မင်းသားတွေလား
Vol. 9 Ch. 106
မဟာသော လက်ရာမြောက်သည့် သစ်နွယ်ပန်းပု ဘောင်တစ်ခုတွင်....
"အဲ့ဒီတော့ ဘာကိစ္စကိုမှ ဝင်ပါလေ့မရှိတဲ့ရှင်က ချိုးအိမ်တော်ဘက်မှာ ရပ်တည်တော့မယ်ပေါ့"
ဟယ်ရှီးယွင် ထိုပန်းပုဘောင်အား မှီကာပြောလိုက်သည်။ ချိုးယီ လည်းထိုဘောင်တွင် လက်ထောက်လိုက်ပြီး
"ကျွန်တော်ဝင်မပါရင် တာ့ယွမ်ပြည်ထောင်က အတော်ရှုပ်ထွေးသွားမှာ စိုးတယ်"
"ဘယ်လို ရှင်ချိုးအိမ်တော်နဲ့ ပတ်သက်ပြီး မူမမှန်တာကို အားလုံးကရိပ်မိပေမယ့် ရှင့်ဂုဏ်သတင်းနဲ့ သိုင်းပညာကြောင့် ဘယ်သူမှအတင်းအကြပ် ထုတ်မမေးကြတာ"
"ကျွန်မကိုပြောပြပါ ချိုးအိမ်တော်က ဘာတွေထူးခြားချက် ရှိနေလို့လဲ"
ချိုးယီသက်ပျင်းချ၍ ဖြည်းညင်းစွာ ပြောလိုက်လေသည်။
"တောင်းပန်ပါတယ် ကျွန်တော်ပြောပြလို့မရဘူး အမှန်တကယ်ကို ဒီကိစ္စတွေသိရဖို့က သိုင်းလောကကြီးတစ်ခုလုံးမှာတောင် ဆရာကြီး ကျန်းထိုက်ရှန်းနဲ့ဆရာကြီး ချင်ဖုန်းတို့ကလွဲရင် ကျွန်တော်အပါအဝင် ဘယ်သူမှသိဖို့ အရည်အချင်းမရှိလို့ဘဲ"
"ဒါက အမှန်တကယ်ဘဲ ထိပ်သီးအဖြစ် သတ်မှတ်ခံရပြီး သိုင်းလောကမှာကျင်လည်နေတဲ့ ကျွန်တော်တို့လိုလူတွေကိုတောင် သိမ်ငယ်စေတယ် ပိုဆိုးတာက ကျွန်တော်တို့ရဲ့ မူလရည်မှန်းချက် ခံစားချက်နဲ့ အိမ်မက်တွေအပေါ်ကို အတော်သက်ရောက်မှု ရှိလိမ့်မယ်"
ချိုးယီ အတည်ပေါက်ကြီး ပြောနေတာကြောင့် ဟယ်ရှီးယွင်လည်း ခေါင်းငြိမ့်လိုက်ပြီး ပုံမှန်အတိုင်းပြောလိုက်လေသည်။
"အဆင်ပြေပါတယ် ပြောလို့မရဘူးဆိုလဲ မပြောနဲ့တော့နော်"
"ချိုးအိမ်တော်က ရှင့်လိုလူအတွက်တောင် ရပ်တည်ဖို့ ထိုက်တန်မှတော့ ဘယ်လိုဖြစ်ဖြစ် နောက်ပိုင်းမှာ သူတို့သေချာ ဂရုစိုက်ဖို့လိုပြီ အမတ်တွေနဲ့ ဧကရာဇ်က တောက်လျှောက် စောင့်ကြည့်တော့မှာ မို့လို့ဘဲ"
"ရပါတယ် ချိုးအိမ်တော်ကြီး တစ်ခုလုံးက အဲ့လောက်ထူးခြားနေတာမဟုတ်ပါဘူး တစ်ချို့အကြောင်းပြချက်တွေကြောင့် ပြောပြလို့မရတာပါ"
ချိုးယီ ရှေ့မှ လှပသောကြာကန်အား ကြည့်၍ ပြုံးနေသယောင်ဖြင့် ပြောလိုက်သည်။ ဟယ်ရှီးယွင် ချိုးယီ၏လူငယ်ဆန်သော မျက်နှာအားစိုက်ကြည့်နေမိသည်။ အချိန်အတန်ကြာမှ သတိဝင်လာပြီး မျက်နှာများ နီရဲလာပြီး မျက်နှာလွဲချလိုက်သည်။
