← Chapters

ယီချိုးရောက်ရှိခြင်း

Vol. 9 Ch. 99

ယီချိုးရောက်ရှိခြင်း

Vol. 9 Ch. 99

ရွှေရောင်နဂါးမင်းဝတ်ရုံနှင့် ဧကရာဇ်ရွယ်မင်ကြွချီလာသည်နှင့် ညီလာခံတွင်းရှိအသံများအားလုံးတိတ်ဆိတ်သွားလေသည်။ ဧကရာဇ်​၏အနောက်တွင် ငွေရောင်ဝတ်ရုံဖြင့်ပန်းကနုတ်ပုံထိုးထားသော တင့်တယ်လှသည့်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ခန့်ညားသောအသက်ငါးလေးဆယ်ကျော်အရွယ်ဟုထင်ရသည့် လူတစ်ယောက်လိုက်ပါလာလေသည်။ သူသည်ဧကရာဇ်​၏နောက်၌လက်နှစ်ဖက်အားနောက်ပစ်ကာ အမတ်များအား ဂရုစိုက်ပုံမရသောအမူအရာဖြင့်လိုက်ပါလာခဲ့သည်။

သို့သော်မည်သူမှ အရှင်မင်းကြီးနားတွင်ကပ်လိုက်လာသောထိုလူအားအပစ်မပြောရဲကြပေ။အပြစ်ပြောရမည့်အစား အမတ်ကြီးများနှင့်အမတ်မင်းတို့ပင် ခေါင်းများကိုငုံ့ထားကြရပြီး ထိတ်လန့်သည့်အမူအရာပါနေခဲ့သည်။ သို့သော်ရွှေတံဆိတ်တော်အမတ်မင်းမှာ ဧကရာဇ်မင်းအားနှုတ်ဆက်ပြီးနောက်ချက်ချင်းခေါင်းမော့ထားလေသည်။

ရွှေတံဆိပ်တော်အမတ်မင်းသည် ဧကရာဇ်​၏နောက်နားမှကပ်၍လိုက်ပါလာသော လူကြီးအား မှုန်ကုပ်နေသောမျက်နှာဖြင့်ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုတော်အပြည့်အဝမပြင်ဆင်ထားရင်သူတောင်ရန်မစရဲသောလူအနည်းစုထဲမှတစ်ယောက်ဖြစ်သည့် ပန်းချီဓားအရှင် ရွယ်ဝူဟန်ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ပန်းချီဓားအရှင် ဤနာမည်တစ်လုံးနှင့်ပင် တစ်ချိန်က ငါးပြည်ထောင်သိုင်းလောကကြီးတစ်ခုလုံးလား စုတ်တံတစ်ချောင်းဖြင့်လွမ်းမိုးနိုင်ခဲ့သည့် လူတစ်ယောက်အားပြေးသတိရမိကြလိမ့်မည်။

တစ်ချိန်က ပြည်ထောင်လေးခုမှ အဆင့်လွန်သိုင်းထိပ်သီးလေးယောက်ဝိုင်းတိုက်ခဲ့သော်လည်း နှစ်ယောက်အားသတ်ဖြတ်၍ နှစ်ယောက်အားဒဏ်ရာရစေခဲ့သူဖြစ်သည်။ ထို့ကြောင့် ရွှေတံဆိပ်တော်အမတ်မင်းမှာ ပြီးပြည့်စုံသည့်အစီစဉ်တစ်ခုမရှိသေးသည့်အချိန်ကာလအတွင်း ဧကရာဇ်မင်းအား ဘယ်တော့မှထိဝံ့မည်မဟုတ်ချေ။ ရွယ်ဝူဟန်သည်သူ့အစီစဉ်အား ကြီးမားစွာထိခိုက်စေနိုင်သည်အထိ သိုင်းပညာမြင့်မားသောကြောင့်ပင်။

