← Chapters

ကျွန်မနာမည်ကဟယ်ရှီးယွင်ပါ

Vol. 9 Ch. 102

ကျွန်မနာမည်ကဟယ်ရှီးယွင်ပါ

Vol. 9 Ch. 102

"မင်းသားကြီး ရှီနန်အခစား ဝင်ပါတယ်"

နက်နဲသော အသံတစ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ညီလာခံအတွင်းရှိ လူများအားလုံးကို တိတ်တဆိတ် ဆွေးနွေးမှုဖြစ်စေခဲ့သည်။

"ပြန်လာတာ မြန်လိုက်တာ မင်းသားကြီးနန်ရှီက တာ့ဟွမ်ကိုတောင် ရောက်ခဲ့လို့လား"

"ဒီအတိုင်း လှည့်ပြန်လာတာ ဖြစ်လိမ့်မယ်"

မင်းသား ရွယ်ယန်ဟောက်သည် ညီလာခံထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာပြီး ဧကရာဇ်ရွယ်မင်အား လက်နှစ်ဖက်ယှက်ကာ ဦးညွတ်လိုက်သည်။

"ကျွန်တော်မျိုး ပြန်လာပါပြီ အရှင်မင်းကြီး"

"ဟားဟားဟား ကောင်းတယ် ကောင်းတယ် တာ့ဟွမ်အင်ပါယာနဲ့ ဆွေးနွေးတာရော ဘယ်လိုနေလဲ"

ဧကရာဇ်ရွယ်မင် ခုံပေါ်မှ ငေါက်ကနဲထထိုင်၍ မေးလိုက်လေသည်။ မင်းသားရွယ်ယန်ဟောက် ​၏မျက်နှာသည် စိတ်ပျက်မှုများ အထင်းသား ထွက်ပေါ်နေပြီး..

"ကျွန်တော်မျိုး အသုံးမကျလို့ ပြန်မတောင်းနိုင်ခဲ့ပါဘူး အရှင်မင်းကြီး"

ဧကရာဇ်ရွယ်မင်​၏ ခန္ဓာကိုယ်သည် ချက်ချင်း နောက်သို့ လျောကျသွားပြီး သူခန့်မှန်းထားသည့်အတိုင်းပင်။

"ကိုယ်တော် ထင်ပြီးသားပါ လက်ထဲရောက်နေတဲ့ ရွှေထုတ်စက်ကြီးတွေကို ဘယ်သူက လက်လွတ် ချင်မှာလဲ"

အမတ်များ အားလုံး သက်ပျင်းချလိုက်ကြသည်။ သို့သော် ရွှေတံဆိပ်တော်အမတ်မင်းမှာ ရှေ့ထွက်လာပြီး..

"အရှင်မင်းကြီး ဒီကိစ္စဒီတိုင်းထားလိုက်လို့ မဖြစ်ပါဘူး ဘယ်လိုနေနေ ရွှေတွင်းကြီး နှစ်တွင်းဟာ ကျွန်တော်မျိုးတို့ တာ့ယွမ်ရဲ့ ပိုင်နက်မှာပါ ရအောင်ပြန်ယူရပါမယ်"

"အို..အမတ်မင်းမှာ အကြံရှိလို့လား"

ဧကရာဇ်ရွယ်မင် စိတ်ဝင်တစား မေးလိုက်သည်။ ရွှေတံဆိပ်တော် အမတ်မင်း ဦးညွတ်လိုက်ပြီး

"အမှန်ပါဘဲ ကျွန်တော်မျိုး အကြံပေးရရင် အိမ်ရှေ့စံမင်းသားနဲ့ ကျွန်တော်မျိုးတို့ တော်ဝင်နန်းတော်ရဲ့ ဂုဏ်ကျက်သရေဖြစ်တဲ့ ပန်းချီဓားအရှင်ကို စေလွတ်သင့်ပါတယ် အရှင်မင်းကြီး"

