ငါတို့သေတော့မလို့
Vol. 9 Ch. 108
တစ်ရက်ကြာပြီးနောက်...
ချိုးယိ စပျစ်ဝိုင်အား တစ်ငုံသောက်၍ အဖုံးပိတ်လိုက်ပြီး ခါးတွင်ချိတ်လိုက်သည်။ ထို့နောက်သူ့ရှေ့မှ လူဆယ့်ငါးယောက်အား ကြည့်၍ တည်ငြိမ်စွာမေးလိုက်သည်။
"အခု ခင်ဗျားတို့က ကျုပ်ကိုဓားပြတိုက်နေတာလား"
"ဟျောင်ရူးနေလား ဒီမှာ မင်းနဲ့ငါတို့ကလွဲရင် ဘယ်သူရှိသေးလို့လဲကွ"
"ဒီကောင်ဦးနှောက် ချောင်နေတာလား"
ချီုးယီ ထိုလူများအားကြည့်၍ သူ့ခေါင်းသူကိုင်လိုက်မိသည်။ ထို့နောက် ချိုးယီ အေးစက်စက် ရယ်မော၍ ပြောလိုက်သည်။
"ကောင်းပြီလေ ခင်ဗျားတို့ဘယ်အဖွဲ့ကလဲ"
ချိုးယီ၏ အမေးကို ကြားလိုက်သောအခါ မျက်လုံးတစ်ဖက်အား အနက်ရောင်မျက်ကာဖြင့် ကာထားသော သွားခေါခေါနှင့်လူက ဝင်ဖြေလိုက်သည်။
"ဟမ့် ငါတို့က တိမ်ကြားဓားပြအဖွဲ့အစည်းရဲ့ လက်အောက်က ဓားသွေးဓားပြအဖွဲ့ကွ"
ထိုအချိန် ဓားပြခေါင်းဆောင်ဖြစ်ဟန်ရသော အနက်ရောင် အင်္ကျီထူထူကြီးနှင့်လူက ဒေါသတကြီးဖြင့် သွားခေါခေါနှင့်လူ၏ ခေါင်းအားဖြတ်ရိုက်လိုက်သည်။
"မင်းရူးနေလား ငါတို့လာတုန်းက ငါတို့အဖွဲ့နာမည် မပြောရဘူးလို့ အကုန်လုံးကို သတိပေးထားတယ်လေ"
"ကျွန်တော် မေ့သွားလို့ပါ အကိုကြီးရယ် တကယ်မေ့သွားလို့ပါဗျာ"
ဓားပြခေါင်းဆောင်က ခေါင်းကုပ်လိုက်ပြီး
"အေးပါ အေးပါ ထားပါတော့"
"ကောင်လေး မင်းတော့မကြားသင့်တာကို ကြားသွားခဲ့တာဘဲ မင်းအသက်ကို ဒီမှာတစ်ခါတည်း ထားခဲ့လိုက်တော့"
"အခုချိန်ထိ ငါတို့အဖွဲ့နာမည် ကြားပြီးရင် အသက်ရှင်နိုင်သေးတဲ့ လူဆိုတာမရှိသေးဘူး"
ချိုးယီ သူ့ရှေ့မှ လူမျာအား ကြည့်၍ ရယ်ချင်စိတ်ကို မနဲထိန်းထားရ၏။ ချိုးယီလက်ပိုက်၍ မေးလိုက်သည်။
"ဓားသွေးအဖွဲ့တဲ့ တော်တော်ဆိုးတဲ့နာမည်ဘဲ"
"ဒါနဲ့အတော်ဘဲ ကျုပ်ဓားကို တုံးနေတယ်လို့ ခံစားရလို့ ထက်သွားအောင် ပြန်သွေးပေးကြပါလား စိတ်မပူပါနဲ့ ကျုပ်အခကြေးငွေ ပေးမှာပါ"
ချိုးယီ ၏စကားကြောင့် အားလုံးစိတ်ဆိုး ဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။
"ဟျောင်မင်းဘာစကားပြောတာလဲ စောစောသေချင်နေတာလား"
"ဒီကောင်းကို ချကွာ"
ထို့နောက် အားလုံးသူ့ဆီ ပြေးဝင်လာသောကြောင့် ချိုးယီကြောင်အသွားသည်။
'ဟေ့လူတွေ ဓားသွေးအဖွဲ့ဆိုလို့ ဓားသွေးခိုင်းလိုက်တာ ကျုပ်မှာ ဘာအပြစ်ရှိလို့လဲ'
