← Chapters

အရှင်မင်းကြီးရဲ့သမီးတော်ကိုမေးကြည့်လိုက်ပါ

Vol. 9 Ch. 101

အရှင်မင်းကြီးရဲ့သမီးတော်ကိုမေးကြည့်လိုက်ပါ

Vol. 9 Ch. 101

ချိုးယီ ထိုအချိန်အား အခွင့်ကောင်းယူ၍ လေပေါ်သို့မြင့်မြင့်ခုန်တက်လိုက်ပြီး ခန္ဓာကိုယ်အား မြေပြင်ပေါ်သို့ ဇောက်ထိုးလှန်လိုက်သည်။

"ပြန့်ကားနေသောလေညင်း အဆင့်နှစ် တောင်အရပ်သို့တိုက်ခတ်နေသော လေနုအေး"

ချိုးယီ တီးတိုးရေရွတ်လိုက်သည်။ စစ်သူကြီးယွမ်​၏ အမြင်တွင် ချိုးယီသည် လေပေါ်သို့ခုန်တက်သွားပြီးနောက် ချိုးယီ​၏ ခန္ဓာကိုယ်သည် လေ​၏အလျင်ဖြင့် သူ့ဆီသို့ဦးတည်လာသည်ကို သတ်ထားမိလိုက်သည်။

ယခုမှရှောင်လျှင် အချိန်နှောင်းသွားလေပြီ။ ချိုးယီလေပါ်မှ မျက်စိဖြင့် မြင်ရန်ခဲယဉ်းသော အရှိန်ဖြင့် ဇောက်ထိုးဆင်းလာပြီးနောက် မျက်တောင်တစ်ခတ်အတွင်း စစ်သူကြီးယွမ်​၏ ကျောအနောက်ဘက်သို့ ရောက်ရှိနေပြီးဖြစ်သည်။ စစ်သူကြီးယွမ် ဘာမှပင် လုပ်ချိန်မရလိုက်ပေ။

အကြောင်းမှာ ချိုးယီ​၏ ယပ်တောင်သည် သူ့လည်ဂုတ်ပေါ် ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။ အကယ်၍ ချိုးယီသာ သတ်ချင်လျှင် စစ်သူကြီးယွမ်မသေလျှင်တောင် ဒဏ်ရာအပြင်းအထန် ရနေလောက်ချေသည်။

စစ်သူကြီးယွမ် သက်ပျင်းချ၍ ပြောလိုက်သည်။ 

"မင်းတို့လူငယ်တွေရဲ့ခေတ် ဒီလောက်မြန်မြန်ကြီး ရောက်လာလိမ့်မယ်လို့ ဒီအဖိုးကြီးကမထင်ထားဘူး"

"တကယ်ကိုငါတို့ခေတ်လွန်ခဲ့ပြီဘဲ"

ပွဲကြည့်စင်ပေါ်မှ မြောက်ပိုင်းစစ်သူကြီးဟူ လည်းဘဲ သက်ပျင်းချ၍ ရေရွတ်လိုက်လေသည်။ ချိုးယီ ယပ်တောင်အား ပြန်သိမ်းလိုက်ပြီး စစ်သူကြီးယွမ်အား ဂါရဝပြုလိုက်သည်။

"မခံယူဝံ့ပါဘူးဗျာ ကျွန်တော်က စစ်သူကြီးယွမ်ကို ကံကောင်းပြီး နှာတဖျားအသာနဲ့ နိုင်သွားရုံပါ"

"ဟားဟားဟား သေချာတာပေါ့ကွာ မင်းငါ့ကို ကံကောင်းပြီး နိုင်သွားရုံပါ"

စစ်သူကြီးယွမ်​၏ စကားကြောင့် ချိုးယီ ပြောစရာစကားပင်ပျောက်သွားလေသည်။ချိုးယီ ခေါင်းခါရမ်းလိုက်လေသည်။

'ဒီအဖိုးကြီး တော်တော်အရှက်မရှိတာဘဲ'

"အရှင်မင်းကြီး ဒီကောင်လေးရဲ့ သိုင်းပညာက အရမ်းမြင့်လွန်းတယ် ကျွန်တော်မျိုးကလွဲရင် ဒီမှာရှိတဲ့လူတိုင်းထက်ကို မြင့်တယ်"

ရွယ်ဝူဟန် တောက်ပသော အကြည့်များဖြင့် လက်နှစ်ဖက် နောက်ပစ်ကာ ပြောလိုက်သည်။ ဧကရာဇ်ရွယ်မင် လေးနက်စွာပြောလိုက်သည်။

"ဒီယီချိုး အဲ့လောက်အရွယ်လေးနဲ့ ဘာလို့သိုင်းပညာ မြင့်မားနေရတာလဲ"

