← Chapters

ချိုးယီ​၏ဒဏ္ဍာရီ

Vol. 8 Ch. 92

ချိုးယီ​၏ဒဏ္ဍာရီ

Vol. 8 Ch. 92

"သူရဲကောင်းယီချိုးဟာ လောကနံပတ်တစ်လူငယ်သူရဲကောင်းဆိုတဲ့အတိုင်း သူရဲ့သိုင်းပညာကမယှဉ်နိုင်လောက်အောင်ကိုမြင့်မားလှတယ် သူရဲ့ရုပ်ရည်ရူပါဟာလည်း အသက်အရွယ်နဲ့မလိုက်အောင်ကို ခန့်ညားချောမောလှတယ်ဒါပေမဲ့သူဟာ အချစ်ရေးရာတွေကိုစိတ်မဝင်စားဘဲ သိုင်းလောကမှာ သာကျင်လည်နေခဲ့တယ် ယီချိုးရဲ့သိုင်းပညာဟာဘယ်လောက်မြင့်မားသလဲဆိုရင် သူတစ်ချက်ဟိန်းဟောက်လိုက်တာနဲ့ကောင်ကင်နဲ့မြေကြီးတောင်တုန်လှုပ်သွားရတဲ့အထိပဲ နယ်စပ်တောထဲကို ဓားတစ်ချောင်းနဲ့တစ်ယောက်ထဲဝင်ရောက်သွားပြီး တိမ်ကြားဓားပြအဖွဲ့ကြီးတစ်ခုလုံးကိုစိန်ခေါ်တိုက်ခိုက်အနိုင်ယူခဲ့တယ် တိမ်ကြားဓားပြအဖွဲ့အစည်းဆိုတာဘာလဲ တော်ဝင်နန်းတော်က စစ်သားထောင်ချီလွတ်ပြီး နှိမ်နင်းစေတာတောင် အရှုံးတစ်ခုကိုသာပွေ့ပိုက်ပြီးပြန်လာခဲ့ရတဲ့အထိ အစွမ်းထက်တဲ့အဖွဲ့အစည်းပဲ ဒါပေမဲ့ သူရဲကောင်းယီချိုးဟာ တစ်ယောက်ထဲနဲ့ တိမ်ကြားဓားပြအဖွဲ့တစ်ခုလုံးကို ပြောင်းဆန်သွားစေခဲ့တယ် ဒါသူရဲ့သိုင်းပညာကဘယ်လောက်ထိမြင့်မားနေသလဲဆိုတာပြနေတဲ့သက်သေပဲ"

ပုံပြောသူအဖိုးအိုဟာ စကားခနရပ်နားလိုက်ပြီး ရေနွေးကြမ်းတစ်ခွက်အားသောက်လိုက်သည်။ အခန်းထဲမှ ချိုးယီမှာ အဖိုးအို​၏ပြောစကားကြောင့် မျက်နှာအနည်းငယ်ပူနေပြီဖြစ်သည်။

"ဒီအဖိုးကြီး ကျုပ်ကို တမင်အမြင့်ကြီးမြှောက်ပြောနေတာဘဲ ပြီးတော့မဟုတ်တာတွေလဲပြောသေးတယ်"

"ပုံပြောသူတိုင်းက အရာအားလုံးကိုအကျယ်ချဲ့ပြီးပြောနေကြတာဘဲ ရှက်မနေစမ်နဲ့"

ရှီဖုန်းဟင်းဖက်တစ်ဖက်အားကောက်နှိုက်၍ပြောလိုက်သည်။ အဖိုးအိုရေနွေးကြမ်းသောက်ပြီးနောက်ခွက်အားချထားလိုက်ပြီးဆက်ပြောလိုက်သည်။