အခွန်တော်အမတ်မင်း ၊ဘဏ္ဍာရေးအမတ်မင်း၊အမတ်ကြီးယန် အပါအဝင် ညီလာခံ​၏ အမတ်တစ်ဝက်ကျော်လောက်က ချက်ချင်း လက်နှစ်ဖက်အားယှက်၍ တစ်ညီတည်းပြောလိုက်ကြသည်။

"ကျွန်တော်မျိုးတို့ရဲ့ နယ်မြေကို တစ်စိုးတစ်စိမှ အပါမခံနိုင်ပါဘူး အိမ်ရှေ့စံ နဲ့ ပန်းချီဓားအရှင်ကို စေလွတ်ပေးပါ"

"ကျွန်တော်မျိုးတို့ရဲ့ နယ်မြေကို တစ်စိုးတစ်စိမှ အပါမခံနိုင်ပါဘူး အိမ်ရှေ့စံ နဲ့ ပန်းချီဓားအရှင်ကို စေလွတ်ပေးပါ"

ထိုအချိန် မင်းသားရွယ်ယန်ဟောက် ခေါ် မင်းသားကြီးနန်ရှီ​၏ မျက်နှာသည် ချက်ချင်းမဲမှောင်သွားပြီး

"မဖြစ်နိုင်ဘူး သခင်ရွယ်ဝူဟန်က အရှင်မင်းကြီးရဲ့ ဒုတိယအရိပ်ဘဲ အမတ်မင်းတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ အရှင်မင်းကြီးကို အကာကွယ်မဲ့ စေချင်နေတာလား"

တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး မည်သူမှ ခေါင်းမဖော်ရဲကြတော့ပေ။ ထို့အပြင် ၎င်းတို့မှာ ရွှေတံဆိပ်တော် အမတ်မင်းကိုလဲ မလွန်ဆန်နိုင်ပေ။

ချိုးယီသည် အဖြစ်အပျက်အားလုံးကို ဘေးမှစောင့်ကြည့် နေခဲ့သည်။

ဧကရာဇ်ရွယ်မင် ကိုယ်တိုင်လည်း ရွှေတံဆိပ်တော် အမတ်မင်းကို စိမ်းဝါးစွာကြည့်လိုက်မိသည်။

'ဒင်းတို့က ငါကိုယ်တော်ရဲ့ အရိပ်ကို ဖယ်ထုတ်ချင်ကြတယ်ပေါ့ ဟုတ်စ'

ပန်းချီဓားအရှင် ရွယ်ဝူဟန်ပင် ၎င်းတို့​၏ အကြံကြီးပုံကြောင့် ပြုံးမိသွားလေသည်။ သို့သော် သူစိတ်မပူပေ။ သူမသည် ခရီးမှပြန်ရောက်နေပြီ ဖြစ်သောကြောင့်ပင်။ ရွယ်ဝူဟန် ရွယ်မင်နားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

"စိတ်မပူပါနဲ့ အရှင်မင်းကြီး ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် အစီအစဉ်ရှိပါတယ်"

ရွယ်ဝူဟန်​၏ စကားကြောင့် ရွယ်မင် ခေါင်းငြိမ့်လိုက်သည်။ ရွယ်ဝူဟန် အမတ်များထံသို့ ကြည့်၍ ကျယ်လောင်စွာ ပြောလိုက်သည်။

"ကောင်းပြီ ကျုပ်အိမ်ရှေ့စံနဲ့ လိုက်သွားမယ်"

"ဒါပေမယ့် အရှင်မင်းကြီးကို ကျုပ်အစား ကာကွယ်ဖို့ တစ်ယောက်လိုတယ်" 

ရွယ်ဝူဟန်​၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရွှေတံဆိပ်တော်အမတ်မင်း ​၏မျက်နှာ၌ အပြုံးတစ်ခု ခိုတွဲနေလေပြီ..