နှစ်ယောက်လုံး တိတ်ဆိတ်သွားလေသည် အမှန်အတိုင်းပြောရရင် ရွယ်ဝူဟန် မခံချိမခံသာပင် ခံစားလိုက်ရသည်။

'ငါ သိုင်းထိပ်သီး အဆင့်ကိုဝင်တော့ အသက် သုံးဆယ့်ခြောက်လောက်ရှိပြီ ဒင်းတို့က ဒီလောက်အသက်အရွယ်လေးနဲ့ ဒီအဆင့်ထိရောက်နေတာ အခုထိ သိုင်းထိပ်သီး မဖြစ်သေးတဲ့ အဘိုးကြီးတွေကိုသနားကြစမ်းပါကွာ'

ရွယ်ဝူဟန် တစ်စုံတစ်ခုအား စဉ်းစားမိလိုက်ပြီး...

"အရှင်မင်းကြီးရဲ့ ဒုတိယသမီးကို မေးကြည့်သင့်တယ် သူပြောပြလိမ့်မယ်"

"ဟမ် ငါ့သမီးတော်က ယီချိုးနဲ့ ဘယ်တုန်းက သိသွားတာလဲ"

သို့သော် ရွယ်ဝူဟန်မှာ ပြုံး၍သာနေပြီး ရွယ်မင်အား ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီးရဲ့ သမီးတော်ကို ကိုကိုယ်တိုင်မေးကြည့်ရင် သိပါလိမ့်မယ်"

"ကောင်းပြီလေ ကိစ္စတွေအားလုံး ပြီးသွားရင် ကိုယ်တော် မေးကြည့်လိုက်မယ်"

ထိုအချိန် အမတ်ကြီးတစ်ယောက်သည် ဧကရာဇ်ရွယ်မင်​၏ ရှေ့သို့ရောက်ရှိလာပြီး ဦးညွတ်ကာပြောလိုက်သည်။

"အရှင်မင်းကြီး မင်းသားကြီးနန်ရှီ ပြန်ရောက်လာပါပြီ"

မင်းသားကြီး နန်ရှီဟု အသံကြားသည်နှင့် တစ်ပြိုင်နက် ဧကရာဇ်ရွယ်မင် ပျော် ရွင်သွားလေသည်။ အကြောင်းမှာ မင်းသားရွယ်ယန်ဟောက် ခေါ် ဘွဲ့ရာထူးရမင်းသားကြီးနန်ရှီ ကြောင့်သာလျှင် ယခူထိသူ​၏ ပလ္လင်မြဲနေခြင်းဖြစ်သည်။

"ညီတော်ပြန်လာပြီလား မြန်မြန်သွားခေါ်လိုက် အခု"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"

ထိုအမတ်ကြီး ထွက်သွားပြီးနောက် ရွယ်မင် ကွင်းတစ်နေရာရှိ ထိုင်ခုံတွင်ထိုင်နေသော ရွှေတံဆိပ်တော်အမတ်မင်းအား ကျဉ်းမြောင်းစွာကြည့်လိုက်ပြီး..

"ဒီအမတ် ဘာတွေကြံနေတာလဲဆိုတာ တကယ်ခန့်မှန်းရခတ်တာဘဲ"

ရွယ်ဝူဟန်ပင် ရွှေတံဆိပ်တော်အမတ်မင်းအား လေးနက်စွာကြည့်လိုက်ပြီး အခြားတစ်ဖက်သို့ ခေါင်းလှည့် လိုက်လေသည်။ ရွှေတံဆိပ်တော်အမတ်မင်းတို့ ဘက်တွင် ရလဒ်မှာ ကြိုသိနေသည့်အလား တည်ငြိမ်စွာ ရှိနေလေသည်။ အမှောင်ခန်းမ​၏ နောက်ဆုံး သတင်းစကားအရ အမှောင်ရိပ်က ချိုးယီ​၏ သတင်းများကို ဆက်ပြီးမစုံစမ်းတော့ ဟူ၍ပင်။ ဤအချက်အား ကြည့်ခြင်းဖြင့် ချိုးယီမှာ အမှောင်ရိပ် အဖွဲ့ကပင် သတိထားနေရလောက်အောင် သိုင်းပညာမြင့်မားကြောင်း သိသာပေသည်။

"နောက်ထပ် ကျားစေ့တစ်စေ့ ထပ်ရွေ့ရတော့မယ့် အချိန်ရောက်လာပြီဘဲ"

