လုပ်ကြံခြင်း
Vol. 9 Ch. 97
ယနေ့နေ့လည်မတိုင်ခင်ညီလာခံသို့တက်ရောက်ရမည်ဖြစ်သော်လည်း ချိုးယီမှာမြို့ဈေးတန်းသို့ရောက်ရှိနေသေးသည်။ချိုးယီ၏ဘေးတွင်ဟယ်ရှီးယွင်မှာ လက်ထဲအချိုသီးချောင်းကိုကိုင်၍ဘေးချင်းကပ်လမ်းလျှောက်နေကြသည်။ချိုးယီ၏ဘဝတွင် သက်သောင့်သက်သာဖြင့် မြို့ဈေးထဲသို့ လမ်းလျှောက်ထွက်ရသည်မှာ ယခုပထမဆုံးအကြိမ်ပင်။
"ယီချိုး ရှင်အင်ပါယာမြို့တော်ကိုတစ်ခါမှ မရောက်ဖူးဘူးမဟုတ်လား"
"အမှန်ဘဲ ကျွန်တော်အင်ပါယာမြို့တော်ကိုရောက်တာဒါပထမဆုံးဘဲ တကယ်ကိုတူမတူအောင်စည်ကားလွန်းပါတယ်"
ချိုးယီနှင့်ဟယ်ရှီးယွင် လမ်းအတူတူလျှောက်ရင်းစကားများစွာပြောဖြစ်ကြလေသည်။ထိုစဉ်၎င်းတို့ရှေ့ညာဖက်ခြမ်းရှိ မိုးသောက်လက်ဖက်ရည်ဆိုင်ဟုခေါ်သည့် ဆိုင်ခန်းဒုတိယအထပ် ပြတင်းပေါက်ပေါ်မှလူရိပ်တစ်ခုလွင့်ပျံလာပြီး မြေကြီးပေါ်သို့ပြုတ်ကျလာခဲ့သည်။ အောက်ဖက်မှဟယ်ရှီးယွင်နှင့် ချိုးယီတို့နှစ်ယောက်နောက်သို့ ခုန်၍ရှောင်ရှားလိုက်လိုက်သည်။
"ဝှစ်...ဖုန်း....."
ထိုလမ်းမထဲရှိလူများအားလုံး၏လှုပ်ရှားမှုများသည်ခေတ္တရပ်တန့်သွားပြီးပြုတ်ကျလာသောသူကိုသာ အံ့ဩတကြီးဖြင့်ထိတ်လန့်စွာစိုက်ကြည့်နေခဲ့ကြသည်။
"ဒါကဘယ်လိုဖြစ်ရတာလဲ"
"နေ့ခင်းကြောင်တောင်ကြီးလူသတ်နေတာလား"
"အဲ့လူအသက်ရောရှိသေးရဲ့လားမသိဘူး အဲဒီဆိုင်မှာတကယ်ဘဲဘာတွေဖြစ်နေတာလဲ ကြောက်စရာကောင်းလိုက်တာ"
ချိုးယီနှင့်ဟယ်ရှီးယွင်တို့တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။ထို့နောက်၎င်းတို့နှစ်ဦးသားရှေ့သို့တက်သွားလိုက်ပြီး ပြုတ်ကျလာသောလူ၏အသက်ရှုနှုန်းနှင့်သွေးခုန်နှုန်းအကြောအားစစ်ဆေးကြည့်လိုက်ကြသည်။
"အသက်ရှင်သေးတယ် ဒါပေမယ့် သွေးကြောထဲမှာထူးဆန်းတဲ့အရည်တစ်မျိုးက သွေးတွေကိုစပြီးတိုက်စားပစ်နေတယ်"
ချိုးယီဟယ်ရှီးယွင်ဆီသို့လှမ်းကြည့်၍ပြောလိုက်သည်။ဟယ်ရှီးယွင်မှာထိုလူအားကြည့်၍ မျက်မှောင်ကြုတ်နေပြီး သေချာဂရုစိုက်စစ်ဆေးနေခဲ့သည်။ သူမစစ်ဆေးပြီးသွားသောအခါ ချိုးယီဘက်သို့လှည့်၍ တိုးတိုးတိတ်တိတ်ပြောလိုက်သည်။
"ဒီလူကအရေးကြီးတဲ့ပုဂ္ဂိုလ်ဘဲ အရင်ဆုံးလူရှင်းတဲ့နေရာသွားရအောင်"
ချိုးယီခေါင်းငြိမ့်၍ နှစ်ယောက်သားလူကြားထဲမှတိုး၍ထွက်သွားကြသည်။ ထို့နောက်အတန်ငယ်ဝေးကွာ အိမ်ခေါင်မိုးတစ်ခုပေါ်သို့ခုန်တက်လိုက်ကြပြီး အဝေးမှ တရုန်းရုန်းဖြစ်နေသောမိုးသောက်လက်ဖက်ရည်ဆိုင်လမ်းအားကြည့်လိုက်သည်။ ချိုးယီ ဘေးသို့မလှည့်ဘဲဟယ်ရှီးယွင်အားမေးလိုက်သည်။
"လုပ်ကြံခံရတဲ့လူကဘယ်သူလဲသိတာလား"
"အင်းသူကတော်ဝင်ရုံးတော်ကအရေးကြီးပုဂ္ဂိုလ်တစ်ဦးဘဲ"
ဟယ်ရှီးယွင်၏အဖြေကြောင့်ချိုးယီမျက်မှောင်ကြုတ်လိုက်သသည်။
"မဟုတ်မှလွဲရော တော်ဝင်အမတ်ကြီးတစ်ယောက်လား"