"နောက်တော့ချိုးယီဟာ နယ်စပ်မြို့ဖြစ်တဲ့ ချန်းအန်မြို့ကိုဓားပြသောင်းချီဝန်းရံတိုက်ခိုက်နေတဲ့သတင်းကိုကြားပြီး တစ်ရက်ထဲနဲ့မိုင်ပေါင်းထောင်ချီခရီးနင်ပြီး သူ့မိတ်ဆွေရှီဖုန်းနဲ့အတူ ချန်းအန်မြို့ကိုရာက်ရှိလာခဲ့တယ် ယီချိုးနဲ့ရှီဖုန်းအပြင် ချန်းအန်မြို့မှာ သိုင်းလောကရဲ့ အဓိပတိတွေဖြစ်တဲ့ နတ်လက်ဖဝါးဟိုင်ချန်းလွေ့ နဲ့ လေနှင်သူကွေယွေ့တို့လည်းရောက်နင့်နေခဲ့ပြီ အဲ့ဒီအချိန်ချန်အန်းတံတိုင်းမှာဘဲ နတ်လက်ဖဝါးနှစ်ဖက်ဟိုင်ချန်းလွေ့နဲ့ ယီချိုးတဲ့ဟာ ပညာစမ်းယှဉ်ပြိုင်တိုက်ခိုက်ခဲ့တယ် မြက်ပင်တွေကို စီးနင်ပြီးသစ်ရွက်တွေကို ဓားအဖြစ်အသုံးပြုကာတိုက်ခိုက်ခဲ့ကြတယ် သူတို့နှစ်ယောက်ရဲ့အတွင်းအားအရှိန်အဟုန်တွေဟာတံတိုင်းကြီးတစ်ခုလုံးကိုတုန်လှုပ်သွားစေပြီး နောက်ဆုံး နတ်လက်ဖဝါးပညာရှင်ဟိုင်ချန်းလွေ့ဟာ သူရဲ့ထိပ်တန်းသိုင်းကွက်ဖြစ်တဲ့ သဏ္ဍာန်မဲ့ယင်ယန်သိုင်းကွက်နဲ့တိုက်ခိုက်မှုအားလုံးကိုအဆုံးသတ်ခဲ့တယ် ဒီယှဉ်ပြိုင်မှုဟာ အနိုင်အရှုံးမသဲကွဲပေမဲ့ နတ်လက်ဖဝါးပညာရှင် ဟိုင်ချန်းလွေ့ကိုယ်တိုင် ယီချိုးကို လောကမှာနံပတ်တစ်လူငယ်သူရဲကောင်းလို့ချီးကျူးခဲ့ရတယ် နောက်ဆုံး ချန်းအန်းမြို့တော်ဘေးအန္တရာယ်ဂလိုင်သံမြည်ဟီးလာတဲ့အခါ ယီချိုးနဲ့ရှီဖုန်းတို့ဟာသူတို့ကိုယ်တိုင်ရှေ့တန်းကိုထွက်ပြီးတိုက်ခိုက်ခဲ့တယ် ယီချိုးရဲ့ ဓားချက်တိုင်းက လူဆယ်ယောက်ရဲ့အသက်ကို နှုတ်ယူခဲ့တယ် ဒါ့အပြင် သူရဲ့ထိပ်တန်းသိုင်းကွက်တစ်ကွက်လေဆင်နှာမောင်းကြီးတစ်ခုဖြစ်သွားစေတဲ့ဓားသိုင်းကွက်တစ်ခုကိုအသုံးပြုလိုက်တဲ့အခါ ကောင်းကင်ကြီးတစ်ခုလုံးအရောင်ပြောင်းလဲသွားပြီး လောဆင်နှာမောင်းကြီးတစ်ခုက ရန်သူအုပ်ထဲကို အရှိန်အဟုန်နဲ့တိုးဝင်သွားပြီး လူပေါင်းများစွာကိုသေကြေပျက်စီးသွားစေခဲ့တယ် ဒါဟာ ယီချိုးရဲ့ဓားသိုင်းကွက်တစ်ခုကြောင့်ဖြစ်ပျက်သွားတဲ့ရလဒ်တွေပဲ"

