ပြင်းထန်လွန်းတယ်
Vol. 9 Ch. 100
၎င်းတို့ကြားမှ ပဋိပက္ခကိုကြည့်၍ ယီချိုးမှာ ရွှေတံဆိပ်တော်အမတ်မင်းတို့အဖွဲ့နှင့်မတည့်မှန်း ဧကရာဇ်ရွယ်မင်သတိထားမိလိုက်သည်။ ယီချိုးအားသူ့ဘက်ပါအောင်ဆွဲခေါ်နိုင်လျှင် အင်ပါယာအတွက်သူအများကြီးပိုလုပ်နိုင်ပေလိမ့်မည်။
ချိုးယီ၏ စိန်ခေါ်သံကြားသည်နှင့် အမတ်ကြီးယန်မှာစကားပင်မပြောနိုင်တော့ပေ။သူ့လက်အောက်တွင်အလုပ်လုပ်ပေးနေသော အဆင့်လွန်ထိပ်သီးပုဂ္ဂိလ်မရှိသောကြောင့်ပင်။အမတ်ကြီးယန်က ရွှေတံဆိပ်တော်အမတ်မင်းအားကြည့်လိုက်သည်။ ရွှေတံဆိပ်တော်အမတ်မင်းကိုယ်တိုင်လည်း ချိုးယီ၏ လက်စကိုသိသောကြောင့် သူနှင့်မသက်ဆိုင်သလိုသာနေလိုက်လေသည်။ အကြောင်းမှာ အရိပ်သုံးပါးပညာရှင်များကိုသူ တာဝန်တစ်ခုပေးကာ အခြားပြည်နယ်သို့လွတ်လိုက်သောကြောင့်ပင်။
အားလုံးတိတ်ဆိတ်သွားသည့်အချိန်တွင် အသံတစ်သံထွက်ပေါ်လာခဲ့သည်။
"ဒီအဖိုးကြီးကကသူရဲကောင်းယီရဲ့ သိုင်းစွမ်းပကားကို သိချင်နေခဲ့တာကြာပြီ ဒီနေ့တော့စမ်းကြည့်ရတာပေါ့ ဟားဟား"
အားလုံး တောင်ပိုင်းစစ်သူကြီးယွမ်ကောလုံအားကြည့်လိုက်ကြသည်။ စစ်သူကြီးယွမ်သည် တာ့ယွမ်အင်ပါယာ၏တစ်ချိန်ကစစ်နတ်ဘုရားဟုတင်စားရလောက်သည့်စစ်သူကြီးဖြစ်သည်။ တာ့ဟွမ်ပြည်ထောင်နှင့်နယ်စပ်စစ်ပွဲတွင် စစ်သူကြီးယွမ်ကြောင့် တာ့ဟွမ်ပြည်ထောင်၏ တပ်သားငါးသောင်းရှိသည့် ကျားရဲတပ်မကြီးခုလုံးဖျက်စီးခံခဲ့ရလေသည်။ တာ့ဟွမ်ဧကရာဇ်အမုန်းဆုံးလူသည် စစ်သူကြီးယွမ်ဖြစ်ပြီး ယခုချိန်ထိလဲမုန်းနေဆဲဖြစ်သည်။
စစ်သူကြီးယွမ်၏စကားကိုကြားတော့အကုန်လုံးလည်းပွဲကြီးပွဲကောင်းကြည့်ရတော့မည်ဟုခံစားလိုက်ရသည်။ချိုးယီစစ်သူကြီးယွမ်အားစိုက်ကြည့်လိုက်သည်။ စစ်သူကြီးယွမ်၏အရှိန်အဝါသည်အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းအငွေ့အသက်များကသူ့ခန္ဓာကိုယ်မှစိမ့်ထွက်နေခဲ့သည်။ ဤသည်မှာစစ်ပွဲပေါင်းရာချီတိုက်ခိုက်၍ရရှိလာခဲ့သော အရှိန်အဝါဖြစ်လေသည်။ ချိုးယီခေါင်းငြိမ့်ကာပြောလိုက်သည်။
"ကောင်းပြီ ဒီကစစ်သူကြီးကပညာချင်းဖလှယ်ချင်မှတော့ ကျုပ်ယီချိုးကပညာချင်းဖလှယ်ပါ့မယ်"
...............................