ချိုးယီ၏စကားအား ဟယ်ရှီးယွင်ထောက်ခံသည့်အနေဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက်သူမဆက်ပြော၏။
"အဲ့ဒီလူက ဝမ်မိသားစုက တော်ဝင်ရုံးတော်အဆင့်နှစ်ရာထူးဘွဲ့ရ အမတ်ကြီးဝမ်ချူဘဲ သူ့လိုအာဏာရှိပုဂ္ဂိုလ်ကဒီမှာလုပ်ကြံခံရတာအရမ်းထူးဆန်းတယ် သက်တော်စောင့်တွေလဲရှိမနေဘူး"
"ကြည့်ရတာတော်ဝင်ရုံးတော်ကအရှုပ်အထွေးတွေစတင်နေတာများလား"
ချိုးယီအတွေးနက်သွားခဲ့သည်။မကြာခင် နန်းတွင်းညီလာခံစတင်တော့မည်ဖြစ်ပြီး တော်ဝင်ရုံးတော်မှအမတ်ကြီးဝမ်သည် အင်ပါယာမြို့တော်အတွင်းလူပ်ကြံခံခဲ့ရသည်။ ပိုဆိုးသည့်အချက်မှာ ချိုးယီရှိနေသည့်နေရာတွင် ဖြစ်ပျက်သွားခြင်းဖြစ်လေသည်။
ချိုးယီအတော်ပင်ခေါင်းကိုက်သွားချေပြီ။
"တစ်ယောက်ယောက်က ကျွန်တော့်ကို ဒီအရှုပ်အထွေးထဲပါဝင်အောင် တမင်သက်သက်ပြုလုပ်နေသလိုဘဲ"
သို့သော်လည်းချိုးယီ မကြောက်ပေ။ သူစိတ်ခိုင်မာသောအကြည့်တစ်ချက်အား ထုတ်လွတ်လိုက်သည်။ ချိုးယီအားစောင့်ကြည့်နေသော ဟယ်ရှီးယွင်မှာ ညင်သာစွာရယ်မော၍ ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့ တော်ဝင်ညီလာခံတက်လိုက်ရင်အရာအားလုံးကိုသိရလိမ့်မယ် ပြီးတော့ရှင့်သိုင်းပညာကဒီလောက်မြင့်တာကို တစ်ခုခုဆိုနန်းတော်ထဲကထွက်ပြေးချင်ရင် ရှင့်ကိုဟန့်တားနိုင်မယ့်လူတစ်ယောက်မှ မရှိမှာကိုတောင်စိုးရိမ်ရတယ်"
ချိုးယီခေါင့်ငြိမ့်လိုက်ပြီးနောက် မိုးသောက်လက်ဖက်ရည်ဆိုင်အားကျဉ်းမြောင်းစွာစိုက်ကြည့်၍ပြောလိုက်သည်။
"အရင်ဆုံးကျွန်တော်တို့ လုပ်ကြံသူရဲ့ခြေရာလက်ရာတွေကိုအရင်စုံစမ်းရလိမ့်မယ် ဒါဆိုတော်ဝင်ညီလာခံမှာ တင်ပြစရာတစ်ခုခုသေချာပေါက်ရမှာဘဲ"
"ကောင်းပြီ တော်ဝင်နန်းတော်အစောင့်တွေမလာခင်စစ်ဆေးကြည့်ကြတာပေါ့"
ထို့နောက်ချိုးယီနှင့် ဟယ်ရှီးယွင်တို့၏ပုံရိပ်များသည် အရိပ်တစ်ခုပမာ မိုးသောက်လက်ဖက်ရည်ဆိုင်ဒုတိယအထပ်သို့ဝင်ရောက်သွားလေသည်။ လမ်းတွင်လူအများအပြားရှိနေသော်လည်း မည်သူမှမသိလိုက်ပေ။ လေနုအေးတစ်ချက်တိုက်ခတ်သွားသည်ကိုသာခံစားလိုက်ရသည်။
လက်ဖက်ရည်ဆိုင်ဒုတိယအထပ်တွင် ဗလာကျင်းနေပြီး မည်သူမှမရှိကြတော့ပေ။ အမတ်ကြီးဝမ်လုပ်ကြံခံရပြီးနောက် အားလုံးထိတ်လန့်ကြောက်ရွံ့စွာဖြင့် အောက်ထပ်သို့ဆင်းပြေးကုန်ကြလေသည်။ ဆိုင်ရှင်နှင့်စားပွဲထိုးများအပါအဝင်အကုန်အပြင်သို့ဆင်းပြေးကုန်ကြသည်။ထိုလူများအားလုံးမရှိတော့သည့်အချိန်မှချိုးယီနှင့်ဟယ်ရှီးယွင်ရောက်ရှိလာခဲ့သည်။
ချိုးယီပတ်ဝန်းကျင်သို့ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် လုပ်ကြံသူ၏ခြေရာလက်ရာများကိုစတင်ရှာဖွေလိုက်သည်။မကြာပေ ဟယ်ရှီးယွင်တစ်ခုခုအားအလျင်အမြန်ဘဲရှာဖွေတွေ့ရှိသွားခဲ့သည်။ချိုးယီ နံရံတွင်စိုက်ဝင်နေသောအပ်နှစ်ချောင်းအားဆွဲထုတ်၍ကြည့်လိုက်သည်။
"ကြည့်ရတာ အပ်မှာပြင်းထန်တဲ့အဆိပ်သုတ်လူးထားတာဘဲ"
"ဟမ်ဒီအပ်တွေ..."
