#အပြီးသတ်#
Vol. 45 Ch. 635
လူတိုင်းကြည့်နေကြစဉ် ဝိဉာဉ်အင်မော်တယ်နန်းတော်က မည်သူမှ တာအိုဆွေးနွေးစင်မြင့်၌ မလှုပ်ရှားကြပေ။ သူတို့က ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ တိုက်ချက်များကို ခုခံရန်အတွက် ကာကွယ်ရေးကိုယ်ဟန်အနေအထားကိုသာ ပြင်ဆင်ထားကြသည်။
ဒါကလူတိုင်းကိုပဟေဠိဖြစ်သွားစေသည်။
အုပ်စုတိုက်ပွဲတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် တစ်ဦးချင်းစီ၏ခွန်အားအပြင် နောက်ထပ်အရေးကြီးသောအချက်တစ်ချက်ရှိသည်။
ဒါကစည်းချက်ညီခြင်းပင်။
တဘက်က အုပ်စုတိုက်ပွဲတခု၏ စည်းချက်ကိုဖမ်းဆုပ်မိသရွေ့ စည်းချက်ကို မဖမ်းမိနိုင်သောအဖွဲ့ကို ဆိုးကျိုးဘက်သို့ ကျဆင်းသွားစေနိုင်သည်။
တကယ်တမ်းတွင် ထိုအဖွဲ့က ပို၍အားကောင်းလျှင်ပင် ဖိနှိပ်ခံရနိုင်သည်။
ဒါက ခွန်အားအရာ၌ အလုံးစုံကွာခြားချက်က အရမ်းမကြီးမားတာကို ဆိုလိုခြင်းပင်။ ခွန်အားက ထိန်းချုပ်နိုင်သည့်အတိုင်းအတာတခုတွင် ရှိရပေမည်။
အကယ်၍အရမ်းအားကောင်းနေပါက စည်းချက်ကို ဖမ်းနိုင်မည့်အကြောင်းကို ပြောနေစရာပင်မလိုတော့။ တိုက်ရိုက်တိုက်ခိုက်ပြီး ပုံရိပ်ယောင်အားလုံးကိုပင် ချိုးဖျက်နိုင်မည်သာ။
စည်းချက်ကိုမည်သို့ထိန်းချုပ်မည့်ဆိုသည့်အချက်အတွက်မူ များသောအားဖြင့် စတင်တိုက်ခိုက်သည့်ပထမဆုံးအဖွဲ့က လက်ဦးမှု ရယူထားနိုင်မည်ဖြစ်သည်။
ဝိဉာဉ်အင်မော်တယ်နန်းတော်ကလူများက လျှို့ဝှက်ဂိုဏ်းတစ်ခုက ဖြစ်တာကို ယဲ့ချိုးပိုင်သိပါသည်။
သူတို့က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းထက် သေချာပေါက်အားကောင်းပေလိမ့်မည်။
ထို့ကြောင့်သူလုပ်ရမည့်အရာက အကာအကွယ်အဖြစ် ဓားပိုင်နက်ကိုသုံးပြီး ချူလန်နှင့်ကျန်နှစ်ယောက်ကို အလျင်အမြန် တိုက်ခွင့်ပေးခြင်းပင်။ ပထမဆုံးအနေနှင့် ယဲ့ချိုးပိုင် တဘက်လူ၏ ခွန်အားနှင့် မည်သို့မည်ပုံတိုက်ခိုက်သလဲဆိုတာ စမ်းသပ်ကြည့်ချင်သည်။ ဒုတိယအနေနှင့် တိကျပြတ်သားသည့်စည်းချက်တခုကို သူဖမ်းဆုပ်မိချင်သည်။
ဒီနည်းလမ်းဖြင့် သူတို့အလုံးစုံခွန်အားတွင် ဆိုးကျိုးဖြစ်ထွန်းလာမည့်အရေးကို အတိုင်းအတာတခုအထိ ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
ရှောင်ဟိုင် ဒီမြင်ကွင်းကိုအောက်ကနေကြည့်ရင်းမေးသည်။
"ဂျူနီယာညီလေးမု၊ တခုခုမှားနေတယ်လို့ ငါဘာလို့ခံစားနေရတာလဲ"
ရှောင်ဟိုင် သူ့ဦးနှောက်ကို တိုက်ခိုက်ရာတွင် တခါမှမသုံးသော်လည်း သူ့အမြင်တွင်မူ လက်သီးတချက်တည်းဖြင့် ဖြေရှင်းနိုင်တာကို ဘာလို့ ဦးနှောက်သုံးနေရမှာလဲ ဆိုသော အချက်ရှိနေသည်။
ဒါကလည်း ရှောင်ဟိုင်အား တိုက်ခိုက်ရာတွင် မသိစိတ်အမြင်ကို ဧရာမကောင်းကျိုးတခုရလာစေသည်။
မုဖူရှန်းကလည်း အနည်းငယ်မျက်မှောင်ကြုတ်သည်။
"ယုတ္တိတန်စွာပြောရရင် အုပ်စုတိုက်ပွဲတခုမှာ လက်ဦးမှုအခွင့်အရေးကို ဖမ်းဆုပ်ထားသင့်တယ်၊ ဒါပေမယ့် ဝိဉာဉ်အင်မော်တယ်နန်းတော်က ဒီလိုမလုပ်ခဲ့ဘူး...."
