ဒီနှစ်ကုန်ရင် သူတို့လာကြလိမ့်မယ်
Vol. 9 Ch. 107
"ကောင်းပြီ အရှင်မင်းကြီးကို အကြောင်းပြန်ပေးပါ ကျွန်မလာပြီလို့"
အစေခံမလေး ခေါင်းငြိမ့်၍ ထွက်ခွာသွားသည်။ ချိုးယီ တစ်လက်စတည်း ပြောလိုက်သည်။
"ကောင်းပြီ ရှီးယွင်ကျဲ ကျွန်တော်လဲ အခုနေဘဲ ခရီးဆက်ရတော့မယ် နောက်မှပြန်တွေ့ကြမယ်"
"ကောင်းပါပြီရှင် သွားပါသွားပါ"
ချိုးယီ နှင်းဖြူကျောက်စိမ်း ဆွဲသီးအား သူ့ဝတ်စုံခါးတွင် ချိတ်လိုက်ပြီးနောက် ခြေတစ်ချက်ဆောင့်ကာ ရှေ့မှ ကျယ်ပြောလှသော ကြာကန်ကြီးအား ရေပေါ်ခြေလှမ်း တစ်ချက်ထောက်၍ ထွက်ခွာသွားတော့သည်။ ဟယ်ရှီးယွင် ချိုးယီ၏ နောက်ကျောအားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
"ကောင်းလိုက်တဲ့ ကိုယ်ဖော့သိုင်း"
ထို့နောက် သူမလည်း ပန်းတစ်ထောင်ကြာကန်မှ ထွက်ခွာသွားလေတော့သည်။
.....................
တော်ဝင်နန်းတော် ဧကရာဇ်မင်း၏ ကိုယ်ပိုင်စာကြည့်ဆောင်တွင်....
"ထိုင်"
ရွယ်မင် လက်ဖက်ရည် တစ်ကြိုက်သောက်၍ သူ့ရှေ့တွင် ရပ်နေသော ဟယ်ရှီးယွင်အား ထိုင်ခိုင်းလိုက်သည်။ ဟယ်ရှီးယွင် လည်းရှေ့ခုံတွင် ဝင်ထိုင်လိုက်ပြီး
"ခမည်းတော် ခေါ်တာမေးစရာတွေ ရှိလို့ဆိုတာ သမီးတော်သိပါတယ် ဒါပေမယ့် ခုချိန်မှာတော့ သိသင့်သလောက်ဘဲ ပြောလို့ရမှာပါ ခမည်းတော်"
ဧကရာဇ်ရွယ်မင် မျက်လုံးအား ဖြည်းညင်းစွာဖွင့်၍ ပြောလိုက်သည်။
"ဘာလို့ ခမည်းတော်ကို ဖုံးကွယ်ထားရတာလဲ"
"ခမည်းတော်လည်း တတိယမောင်တော်ရဲ့ အဖြစ်ကိုတွေ့မိမှာပါ ခမည်းတော်အထင် အဲ့ဒိအမတ်အုပ်စုက သမီးတော်ကို မိန်းကလေးဖြစ်နေလို့ လွတ်ပေးမယ်ထင်နေတာလား"
"ပြီးတော့ မယ်တော်ဘယ်လိုသေသွားလဲ ခမည်းတော်သိလား ခမည်းတော်ဘာမှမသိပါဘူး ခမည်းတော်သိတာက အာဏာတည်မြဲအောင် စဉ်ဆက်မပြတ်ဘယ်လို ထိန်းသိမ်းရမလဲ အကိုတော်တွေကို ထီးနန်းအတွက် အကဲဖြတ်ဖို့ဘဲ အမြဲစောင့်ကြည့်ဂရုစိုက်နေတာ သမီးတော်နဲ့မယ်တော်ရဲ့ဘက်ကို ဘယ်တုန်းက ကြည့်ခဲ့ဖူးလို့လဲ"
ဟယ်ရှီးယွင်ခေါ် ဒုတိယမင်းသမီးလေး ရွယ်ရှီးယွင် ဝမ်းနည်းနေသော မျက်နှာလေးဖြင့်ပြောလိုက်သည်။ ဧကရာဇ်ရွယ်မင်လည်း မျက်စိစုံမှိတ် သက်ပျင်းချ၍ ခေါင်းခါရမ်းကာ တိုးညင်းသော အသံဖြင့်ပြောလိုက်လေသည်။
"မှန်ပါတယ် အဲ့တာက ခမည်းတော်ရဲ့အမှားပါ ဒါပေမယ့်လည်း ခမည်းတော်လုပ်ခဲ့တာတွေက သမီးတော်လေး ဘေးကင်းကင်းနဲ့ နေနိုင်ဖို့ပါကွယ်"