ဧကရာဇ်ရွယ်မင်ပလ္လင်ပေါ်တွင်ထိုင်လိုက်ပြီးနောက် ဝတ်ရုံစဝေ့ရမ်းလိုက်သည်။ ရွယ်ဝူဟန်လည်းဧကရာဇ်ပလ္လင်ဘေးတွင် လက်နှစ်ဖက်နောက်ပစ်ကာမတ်တပ်ရပ်လိုက်ပြီး ညီလာခံခန်းမအားဝေ့ကြည့်လိုက်သည်။ အားလုံးခေါင်းငုံလိုက်ကြပြီးအကြည့်ချင်းမဆိုင်ဝံ့ပေ။ သတ္တိခဲစစ်သူကြီးသုံးယောက်နှင့် ရွှေတံဆိပ်တော်အမတ်မင်းသာ ရွယ်ဝူဟန်နှင့်ထိပ်တိုက်ကြည့်ဝံ့လေသည်။ ချီရှန်းကျောက်နှင့်အခြားစစ်သူကြီးများမှာ တာဝန်အားကျေပွန်စွာထမ်းဆောင်ပြီး ဘာအပြစ်မှမလုပ်ထားသည့်အတွက် ထိပ်တိုက်ကြည့်ဝံ့ခြင်းဖြစ်သည်။

သို့သော် ရွှေတံဆိပ်တော်အမတ်မင်းမှာ နန်းတော်တစ်ဝက်မှာသူ့အာဏာလွမ်းခြုံထားပြီး ယုံကြည်မှုအပြည့်ရှိသောကြောင့်ခေါင်းလုံးဝမငုံ့ခံနိုင်ပေ။

ရွယ်ဝူဟန်မှဲ့ပြုံးပြုံးလိုက်သည်။

"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"

အမတ်တို့​၏အသံများသည်ညီလာခံခန်းမထဲတွင်ဟိန်းလျက်ရှိပြီး ဧကရာဇ်ရွယ်မင်အား တောင်းဆုပြုပေးနေကြသည်။

"ညီလာခံစပြီ..."

ဧကရာဇ်ရွယ်မင်​၏အသံသည် ညီလာခံထဲတွင်ပဲ့တင်ထပ်သွား​၏။ အမတ်ကြီးနှင့်အမတ်မင်းများအားလုံးခေါင်းကိုမော့လိုက်ကြပြီး တစ်ချက်ပြန်ဦးညွတ်ကာ ညီလာခံစတင်ကြောင်းသဘောတူကြလေသည်။ ညီလာခံထဲတွင် မင်သားများအားမတွေ့ရပေ။ဧကရာဇ်ရွယ်ဖုန်းမျက်မှောင်ကြုတ်လိုက်ပြီး..

"အိမ်ရှေ့စံနဲ့ မင်းသားတွေဘယ်ရောက်နေလဲ ဒီလောက်အရေးကြီးတဲ့ညီလာခံနေ့မှာဘာလို့နောက်ကျနေတာလဲ"

ရွယ်ဖုန်း​၏အသံကြောင့်အမတ်များအားလုံး တီးတိုးပြောဆိုကုန်ကြလေသည်။ ထိုအချိန်ရွှေတံဆိပ်တော်အမတ်မင်းမှာ ရှေ့သို့ထွက်လာပြီး တည်လက်နှစ်ဖက်အားရှေ့သို့ဝိုက်ကာအရိုအသေပြု၍ပြောလိုက်သည်။

"အရှင်မင်းကြီး အိမ်ရှေ့စံမင်းသားဟာ ပြည်သူ့အကျိုးသယ်ပိုးဖို့အတွက် ဟိုင်ကျွမ်းပြည်နယ်မှာတောင်ကြားဆည်ကာတာ ပေါက်သွားတဲ့သတင်းကြားကြားချင်း အပြေးအလွားသွားပြီးသူကိုယ်တိုင်ဦးဆောင်ပြုပြင်နေကြောင်းပါအရှင်မင်းကြီး"