"တစ်ဖက်မှာ ရှီဖုန်းကလည်းသွေးအရိပ်ဓားပြဘုရင်ကိုယှဉ်ပြိုင်တိုက်ခိုက်နေခဲ့တယ် သွေးအရိပ်ဓားပြဘုရင်ဆိုတာ သိုင်းလောကြီးတစ်ခုလုံးမှာနှစ်ပေါင်းများစွာပြိုင်ဘက်မရှိသောင်းကျန်းနေတဲ့သူတစ်ယောက်ဘဲ နှစ်ပေါင်းများစွာက သွေးအရိပ်ဓားပြဘုရင်ဟာ လူတစ်ယောက်ဆီမှာပဲရှုံးနိမ့်ခဲ့ရတယ် အဲ့ဒီလူက ပြိုင်စံရှားဆယ်ယောက်ထဲက ယင်ကိုးပါးအရှင် ရှီဟုန်မင်ပဲ ရှီဖုန်းကတော့ဒုတိယမြောက်သူရှုံးနိမ့်ခဲ့ရတဲ့ ယင်ကိုးပါးအတွင်းအားပညာရှင်ပေါ့ ဒီနှစ်တစ်လျှောက်လုံး သွေးအရိပ်ဓားပြဘုရင်လီကျန်းဟာ သူရဲ့သွေးအရိပ်လက်သည်းသိုင်းကျမ်းဟာ ယင်ကိုးပါးသိုင်းပညာရပ်ကိုကျော်လွန်တယ်ဆိုတာ သက်သေပြဖို့ ကြိုးစားနေခဲ့ပေမဲ့လည်း ဒုတိယမြောက်ယင်ကိုးပါးသိုင်းကျမ်းကိုကျင့်ထားတဲ့ ရှီဖုန်းရဲ့ နောက်ဆုံးသိုင်းကွက်ကြောင့် ရှုံးနိမ့်ခဲ့ရပြန်တယ် ဒါအပြင် ရှီဖုန်းဟာ အလွန်အမင်းလဲခန့်ညားလှတယ် လောကရဲ့မိန်းမပျိုတိုင်းက ရှီဖုန်းကိုတစ်ကြိမ်မြင်ပြီးရင်မေ့မရခဲ့ဘူး ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်နှစ်က ရှီဖုန်းဟာ ဟယ်ရှီးယွင်နဲ့တိုက်ခိုက်ခဲ့ဘူးတယ်ဆိုတဲ့ ကောလဟာလတွေလဲရှိခဲ့ဖူးတယ်"

