← Chapters

အင်အားကြီးရန်သူ  

Vol. 8 Ch. 96

အင်အားကြီးရန်သူ  

Vol. 8 Ch. 96

"အို ကျွန်မအကုန်သတ်မိလိုက်ပြီ မေးဖို့တစ်ယောက်ယောက်ချန်ထားလိုက်ရမှာ"

ချိုးယီ ပြုံး၍ခေါင်းရမ်းကာပြောလိုက်သသည်။

"မလိုတော့ပါဘူး ဟိုမှာ"

ချိုးယီ မြေပြင်ပေါ်မှ ထရန်ကြိုးစားနေသေးသော ဘီလူးမျက်နှာဖုံးနှင့် ရန်သူအားလက်ညိုးထိုး၍ပြောလိုက်သည်။ ဟယ်ရှီးယွင် ခေါင်းငြိမ့်၍ပြောလိုက်သည်။

"ရှင်ကတော်တော်စေ့စပ်သေချာသားပဲ"

"အနဲဆုံးတော့ ကိုယ့်ကိုရန်ရှာတဲ့သူကိုတော့သိသင့်တယ်လေ"

ချိုးယီတို့ပြောရင်းဆိုရင်းနှင့် ထိုလက်ကျန်ရန်သူဆီသို့ လမ်းလျှောက်သွားလိုက်သည်။ ချိုးယီ ထိုလူရှေ့တွင်ဆောင့်ညောင့်ထိုင်၍မေးလိုက်သည်။

"ဆိုစမ်းပါအုံး ခင်ဗျားကဘယ်သူလဲ ကျုပ်နဲ့ဘာရန့်ငြိုးရှိလို့တိုက်ခိုက်ရတာလဲ

ဟယ်ရှီးယွင်မှာ ထိုလူအား လက်ပိုက်၍မျက်စံအောက်စိုက်လျှက်ကြည့်နေသည်။ ထိုအကြည့်မှာအလွန်အထင်သေးနေသည်မှန်းသိသာလှသည်။ ထိုမျက်နှာဖုံးနှင့်လူမှာဟယ်ရှီးယွင်အား အံကြိတ်ကာကြည့်ရင်းထစ်ထစ်ငေါ့ငေါ့ပြောလိုက်သည်။

"အပျက်မဟယ်ရှီးယွင် မင်းဘယ်တော့မှအမှောင်ကျွန်းဆွယ်ရဲ့လက်ကနေလွတ်မှာမဟုတ်ဘူး အဲ့တာကိုမြဲမြဲမှတ်ထားလိုက်"

 ထို့နောက် ချိုးယီအားတစ်ဖန်ပြန်ကြည့်၍ အေးစက်စက်ပြောလိုက်သည်။

"မင်းဘယ်သူလဲတော့မသိဘူးဒါပေမဲ့ အမှောင်ကျွန်းဆွယ်ရဲ့ပစ်မှတ်ကိုကာကွယ်ရဲတဲ့အတွက် မင်းအသက်နဲ့ပြန်ပေးဆပ်ရလိမ့်မယ် ဟားဟားဟား"

"အိုဆိုလိုတာ ကျုပ်က အမှောင်ကျွန်းဆွယ်ရဲ့သတ်တာခံရမယ်ပေါ့ဟုတ်စ"

"ဟားဟားဟား"

ထိုလူမှာစကားတစ်ခွန်းမှမပြောတော့ဘဲ ရယ်မောနေရင်းရုတ်တရက်သေဆုံးသွားလေသည်။ ချိုးယီ ထိုလူ​၏သွေးကြောအားစမ်းကြည့်လိုက်သောအခါ အဆိပ်သင့်နေမှန်းသိလိုက်ရသည်။

"ကိုယ့်ကိုယ်ကိုအဆိပ်နဲ့သက်သေသွားတာဘဲ"

ချိုးယီမတ်တပ်ပြန်ရပ်လိုက်သောအခါ ဘေးနားကဟယ်ရှီးယွင်က သက်ပျင်းချ၍ပြောလိုက်သသည်။

"ဟင်း ကျွန်မရဲ့ရန်ငြိုးက ရှင့်ကိုပါပါသွားစေမိပြီ"

"အို မိန်းကလေးဟယ်က သူတို့နဲ့ရန်ငြိုးရှိတာလား"

ချိုးယီနားအံ့ဩစွာမေးလိုက်သည်။ ဟယ်ရှီးယွင်လဲ ခေါင်းငြိမ့်ရင်း ကောင်းကင်ကြီးအားမျှော်ကြည့်ရင်းပြောလိုက်သည်။

"အမှောင်ကျွန်းဆွယ် နဲ့ အမှောင်ရိပ်အဖွဲ့အစည်း ဆိုတာ သိုင်းလောကမှာသိုင်းသမားတိုင်းရဲ့အိမ်မက်ဆိုးတစ်ခုဘဲ သူတို့ရဲ့ပစ်မှတ်ထားတာခံရရင် ဘယ်သူဘယ်လောက်အစွမ်းထက်ထက် သူတို့လက်ထဲမှာဘဲအဆုံးသတ်သွားရတယ် "