ရွှေတံဆိပ်တော်အမတ်မင်းသည် လျှောက်တင်စရာရှိတာလျှောက်တင်ပြီးနောက်သူ့နေရာနှင့်သူပြန်သွားလေသည်။ဧကရာဇ်ရွယ်မင်သည်လည်းဘာမှလုပ်မရတော့ပေ။သူသက်ပြင်းချ၍သာမိန့်ဆိုလိုက်ရသည်။

"ကဲရှိစေတော့ ပြည်သူပြည်သားအကျိုးကြောင့်ပျက်ကွက်တာမို့ကိုယ်တော်နားလည်ပေးလိုက်မယ် ဒုတိယမင်းသားရွယ်ကန်းတုကရောဘယ်ရောက်နေလဲ"

ဧကရာဇ်ရွယ်မင်​၏အမေးအားမည်သူမှမဖြေနိုင်ကြပေ တိတ်ဆိတ်ခြင်းသာကြီးစိုးလျှက်။ ထိုအချိန်မှာဘဲ ကြေငြာသူအမတ်ငယ်​၏အသံထွက်ပေါ်လာခဲ့သည်။

"ဒုတိယမင်းသား ရောက်ရှိပါပြီ"

အားလုံးအပေါက်ဝသို့ကြည့်လိုက်သောအခါ လူနှစ်ယောက်သည်ဘေးချင်းကပ်လျှောက်လာကြသည်ကိုမြင်လိုက်ကြရသည်။ ရွယ်ကန်းတုသည် အပြုံးတစ်ခုဖြင့်လျှောက်လာနေပြီး ဘေးကလူမှာအခြားလူမဟုတ်ချေ။ ယပ်တောင်အားကိုင်၍ပညာရှင်ကဲ့သို့လက်ကိုရှေ့တစ်ဖက်အနောက်တစ်ဖက်ထားပြီးနူးညံ့သောအပြုံးတစ်ခုကိုဆင်မြန်းထားသည့် ချိုးယီသာဖြစ်လေသည်။

ချိုးယီဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ရွယ်ဝူဟန်သည်မျက်လုံးဖွင့်၍ချိုးယီအားအချိန်တော်ကြာစိုက်ကြည့်နေခဲ့သည်။

"ပြင်းထန်အေးစက်လိုက်တဲ့အတွင်းအားအဟုန်"

ရွယ်ဝူဟန်တီးတိုးရေရွတ်လိုက်သည်။ ဧကရာဇ်မှာအနည်းငယ်ပဟေဠိဖြစ်နေဆဲပင်။ ရွှေတံဆိပ်တော်အမတ်မင်းမှာ ချိုးယီ​၏ပုံတူပန်းချီများတွေ့ဖူးသောကြောင့် ချိုးယီအားမှုန်ကုပ်ကုပ်စိုက်ကြည့်နေခဲ့သည်။ သူ့အစီစဉ်ကိုဖျက်လိုဖျက်စီးလုပ်သွားသောသူသည် ချိုးယီမဟုတ်ပေလား။ ရွယ်ကန်းတု ဦးညွတ်ကာပြောလိုက်သည်။

"ခမည်းတော်...လူတစ်ယောက်ကိုပါခေါ်နေလို့ သားတော်နဲနဲနောက်ကျသွားတယ်အပြစ်ပေးပါ"

"ကျွန်တော်မျိုး ယီချိုး အခစားဝင်ပါတယ် အရှင်မင်းကြီး"

ရွယ်ကန်းတု​၏ အသံဆုံးသည်နှင့် ချိုးယီ​၏အသံသည်နောက်မှကပ်ပါလာသည်။ ယီချိုးဟုသောအသံကြားသည်နှင့် ညီလာခံတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ လောကနံပတ်တစ် သခင်လေးယီချိုးကိုမသိသောသူ အဘယ်မှာရှိမည်နည်း။ ဓားတစ်လက်နှင့်လူတစ်ယောက် စစ်ထွက်ခဲ့ပြီး တိမ်ကြားဓားပြအဖွဲ့စည်းတစ်ခုလုံးကို ဖိနှိပ်ခဲ့သည့်သိုင်းထိပ်သီး...စသောပုံပြင်များစွာသည် အနယ်နယ်အရပ်ရပ်သို့ပျံ့နှံ့နေခဲ့သည်မဟုတ်လော။