'သေစမ်း ဘာလို့အရူးလို ကြည့်နေမိတာလဲ ငါ့ကိုထူးဆန်းတဲ့မိန်းမလို့ ထင်တော့မှာဘဲ'
ချိုးယီလည်း သူ့ကိုကြည့်နေရင်း ရုတ်တရက် မျက်နှာကြီး ရဲတွက်ကာ ခေါင်းလှည့်သွားသော ဟယ်ရှီးယွင်အား မျက်ခုံးပင့်၍ မေးလိုက်သည်။
"ဘာဖြစ်တာလဲ မိန်းကလေးဟယ်"
"ဘာမှမဖြစ်ပါဘူး ဒါနဲ့ ရှင်ကျွန်မကို မိန်းကလေးဟယ် မိန်းကလေးဟယ်နဲ့ ခေါ်နေတာ စိမ်းကားလွန်းတယ်"
ချိုးယီ၏ ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသားများ ပေါ်လာခဲ့သည်။
"မိန်းကလေးဟယ်လို့မခေါ်ရင် ဘယ်လိုခေါ်ရမှာလဲ နာမည်တိုက်ရိုက်"
"ကျွန်မက ရှင့်ထက် ခြောက်နှစ်လောက် ပိုကြီးတော့ ရှီးယွင်ကျဲ (အမရှီးယွင်) လို့ဘဲခေါ်ပေါ့ ကျွန်မက ရှင့်ကို ယီချိုးလို့ တိုက်ရိုက်ခေါ်မယ်လေ"
ချိုးယီ အနည်းငယ်စဉ်းစား၍ ပြောလိုက်သည်။ သူအတွက် လွတ်လွတိလပ်လပ် ခေါ်ဖို့က ပိုတောင်အဆင်ပြေသေးသည်။
"အဲ့တာလဲမဆိုးပါဘူး ဒါဆို ကျွန်တော် ရှီးယွင်ကျဲလို့ခေါ်မယ်"
"ကောင်းပြီလေ ရှင်ကတောင် ကျွန်မကို ရှီးယွင်ကျဲလို့ခေါ်နေမှတော့ လက်ဆောင်သေသေးလေး ပေးရသေးတာပေါ့"
ဟယ်ရှီးယွင် ညင်သာစွာရယ်မော၍ ပြောလိုက်သည်။ ထို့နောက် သူမခါးတွင် ချိတ်ထားသော အဖြူရောင် ကျောက်စိမ်းဆွဲသီးတံဆိပ်အား ချွတ်၍ပေးလိုက်သည်။
"ဒါကမုန့်ပြည်ထောင်မှာရခဲ့တဲ့ နှင်းခဲကျောက်စိမ်းဖြူဘဲ ဒီအတိုင်းအလှဆင်တဲ့ လက်ဝတ်ရတနာပစ္စည်းဆိုပေမယ့် လျှော့မတွက်နဲ့ ငါးပြည်ထောင်လုံးမှာ ဒီလိုကျောက်စမ်းဆွဲသီးမျိုး ကိုးခုဘဲရှိတယ်"
"ဒီလောက်တန်ဖိုးရှိတာကို ဘာလို့ကျွန်တော့်ကို လက်ဆောင်ပေးတာလဲ"
ချီးယီ ကျောက်စိမ်းဆွဲသီးအား ကိုင်၍မေးလိုက်သည်။ ဟယ်ရှီးယွင် အကြောဆန့်လိုက်ပြီး
"ဘာလို့လဲ အကြောင်းပြချက်လိုလို့လား ကျွန်မပေးချင်တဲ့သူကို ပေးမှာပေါ့"
ချိုးယီ သူမ၏ကောက်ကြောင်းများအား အချိန်အတန်ကြာ ကြည့်မိလိုက်ပြီးနောက် မျက်လုံးမှိတ်၍ မေးလိုက်သည်။
"ဟုတ်ပါပြီဗျာ ဒါနဲ့ညီလာခံမှာ ကျွန်တော့်ကို အကူအညီတောင်းမယ်ဆိုတဲ့ ကိစ္စကဘာကိစ္စမို့လို့လဲ"