"လွန်ခဲ့တဲ့ခုနှစ်နှစ်လောက်က အမှောင်ကျွန်းဆွယ် ကပစ်မှတ်ထားနေတဲ့ ပစ္စည်းတစ်ခုကိုကျွန်မမတော်တဆရပြီး သူတို့ရဲ့လူနည်းနည်းလောက်ကိုသတ်မိလိုက်တယ် နောက်နှစ်နှစ်ခွဲအကြာကျွန်မသိုင်းလောကထဲပြန်ဝင်တော့ ဘယ်ကမှန်းမသိတဲ့ ဘီလူးမျက်နှာဖုံးနဲ့လူတွေ အမြဲတမ်းလုပ်ကြံတာခံနေရတယ် တစ်နှစ်အတွင်းမှာ လေးကြိမ်တိတိလုပ်ကြံတာခံခဲ့ရတယ် နောက်သုံးနှစ်လောက်ထိသူတို့ရဲ့ ဌာနကွဲကို ရှာဖွေခဲ့ပေမဲ့ ဘာသဲလွန်စမှမတွေ့ခဲ့ရဘူး အဆိပ်သောက်ပြီးသတ်သေရင်သေ မသေရင် သေတဲ့အထိနှိပ်ဆက်လဲဘာမှမပြောကြဘူး ကျွန်မဟေးဖုန်းတောင်ကြားမှာ ကိုးကောင်ကင်းဆေးပင်သွားရှာတော့ အမှောင်ကျွန်းဆွယ်ရဲ့ လက်ယာရံသံတမန်ဖြစ်တဲ့ ပိုင်ကျင့်သိုင်းသခင်နဲ့ တွေ့ဆုံပြီး တိုက်ခိုက်ခဲ့တယ် ကံကောင်းစွာနဲ့ပဲနှစ်ယောက်လုံးသရေကျပြီး ကိုယ်စီဒဏ်ရာအပြင်းအထန်ရခဲ့ကြတယ် ကံကောင်းလို့ ကျွန်မရဲ့ဆရာရောက်ရှိလာလို့ ပိုင်ကျင့်လဲ ဒဏ်ရာအပြင်းအထန်ရထားတော့ မသက်ဘဲ ဆုတ်ခွာလိုက်ရတယ် မဟုတ်ရင် သူတို့ဘက်ကကျန်နေတဲ့ ထိပ်တန်းသိုင်းသမားတွေလက်ချက်နဲ့ကျွန်မသေနေလောက်ပြီ ပြီးတော့ အမှောင်ကျွန်းဆွယ်က ကျွန်မကိုသတ်ဖို့လက်လျှော့လိုက်ပြီထင်နေတာ အခုပြန်ဆုံရမယ်လို့မထင်ထားဘူး"

ဟယ်ရှီးယွင်​၏ စကားအားချိုးယီ တိတ်တဆိတ်နားထောင်နေပြီး ဟယ်ရှီးယွင်​၏ ဘဝလဲထင်သလောက်မသာယာမှန်းသိလိုက်ရသည်။ချိုးယီ သက်ပျင်းချ၍ပြောလိုက်သည်။

"ဟင်း ခင်ဗျားဘဝလဲ ကျုပ်နဲ့သိပ်မကွာပါလား"

"အို ရှင်လဲ အင်အားကြီးတဲ့ရန်သူရှိသေးတာလား ရှင့်သိုင်းပညာအဆင့်နဲ့ဆို ပိုင်ကျင့်နဲ့ချရင်တောင် အနိုင်ရနိုင်တာကို"

ဟယ်ရှီးယွင် အံ့ဩစွာပြောလိုက်သည် ပိုင်ကျင့်သိုင်းသခင်​၏ သိုင်းပညာနှင့်သိုင်းကွက်များကိုသူမကောင်းကောင်းနားလည်ထားလေသည်။ သို့သော် ချိုးယီမှာ ယခုသူမထက်ပိုပြီး အတွင်းအားနက်ရှိုင်းသည်ကိုခံစားမိလေသည်။ ချိုးယီအသက်ပျင်းပျင်းရှု၍ပြောလိုက်သည်။

"ကျွန်တော် ယောင်ရှန်းမြို့လမ်းမှာ အရိပ်ပညာရှင်သုံးပါးနဲ့ဆုံခဲ့တယ် ကျွန်တော်နဲ့ရန်ငြိုးမရှိဘဲသတ်ဖို့ကြိုးစားကြတယ်"

"ရှင် ရွှေတံဆိပ်တော်အမတ်နဲ့ပြဿနာတက်ထားတာလား"