"ဘာမှဆက်ပြောဖို့ မလိုတော့ပါဘူး ခမည်းတော် သမီးတော် အခုသိုင်းပညာအရရော အရည်အချင်းအရပါ ဘယ်သူ့ထက်မှနှိမ့်ကျမနေဘူး အခုကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းရှိတယ် အခြေအရပ်ရပ်ကို ပြောင်းလဲပစ်နိုင်တဲ့အထိ သန်မာလာပြီ အဲ့ဒီအရေးမပါတဲ့ နန်းတွင်က အမတ်တွေလောက်ကို သမီးတော်ဂရုစိုက်မယ်လို့ ထင်နေတာလား"
"မယ်တော်အတွက် ခမည်းတော် ဘာမှမလုပ်ပေးနိုင်ရင်လဲ ဘေးမှာနေပါ သမီးတော်ကိုယ်တိုင် မယ်တော့်အတွက်စားချေမယ်"
ဧကရာဇ်ရွယ်မင် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ရွယ်ရှီးယွင်အား ခံစားချက်များပြည့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး
"သမီးတော်စိတ်မပူပါနဲ့ နန်းတွင်းကအရှုပ်အထွေးတွေ အားလုံးကို ဖြေရှင်းပြီးသွားရင် သမီးမယ်တော်အတွက် သေချာပေါက်လက်တုံ့ပြန်ဖို့ ခမည်းတော် စီစဉ်ပြီးသားပါ"
ဟယ်ရှီးယွင် မျက်လုံးများ ဝိုင်းစက်သွားပြီးနောက် ဧကရာဇ်ရွယ်မင်အား မေးလိုက်သည်။
"ဘယ်လိုစီစဉ်ထားလဲ"
"ခမည်းတော် ဒီဆယ်နှစ်အတွင်း သိုင်းသမား တစ်ရာကျော်ကို တိတ်တဆိတ် ပျိုးထောင်ထားတယ် အခုဆို တစ်ဝက်နီးပါးလောက်က ထိပ်တန်းသိုင်းသမား အဆင့်ကိုရောက်ကုန်ကြပြီ"
"ဘယ်လို"
ရွယ်ရှီးယွင် အံ့အားသင့်သွားလေသည်။ ဧကရာဇ်ရွယ်မင် ရွယ်ရှီးယွင်အား ဘာမှမပြောသေးဘဲ တိတ်တဆိတ်ကြည့်နေလိုက်သည်။ လေထုသည်အနည်းငယ် ထူးဆန်းလာပြီးနောက် ရွယ်မင်ဆက်ပြောလိုက်သည်။
"သမီးတော်ထင်တာ ခမည်းတော်က ကိုယ့်ဧကရီတစ်ပါး သေသွားတာတောင် အသည်းနှလုံးမရှိ သည်းခံနေတတ်တဲ့ သူလို့ထင်နေတာလား"
"ဒါဆိုဘာလို့ နန်းတွင်းမှာ အားနည်းချင်ယောင်ဆောင်နေရတာလဲ"
ဧကရာဇ်ရွယ်မင်၏ သတ္တိအရှိန်အဝါသည် ပေါက်ကွဲထွက်လာပြီး တင်းမာစွာပြောလိုက်သည်။
"သိပ်မကြာခင် သူတို့ပြန်လာကြတော့မယ် ဒီတစ်ကြိမ်တော့ ခမည်းတော်အားလုံးကို တစ်ခါတည်းအပြတ်ရှင်းပစ်မယ် နန်းတွင်းက သစ္စာဖောက်တွေအပါအဝင် အကုန်လုံးကို ရှင်းထုတ်ပစ်မယ်"
ရွယ်ရှီးယွင်၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားပြီး အမုန်းတရားများထွက်ပေါ်လာခဲ့သည်။
"သူတို့ဘယ် အချိန်လာမှာလဲ"
"ဒီနှစ်ကုန်ရင် သူတို့လာကြလိမ့်မယ်"
ရွယ်ရှီးယွင် တည်ငြိမ်အောင် ခံစားချက်များအား အရင် ထိန်းညိလိုက်ပြီး ဧကရာဇ်ရွယ်မင်အား မေးလိုက်သည်။
"ဒါဆို ခမည်းတော်ရဲ့ စိတ်ထဲမှာ ထီးနန်းကို စွန့်ဖို့အသင့်ဖြစ်နေပြီလား"