ရွှေတံဆိပ်တော်အမတ်မင်း လက်ဖက်ရည် တစ်ခွက်အား အရသာခံ၍ သောက်သုံးရင်းပြောလိုက်သည်။

တစ်ဖက်တွင် ချိုးယီသည် ဧကရာဇ်ရွယ်မင်ဘက်သို့ လှည့်၍ ဂါရဝပြုလိုက်သည်။ ထို့နောက် အမတ်ကြီးယန်ဘက်သို့လှည့်၍

"ဒီကအမတ်ကြီး ကကျုပ်ရဲ့သိုင်းပညာကို ဘယ်လိုမြင်ပါသလဲ ဒီလောက်ဆို တိမ်ကြားဓားပြ အဖွဲ့အစည်းကို ရန်စဖို့ လုံလောက်ပါရဲ့လား"

ချိုးယီ နူးညံ့သော အပြုံးဖြင့်ပြောလိုက်သည်။ သို့သော် အားလုံး​၏ အမြင်တွင် ချိုးယီသည် စကာူလှလှဖြင့် အရွဲ့တိုက်နေမှန်းသိသာသည်။ သူပြောချင်သည့်ဆိုလိုရင်းအဓိပ္ပာယ်မှာ

"မင်းတွေ့လား မင်းမျက်လုံးနဲ့သေချာကြည့် ငါ့သိုင်းပညာအဆင့်နဲ့ တိမ်ကြားဓားပြတစ်ဖွဲ့လုံးကိုဖျက်စီးနိုင်တဲ့စွမ်းရည်ရှိတယ်"ဟူ၍ပင်။

အမတ်ကြီးယန် မှာရုပ်ဆိုးသွားသော်လည်း ဘာမှပြန်မပြောနိုင်ခဲ့ပေ။ အမှန်တကယ်လည်း ချိုးယီသိုင်းပညာ အလွန်မြင့်မားကြောင်းကို သူမငြင်းနိုင်ခဲ့ပေ။ သူ့အောက်က ရှိသမျှ သိုင်းသမားတွေအကုန်ပေါင်းတိုက်လျှင်ပင် နိုင်ချင်မှနိုင်ပေလိမ့်မည်။

အခြေအနေမဟန်မှန်းသိ၍ ဧကရာဇ်ရွယ်မင် ကြားဖြတ်ပြောလိုက်လေသည်။

"ကောင်းပြီ ဟားဟားဟား မောင်မင်းရဲ့သိုင်းပညာက လူတွေပြောကြသလိုဘဲ အဆင့်အမြင့်ဆုံး အဆင့်ကိုနီးနေပြီဘဲ"

"ကိုယ်တော့်တိုင်းပြည်မှာ မောင်မင်းလို လူတစ်ယောက်ရှိနေတာ ကိုယ်တော်တစ်ကယ် ဝမ်းသာမိတယ်"

"ဟားဟား အရှင်မင်းကြီးက မြှောက်နေပြန်ပါပြီ ကျွန်တော့်ထက်သာတဲ့သူတွေ သိုင်းလောကမှာ တစ်ပုံကြီးရှိပါသေးတယ်ဗျာ မခံယူဝံ့ပါဘူး မခံယူဝံ့ပါဘူး"

ချိုးယိ ခေါင်းခါရမ်း၍ ပြောလိုက်သည်။ ရွယ်မင် အကျယ်ကြီး အော်ရယ် လိုက်ပြီး...

"ကောင်းပြီ အရေးကြီးတဲ့ လူတစ်ယောက်ရောက်တော့မယ် မြန်မြန် ညီလာခံ ပြန်စကြမယ်"

ထို့နောက် ရွယ်မင် ဝတ်ရုံစအားဝေ့ရမ်းကာ ပြောလိုက်ပြီး ညီလာခံ ခန်းမဆီသို့ လျှောက်သွားလိုက်သည်။ နောက်မှ ရွယ်ဝူဟန်လည်း ချိုးယီကို ပြုံးကာ ခေါင့်ငြိမ့်ပြလိုက်ပြီး ရွယ်မင်နောက်သို့ လိုက်သွားလိုက်သည်။

ကျန်အမတ်များမှာလည်း ၎င်းတို့နေရာမှ ချက်ချင်းထလိုက်ပြီး ခန်းမဆီသို့ သွားကြလေတော့သည်။ ချိုးယီ​၏ ဘေးမှ စစ်သူကြီးယွမ်က ချိုးယိအား ပုခုံးပုတ်လိုက်ပြီး..

"ငါတို့လဲသွားကြတာပေါ့ကွာ ကြည့်ရတာ အရှင်မင်းကြီးရဲ့ ညီတော် ပြန်ရောက်နေပုံဘဲ"

ချိုးယီ အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း..

"ကောင်းပါပြီ ကျွန်တော်တို့ သွားကြတာပေါ့"

.........................

ပြီး...

All Chapters