"အဲ့ကိစ္စအတွက် စိတ်မပူပါနဲ့ အရှင်မင်းကြီးကို ကာကွယ်ဖို့ကိစ္စအတွက် ကျုပ်မိတ်ဆွေ ထန်ရှောင်းကလုပ်ပါလိမ့်မယ်"

သူပြော၍ပြီးသည်နှင့် တစ်ပြိုင်နက် ညီလာခံခန်းမထဲသို့  လျှေက်ဝင်လာသော ပညာတော်သင်ဆန်ဆန် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်အား တွေ့လိုက်ရသည်။ အမှန်ပင် ထိုလူမှာ ထန်ရှောင်းဖြစ်လေသည်။ ထန်ရှောင်း ဧကရာဇ်ရွယ်မင် ​၏ရှေ့သို့သွားလိုက်ပြီး ဂါရဝပြု ဦးညွတ်လိုက်သည်။

"ဂါရဝပြုပါတယ် အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ လုံခြုံရေးကို ကျွန်တော်မျိုး တာဝန်ယူပါရစေ"

ဧကရာဇ်ရွယ်မင် ဘာစကားမှ မပြောသေးဘဲ ရွယ်ဝူဟန်အား ကြည့်လိုက်သည်။ ရွယ်ဝူဟန် ထန်ရှောင်းအား ပြုံး၍ပြောလိုက်သည်။

" အို သိုင်းလောကမှာ ကျော်ကြားလှတဲ့ ပြိုင်စံရှားသိုင်းသမားကြီး လက်နက်ပုန်းအရှင် ထန်ရှောင်းက ကိုယ်ရံတော် လုပ်ချင်နေတယ်ပေါ့ ဟားဟားဟား"

"တာ့ယွမ်ပြည်သား တစ်ယောက်အနေနဲ့ ကျုပ်က လုပ်သင့်တဲ့ အရာကိုလုပ်တာပါ"

ထန်ရှောင်း ရွယ်ဝူဟန်အား တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။ ရွယ်ဝူဟန် ခေါင်းခါရမ်းလိုက်ပြီး

"ခင်ဗျားရဲ့ စေသနာအတွက် ကျေးဇူးပါ ဒါပေမယ့်မလိုတော့ပါဘူး အရှင်မင်းကြီးရဲ့ ကိုယ်ရံတော် နေရာအတွက် ကျုပ်စီစဉ်ပြီးပါပြီ"

ထို့နောက် ရွယ်ဝူဟန် ဧကရာဇ်ရွယ်မင်အား ကြည့်၍ တီးတိုးသတိပေးလိုက်သည်။

"အရှင်မင်းကြီး အခုကနေစပြီး ညီလာခံထဲ ဘယ်သူဘဲဝင်လာဝင်လာ ထိတ်လန့်ပြီး သူ့နာမည်မထွက်မိပါစေနဲ့ မဟုတ်ရင် ကျွန်တော်မျိုးတို့ရဲ့ အစီအစဉ်တွေ အကုန် ပျက်စီးကုန်လိမ့်မယ်"

ဧကရာဇ်ရွယ်မင် ခေါင်းငြိမ့်လိုက်ပြီး အတော်ပဟေဋ္ဌိ ဖြစ်နေသည့်ပုံပင်။ ထိုအချိန် ရွယ်ဝူဟန် အမတ်များဆီသို့ကြည့်၍....

"ကောင်းပြီ အရှင်မင်းကြီးရဲ့ လုံခြုံရေးအတွက် ကျုပ်ရဲ့ တပည့်မက တာဝန်ယူပါလိမ့်မယ်"

"ဖြောင်း...ဖြောင်း"

ပြောပြီးသည်နှင့် ရွယ်ဝူဟန် လက်ခုပ်တီးလိုက်သည်။

"ကျွန်မဆရာအစား အရှင်မင်းကြီးအတွက် ကျွန်တော်မျိုးမ အရိပ်ဖြစ်ပေးပါရစေ"