"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး ရွှေတံဆိပ်တော် အမတ်မင်းက ကျွန်မဆရာကို တာ့ဟွမ်ပြည်ထောင်မှာ လုပ်ကြံမှာ သေချာသလောက်ဘဲ အခုလို ဆရာ့ကို အပြင်ခေါ်ထုတ်သွားရတဲ့ရည်ရွယ်ချက်ကလည်း သူ့ကိုလုပ်ကြံဖို့ဆိုတာ သိသာလွန်းတယ် ရွှေတံဆိပ်တော်အမတ်မင်းက ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ ရှင်ထင်လဲ"
ဟယ်ရှီးယွင် ခပ်ပါးပါးပြုံးကာ မေးခွန်းထုတ်လိုက်သည်။ ဟယ်ရှီးယွင်စကားများသည် ချိုးယီအား အတွေးနက်သွားစေသည်။ ချိုးယီမျက်မှောင်ကြုတ်၍ သူ့အတွေးများအားထုတ်ပြောလိုက်သည်။
"ပန်းချီဓားအရှင်ကို လုပ်ကြံဖို့ဆိုတာ သိုင်းလောကမှာ အမှောင်ရိပ်ကအစ အမှောင်ကျွန်းဆွယ်ကအဆုံး မလုပ်နိုင်တဲ့အရာဘဲ ရွှေတံဆိပ်တော်အမတ်မင်းက ဘာအားကိုးရှိလို့ သိုင်းရာဇာအဆင့်ကိုခြေတစ်လှမ်းလှမ်းနေတဲ့သူကို လုပ်ကြံနိုင်မှာလဲ ငါးပြည်ထောင်လုံးမှာ ပြိုင်ဘက်ကင်းတဲ့ပညာရှင်တွေရှိနေရင်တောင် ပန်းချီဓားအရှင်ကိုမဟုတ်ဘူး နောက်ဆုံးတော့လဲ တစ်လောကလုံးမှာ ဓားအရှင်ခုနှစ်ယောက်က အစွမ်းအထက်ဆုံးဘဲလို့သတ်မှတ်ထားကြတာ ပန်းချီဓားအရှင်ကလဲ ကြိုတင်မပြင်ဆင်ဘဲ သွားမယ်လို့သူတို့တကယ်ကြီးထင်နေတာတော့မဟုတ်ဘူးမို့လား"
ဟယ်ရှီးယွင်မှာ ချိုးယီ၏ အကဲဖြတ်ချက်များကို တိတ်ဆိတ်စွာနားထောင်နေသည်။ ချိုးယီဆက်ပြောလိုက်သည်။
"တကယ်ကို ရွှေတံဆိပ်တော်အမတ်မင်းက ဉာဏ်များလွန်းတယ် အင်ပါယာမြို့တော်ထဲမှာ ဧကရာဇ်မင်းကိုလဲ သူမလုပ်ကြံနိုင်ဘူး အရှင်မင်းကြီးမှာ လည်းသူ့အကာကွယ် ရပ်ဝန်းနဲ့သူရှိမယ်လို့ကျွန်တော်သေချာပေါက်ယုံကြည်တယ် ရှီးယွင်ကျဲသာ ကာကွယ်မယ်ဆို ထန်ရှောင်းကိုယ်တိုင် လုပ်ကြံရင်တောင် အောင်မြင်နိုင်ချေက သုညဘဲ ရွှေတံဆိပ်တော်အမတ်မင်း ကိုယ်တိုင်လဲ အဲ့လောက်ရဲတင်း နိုင်မှာမဟုတ်ဘူး ဒါဆိုသူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန်က...."
ချိုးယီ ခေတ္တမျှတိတ်ဆိတ်သွားပြီး ကောင်းကင်ထက်သို့မော့ကြည့်လျှက် ဖြည်းညင်းစွာ ပြောလိုက်လေသည်။
"မင်းသားတွေကို ရှင်းထုတ်ဖို့ဘဲ"
ချိုးယီနှင့် ဟယ်ရှီးယွင် နှစ်ယောက်လုံးတိတ်ဆိတ်သွားလေသည်။ ဟယ်ရှီးယွင် ချိုးယီအား တောက်ပသော အကြည့်ဖြင့်ကြည့်လိုက်ပြီး.