"လင်းကျိနန်ကိုယ်တိုင်က အုပ်စုတိုက်ပွဲတခုကို ရွေးချယ်ခဲ့တယ်၊ သူ့အဖို့ ဒီတိုက်ပွဲရဲ့ အရေးပါမှုကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူး"
သို့စေကာမူ ဝိဉာဉ်အင်မော်တယ်နန်းတော်က လူလေးဦးက လုံး၀လှုပ်ရှားရန် ရည်ရွယ်ချက်မရှိပေ။ သူတို့က ကာကွယ်ရေးပုံစံကိုသာ ပုံဖမ်းထားကြသည်။
ဒီနောက်ကွယ်ကအကြောင်းရင်းကဘာများလဲ!
မုဖူရှန်းပင်လျှင် လောလောဆယ် တဘက်လူ၏လှုပ်ရှားမှုကို ပြောနိုင်စွမ်းမရှိချေ။
လျှို့ဝှက်အင်အားစုတခုဖြစ်သည့် စုမိသားစု၊ ငရဲဂိုဏ်းနှင့် ကောင်းကင်ပြာမြစ်ဝါနန်းတော်တို့ကသာ လုံး၀အံ့ဩသင့်ခြင်းမရှိကြပါ။
သူတို့က လင်းကျိနန်၏နာမည်ကို ကြားထားသည်မှာ ကြာပြီဖြစ်သည်။
ဒီလိုလုပ်ရသည့်အပေါ် သူ့တွင် သေချာပေါက် အကြောင်းရင်း ရှိရပေမည်။
ခြေလှမ်းတိုင်းတွင် မူပိုင်တွက်ချက်မှုများရှိသည်။
ထို့နောက် ကျွင်းကျိတုံက ကုရှီဆီသို့ တိုက်ရိုက် ၀င်သွား၏။ ချူလန်နှင့်ချီပင်းတို့က ဝိဉာဉ်အင်မော်တယ်နန်းတော်မှ ကျန်နှစ်ယောက်ဖြစ်သည့် ယောင်ကျူးဟွားနှင့် ချန်းဟောင်ရှန်းတို့ကို ရင်ဆိုင်သည်။
ယဲ့ချိုးပိုင်လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို မြှောက်ကာ လင်းကျိနန်နှင့်ဆန့်ကျင်ဘက်တွင် ရောက်လာပြီး ပိုင်းချလိုက်သည်။
လင်းကျိနန်ပြုံးသည်။
သူ့လက်ထဲက ခေါက်ယပ်တောင်ကို မြှောက်လိုက်စဉ် လေပွေတခုက လေထဲတွင် ထိုးတက်လာပြီး ယဲ့ချိုးပိုင်လမ်းကို ပိတ်ဆို့ကာ တချိန်တည်းမှာပင် တခြားဘက်သုံးဘက်ကိုလည်း ၀န်းရံပစ်သည်။
ယဲ့ချိုးပိုင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူပြင်ပကမ္ဘာကို အာရုံခံချင်သော်လည်း ဒီလေပွေလေးခုက ပတ်ပတ်လည်က မြူများကိုထိုးဖောက်ကာ သူ့အမြင်ကို ပိတ်ဆို့ထားသည်သာမက သူ့အသိကိုလည်း ပိတ်ဆို့ထားသည့် အမည်မသိအားတစ်ခုရှိနေတာကို တွေ့လိုက်ရသည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ ညွှန်ကြားသူတဖြစ်လဲ အပြင်ပကမ္ဘာအား ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားရခြင်းက သေစေလောက်တာကို သူသိသည်။
ထို့ကြောင့် ယဲ့ချိုးပိုင် တုံ့ဆိုင်းမနေဘဲ ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓား၏ ပထမဓားချက်ကို တိုက်ရိုက်သုံးလိုက်သည်။