ယီချိုးမှန်းသိသောအခါမှသာ ရွယ်ဝူဟန်သတိအားဖြေလျှော့လိုက်သည်။ ယီချိုးအကြောင်း ထိုကလေးမပြောပြ၍အကုန်သိပြီးလေပြီ။ ဧကရာဇ်ရွယ်မင်လည်းအံ့အားသင့်သွားခဲ့သည်။ ယခင်ကသူယီချိုးကိုညီလာခံသို့ဖိတ်ခေါ်ရန်အမိန့်ထုတ်ခဲ့သောိလည်း သိပ်မမျှော်လင့်ထားပေ။ ထိပ်သီးသိုင်းသမားများမှာမာနကြီး၍ တော်ဝင်နန်းတော်အားသိပိအထင်မကြီးကြသောကြောင့်ပင်။ ယီချိုးတကယ်ရောက်လာမည်ဟုသူမထင်ထားခဲ့ချေ။ 

"ဟားဟားဟား..ကောင်းလေစွ ကိုယ်တော်မင်းကိုနောက်ဆုံးတော့တွေ့ရပြီ တကယ်ကိုနဂါးလိုကျားလို အရှိန်အဝါနဲ့ပါလား တကယ်ကိုလောကနံပတ်တစ် သခင်လေးဆိုတဲ့ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါပေတယ် တာ့ယွမ်ကမောင်မင်းလိုလူတစ်ယောက်ရှိထားရတာ တကယ်ကိုကံကောင်းတာဘဲ"

ဧကရာဇ်မင်း​၏မြောက်ပင့်စကားကြောင့် ချိုးယီပင်အနည်းငယ်ဂုဏ်ယူသွား​၏။ သို့သော်ချိုးယီ အရိုအသေပြုလိုက်ပြီး နှိမ့်ချစွာပြောလိုက်သည်။

"အရှင်မင်းကြီးလိုမင်းကောင်းမင်းမြတ်အုပ်ချုပ်တဲ့ တာ့ယွမ်ပြည်မှာမွေးဖွားရတာ ကျွန်တော်မျိုးအတွက်ဂုဏ်ယူစရာပါအရှင်မင်းကြီး"

"ဟားဟားဟား ကောင်းလေစွ ကောင်းလေစွ"

တစ်ယောက်နှင့်တစ်ယောက်မြောက်ပင့်လိုက်ကြပြီးနောက်ရည်ရွယ်ချက်အစစ်အမှန်များဖော်ပြလိုက်ကြလေသည်။

"ဒါနဲ့မောင်မင်းက နယ်စပ်ပုန်ကန်မှုစစ်ပွဲမှာ ဓားတစ်လတ်ကိုကိုင်စွဲလို့ ကြီးမားတဲ့အကျိုးဆောင်မှုတွေပြုလုပ်ခဲ့တယ်လို့ ကိုယ်တော်ကြားရတယ် မောင်မင်းကို ဆုတော်လဒ်တော်တွေချီးမြင့်သင့်တယ် မောင်မင်းအလိိုရှိရာကိုပြောပါကိုယ်တော်ဖြည့်ဆည်းပေးမယ်"

"တာ့ယွမ်ရဲ့ဖြောင့်မတ်တဲ့သိုင်းသမားတစ်ယောက်အနေနဲ့ကျွန်တော်မျိုးလုပ်သင့်တာကိုလုပ်ခဲ့တာပါအရှင်မင်းကြီး ဆုလာဘ်တွေမလိုအပ်ကြောင်းပါ"

"ကောင်းပြီ တစ်ချိန်ချိန်မှာ အလိုရှိရာဆုတစ်ခုကိုကိုယ်တော့်ဆီတောင်းဆိုနိုင်တယ်"

