ်ယီချိုးနဲ့ လောကနံပတ်တစ်အမျိုးသမီးဟယ်ရှီးယွင်တို့အပြင် ယီချိုးရဲ့သွေးသောက်ညီအကိုဆိုတဲ့ရှီဖုန်းတို့အကြောင်းကတော့လူတိုင်းသိကြမယ်မထင်ဘူး အဲ့ဒီတော့ ဒီအဖိုးကြီးက ယီချိုးနဲ့ဟယ်ရှီးယွင် တို့အကြောင်းပြောပြပေးမယ်"
အောက်စားပွဲဝိုင်းများနှင့် သီးသန့်ခန်းမှ ချိုးယီပင်စိတ်ဝင်စားသွားလေသည်။
"အို.....ညီအကို ပြဿနာတော့စပြီ ဒီအဖိုးကြီး ကျုပ်တို့အကြောင်း လျှောက်ပြောတော့မယ်"
ရှီဖုန်းမှာ တည်ငြိမ်စွာနှင့်ပင် ပုံပြောသူအဖိုးအိုအားအဆက်မပြတ်သာစိုက်ကြည့်နေခဲ့သည်။ထို့နောက်တစ်စုံတစ်ခုအားသတိရမိဟန်ဖြင့်...
"လောကနံပတ်တစ်အမျိုးသမီးသိုင်းသမား ဟယ်ရှီးယွင် အဲ့အမျိုးသမီးဘဲဖြစ်ပြန်ပြီ"
ပြောသူအဖိုးအိုမှာ ယပ်တောင်အား ဟန်ပါပါတစ်ချက်ဝေ့ရမ်းလိုက်သည်။ထို့နောက်ချောင်းဟမ့်၍ပြောလိုက်သည်။
"လောကရဲ့အလှပဆုံးမိန်းမပျိုလို့တောင်တင်စားရတဲ့ ဟယ်ရှီးယွင် ဆိုတဲ့နာမည်ကြားတာနဲ့ လောကတစ်ခွင်မှာရှိတဲ့အနက်ရောင်သိုင်းသမားတွေအားလုံးဖိန့်ဖိန့်တုန်နေအောင်ကြောက်ကြတယ် ဒါပေမဲ့ ဟေးဖုန်းတောင်ကြားမှာ သူမဟာ အနက်ရောင်သိုင်းလောကရဲ့ အထွတ်အမြတ်တစ်ယောက်ဖြစ်သလို ပြိုင်စံရှားဆယ်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ပိုင်ကျင့်သိုင်းသခင်နဲ့တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲဟာ ကောင်းကင်ကြီးကိုတောင် အရောင်ပြောင်းလဲသွားစေတယ် ဟယ်ရှီးယွင်ရဲ့သိုင်းပညာကြောင့် တောင်ကမ်းပါးတွေတောင်ပြိုကျခဲ့ရတဲ့အထိတိုက်ပွဲပြင်းထန်ခဲ့တယ်ပိုင်ကျင့်သိုင်းသခင်နဲ့တစ်ခါတိုက်ခိုက်လိုက်တိုင်း အတွင်းအားအဟုန်တွေရဲ့ပြင်းထန်မှုကြောင့်ပေ တစ်ရာကျော်ကလူတွေတောင် လေနဲ့အတူလွင့်ပါသွားခဲ့ကြရတယ် တောင်တွင်းတောတစ်ခုလုံးအပြိုပြိုအလဲလဲဖြစ်ခဲ့ရပြီး တိုက်ပွဲကနေ့တစ်ဝက်ကြာမှအဆုံးသတ်ခဲ့တယ် ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲက ဂန္ဓဝင်တွင်လောက်အောင်ကိုပြင်းထန်ခဲ့တယ် နောက်ဆုံး ပိုင်ကျင့်သိုင်းသခင်က ပြန်ပြီးဆုတ်ခွာသွားခဲ့ရသလို ဟယ်ရှီးယွင်လဲ ဒဏ်ရာရခဲ့တယ် ဒီတိုက်ပွဲရဲ့အဖြေက ဟယ်ရှီးယွင်အနိုင်ရခဲ့ပေမဲ့ မလွယ်ကူခဲ့ဘူး ဒါဟာအမျိုးသမီးတွေဟာ အမျိုးသားတွေကိုရင်ဘောင်တန်းနိုင်ကြောင်းသက်သေပြခဲ့တဲ့ လောကနံပတ်တစ်ကညာပျိူဟယ်ယွင်ရှီးပါဘဲ"
ပုံပြောအဖိုးအိုရဲ့အသံပြီးဆုံးသွားတာနဲ့တစ်ပြိုင်နက်အောက်မှ အားပေးသံများထွက်ပေါ်လာခဲ့သည်။