နန်းတော်ရှိ တိုက်ခိုက်ရေးပြိုင်ပွဲများကျင်းပရာ တိုက်ခိုက်ရေးစင်မြင့်တွင်....
မိုးပြာရောင်ဝတ်ရုံဖြင့်ချိုးယီသည်ညာဖက်လက်ဖြင့်ယက်တောင်အားကိုင်ထားပြီးဘယ်ဘက်လက်အားနောက်ပစ်ထားသည်။ တစ်ဖက်ရှိစစ်သူကြီးယွမ်မှာ သူ၏ဓားသွားလှံအားကိုင်ဆောင်ကာ မပြိုကျနိုင်သည့်တောင်ကြီးကဲ့သို့မတ်တပ်ရပ်နေခဲ့သည်။
ဧကရာဇ်ရွယ်မင်နှင့်အမတ်များမှာ ထိုင်ခုံအသီးသီးတွင်နေရာယူထားပြီးဖြစ်လေသည်။ ရွယ်မင်က သူ့ဘေးရှိမတ်တပ်ရပ်နေသော ရွယ်ဝူဟန်အားခေါင်းစောင်းငဲ့ကာ မေးလိုက်၏။
"ဘယ်သူနိုင်မယ်လို့ထင်လဲ ဝူဟန်"
ရွယ်ဝူဟန်က ချက်ချင်းပြန်မဖြေသေးဘဲ ချိုးယီနှင့် စစ်သူကြီးယွမ်တို့နှစ်ယောက်ကိုစေ့စေ့စပ်စပ်ကြည့်လိုက်ပြီး...
"စစ်သူကြီးယွမ်အနေနဲ့ စစ်ပွဲပေါင်းများစွာတိုက်ခိုက်ခဲ့ဖူးတာမို့ အတွေ့အကြုံပိုင်းမှာသေချာပေါက်ယီချိုးထက်ပိုများလိမ့်မယ်..သိုင်းပညာပိုင်းမှာတော့....."
ရွယ်ဝူဟန်ဆက်မပြောတော့ဘဲ ရပ်လိုက်၏။ ထို့နောက် ရွယ်မင်အားဖြည်းညင်းစွာ ပြောလိုက်သည်။
"သူတို့တိုက်ပွဲကိုဘဲ အရင်စောင့်ကြည့်ရအောင် ပွဲပြီးရင်ဘယ်သူသာလဲ အရှင်မင်းကြီးသိရမှာဘဲ"
"ဟုတ်တာပေါ့ ကိုယ်တော် သိချင်ဇောနဲ့အတော်လောသွားတယ်"
ရွယ်မင် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက်ကွင်းလယ်သို့ အာရုံစိုက်လိုက်သည်။ ချိုးယီလက်နက်မယူဆောင်လာတာကို မြင်တော့စစ်သူကြီးယွမ် မျက်ခုံးပင့်၍မေးလိုက်သည်။
"မောင်ရင် ဘာလို့လက်နက်မသုံးတာလဲ ဒီအဖိုးကြီးကိုအထင်သေးနေတာလား"
ပြောရင်းဆိုရင်းနှင့် သူ၏ထိပ်တွင်ဓားသွားပါသောလှံအနောက်ဖက်အပိတ်ကို စင်ပေါ်သို့ဆောင့်ချလိုက်သည်။
"ဘန်း...."