နူးညံ့၍သန်မာသော မိန်းကလေးတစ်ယောက်​၏ အသံ တစ်သံသည် ညီလာခံခန်းမ​၏ တံခါးဝမှ ထွက်ပေါ်လာခဲ့လေသည်။ အမတ်မင်းနှင့် ဧကရာဇ် ကိုယ်တိုင်ပင် အံ့ဩတကြီးဖြင့် အပေါက်ဝအား လှမ်းကြည့်လိုက်ကြသည်။

"ဒီအသံရင်းနှီးနေသလိုဘဲ"  

ဧကရာဇ်ရွယ်မင် တီးတိုးရေရွတ်လိုက်သည်။ ချိုးယီ ထိုအသံကိုကြားသောအခါ မျက်ခုံးပင့်၍ ရေရွတ်လိုက်သည်။

"သူဒီမှာ ဘာလုပ်နေတာလဲ"

ညီလာခံ ခန်းမ ထဲသို့ဝင်လာသော သူမှာ အခြားလူမဟုတ်ပေ။ ငါးပြည်ထောင်​၏ လောကနံပတ်တစ် မိန်းပျိုဟု တင်စားကြသော ဟယ်ရှီယွင်ပင်ဖြစ်ပေတော့သည်။ မင်းသားကြီးနန်ရှီလဲ ထိတ်လန့်သွားလေသည်။ 

"ဒါ...ဒါ ဒုတိယ တူမတော်ရဲ့ အသံမဟုတ်ဘူးလား"

စွတ်စွတ်ဖြူနေသော ကြိုးကြာဖြူ ပိုးသားလွာ ဝတ်စုံဖြင့် ဝင်လာသော ဟယ်ရှီးယွင်မှာ ညီလာခံခန်းမ​၏ အကြည့်များအားလုံးကို ဖမ်းစားထားလေသည်။ သူမ​၏ ကြော့ရှင်းစွာ လှပနေမှုသည် နန်းဆန်သော ဧကရီများ​၏ အလှထက်ပင် သာလွန်လေသည်။ ဆံပင်အား သပ်သပ်ရပ်ရပ် စီးတင်ထားပြီး ဘေးနှစ်ဖက်မှ ရှည်လျားသော ဆံမြတ်နှစ်ဖက်သည် ဘေးနှစ်ဖက်သို့ ဝဲကျနေခဲ့သည်။ သူမ​၏ ချယ်ရီရောင် နှုတ်ခမ်းသားများသည် ဆယ်ကျော်သက် ကောင်လေးများစွာအား ရင်တစ်ဒိတ်ဒိတ်ခုန်အောင် ပြုလုပ်နိုင်သည်အထိပင်။ ဝတ်ရုံဖြူအောက်မှ ခန္ဓာကိုယ်အချိုးအစားသည် ပြေပျစ်၍ ငါးရှည့် ကိုယ်လုံးလေးကဲ့သို့ပင်။

ချိုးယီတောင် မနေနိုင်ဘဲ ငေးကြည့်မိသွားလေသည်။

'သတ္တလောကရဲ့ အလှတရားတစ်ခုပါလား'

အားလုံး​၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုသာ ရှိလေသည်။ ဧကရာဇ်ရွယ်မင်နှင့် ရွယ်ယန်ဟောက်မှာ မျက်လုံးအပြူးသားဖြင့် ဟယ်ရှီးယွင်အား ကြည့်လိုက်သည်။ 

'ဒုတိယသမီးတော်'

'ဒုတိယမင်းသမီး'

ရွှေတံဆိပ်တော် အမတ်မင်းမှာ ဟယ်ရှီးယွင်အား ကြည့်၍ ရယ်မောစွာပြောလိုက်သည်။

"ဒါနဲ့အမိက"

"ကျွန်မ နာမည်က ဟယ်ရှီးယွင်ပါ"

"ဟယ်ရှီးယွင်..."

"ငါးပြည်ထောင်ရဲ့ လောကနံပတ်တစ် မိန်းမပျို..."

........................

"ပြီး..."

All Chapters