"ကောင်းတယ် .....အရမ်းကောင်းတယ်"
"ဒီမှာ ငွေစယူလိုက်"
အောက်မှလူငယ်များ အားလုံးကျေနပ်အားရသွားပြီး ငွေစများအား ခုံပေါ်တင်ပေးလိုက်ကြသည်။ထိုအချိန်သီးသန့်ခန်းတစ်ခုမှ မိန်းကလေးဆန်သောအသံတစ်သံထွက်ပေါ်လာသည်။
"ပြောတာကောင်းတယ် ဒါကိုဆုကြေးအဖြစ်ယူလိုက်ပါ"
"ဝှစ်"
ငွေတုံးတစ်ခု ထိုအခန်းထဲမှ ဝဲပျံလာပြီး အဖိုးအိုရှေ့ရှိခုံပေါ်တွင်ကွက်တိသွားကျလေသည်။ ချိုးယီ မျက်မှောင်ကြုတ်၍ကြည့်ကာပြောလိုက်သည်။
"အဲ့ဒီသီးသန့်ခန်းထဲက မိန်းမရဲ့သိုင်းပညာကအတော်မြင့်တယ် အတွင်းအားကိုဒီလောက်တိတိကျကျအသုံးပြုနိုင်တာ ထိပ်တန်းသိုင်းသမားတစ်ယောက်တောင်လုပ်နိုင်ဖို့မလွယ်ဘူး"
"ဟယ်ရှီးယွင်ဘဲ"
ရှီဖုန်း အမူရာမဲ့စွာပြောလိုက်သည်။ ဟယ်ရှီးယွင်ဆိုတဲ့ မိန်းမသည်သူ၏စိတ်ဒဏ်ရာတစ်ခုဖြစ်သည်။ သူအနက်ရောင်သိုင်းလောကသားလို့လူတိုင်ကအထင်ခံရချိန်တွင် ဟယ်ရှီးယွင်သည် ရှီဖုန်းအားတွေ့တိုင်းလိုက်လံတိုက်ခိုက်စနောက်တတ်သည်။ နောက်ပိုင်းဟယ်ရှီးယွင်မှာ ရှီဖုန်းသည် မကောင်းသည့်အရာဘာမှမလုပ်ဘဲ အဖြူရောင်သိုင်လောကသားများရဲ့ ရှုံ့ချခြင်းကိုသက်သက်ခံနေရကြောင်းမျက်မြင်သိရှိသွားသောကြောင့်လွတ်ပေးလိုက်ခြင်းဖြစ်သည်။ ရှီဖုန်းမှာဟယ်ရှီးယွင်ကြောင့်စိတ်ဆင်းရဲခဲ့ရသောနေ့ရက်များကိုမည်သည့်အခါမှမေ့လို့ရမည်မဟုတ်ပေ။
ဟယ်ရှီးယွင်မှန်းချိုးယီသိသွားသောအချိန် ချိုးယီသိချင်စိတ်ပျင်းပြစွာမေးလိုက်သည်။
"ညီအကိုခင်ဗျားလေသံကိုကြည့်ရတာ အဲ့ဒီအမျိုးသမီးဟယ်ရှီးယွင်နဲ့သိနေသလိုဘဲ"
ရှီဖုန်းသေရည်တစ်ခွက်အားမော့သောက်လိုက်ပြီး စိတ်ပျက်နေသောအသံဖြင့်ချိုးယီဘက်သို့လှည့်ကာပြောလိုက်သည်။
"မင်းအဲ့ဒီမိန်းမနဲ့မပတ်သက်တာအကောင်းဆုံးဘဲ အဲ့ဒီဟယ်ရှီးယွင်က သူများတွေပြောသလိုသူရဲကောင်းလို့မထင်လိုက်နဲ့ အဲ့ဒီမိန်းမက နှလုံးသားမဲနက်နေတဲ့ဝမ်းတွင်းမဲကြီးဘဲ"
"ယို ညီအကိုခင်ဗျားလို သစ်သားတုံးကြီးကတောင် ဝမ်းတွင်းမဲလို့ပြောရလောက်တဲ့အထိဆိုးဝါးနေရင်တော့..အင်းကြည့်ရတာ ခင်ဗျားစကားနားထောင်တာဘဲကောင်းပါတယ်လေ မဟုတ်ရင်ကျုပ်ပဲဒုက္ခရောက်နေဦးမယ်"
ချိုးယီကျောချမ်းစွာဖြင့် သေရည်တစ်ခွက်အားကိုင်ကာမော့သောက်လိုက်သည်။ ထို့နောက်အဖိုးအို၏စကားကိုဆက်နားထောင်နေလိုက်သည်။
"သူရဲကောင်းယီချိုးဟာ လောကနံပတ်တစ်သခင်လေးဆိုတဲ့အတိုင်း သူရဲ့သိုင်းပညာက......"
...............................
ပြီး...