← Chapters

ယဲ့အိမ်တော်ကိုစုံစမ်းစစ်ဆေးကြစေ

Vol. 9 Ch. 104

ယဲ့အိမ်တော်ကိုစုံစမ်းစစ်ဆေးကြစေ

Vol. 9 Ch. 104

အမတ်ကြီးဝမ် သေဆုံးသွားချေပြီ။....

ညီလာခံ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ကြောက်စရာကောင်းလောက်အောင် လေတိုးသံသာ ထွက်ပေါ်နေခဲ့သည်။ ဧကရာဇ်ရွယ်မင်သည်ပင်လျှင် အေးခဲသွားပြီး တိတ်ဆိတ်သွားခဲ့သည်။ အချိန်အတော်ကြာပြီးမှ ဧကရာဇ်ရွယ်မင်​၏ အားနည်းနေသော အသံထွက်ပေါ်လာခဲ့သည်။

"သူဘယ်လိုသေ သွားတာလဲ"

"လုပ်ကြံခံရတာပါ အရှင်မင်းကြီး"

"ဘုန်း..."

ရွှေတံဆိပ်တော်အမတ်မင်း​၏ စကားဆုံးသည်နှင့် ဧကရာဇ်ရွယ်မင်​၏ ပလ္လင်လက်တင်ခုံကို ထုရိုက်သည့်အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"အတင့်ရဲလိုက်တာ အင်ပါယာ မြို့တော်မှာ ဘယ်သူ ကအဲ့လောက် သတ္တိတွေရှိနေတာလဲ တော်ဝင်ရုံးတော်က အမတ်ကြီးကိုတောင် လုပ်ကြံရဲတယ်"

အမတ်များအားလုံး ဧကရာဇ်ရွယ်မင်​၏ ဒေါသကို ခံစားမိ၍ ခေါင်းငုံ့၍ တိတ်တဆိတ်သာ နေလိုက်ကြသည်။ အရှင်မင်းကြီး​၏ ဒေါသ ၎င်းတို့ဆီလှည့်လာမှာကို မလိုလားကြပေ။ အောက်မှ မင်းသားကြီးနန်ရှီ​၏ မျက်နှာသည် တင်းကြပ်နေပြီး ပေါက်ကွဲတော့မည့် မီးအိုးတစ်လုံးလိုပင်။

အောက်ဘက်မှ ချိုးယီနှင့် ဟယ်ရှီးယွင်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ အမတ်ကြီးဝမ် လုပ်ကြံခံရသည့် ၎င်းတို့နှစ်ယောက် ရှိနေသည်မဟုတ်လော။ အချိန်အတော်ကြာမှ ဧကရာဇ်ရွယ်မင် တည်ငြိမ်သွားပြီး ရွှေတံဆိပ်တော်အမတ်မင်းအား ကြည့်၍ တည်ငြိမ်စွာမေးလိုက်သည်။

"ဘယ်သူလုပ်တာလဲ စုံစမ်းလို့ရခဲ့ပြီလား"

ရွှေတံဆိပ်တော်အမတ်မင်း သနားဟန်ဖြင့် ခေါင်းခါရမ်းလိုက်ပြီး....

"မတွေ့သေးပါဘူး အရှင်မင်းကြီး ဒါပေမယ့် အမတ်ကြီးဝမ်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တဲ့အခါ သူ့လည်ဂုတ်မှာ အလွန်သေးငယ်တဲ့ အပ်တစ်ချောင်း စိုက်ဝင်နေတာ တွေ့ရပါတယ်"

"အပ်ရဲ့ ဇာစ်မြစ်ကို လိုက်ပြီးပြီလား"

ဘာသက်သေမှ ရေရေရာရာ ရှာမတွေ့သောကြောင့် ဧကရာဇ်ရွယ်မင်​၏ မျက်နှာကြီး ချက်ချင်း ရှုံ့မဲ့သွားလေသည်။ ဧကရာဇ်ဘေးမှ ရွယ်ဝူဟန် ရွှေတံဆိပ်တော်အမတ်မင်းအား စိုက်ကြည့်၍ ပြောလိုက်သည်။

"အဲ့ဒီအပ်ကိုယူခဲ့ပေးပါ သိုင်းလောကမှာ ထင်ရှားတဲ့ လက်နက်ပညာရှင်တွေကို ကျုပ်သိတယ် ကျုပ်ကြည့်ကြည့်မယ်"

"မှန်တယ် ရွယ်ဝူဟန်က သိုင်းလောကမှာ ဩဇာကြီးတဲ့သူဘဲ အရာအားလုံးကိုကြုံတွေ့ဖူးတယ် ယူလာပါ သက်သေတွေပစ္စည်းတွေကို"

ရွှေတံဆိပ်တော် အမတ်မင်း ခေါင်းငြိမ့်လိုက်ပြီး တစ်စုံတစ်ယောက်အား သွားယူခိုင်းလိုက်သည်။ ထိုအချိန် ချိုးယီနှင့် ဟယ်ရှီးယွင်သည် ဘေးမှစိတ်ဝင်တစားကြည့်ရှုနေကြသည်။ ဟယ်ရှီးယွင် သူမရာအားကြည့်လိုက်သည်။