"ဘာလို့လဲ ဒီအပ်တွေအကြောင်းသိလို့လား"
"သိတယ်"
ချိုးယီမျက်ခုံးပင့်၍ဟယ်ရှီးယွင်အားကြည့်လိုက်သည်။ ဟယ်ရှီးယွင်မှာ ပြတင်းပေါက်မှ တိမ်ဖြူဖြူများကိုလှမ်းကြည့်လိုက်ပြီး....
"ဒီကိစ္စဘယ်သူလုပ်လဲ ငါသိပြီ"
"ဘယ်သူလုပ်တာလဲ"
"အပ်မှာ ဟေးဆိုတဲ့စာလုံးသေးသေးလေးထွင်းထားတယ် ထိပ်တန်းသိုင်းသမားတစ်ယောက်မဟုတ်ရင်ဘယ်သူမှတောင်သတိထားမိမှာမဟုတ်ဘူး"
"အဲဒီဟေးဆိုတဲ့စာလုံးကို အပ်မှာထွင်းနိုင်တဲ့အဖွဲ့အစည်းဆိုလို့အမှောင်ကျွန်းဆွယ်ဘဲရှိတယ်"
ချိုးယီမျက်ခုံးလှုပ်သွားပြီး မသက်မသာဖြင့်ပြောလိုက်သည်။
"အမှောင်ကျွန်းဆွယ်...သူတို့အခုလိုလုပ်ရတဲ့ရည်ရွယ်ချက်ကဘာလဲ တော်ဝင်ရုံးတော်ကသူတို့ချန်ခဲ့တဲ့သက်သေတွေကိုမရှာတွေ့နိုင်ဘူးလို့တကယ်ကြီးထင်နေတာလား"
"မဟုတ်ဘူး တော်ဝင်ရုံးတော်ကသက်သေအဖြစ်ဒီအပ်တွေကိုရှာတွေ့ရင်တောင် အမှောင်ကျွန်းဆွယ်ကလုပ်တာလို့တပ်အပ်မပြောနိုင်ဘူး ဘာလို့လဲဆိုတော့ အမှောင်ကျွန်းဆွယ်နဲ့အကြိမ်ပေါင်းများစွာတိုက်ခိုက်ဖူးတဲ့သူတစ်ယောက်ကဘဲ အပ်ကိုကြည့်ပြီး အမှောင်ကျွန်းဆွယ်ရဲ့လက်ချက်ဆိုတာတန်းပြောနိုင်တာ"
ချိုးယီခေါင်းငြိမ့်၍ ထောက်ခံလိုက်သည်။ ဟယ်ရှီးယွင်မှာ အမှောင်ကျွန်းဆွယ်၏လက်ယာတမန်နှင့်ပင်တိုက်ခိုက်ခဲ့ဖူးတာကြောင့် ဟယ်ရှီးယွင်လောက်အမှောင်ကျွန်းဆွယ်၏ နည်းစနစ်နှင့်လက်နက်များအကြောင်းမည်သူမှပိုမသိနိုင်ပေ။
"ကြည့်ရတာ မကြာခင်နန်းတွင်းမှာ မုန်တိုင်းတစ်ခုတိုက်ခတ်ပြန်တော့မှာဘဲ"
ဟယ်ရှီးယွင်သက်ပျင်းချ၍ပြောလိုက်သည်။ ချိုးယီလည်းခေါင်းငြိမ့်လိုက်ပြီး ပြတင်းပေါက်အောက်သို့ကြည့်လိုက်သောအခါ တော်ဝင်နန်းတော်စောင့်စစ်သားများရောက်ရှိလာပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။ချိုးယီ နောက်သို့လှည့်၍ပြောလိုက်သည်။
"သွားကြစို့ ပြင်ဆင်မှုတစ်ခုလုပ်ဖို့အချိန်ကျပြီ"
"ကောင်းပြီ..."
.............................
"ပြီး..."