အဖိုးအိူဟာ အလွန်အားရကျေနပ်နေဟန်ဖြင့်မရပ်မနား ပုံပြောနေခဲ့သည်။

"ယီချိုးရဲ့ဘက်မှာတော့ သိုင်းကွက်တစ်ခုကိုအသုံးပြုလိုက်တိုင်း လေပေါ်မှာ ရန်သူတွေရဲ့အသက်မဲ့တဲ့ ခန္ဓာကိုယ်တွေကအတိုင်းသားပျံဝဲနေခဲ့တယ် တကယ့်ကိုရန်သူတွေရဲ့အိမ်မက်ဆိုးဖြစ်တဲ့အထိတိုက်ခိုက်ခဲ့တယ် နောက်ဆုံးရန်သူအများဆုံးအုပ်စုထဲကိုရောက်ရှိသွားတဲ့အချိန် ယီချိုးဟာ သူရဲ့ နောက်ဆုံးဓားသိုင်းတစ်ကွက်ကိုအသုံးပြုခဲ့တယ် အဲ့ဒီဓားသိုင်းကွက်ဟာ ကောင်းကင်နဲမြေပြင်ကိုတောင် ဟက်တက်ကွဲသွားစေပြီး ကမ္ဘာမြေကိုတောင်အက်ကွဲသွားစေခဲ့တယ် ရန်သူဘက်က ဓားပြတပ်သားပေါင်းရာချီဟာလည်း အဲ့ဒီဓားသိုင်းတစ်ကွက်နဲ့တစ်ချက်တည်းအသတ်ခံလိုက်ရတယ် အဲ့ဒီဓားသိုင်းတစ်ကွက်ဟာဘယ်လောက်ပြင်းထန်သလဲဆို စစ်မြေပြင်ကြီးတစ်ခုလုံးကို ပေရာပေါင်းများစွာ ပြောင်းသလင်းခါသွားစေခဲ့တယ် အဲ့ဒီအချိန်မှာ မထင်ထားလောက်အောင်ကိုဘဲ ရန်သူဘက်က ယီချိုးကိုအသံတိတ်လူသတ်သမားအပါအဝင် လှံပညာရှင်နှစ်ယောက်က ချောင်းမြောင်းလုပ်ကြံခဲ့တယ် ဒါပေမဲ့ လည်းယီချိုးဟာအကောင်းဆုံးခုခံကာကွယ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုကာကွယ်နိုင်စွမ်းရှိခဲ့တယ် ဒါပေမဲ့ အသံတိတ်လူသတ်သမားဟာ လျှို့ဝှက် ဗုံးတွေကိုထုတ်သုံးပြီး ယီချိုးကိုဒဏ်ရာရစေခဲ့တယ် အဲ့ဒီအချိန်အတွင်းမှာဘဲ ဘယ်ကရောက်လာမှန်းမသိတဲ့ ဓားတစ်ချောင်းနဲ့ဝတ်ရုံနက်ခြုံထားတဲ့ အမတဓားနတ်ဟာထွက်ပေါ်လာပြီး ယီချိုးကို ရန်သူတွေဝမ်းရံနေတဲ့ကြားထဲကကယ်တင်ပေးခဲ့တယ် နောက်ဆုံးယီချိုးဟာ တိုက်ပွဲတွေကြားထဲကလွတ်မြောက်သွားခဲ့ပြီး သူပေးခဲ့တဲ့ စိတ်ခွန်အားတွေက ချန်းအန်စစ်တပ်ကြီးတစ်ခုလုံးကိုအရိုးစွဲနေအောင်ယုံကြည်ချက်ရှိစေခဲ့တယ် အဲ့ဒီနေရာမှာဘဲ ယီချိုးဟာ လောကနံပတ်တစ်သူရဲကောင်းလို့ခေါ်ထိုက်လောက်အောင်စွမ်းဆောင်ရည်တွေပြသခဲ့ပြီး ဧကရာဇ်အရှင်ရဲ့ရွှေနားတော်အထိတောင်ပေါက်ရောက်နိုင်ခဲ့တယ်"

အဖိုးကြီး​၏ ဇာတ်လမ်းအပေါ်ဆွဲဆောင်နေသော အသံတိတ်ဆိတ်သွာသည်နှင့် မည်သူမှလက်ခုပ်မတီးကြသေးပေ။ လူများအားလုံးဇာတ်လမ်းတွင်နစ်မျှောနေကြသေးသည်။အချိန်အနည်းငယ်ကြာပြီးမှလက်ခုပ်သံများ သောသောညံအောင်တီးလိုက်ကြသည်။

"အရမ်းကောင်းတယ်...တကယ်တော်တဲ့သူရဲကောင်းယီချိုးဘဲလောကနံပတ်တစ်လို့ကိုခေါ်ထိုက်တယ်"

"သူရဲကောင်းယီချိုးစပေါ်လာကတည်းက ကျုပ်ရဲ့လေးစားအားကျရသူဖြစ်ခဲ့တာ ဒီမှာ ငွေငါးစ"

"အပြောကောင်းတယ် ဒီမှာယူလိုက်"