ပတ်ပတ်လည်ကလေပွေကို ဖြတ်တောက်ရန်အတွက် သူအားအပြည့်သုံးခဲ့သည်။
ဒီကစားပွဲတွင် လင်းကျိနန်က အင်မော်တယ်တပိုင်းနယ်ပယ်အစောပိုင်းအဆင့် ရောက်နေတာကိုလည်း သူရှာတွေ့သွားခဲ့သည်။
သို့စေကာမူ သူ့တိုက်ခိုက်မှုစွမ်းရည်က အရမ်းအားကောင်းပုံမရပေ။
သို့သော် သူဖြတ်တောက်လိုက်သည့် အခိုက်အတန့်၌ ကုရှီကို တိုက်ခိုက်နေသည့် ကျွင်းကျိတုံက တဘက်လူ၏ ရုတ်ချည်း ပေါက်ကွဲလာသည့် လွှမ်းမိုးနိုင်စွမ်းရှိသော ခွန်အားကြောင့် အမှန်တကယ် ထိမှန်သွားတာကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားရသည်။
ကျွင်းကျိတုံ၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ ရှေ့သို့ဦးတည်တိုး၀င်နေသည့် ဓားကို သူမပြောင်းနိုင်တော့သဖြင့် အော်ရာကို အတင်းမြှင့်တင်ရင်း တိုက်မိရန်အတွက် ခွန်အားအပြည့်ဖြင့် ပေါက်ကွဲစေရုံသာ တတ်နိုင်တော့သည်။
သို့စေကာမူ ဒီဓားက ကုရှီ၏လက်ဝါးချက်ကြောင့် လွင့်စင်သွားရသည်။
ကျွင်းကျိတုံလက်ထဲက ဓားရှည်က ဘေးဘက်တွင် တုန်ခါနေသည်။ သူ့ရင်ဘတ်နေရာက ဟာလျက်သားပွင့်နေစဉ် ကုရှီရှေ့တိုးပြီး ထပ်မံရိုက်ချပစ်သည်။
ကျွင်းကျင်တုံ တာအိုဆွေးနွေးစင်မြင့်ပေါ်ကနေလွင့်စင်သွားရသည်။
ကျွင်းကျိတုံ ကြမ်းပြင်ပေါ်ကျသွားသည်။ သူအပြင်းအထန် ဒဏ်ရာမရခဲ့ပေ။ တဘက်လူက ခွန်အားကို ထိန်းချုပ်ထားခဲ့သည်မှာ သိသာထင်ရှားနေသည်။
သူကုရှီအား လက်သီးဆုပ်ပြလိုက်ရသည်။
ကုရှီသူ့ကိုလျစ်လျူရှုပြီး ယဲ့ချိုးပိုင်ထံ ပြေး၀င်သွား၏။
ထိုအခိုက်အတန့်မှာပင် မုဖူရှန်း မျက်မှောင်ကြုတ်သည်။
"ကောင်းလိုက်တဲ့လှုပ်ရှားမှု"
တိုတောင်းသည့်ကာလအတွင်းမှာပင် သတင်းအချက်အလက်ပမာဏများကို ထုတ်နိုင်သည်မှာ သိသာထင်ရှားနေပြီး မုဖူရှန်း တဘက်လူ၏ရည်ရွယ်ချက်များကိုပင် ခံစားမိလာပြီဖြစ်သည်။
"လင်းကျိနန်က စည်းချက်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိတာမဟုတ်ဘူး၊ သူသေချာပေါက်သိတယ်၊ တချိန်တည်းမှာပဲ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရဲ့ အလုံစုံခွန်အားက နှိုင်းယှဉ်ကြည့်ရင် အားနည်းတာမို့ အစ်ကိုကြီးက စည်းချက်ကို ဖမ်းမိဖို့အတွက် မြန်ဆန်သည့်တိုက်ခိုက်မှုတခုကို စတင်မှာကိုလည်း သူမျှော်လင့်ထားခဲ့တယ်"