"ခမည်းတော် ဒီအတွက် ပြင်ဆင်ခဲ့တာကြာပြီ.. ခမည်းတော်ရဲ့စိတ်ထဲမှာ ဘယ်သူ့အတွက်ဘာဆိုတာ ရှင်းရှင်းလင်းလင်း စီစဉ်ထားပြီးသား"
"ခမည်းတော် မထင်ထားတဲ့ တစ်ခုတည်းသောအရာက သမီးတော်ကိုယ်တိုင်က သိုင်းလောကရဲ့အထွတ်အထိပ်မှာ ရပ်တည်နေတဲ့ သိုင်းထိပ်သီး ဖြစ်နေတယ်ဆိုတာဘဲ"
ရွယ်ရှီးယွင် မျက်လုံးပင့်လိုက်ပြီး
"အခုသမီးတော်သာ တကယ်တိုက်ခိုင်ချင်ရင် ဒီလောကထဲမှာ လက်တစ်ဆုပ်စာလောက်ကဘဲ သမီးတော်ကို အနိုင်ယူနိုင်လိမ့်မယ်"
"ဟားဟားဟား သမီးတော်ရဲ့ မယ်တော်အတိုင်းဘဲ သတ္တိသတော့ ဩချရလောက်ပါပေတယ် ဒါကြောင့်လဲ လောကနံပတ်တစ် မိန်းမပျိုဆိုတဲ့ ဂုဏ်ပုဒ်ကိုရထားတာကို"
"ဒါနဲ့ ယီချိုးကို သမီးတော် ဘယ်လိုမြင်လဲ"
ရွယ်ရှီးယွင် မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"ယီချိုးလဲ ထင်သလောက် မရိုးရှင်းမှာကြောက်ရတယ် ပြီးတော့ ချိုးအိမ်တော်ကို သွားမထိဖို့လဲ သမီးတော်ကိုအတန်တန် သတိပေးနေတာ ကြည့်ရတာ ယီချိုးလဲ အဲဒီလိုအထက်ပညာရှင်ကြီးတွေရဲ့ တည်ရှိမှုနဲ့ ပတ်သက် ဆက်နွယ်နေသလိုဘဲ စစ်မြေပြင်တစ်ခုလုံးကို ဖျက်စီးသွားတဲ့ အမတနတ်တွေ နဲ့လဲဆက်နွယ်နေတယ်လို့ ကောလဟာလတွေထွက်နေတယ်"
"ဒါဆို ယီချိုးရဲ့ဆက်နွယ်မှုက အဲ့ဒီ အင်အားစုကြီးတွေရဲ့ တည်ရှိမှုထက်ကို ပိုကြောက်ဖို့ကောင်းတာဘဲ"
ဧကရာဇ်ရွယ်မင်လည်း ခေါင်းတစ်ငြိမ့်ငြိမ့် လုပ်ရင်း ကောက်ချက်ချလိုက်သည်။ ရွယ်ရှီးယွင် ခေါင်းငြိမ့်ကာ
"အဲ့တာကြောင့်မို့လဲ သိုင်းလောကမှာ အထွတ်အထိပ်ကိုရောက်နေပြီးဖြစ်တဲ့ ဆရာကြီးကျန်းထိုက်ရှန်းနဲ့ ဆရာကြီးချင်ဖုန်းတို့ကလွဲရင် ဘယ်သူမှ သိဖို့အရည်အချင်းမရှိဘူးလို့ပြောတာကို"
"ကဲပါ အခုတော့ အဲ့ဒီအကြောင်းတွေ သိပ်မစဉ်းစားတာဘဲ ကောင်းပါတယ်ကွယ် ခမည်းတော်တို့တွေအနေနဲ့ အခုနန်းတွင်းအရှုပ် အထွေးတွေကို အရင်ဖြေရှင်းပြီးမှ အဲ့အကြောင်းဆက်ပြောရအောင်"
"ကောင်းပြီလေ ဒါဆို သမီးတော်အရင် သွားလိုက်ပါဦးမယ် ခမည်းတော် မနက်ဖြန်မှ ထပ်လာခဲ့ပါမယ် ဒါနဲ့စကားမစပ် သမီးတော် တတိယမောင်တော်အတွက် ယီချိုးကို အကူညီတောင်းပြီးပြီ ခမည်းတော်ရဲ့လူတွေကို လွတ်စရာမလိုတော့ဘူးနော်
ရွယ်ရှီးယွင် ၏တိတိကျကျ ဆုံးဖြတ် ချင့်ချိန်နိုင်မှုကြောင့် ဧကရာဇ်ရွယ်မင်ပင် အံ့ဩသွားလေသည်။ ထို့နောက် ဝမ်းသာစွာ ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ"
......................
ပြီး...