လူပေါင်းမျာစွာ​၏ အသံသည် ခန်းမတစ်ခုလုံးကို ဆူညံသွားစေခဲ့သည်။ သီးသန့်ခန်းမှချိုးယီလည်းကူရာမဲ့စွာပြောလိုက်သည်။

"ဒီပုံပြောသူအဖိုးကြီးကလူ ဘယ်လိုစိတ်အောင်စားအောင်ပြောရမလဲတကယ်သိတာဘဲ အဲ့စစ်ပွဲတုန်းကသူရှိနေပြီးမျက်မြင်တွေ့ခဲ့ရတဲ့အတိုင်းဘဲ ပြောနေတဲ့ပုံစံက"

ချိုးယီ သူ့အိတ်ကပ်ထဲမှငွေတုံးတစ်တုံးအားထုတ်ယူလိုက်ပြီး အဖိုးကြီး​၏ စားပွဲခုံဆီသို့ပစ်ပေးလိုက်သည်။

"ဝှစ်..."

ငွေတုံးသည် အဖိုးကြီး​၏ စားပွဲပေါ်သို့ရောက်ရှိသွားပြီး ခုနက ဟယ်ရှီးယွင် ​၏ငွေတုံးပေါ်သို့ထပ်ဆင့်ကွက်တိကျသွား​၏။ 

"အို"

"ကြည့်ရတာ ပညာရှင်တစ်ယောက်ရှိသေးပုံပဲ"

ချိုးယီတို့နှင့်ဆန့်ကျင်ဘက်အခန်းမှ နူးညံ့ညင်သာသောအသံတစ်သံထွက်ပေါ်လာခဲ့သည်။ လေညင်းတစ်ချက်တိုက်ခတ်သွားပြီး ခန်းဆီးအား အနည်းငယ်ဟသွားစေခဲ့သည်။ ကြွေရုပ်လေးကဲ့သို့လှပသော မျက်နှာလေးတစ်ခုသည် ချိုးယီ​၏ သေရည်သောက်နေသော ပုံရိပ်အားမျက်တောင်တစ်ချက်ခပ်ကာကြည့်လိုက်သည်။ သူမ​၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ချောမွတ်နေပြီး အနည်းငယ်ကွေးညွတ်နေသော မျက်တောင်များက မှင်ပြာရောင်မျက်လုံးများအား ပိုမိုလှပသွားစေသည်။ နှင်းဆီဖူးကဲ့သို့သူမ​၏ နှုတ်ခမ်းသားများသည် ပန်းနီရောင်သမ်းနေလေသည်။နက်မှောင်သောဆံနွယ်ရှည်များနှင့် ရင့်ကျက်၍ ကျက်သရေရှိသော သူမ​၏မျက်နှာလှလှလေးသည် လောကကြီးတွင် တုနှိုင်းမဲ့သကဲ့သို့ လှချင်တိုင်းလှနေတော့သည်။ ထိုမြင်ကွင်းအား ချိုးယီ မျက်လုံးထောင့်မှဖျပ်ကနဲမြင်လိုက်ရလေသည်။ ချိုးယီ​၏ ရင်ဘက်သည် မြင်းအကောင်တစ်ရာဖြတ်ပြေးသွားသကဲ့ တုန်ခါသွားလေသည်။ ထို့နောက် ထိုမြင်ကွင်းအားမမေ့နိုင်သေးဟန်ဖြင့် မှင်သက်နေခဲ့သည်။ 

'ဆိုတော့ သူမက ဟယ်ရှိးယွင်ပေါ့ တကယ်ကို လှပတာပဲ'

အမှန်ပင်ချိုးယီစိတ်ထဲတွင် ဟယ်ရှီးယွင်အား တိတ်တဆိတ်စိတ်ဝင်စားမိသွားသည်။ အမှန်အတိုင်းဝန်ခံရလျှင် ဟယ်ရှီးယွင်သည်ယွင်ရှင်းမေပြီးလျှင် သူမြင်ဖူးသမျှထဲတွင်အလှပဆုံးမိန်းမလှလေးပင်။ တစ်ဖက် အခန်းရှိဟယ်ရှီးယွင်မှာ သေရည်ခွက်အားကိုင်ကာ တိတ်တဆိတ်တစ်ချက်ပြုံးလိုက်ပြီး....