"ဒါကြောင့် လင်းကျိနန် မတိုက်ခိုက်ဘဲ တဘက်လူ မြန်မြန်ဆန်ဆန် တိုက်ခိုက်လာတာကို စောင့်နေတာပဲ၊ သူက အစွမ်းတည်ရှိမှုတခုကို စီစဉ်ထားပြီး ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက တစ်ယောက်ကို အားအင်အပြည့်ဖြင့် တိုက်စေသလို အရင်ဆုံးတယောက်ကို ဖယ်ရှားပစ်စေတယ်"
"ဒါကအစ်ကိုကြီးရဲ့ ရည်ရွယ်ချက်တွေကို အနှောက်အယှက်ဖြစ်စေသလို ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရဲ့ စည်းချက်အပေါ် ထိန်းချုပ်မှုကိုလည်း လုံး၀ပြတ်တောက်သွားစေတယ်"
ထိုစကားကိုကြားသောအခါ ရှောင်ဟိုင်မေးသည်။
"အစ်ကိုကြီး အန္တရာယ်ထဲမှာရှိနေပြီလား"
"အနည်းဆုံးတော့ အခုအဲလိုပုံစံဖြစ်နေတာပဲ"
မုဖူရှန်းနောက်တွင် လန်ယင်ချူနှင့် ကျန်သောသူများအပါအ၀င် အင်မော်တယ်မျောက်ဝံကျေးရွာက သုံးယောက်ပါ ညင်သာစွာသက်ပြင်းချလိုက်ကြသည်။
သူတို့က တယောက်ကိုအရင်ဖယ်ရှားကာ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ အစီအရင်ကို ပျက်စီးစေသည်။
ဒီအကြံအစည်က အရမ်းရိုးရှင်းပုံရသော်လည်း ဒါက ဖိနှိပ်ရန်အတွက် ခွန်အားကိုအသုံးပြုခဲ့သည့် ရလဒ်ဖြစ်ပုံရသည်။
သို့စေကာမူ ဒီကိစ္စက ဒီလိုလုပ်ရန်အတွက် သူက တစ်ဘက်လူ၏ အတွေးများကို ခန့်မှန်းရန် လိုအပ်သည်။
ဒါက ကိုက်ညီသည့်အလားတူအစီအစဉ်တစ်ခု လုပ်ဆောင်ရန်ဖြစ်သည်။
အစတွင် လင်းကျိနန် ဝိဉာဉ်အင်မော်တယ်နန်းတော်က လူသုံးယောက်ကို အလောတကြီး မပြုမူရန် ညွှန်ကြားခဲ့သည်။ သူတို့က ဒါကို အကြာကြီးကတည်းက မျှော်လင့်ထားခဲ့သည်မှာ သိသာထင်ရှားနေသည်။
မဟုတ်ပါက လင်းကျိနန်သာ သူတို့သုံးယောက်ကို တိုက်ရိုက်တိုက်ခိုက်ရန်သာ ညွှန်ကြားပါက ဒါကသေချာပေါက် ယဲ့ချိုးပိုင် လိုချင်တာဖြစ်သွားပေလိမ့်မည်။
ဒီလိုဆိုပါက သူ့ခွန်အားကို ထုတ်ဖော်ရမည်ဖြစ်သလို ဓားပိုင်နက်၏ အကာအကွယ်အောက်တွင် ကောင်းကင်ဘုံဓားတောင်ထိပ်က လူလေးယောက်၏ ထိန်းချုပ်မှုကိုလည်း ခံရပေလိမ့်မည်။
လက်ရှိအခြေအနေက အင်မော်တယ်မျောက်ဝံကျေးရွာ၊ မြင့်မြတ်အဆောင်ဂိုဏ်းနှင့် တခြားသူများကို ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း ရှုံးသွားပြီဟု တွေးစေသည်။