'ဆရာဆိုရင် အပ်ကိုတွေ့တာနဲ့ ဘယ်သူတွေလုပ်မှန်း တန်းသိမှာဘဲ'

မကြာပေ အဖြူရောင်ပိတ်စထူထူဗန်းဖြင့် တင်ထားသည့် အပ်သေးလေး တစ်ချောင်းအား အားလုံးတွေ့လိုက်ရသည်။ ရွှေတံဆိပ်တော်အမတ်မင်းထို ဗန်းအားယူ၍ ဧကရာဇ်ရွယ်မင်အား ဆက်သလိုက်သည်။

"ဒီမှာပါ အရှင်မင်းကြီး"

ဧကရာဇ်ရွယ်မင် ခေါင်းငြိမ့်လိုက်သောအခါ အမတ်ငယ်တစ်ယောက်သည် ထိုဗန်းအား ဧကရာဇ်ရွယ်မင်ဆီသို့ ယူသွားပေးလိုက်သည်။ ဧကရာဇ်ရွယ်မင် ယူခါနီးတွင် ရွှေတံဆိပ်တော်အမတ်မင်းက သတ်ပေးလိုက်သည်။

"ထိပ်ဖျားမှာ အဆိပ် အကြွင်းအကျန်တွေရှိနေပါသေးတယ် အရှင်မင်းကြီး ဂရုစိုက်ပါ"

ဧကရာဇ်ရွယ်မင် ခေါင်းငြိမ့်လိုက်ပြီး သူ​၏ဝတ်စုံအားပင့်တင်ကာ သေးငယ်သော အပ်အား အရင်းမှ ကိုင်လိုက်လေသည်။ ထို့နောက် သေချာစူးစမ်းကြည့်လိုက်သည်။ သို့သော် မည်မျှပင် ထူးခြားချက်ကိုရှာဖွေနေစေကာမူ မတွေ့နိုင်ခဲ့ချေ။ ရွယ်မင် ခေါင်းခါရမ်း၍ ရွယ်ဝူဟန်အား လှမ်းပေးလိုက်သည်။

ရွယ်ဝူဟန် အပ်ချောင်းအား ယူ၍စစ်ဆေးကြည့်လိုက်သည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်နေပြီး မည်သူမှ အသံမထွက်ကြပေ။ အချိန်တစ်ခုထိ ရွယ်ဝူဟန် စစ်ဆေးပြီးနောက်....

"ဘယ်သူသတ်တာလဲ ကျုပ်သိပြီ"

ရွယ်ဝူဟန်​၏ စကားကြောင့် နဂိုကတိတ်ဆိတ်နေသော ညီလာခံခန်းမကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ ဧကရာဇ်ရွယ်မင်ပင် ထိုင်မရထမရဖြစ်နေသော မျက်နှာထားဖြင့် မေးလာခဲ့သည်။

"ဘယ်သူလုပ်တာလဲ မြန်မြန်ပြောပါ"

ရွယ်ဝူဟန် မျက်နှာ မကောင်းတော့ပေ။ မည်သို့ပင် ဖြစ်စေ ထိုအဖွဲ့အစည်းမှာ အင်အားကြီးလှသည် မဟုတ်ပါလား။ ရွယ်ဝူဟန် ဖြည်းညင်းစွာပြောလိုက်သည်။

"အမှောင်ကျွန်းဆွယ်ပါ"

ချက်ချင်းပင် ရေခဲပုံးဖြင့်လောင်းချ ခံလိုက်ရသကဲ့သို့ ညီလာခံခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ဧကရာဇ်ရွယ်မင်အပါအဝင် အမတ်များ အားလုံး ထိတ်လန့်တုန်လှုပ်သွားလေသည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ ငါ့နန်းတော်က အမှောင်ကျွန်းဆွယ်နဲ့ တစ်ခါမှပြဿနာ မတက်ဖူးပါဘူး"

"အရှင်မင်းကြီး အမှောင်ကျွန်းဆွယ်ဆိုတာ အခကြေးငွေပေးရင် အကုန်လုံးကို သတ်ရဲတဲ့အဖွဲ့အစည်းပါ သူတို့အရင်က ဆရာကြီးကျန်းထိုက်ရှန်းကိုတောင် သတ်ဖို့ကြိုးစားခဲ့ကြသေးတယ်"

ညီလာခံခန်းမကြီး တစ်ဖန်တုန်လှုပ်သွားကြပြန်သည်။

'ဆရာကြီးကျန်းထိုက်ရှန်းလို တစ်ကမ္ဘာလုံးမှာ ပြိုင်ဘက်ကင်းလုနီးနီးဖြစ်နေတဲ့ သူကိုတောင် လုပ်ကြံရဲတယ် သူတို့ရူးနေကြတာများလား'