ချိုးယီ ထိုလူများ၏ တိုက်ခိုက်မှုများအား ခုန်ပျံကျော်လွားကာ ရှောင်ရှားလိုက်သည်။ လူဆယ့်ငါးယောက် ဝိုင်းတိုက်နေသော်လည်း ချိုးယီ၏ ဆံချည်တစ်မျှင် မျှပင်မထိခဲ့ချေ။ ထိုလူများမှာ သာမန်သိုင်းပညာရှင်များဖြစ်ပြီး ခေါင်းဆောင်အပါအဝင် လူသုံးယောက်သာ အဆင့်မြင့် သိုင်းသမားများဖြစ်ကြလေသည်။
ထို့ကြောင့် ချိုးယီအတွက် ထိုလူများမှာ အသက် ငါးကြိမ်ရှိုက်စာအတွင်း အနိုင်ယူ၍ရလေသည်။ သို့သော် ချိုးယီမှာ ရှောင်ရှားနေပြီး လုံးဝမတိုက်ခိုက်ခဲ့ပေ။ အချိန်အတော်ကြာ ဆက်လက်တိုက်ခိုက်ခဲ့ပြီးနောက် ထိုလူများ မောပန်းနေလေပြီ။ ချိုးယီ သစ်ပင်အမြင့်တစ်နေရာသို့ နောက်ပြန်ခုန်တက်လိုက်ပြီး သစ်ကိုင်းပေါ်တွင် ခြေတစ်ဖက်လျှောဆင်းကာ ထိုင်လိုက်သည်။ ထို့နောက် အောက်မှ မောပန်းနေသော သူများအားကြည့်၍ ပြောလိုက်သည်။
"အရမ်းနှေးတယ် ဒီအရှိန်နဲ့သာဆို ကျုပ်ကိုဖမ်းလို့တောင်ရမှာမဟုတ်ဘူးနော်
"မင်း...မင်းသတ္တိရှိရင်မပြေးနဲ့"
"ဟုတ်တယ် မင်းကငကြောက်ဘဲ ငါတို့ကိုမတိုက်ရဲလို့ ထွက်ပြေးနေတာ"
ချိုးယီစိတ်ပါညစ်သွားသည်။ ၎င်းတို့ထက် သိုင်းပညာပိုမြင့်သည်ကို အပျော်ရှာရင်း ပြသချင်သောကြောင့် လက်နောက်ပစ်ကာ ဝိုင်သောက်ရင်း ရှောင်ရှားနေသော်လည်း ထိုလူများမှာ မိမိတို့ထက် သိုင်းပညာသာနေသည်ကို မမြင်နိုင်ဘဲ ကြောက်၍ပြေးနေသည်ဟုသာ ပြောနေသည်။ ချိုးယီ ထိုဉာဏ်မမှီသော သူများအား စကားဆက်မပြောချင်တော့ပေ။
"ကောင်းပြီလေ တိုက်ဆိုတော့လဲ တိုက်ပေးရတာပေါ့"
ချိုးယီ ပြောလိုက်ပြီးနောက် သူ့ပုံရိပ်မှာ သစ်ပင်ထက်မှ ရုတ်ခြည်းပျောက်ကွယ် သွားတော့သည်။ အောက်ဘက်ရှိ ဓားပြများသည် ချိုးယီရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် ကြောင်တောင်တောင်ဖြစ်သွားပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြလေသည်။
"သူဘယ်ကို ရောက်သွားတာလဲ"
"အေး ငါလဲမတွေ့လိုက်ဘူးဟ"
"ဒီကောင်လေး အရမ်းမြန်တယ်"
ဓားပြခေါင်းဆောင်မှာ စိတ်ထဲလေးလံလာပြီး ပတ်ပတ်လည် ရှာဖွေကြည့်လိုက်သည်။ သို့သော် သူ့လူများနှင့် သစ်ပင်များစွာက လွဲလျှင် မည်သူမှရှိမနေချေ။ ထိုအချိန် သူ့မျက်လုံးထောင့်မှ အရိပ်တစ်ခု ဖျပ်ကနဲ ပြေးသွားတာ ကို မြင်လိုက်ရသည်။
"သတိထား"
သူသတိပေးတာ နောက်ကျသွားလေပြီ
"ဝုန်း...ဝုန်း.."
အရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့ ဆယ်ယောက်ဓားပြအုပ်စုထဲ ရုတ်ခြည်းဝင်ရောက်သွားပြီး ၎င်းတို့အား အကြိမ်များစွာ ဖြတ်သန်းသွားပြီးနောက် ထိုလူများ လေပေါ်မြောက်တက်ကာ လွင့်ထွက်ကုန်ကြလေသည်။
"အား...အား.အား"
ထို့နောက် ချိုးယီ၏ ပုံရိပ်သည် ယပ်တောင်ဖြန့်လျှက်သား ပုံစံဖြင့် ၎င်းဆယ်ယောက်အား ကျောပေး၍ ထွက်ပေါ်လာသည်။
အနောက်မှ လူဆယ်ယောက်သည် အတုန်းအရုန်းဖြင့် လဲကျနေပြီ ဖြစ်သည်။ ချိုးယီ ယပ်တောင်အား စိမ်ပြေနပြေခပ်လိုက်ပြီး မခို့တရို့အပြုံးလေးတစ်ခုက နှုတ်ခမ်းထောင့်တွင် ချိတ်ဆွဲထားမြဲပင်။
ခေါင်းတောင်နှင့် ကျန်သည့်လူ ငါးယောက်မှာမူ ချိုးယီအား ကြောက်ရွံထိတ်လန့်စွာ ကြည့်နေခဲ့သည်။
"ဒါ..ဒါဘယ်လို သိုင်းပညာလဲ ငါဘာမှတောင် မမြင်လိုက်ရဘူး အကုန်မှောက်ကုန်ပြီ"
"သေစမ်း ငါတို့တော့ လူမှားတိုက်မိပြီ"
ဓားသွေး ဓားပြခေါင်းဆောင်၏ မျက်နှာတွင် ထိတ်လန့်မှုများ အတိုင်းသား ထွက်ပေါ်နေပြီး နှုတ်ခမ်းများပင် တုန်ရီနေခဲ့သည်။
"ဒီအရွယ်လေးနဲ့ ဒီလောက်အစွမ်း ထက်နေတာ သခင်လေးရဲ့ နာမည်လေးသိခွင့်ရှိမလား"
ဓားသွေးဓားပြခေါင်းဆောင်၏ မျက်နှာအားကြည့်၍ ချိုးယီ ရယ်မောစွာပြောလိုက်လေသည်။
"ကျုပ်နာမည်က ယီချိုး"
ထို့နောက်သူ အနောက်မှ လဲကျနေသော သူများကိုကြည့်၍ ပခုံးလှုပ်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"သူတို့မသေပါဘူးစိတ်ချ သိုင်းပညာဘဲ ဖျက်စီးခံလိုက်ရတာ"
"ယီ..ယီ..ယီချိုး"
"အမလေး ငါတို့တော့သေပြီထင်တယ်"
ဓားသွေးဓားပြခေါင်းဆောင် သေးထွက်မတက် ကြောက်လန့်သွားလေသည်။ ချိုးယီ၎င်းတို့ ကြေညက်ရွံ့နေသော ပုံများအားကြည့်၍ ရယ်ချင်သလိုခံစားလိုက်ရသည်။ ထို့နောက် ချိုးယီ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။ ဓားကြခေါင်းဆောင်မှာ ကြောက်ဇောနှင့် ခန္ဓာကိုယ်လှုပ်ရှား၍ မရတော့ချေ။ ချိုးယီမှာ ၎င်းတို့နှင့် တဖြည်းဖြည်း နီးကပ်လာချေပြီ။ ဓားပြခေါင်းဆောင် မျက်လုံးမှိတ်လိုက်မိသည်။
သို့သော် မထင်မှတ်ထားစွာဖြင့် ချိုးယီမှာ သူ့ပုခုံးအား နှစ်ချက်ခန့် ပုတ်လိုက်ပြီး ကျန်ဓားပြလေးယောက်ကိုပါ ခြုံငုံကြည့်၍ ပြောလိုက်သည်။
"ခင်ဗျားတို့တွေ မကောင်းတာတွေ မလုပ်ကြနဲ့တော့ နောင်ကို ခဗျားတို့တွေကို ဒီတောထဲ ဆက်ပြီးဓားပြတိုက်စားနေတာကိုမြင်ရင်..."
ချိုးယိ၏ မျက်လုံးများရုတ်တရက် အေးစက်စက်ဖြစ်သွားပြီး..
"ကျုပ်အကုန်လုံးကို သတ်ရလိမ့်မယ်"
ချိုးယီတစ်လုံးချင်း ပြောပြီးနောက် ၎င်းတို့ကိုကျော်တက်သွားပြီး သစ်ပင်ပေါ်သို့ ညင်သာစွာ ခုန်တက်လိုက်သည်။ ထို့နောက် နောက်သို့တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး သစ်ပင်တစ်ပင်နှင့်တစ်ပင် ခုန်ကူးကာ ထွက်သွားတော့သည်။
ချိုးယီထွက်သွားပြီးနောက် ဓားသွေးဓားပြခေါင်းဆောင်နှင့် သူ့အဖွဲ့သားများမှာ မြေပြင်ပေါ်သို့ ရုတ်ကြိုးပျက်လဲကျသွားလေသည်။ ၎င်းတို့၏ နောက်ကျောနှင့် နားထင်မှာလည်း ချွေးစေးများဖြင့် ရွဲနင့်နေသည်။ ဓားသွေး ဓားပြခေါင်းဆောင် အားနည်းစွာ ပြောလိုက်သည်။
"ငါ...ငါတို့သေ...သေတော့မလို့"
...............................
ပြီး...