စုမုယောင်နောက်တွင် စုလင်းတု၏ အမူအရာက အနည်းငယ်လေးနက်နေသည်။
"ဒီလင်းကျိနန်က တကယ်ပဲ ဝိဉာဉ်အင်မော်တယ်နန်းတော်ရဲ့ ဉာဏ်ပညာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်"
စုမုယောင်ညင်သာစွာခေါင်းညိတ်သည်။
"အမှန်ပဲ"
ငရဲဂိုဏ်းတွင် ကျန်းချန်ကလည်းသတိပေးသည်။
"ငါတို့ဝိဉာဉ်အင်မော်တယ်နန်းတော်နဲ့ တွေ့တဲ့အခါကျရင် သူတို့ဝိဉာဉ်တွေကို အလွယ်တကူ နှုတ်ယူနိုင်မှာမဟုတ်ဘူး"
ပန်ရှီဘာတခုမှမပြောပေ။ သူလက်ပိုက်ကာ လက်ချောင်းများကို ပခုံးအောက်တွင် စည်းချက်ညီစွာ တောက်နေသည်။ သူဘာတွေးနေသလဲဆိုတာ ဘယ်သူမှမသိပေ။
တခြားတဘက်တွင် အက္ခရာလေးလုံးဂိုဏ်းတွင်လည်း လေးနက်သည့်အမူအရာတစ်ခု ရှိနေသည်။ ဒီလျို့ဝှက်ဂိုဏ်းများထဲတွင် မည်သူမှ ရိုးရှင်းသည့်လူများမဟုတ်ပါ။
ယခုတကြိမ် ဂိုဏ်းချုပ်ပြောသည့်အတိုင်း ဖြစ်လာကောင်းဖြစ်လာနိုင်ပေသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေက လျို့ဝှက်ဂိုဏ်းများ၏ ပေါ်ထွက်လာမှုနှင့်အတူ အကြီးအကျယ်ပြောင်းလဲသွားရပေလိမ့်မည်။
မုဖူရှန်းတွေးမိတာကို ယဲ့ချိုးပိုင်ကလည်း သိပါသည်။
သူတွေးနေမိသည်။
ဒီလင်းကျိနန်က မရိုးရှင်းပေ။
တဘက်လူက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ စည်းချက်ကို ချိုးဖျက်ပစ်ခဲ့သည်သာမက လူတစ်ယောက်ကိုလည်း လျော့သွားစေခဲ့သည်။
ဒါက သံသယမရှိ ကြီးမားသည့်ရိုက်ချက်တစ်ချက်ဖြစ်သည်။
လူအရေအတွက်၌ ခြားနားချက်နှင့်အတူ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ နိုင်နိုင်ချေက အကြီးအမား လျော့နည်းသွားပေလိမ့်မည်။
ထိုအချိန်တွင် ကုရှီက ယဲ့ချိုးပိုင်ရှေ့သို့ ပြေး၀င်လာပြီဖြစ်သည်။
တွေးနေစရာပင်မလိုတော့။ လင်းကျိနန်၏ နောက်ထပ်ခြေလှမ်းက အင်မော်တယ်တပိုင်း အစောပိုင်းအဆင့်ကို ရောက်နေပြီဖြစ်သည့် ကုရှီအား ယဲ့ချိုးပိုင်ကို တယောက်တည်း ရင်ဆိုင်စေခြင်းပေတည်း။
တချိန်တည်းမှာပင် သူကလူအရေအတွက်ကွာခြားချက်ကိုသုံးပြီး ချူလန်နှင့် ချီပင်းတို့ကို ဖယ်ရှားရန်လုပ်သည်။
ယဲ့ချိုးပိုင် ဒီအခြေအနေရပ်ကို ဘယ်လိုချိုးဖျက်မည်နည်း။
လူတိုင်းထိုမြင်ကွင်းကိုကြည့်ရင်း ဒါက စုပေါင်းတိုက်ပွဲ၏ အပြီးသတ်တခုဟု တွေးလိုက်မိကြသည်။
အပိုင်း(636) coming။