"ရှီလေး မတွေ့တာအတော်ကြာပြီ ဒီမှာပြန်တွေ့ရမယ်လို့မထင်ထားဘူး ယီချိုးရှိတဲ့နေရာတိုင်းမှာ ရှီဖုန်းကအမြဲတမ်းတကောက်ကောက်လိုက်ပါတယ် ဒါဆို နောက်ဆုံးတော့ ရှင့်ကိုတွေ့ရပြီပဲ ယီချိုး"

ဟယ်ရှီးယွင်လဲ ချိုးယီ​၏ သေရည်သောက်နေသောပုံရိပ်အား ပြန်တွေးလိုက်ပြီး စိတ်ဝင်စားစရာအရုပ်ကလေးတစ်ရုပ်ရသကဲ့သို့အပြုံးမျိုးဖြင့်ပြုံးကာနေတော့သည်။ ချိုးယီ ချက်ချင်း သူ​၏အတွေးများအား ပြန်ဆင်ခြင်မိလိုက်ပြီး.....

'မဖြစ်ဘူး....ငါပြိုင်ဘက်ကင်းတစ်ယောက်မဖြစ်သေးသရွေ့တော့ အန္တရာယ်တွေကအတူလိုက်ပါလာအုံးမှာပဲ အခုအချိန်မှာ သိုင်းပညာကသာ ငါ့အဖော်မွန်ဖြစ်သင့်တယ်"

ချိုးယီ အမြန်ထလိုက်ပြီး ရှီဖုန်းအားပြောလိုက်သည်။

"သွားကြစို့"

ရှီဖုန်းလဲ ဟယ်ရှီးယွင် ရှိနေသည်ဟုသိလိုက်ကတည်းကစိတ်အခြေနေမကောင်းတော့ပေ။ 

"ကောင်းပြီ ဒီကမြန်မြန်ထွက်သွားရအောင်"

ချိုးယီတို့ထွက်ခွာသွားပြီးနောက် ညနေပင်ရောက်နေပြီဖြစ်သည်။ ချိုးယီတည်းခိုခန်းတစ်ခုဆီသို့သွား၍ ညအိပ်တည်းရန်ကြိုတင် အခန်းနှစ်ခန်းမှာထားလိုက်သည်။ထို့နောက်တော်ဝင်မြို့တော်တစ်ခွင်လှည့်ပတ်ကြည့်နေလိုက်သည်။ ရှီဖုန်းမှာ တည်းခိုခန်းမှာသာ အတွင်းအားကျင့်ရင်းနေရစ်ခဲ့သဖြင့်ချိုးယီတစ်ယောက်တည်းသာ တော်ဝင်အင်ပါယာမြို့တော်အား လှည့်ပတ်ကြည့်ရှုနေလိုက်သည်။ နောက်ဆုံးချိုးယီ မြို့အစွန်ရှိ ချောင်းကမ်းပါးဆီသို့ရောက်ရှိလာခဲ့သည်။ ချိုးယီအရှေ့မှာ သာယာစွာစီးဆင်းနေသော ချောင်းအားကြည့်၍ ခေါက်ယပ်တောင်အားကိုင်ကာ လက်နှစ်ဖက်အားနောက်ပစ်ထားလိုက်သည်။

"တော်ဝင်မြို့တော်ရဲ့တစ်ခုတည်းသော တိဟွမ်ချောင်းဆိုတာဒါလား"

"ဝှစ်"

............................

ပြီး...

All Chapters