"မထင်ထားဘူး ရှင်က သိုင်းပညာမှာတင် တော်တာမဟုတ်ဘူးဘဲ ပြဿနာကို သေချာပိုင်းခြား ဆုံးဖြတ်နိုင်စွမ်းလဲ ရှိတယ်"
"မှန်တယ် သူ့ရည်ရွယ်ချက်က မင်းသားတွေဘဲ အဓိက ပစ်မှတ်ကတော့ တတိယမင်းသား ရွယ်ကျုံးဘဲ နန်းတွင်းတစ်ခုလုံးမှာ သိုင်းပညာရော စာပေအနုပညာရော နှစ်ခုလုံးနဲ့ပတ်သက်ရင် ပါရမီရှင်ဘဲ သူ့အရည်အချင်းက လက်ရှိ အိမ်ရှေ့စံမင်းသားထက်ပိုတယ် ဒါပေမယ့် ရွှေတံဆိပ်တော်အမတ်မင်းရဲ့ တည်ရှိမှုကြောင့် လမ်းကြောင်းတစ်ဖက်ကို တွန်းပို့ခံလိုက်ရတာ ဒုတိယမင်းသား ရွယ်ကန်းတုကတော့ ဆန်ကုန်မြေလေးလို့ဘဲ ဂုဏ်သတင်းထွက်နေတော့ ဒီကိစ္စမှာသူ့အတွက် ကျွန်မတစ်ယောက်ထဲနဲ့တင် ကာကွယ်နိုင်တယ်"
ချိုးယီခေါင်းငြိမ့်၍မေးလိုက်သည်။
"တတိယမင်းသား ရွယ်ကျုံးရော နန်းတွင်းမှာဘဲမို့လား"
"မဟုတ်ဘူး ဧကရာဇ်ပြောတာ တတိယမင်းသားက သောကန်ပြည်နယ် လောဟန်မြို့ကရွက်ကြွေဓားသမား စစ်ထူယန်ကိုဆရာတင်ဖို့ ထွက်သွားတယ်လို့ပြောတယ်"
"ရွက်ကြွေဓားသမား စစ်ထူယန်ဆီ.. တိုက်ဆိုင်လိုက်တာ ကျွန်တော်လဲ ဒီနေ့ဘဲ လောဟန်မြို့ကိုခရီူသွားရမှာ"
ဟယ်ရှီးယွင် ညင်သာစွာ ရယ်မော၍ ပြောလိုက်လေသည်။
"ဒါဆို ကျွန်မအကူအညီတောင်းချင်တာနဲ့ အတော်ဘဲ ရှင်လောဟန်မြို့ကို ရောက်သွားတဲ့အခါ တတိယမင်းသားကို ကာကွယ်ပေးလို့ရမလား စီနီယာစစ်ထူ တစ်ယောက်တည်းနဲ့ သူ့ကိုကာကွယ်နိုင်မှာမဟုတ်ဘူး ပြီးသွားရင် ကျွန်မရှင့်ကို ထမင်းလိုက်ကျွေးမယ်လေ ဘယ်လိုလဲ"
"ဟားဟားဟား ရပါတယ်ဗျာ စိတ်မပူပါနဲ့ လမ်းလည်းကြုံနေတာဘဲ ကျွန်တော်ကူညီပေးပါ့မယ် ပြီးရင်တော့ ထမင်းကျွေးဖို့ မမေ့နဲ့နော်..."
နှစ်ယောက်လုံးပြိုင်တူ ရယ်မောလိုက်ကြသည်။ ထိုအချိန် နန်းတွင်း အစေခံလေးတစ်ယောက် အပြေးလာနေပြီး ဟယ်ရှီးယွင်အား ဦးညွတ်၍ပြောလိုက်သည်။
"မိန်းကလေးဟယ် အရှင်မင်းကြီးက စာကြည့်ဆောင်ကို အခေါ်တော်ပါးလိုက်က်ပါတယ်ရှင့်"
...........................
ပြီး...