ဟယ်ရှီးယွင် မျက်လုံးကျဉ်းမြောင်းစွာမေးလိုက်သည်။ ချိုးယီခေါင်းခါရမ်း၍ခါးသီးစွာပြောလိုက်သည်။

"သိုင်းလောကထဲကိုစဝင်ကတည်းက ကျွန်တော်ကမျက်စိရှေ့မှာရှိတဲ့ သူခိုးဓားပြတွေကိုဘဲနှိမ်နင်းခဲ့တာ ရွှေတံဆိပ်တော်အမတ်မင်းဆိုတာ နာမည်တောင်ကြားဖူးတာမဟုတ်ဘူး ချန်းအန်မြို့တိုက်ပွဲပြီးကတည်းက အဲ့ရွှေတံဆိပ်တော်အမတ်ဆိုတဲ့သူကကျွန်တော်ကိုတောက်လျှောက်ပြဿနာရှာနေခဲ့တာ"

"ပြီးတော့ အရိပ်ပညာရှင်တွေဆိုတဲ့ ဘိုးတော်သုံးယောက်က တော်တော်ကိုယုတ်မာတဲ့သူတွေ သိုင်းပညာ မြင့်မားရဲ့သားနဲ့ အရှက်မရှိချောင်းမြောင်းတိုက်ခိုက်ကြတာ"

ဟယ်ရှီးယွင် မျက်မှောင်ကြုတ်၍ခေါင်းငြိမ့်လိုက်သည်။ ထို့နောက်သူမတစ်စုံတစ်ခုအားတွေးနေသကဲ့သို့ ချိုးယီအား မျက်လုံးလှန်ကြည့်၍ပြောလိုက်သည်။

"ဒါဆို ရှင်ဘာဆက်လုပ်မယ်တွေးထားလဲ"

"မနက်ဖြန်တော်ဝင်ညီလာခံတက်ပြီးရင် အရိပ်ပညာရှင်သုံးပါးကို စိန်ခေါ်ပြီး ကျွန်တော်ကလွယ်လွယ်နဲ့အနိုင်လာကျင့်လို့ရတဲ့သူမဟုတ်ကြောင်းပြသပေးရမှာပေါ့ဗျာ"

ချိုးယီရယ်မော၍ ဟယ်ရှီးယွင်အားကြည့်ကာပြောလိုက်သည်။ဟယ်ရှီးယွင် လည်းချိုသာစွာပြုံး၍ပြောလိုက်သည်။ 

"ဒါဆိုကျွန်မ ရှင့်ဘက်ကရပ်တည်ပေးမယ်လေ"

"ကောင်းပါပြီဗျာ"

ချိုးယီ ဟယ်ရှီးယွင်​၏ လှပသောမျက်နှာလေးအားစိုက်ကြည့်ကာပြောလိုက်သည်။

..........................

"ခလွမ်း"

"ဘာ ယီချိုးနဲ့ ဟယ်ရှီးယွင် တို့အတူတူရှိနေကြတယ်ပေါ့"

အလင်းပေါက်အနည်းငယ်သာရှိသောအခန်းတစ်ခုတွင် အစိမ်းရောင်ဝတ်ရုံနှင့် မုဝူယွီမှာ ထိတ်လန့်တကြားဖြင့် ခွက်အားပစ်ပေါက်လိုက်လေသည်။သူ့အားသတင်းလာပို့သော သူမှာထိတ်လန့်တကြားပြန်ဖြေလိုက်လေသည်။

"ဟုတ် ဟုတ်ပါတယ် စံအိမ်အရှင် ကင်းထောက်တွေကိုယ်တိုင်မြင်လိုက်တာပါ အမှောင်ကျွန်းဆွယ်က အဆင့်မြင့်သိုင်းသမားဆယ်ယောက်ကို ယီချိုးနဲ့ ဟယ်ရှီးယွင် တို့နှစ်ယောက်ပေါင်းပြီး အသက်ရှူချိန် သုံးရှိုက်စာအတွင်း အကုန်လုံးကိုသတ်ဖြတ်ခဲ့တာပါ"

မုဝူယွီ စားပွဲအား လက်ဖြင့်ခေါက်၍စဉ်းစားလိုက်သည်။ စားပွဲအားတတောက်တောက်ခေါက်သံသည် သတင်းပို့သမားအား နှလုံးခုန်ရပ်လုမတက်ထိတ်လန့်သွားစေသည်။ မုဝူယွီမျက်လုံးပြန်ဖွင့်လာပြီးနောက် စားပွဲခေါက်ခြင်းကိုရပ်တန့်လိုက်သည်။ ထို့နောက် ဖြည်းညင်းစွာပြောလိုက်သည်။

"အကြောင်းပြန်လိုက် ယီချိုးရဲ့ကိစ္စကို အမှောင်ရိပ်က ထပ်ပြီးမပတ်သက်တော့ဘူးလို့"

"ဟုတ်ကဲ့ပါစံအိမ်အရှင်"

..............................

"ပြီး..."

All Chapters