ချိုးယီစကားမရှည်ချင်တော့တာကြောင့်စစ်ပွဲကိစ္စအားထိုနေရာတွင်ဘဲအမြန်အဆုံးသတ်လိုက်လေသည်။ ထိုအချိန် ရွှေတံဆိပ်တော်အမတ်မင်းသည် အမတ်ကြီးတစ်ယောက်အားနားနားတွင်တစ်ခုခုတီးတိုးကပ်ပြောလိုက်လေသည်။ ထိုအမတ်သည်ရှေ့ထွက်လာပြီး.....

"အရှင်မင်းကြီး ကျွန်တော်မျိုးလျှောက်တင်စရာရှိပါတယ်"

"လျှောက်တင်စေ"

ဧကရာဇ်ရွယ်မင်ဝတ်ရုံစအားဝေ့ရမ်း၍ပြောလိုက်သည်။ အမတ်ကြီးကလဲ ချိုးယီအား အန္တရာယ်ရှိသောအကြာည့်ဖြင့်စူးစိုက်ကြည့်ကာပြောလိုက်သည်။

"ယီချိုးဟာ အခြားအင်ပါယာကသူလျှိုဖြစ်နိုင်ပါတယ် အရှင်မင်းကြီး လွန်ခဲ့တဲ့လအနည်းငယ်ကဘယ်ကမှန်းမသိရုတ်တရက်ထွက်ပေါ်လာပြီး သိုင်းလောကမှာတောက်လျှောက်နာမည်ကြီးခဲ့ပါတယ်"

"တောနက်ထဲဝင်ပြီး တိမ်ကြားဓားပြအဖွဲ့စည်းလိုတော်ဝင်စစ်တပ်ကတောင်ဖျက်စီးလို့မရတဲ့အဖွဲ့ကြီးကို ဖျက်စီးဖို့ဆိုတာ ချဲ့ကားလွန်းလှပါတယ်အရှင်မင်းင်္ကြး သေချာသုံးသပ်တော်မူပါ"

ချိုးယီမှာ အမတ်ကြီးတစ်ယောက်သူ့အားပစ်မှတ်ထားလာသည်ကိုစိတ်ဝင်တစားကြည့်၍ ပြုံးလိုက်သည်။

"အို..ဒီကအမတ်ကကျုပ်ကို သူလျှိုလို့ထင်နေတယ်ပေါ့ အရင်ကနာမည်မရှိတိုင်း ရုတ်တရက်ထွက်ပေါ်လာမှသူသျှိုလို့စွပ်စွဲတာမကောင်းဘူးထင်တယ် ကျုပ်အရင်ကထွက်မပေါ်လာဘူးဆိုတာ ကျုပ်ဆရာသခင်ဆီမှာ ပညာသင်နေဆဲကာလလဲဖြစ်နိုင်သလို ကျုပ်အနေနဲ့မပြည့်စုံသေးလို့သိုင်းလောကထဲမဝင်ရောက်သေးတာလဲဖြစ်နိုင်တာဘဲလေ အခြေအမြစ်မရှိတဲ့အကြောင်းပြချက်တွေနဲ့ကျုပ်ကိုရန်မစစမ်းပါနဲ့ ကျုပ်တောနက်ထဲတစ်ကိုယ်တော်ဝင်ရောက်နိုင်ခဲ့တဲ့အရည်အချင်းကိုဒီကအမတ်ကသိချင်မှတော့ ခင်ဗျားလက်အောက်မှာရှိလာတဲ့သိုင်းသမားတိုင်းကိုခေါ်လိုက်ပါ ကျုပ်တို့လက်တွေ့စမ်းကြတာပေါ့"

ချိုးယီ​၏စကားများသည် မြွေဆိပ်ကဲ့သို့ပြင်းထန်လှပြီးအမတ်မင်းအားမျက်နှာပျက်သွားစေသည်။

"မင်း...မင်း..."

........................

ပြီး...

All Chapters