မာကျောလှပါသည် ဆိုသောကျောက်တုံးများနှင့် တည်ဆောက်ထားသည့် စင်ကြီးပင်တုန်ခါသွားပြီး ဓားသွားလှံ၏ ဖင်အပိတ်နှင့်တိုက်ရိုက်ထိသွားသောနေရာသည် အက်ကွဲကြောင်းများပင် ထနေလေပြီ။ စစ်သူကြီးယွမ်၏ ဆောင့်ချလိုက်သောအတွင်းအားအရှိန်အဟုန်ကြောင့် အမတ်ကြီးများပင်၎င်းတို့ကိုပြင်းထန်သောလေကြမ်းတစ်ခုကလာရောက်တိုက်ခတ်သွားသလိုခံစားလိုက်ကြရသည်။ စင်ပေါ်တွင်ချိုးယီ၏ဝတ်ရုံသည် စစ်သူကြီးယွမ်၏အတွင်းအားအရှိန်အဟုန်ကြောင့် တဖျပ်ဖျပ်လွင့်လူးသွားလေသည်။ ချိုးယီပြုံးကာပြောလိုက်သည်။
"စစ်သူကြီးယွမ်ကိုကျုပ်အထင်မသေးရဲပါဘူးဗျာ ကျုပ်ရဲ့လက်ထဲမှာရှိတဲ့အရာက ကျုပ်ရဲ့လက်နက်ပါဘဲဗျာ"
"ကောင်းပြီ မင်းဘာသာမင်းရွေးခဲ့တာ ဒီအဖိုးကြီးကသက်ညာမှာမဟုတ်ဘူး"
ပြောရင်းနှင့် စစ်သူကြီးယွမ်ကစလှုပ်ရှားလိုက်သည်။ စစ်သူကြီးယွမ် ချိုးယီဆီသို့အရှိန်ပြည့်ဖြင့်တိုးလာပြီး သူ၏လှံဓားသွားထိပ်ဖျားဖြင့် ချိုးယီအားလှမ်းခုတ်ချလိုက်သည်။
"ရွှီး...ဝှစ်"
ချိုးထိုတိုက်ခိုက်မှုအား ခန္ဓာကိုယ်ဘေးတစ်စောင်းဖြင့်ရှောင်ရှားလိုက်သည်။ ထို့နောက်သူ၏ယပ်တောင်အားဖြန့်၍ စစ်သူကြီးယွမ်ဆီသို့ ဝေ့ရမ်းလိုက်သည်။
"ရွှစ်."
ထက်ရှသော အတွင်းအားလှိုင်းတစ်ခုသည် ယပ်တောင်မှထွက်ပေါ်လာပြီး စစ်သူကြီးယွမ်ဆီသို့တိုးဝင်သွားလေသည်။ သို့သောစစ်သူကြီးယွမ်မှာသူ၏လှံဓားသွားကိုပြန်သိမ်းလိုက်ပြီး လှံဓားသွားဝေ့ရမ်း၍ ချိုးယီ၏ထက်ရှသော အတွင်းအားတိုက်ခိုက်မှုကိုခုခံလိုက်သည်။ ချိုးယီအနည်းငယ်အံ့ဩသွားလေသည်။ အဆင့်လွန်ထိပ်သီးအဆင့်ထဲဝင်တာသိပ်မကြာသေးသည့် စစ်သူကြီးယွမ်သည် သူ၏တိုက်ခိုက်မှုအားခုခံနိုင်လေသည်။ ချိုးယီပြုံးလိုက်ပြီးသူအရင်လှုပ်ရှားရန်ဆုံးဖြတ်လိုက်သည်။ တိုက်ပွဲအားအမြန်ဆုံးအဆုံးသတ်ရပေမည်မဟုတ်လျှင် သူ၏စွမ်းပကားသည် တိမ်ကြားဓားပြအဖွဲ့အစည်းကိုမယှဉ်နိုင်ဟုသံသဃဝင်ခံရပေလိမ့်မည်။ ထို့နောက် ချိုးယီ နှင့် စစ်သူကြီးယွမ်ပြန်လည်တိုက်ခိုက်ကြလေသည်။
၎င်းတို့လေထုထဲတွင်တစ်ခါထိပ်တိုက်ဆုံတွေ့မိတိုင်းအတွင်းအားလှိုင်းဂရက်များသည် ပွဲကြည့်စင်များဆီသို့ အလွန်ပြင်းထန်သော လေကြမ်းများအသွင်ဖြင့်ရောက်ရှိသွား၏။ ၎င်းတို့နှစ်ယောက်၏တိုက်ခိုက်မှုနား နေမည်ဆိုပါက ထိပ်တန်းသိုင်းသမားပင် အတွင်းအားရိုက်ခတ်ခံရပြီး သေဆုံးသွားပေလိမ့်မည်။ဤသည်မှာ သိုင်းထိပ်သီးများ၏ ယှဉ်ပြိုင်မှုပင်ဖြစ်ပေတော့သည်။ အမြင့်ဆုံးခုံတွင်ရှိနေသည့် ရွယ်မင်ကသဘောကျစွာရယ်မောလိုက်ပြီး....