သို့သော် စကားအသွားအလာကို ကြည့်ခြင်းအားဖြင့် ၎င်းတို့လုပ်ကြံမှုမှာ လုံးဝမအောင်မြင်ခဲ့ကြောင်း အားလုံးသိသွားကြလေသည်။ အမှန်ပင် ဤမျှလောက် လက်ရဲဇက်ရဲရှိသော အဖွဲ့အစည်းသာဆိုလျှင် တော်ဝင်နန်းတော်ရှိလူတိုင်းအား ဂရုမစိုက်ဘဲ လုပ်ကြံနိုင်လေသည်။

ဧကရာဇ်ရွယ်မင် လေးနက်စွာ ပြောလိုက်သည်။

" အမှောင်ကျွန်းဆွယ်လို အဖွဲ့အစည်းကတော့ ပိုက်ဆံမရဘဲ အမတ်ကြီးတစ်ယောက်ကိုလုပ်ကြံမှာမဟုတ်ဘူး ဒီနှစ်တွေထဲ အမတ်ကြီးဝမ် ဘယ်သူတွေနဲ့ ရန်ငြိုးရှိခဲ့လဲ သေချာစုံစမ်းကြစမ်း"

ဧကရာဇ်ရွယ်မင် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အားလုံး အလုပ်ရှုပ်ကုန်ကြလေတော့သည်။

မကြာပေ အမတ်ကြီးများ တစ်ယောက်ပြီးတစ်ယောက် ထွက်၍လျှောက်တင် လာကြလေသည်။

"အရှင်မင်းကြီး အမတ်ကြီးဝမ်က တရားရုံးတော်အရာရှိ တုန်းရီစစ် နဲ့ကတောက်ကဆအနည်းငယ်ဖြစ်ခဲ့ဖူးပါတယ်"

"အရှင်မင်းကြီး အမတ်ကြီးဝမ်က ပြန်ကြားရေးအမတ်ကြီး ကော်မုယန် နဲ့လဲပြဿနာ အနည်းငယ်ဖူးပါတယ်"

"အရှင်မင်းကြီး အမတ်ကြီးဝမ်က သင်ကြားရေးအရာရှိခဲ့သန်းဟိုင် နဲ့လဲသင်ရိုးညွှန်းတမ်းကိစ္စနဲ့အငြင်းပွားဖူးပါတယ်"

အားလုံးတစ်လှည့်စီ လျှောက်တင်ပြီးနောက် ဧကရာဇ်ရွယ်မင် ခေါင်းငြိမ့်လိုက်သည်။ ထိုအချိန် ရွှေတံဆိပ်တော် အမတ်မင်း လျှောက်တင်လိုက်လေသည်။

"အရှင်မင်းကြီး လွန်ခဲ့တဲ့ နှစ်ဝက်လောက်က အမတ်ကြီးဝမ် နဲ့ ယဲ့အိမ်တော်တို့ ကြေးကြိုးလုပ်ငန်းကိစ္စနဲ့ အကြီးအကျယ် ပြဿနာတက်ခဲ့ကြပါတယ်"

ရွှေတံဆိပ်တော်အမတ်မင်း လျှောက်တင်လိုက်သောအခါ တစ်ခန်းလုံးတိတ်ဆိတ်သွားတော့သည်။

'ယဲ့အိမ်တော်'

"အမတ်မင်းပြောတာ သောကန်ပြည်နယ်က ယဲ့အိမ်တော်လား"

"မှန်လှပါအရှင်မင်းကြီး"

"ယဲ့အိမ်တော်က သောကန်ပြည်နယ်ရဲ့ စီးပွားရေး အသက်သွေးကြောတစ်ဝက်လောက်ကို ထိန်းချုပ်ထားတာမို့ စီးပွားရေးကိစ္စနဲ့ဆို ဆက်ဆက်ထိမခံပါဘူး"

"အရှင်မင်းကြီး အမတ်ကြီးဝမ်အတွက် သေချာစုံစမ်း စစ်ဆေးပေးပါ"

ရွှေတံဆိပ်တော်အမတ်မင်း လျှောက်တင်လိုက်သောအခါ အမတ်များအားလုံးသံယောင်လိုက်၍ လျှောက်တင်လိုက်ကြသည်။ အများစုမှာ အမတ်ကြီးဝမ်နှင့် ပြဿနာတက်ဖူးသော အမတ်များဖြစ်သည်။ ထိုကိစ္စ ၎င်းတို့ဘက်မလှည့်လာအောင် ယဲ့အိမ်တော်ကိုသာ အာရုံလွဲချရန်ကြိုးစားလိုက်ကြသည်။

"ယဲ့အိမ်တော်"

ချိုးယိ မျက်ခုံးပင့်လိုက်သည် နန်းတွင်းအရှုပ်အထွေးထဲတွင် သောကန်ပြည်နယ်မှ အိမ်တော်ကြီး များပင်ပါဝင်လာကြသည့်ပုံပင်။

ဧကရာဇ်ရွယ်မင် ခေါင်းငြိမ့်လိုက်ပြီး...

"ယဲ့အိမ်တော်ကို အမှောင်ကျွန်းဆွယ်နှင့် အဆက်သွယ်ရှိမရှိ စုံစမ်းစစ်ဆေးကြစေ အမိန့်တော်"

..........................

ပြီး...

All Chapters