"ကောင်းတယ်...သိပ်ကောင်းတယ်ဟားဟားဟား စစ်သူကြီးယွမ်ကိုကြည့်ရတာ သိုင်းလောကက သိုင်းထိပ်သီးတွေနဲ့ယှဉ်ဘောင်တန်းနိုင်နေပြီဘဲ...ဒါပေမယ့် ယီချိုးဒီလောက်တော်မယ်လို့ကိုယ်တော်မထင်ထားမိဘူး လက်နက်တောင်မသုံးဘဲစစ်သူကြီးယွမ်နဲ့သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်နေတာ လက်နက်ခြင်းယှဉ်ရရင်ဘယ်လိုနေမလဲမသိဘူး"
"အရှင်မင်းကြီးမြင်တာမမှားပါဘူး စစ်သူကြီးယွမ်ကသိုင်းလောကမှာဆို အဆင့်လွန်သိုင်းထိပ်သီးအဆင့်ကိုရောက်နေပြီ ဒါပေမယ့် ချိုးယီကိုသေချာကြည့်လိုက်ရင် အစကနေအဆုံးထိ စစ်သူကြီးယွမ်ရဲ့တိုက်ခိုက်မှုတွေကိုတိတိကျကျနဲ့ခုခံပြီးပြန်လည်တိုက်ခိုက်နေတာ ကြည့်ရတာ ချိုးယီကလုံးဝကို အားကုန်မထုတ်ဘဲတိုက်ခိုက်နေတာ ကျွန်တော်မျိုးထင်တာမှန်ရင် နောက်သုံးကွက်အတွက်အတွင်းစစ်သူကြီးယွမ်ရှုံးလိမ်မယ်"
ရွယ်ဝူဟန်၏သုံးသပ်ချက်ကိုကြားပြီးနောက် ရွယ်မင်မှာ ချိုးယီ၏လျှို့ဝှက်ထားသောအစွမ်းအများကိုလုံးဝမသိမြင်နိုင်သလိုခံစားလိုက်ရသည်။ စင်မြင့်ပေါ်တွင် ချိုးယီသည် စစ်သူကြီးယွမ်၏ အလျားလိုက်ပိုင်းဖြတ်မှုကို နောက်ဂျွမ်းထိုး၍ရှောင်ရှားလိုက်သည်။ ထို့နောက်ချိုးယီလေထဲကမကျခင် ဘယ်လက်ဝါးအားဆန့်ထုတ်ကာ လေထုအားရိုက်ချလိုက်သည်။
"ဖုန်း...."
ပြင်းထန်လှသော အတွင်းအားအဟုန်အား စစ်သူကြီးယွမ် လှံဓားသွားဖြင့်ခုခံကာကွယ်လိုက်ပြီး သူ၏ခြေထောက်သည် တရွတ်တိုက်နောက်သို့ သုံးမီတာခန့်ဆုတ်ခွာလိုက်သည်။စစ်သူကြီးယွမ်၏မျက်နှာသည်အလွန်တည်ကြည်နေပြီး လေးလေးနက်နက်ရေရွတ်လိုက်သည်။
"ဒီအတွင်းအား...အရမ်းပြင်းထန်လွန်းတယ်"
............................
ပြီး...