← Chapters

#ပြောင်းပြန်#

Vol. 45 Ch. 636

#ပြောင်းပြန်#

Vol. 45 Ch. 636

ယခုလိုအပြီးသတ်အဆုံးသတ်တခုကို မည်သို့မည်ပုံဖြေရှင်းမည်နည်း။

ကောင်းကင်ဘုံဓားတောင်ထိပ်၏အရှုံးက တာအိုဆွေးနွေးစင်မြင့်အောက်က ဂိုဏ်းအသီးသီး၏ အမြင်တွင် သိသာနေပြီဖြစ်သည်။

တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ယဲ့ချိုးပိုင်နှင့် ကုရှီတို့က စတင်တိုက်ခိုက်နေကြလေပြီ။

အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ရှိသည့် ကုရှီက လုံး၀ထိန်ချန်မထားဘဲ ယဲ့ချိုးပိုင်ထံသို့ တိုက်ရိုက်ပြေး၀င်သွား၏။

ယဲ့ချိုးပိုင်၏အမူအရာက အေးခဲသွား၏။

ဒီလူက ကျန်းတျန်ရှင်းထက်ပင်ပို၍အားကောင်းသည်။

ယဲ့ချိုးပိုင်က သွေးပြောင်းလဲခြင်းနယ်ပယ် အစောပိုင်းအဆင့်သာရှိသေးတာကို အာရုံခံမိသဖြင့် ကုရှီမျက်မှောင်ကြုတ်လိုက်သည်။

သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို နောက်ဆုံးသို့ မည်သို့မည်ပုံဦးဆောင်ခဲ့လေသနည်း။

ထောက်လှမ်းမှုများအရ ယဲ့ချိုးပိုင်က တိုက်ခိုက်ရေးစွမ်းရည်၌ အတော်လေး ထူးချွန်သည့် ကျန်းတျန်ရှင်းကိုအနိုင်ယူပြီး ကောင်းကင်ဘုံဓားတောင်ထိပ်ကို ဦးဆောင်လာခဲ့သည်မှာ သိသာထင်ရှားနေသည်။

ယဲ့ချိုးပိုင်က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၌ အားအကောင်းဆုံးတိုက်ခိုက်ရေးစွမ်းအားရှိသူဟု ဆို၍ရသည်။

သို့စေကာမူ ကုရှီက ရန်သူကို လျှော့တွက်တတ်သည့်သူတစ်ယောက်မဟုတ်ပါ။

ယဲ့ချိုးပိုင်၏နယ်ပယ်နှင့် အရင်သတင်းအချက်အလက်များကို တွေးတောပြီးနောက် တဘက်လူတွင် အရံအစီအစဉ်ရှိလိမ့်မည်ဟု သူခန့်မှန်းလိုက်သည်။

ဒါ့အပြင် သူ့တိုက်ခိုက်ရေးခွန်အားကလည်း အတော်လေးအံ့ဩသင့်စရာကောင်းပြီး အဓိကနယ်ပယ်များကို ဖြတ်ကျော်တိုက်ခိုက်နိုင်သည့် စွမ်းရည်ပင်ရှိနေလေပြီ။

ထို့ကြောင့် ဒီလိုရန်သူမျိုးကို သူလုံး၀လျှော့မတွက်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ဒီထဲတွင် သေမင်းဝိဉာဉ်မြို့သို့ ၀င်ခွင့်ပါနေသည်မဟုတ်ပေလော။

ဒါကိုတွေးမိသောအခါ ကုရှီ အေးစက်သည့်အမူအရာဖြင့် ဓားထုတ်ရင်း ရှေ့သို့ ပြေး၀င်သွားသည်။

ဓားဆန္ဒကပေါက်ကွဲသွား၏။

သူကထူးကဲဓားနယ်ပယ် တ၀င်အဆင့်ကိုရောက်နေလေပြီ။

ဓားသမားတစ်ယောက်လား!

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်၏နှုတ်ခမ်းထောင့်စွန်းက အပြုံးဖြင့် ကွေးညွတ်သွားသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေသို့ ရောက်လာပြီးနောက် ဓားသမားများနှင့် သူအကြိမ်များစွာ တိုက်ခိုက်ရခြင်းက ဘာမှမရှိတာထက်စာရင် ပိုကောင်းသည်။

ယဲ့ချိုးပိုင်၏ဓားဆန္ဒကို မထုတ်လွှတ်မခြင်း မည်သူမှမသိပေ။ သူနေရာအနှံ့သို့ တိုက်ခိုက်ရန် ဓားဆန္ဒကို ထုတ်လွှတ်စဉ် သူ့ထက်နိမ့်ကျသည့် ဓားဆန္ဒအဆင့်ကိုလည်း အကြွင်းမဲ့ဖိနှိပ်နိုင်သည်။

တကယ်တမ်းတွင် ဓားတာအို၌ နယ်ပယ်တူ သို့မဟုတ် အနည်းငယ်ပိုအားကောင်းသည့် အဆင့်တွင်ရှိသည့် ဓားသမားများတွင် ဖိနှိပ်ခြင်းသက်ရောက်မှုတခုစီရှိကြသည်။

ဒါ့အပြင် ယဲ့ချိုးပိုင်၏ဓားတာအိုနယ်ပယ်က ထူးကဲနယ်ပယ်ကိုရောက်နေသည်မှာ ကြာမြင့်နေလေပြီ။

ကုရှီအတွက်မူ သူ့၏ကျင့်ကြံခြင်းက ပိုအားကောင်းသော်လည်း ဓားတာအိုကမူ ထူးကဲနယ်ပယ်တ၀က်အဆင့်တွင်သာ ရှိသေးသည်။

ဆံချည်မျှင်တစမျှကွာခြားချက်ကလည်း မိုင်တစ်ထောင်မျှရှိသည်။

ဓားပိုင်နက်ထဲတွင် ဓားသမားများကို ရင်ဆိုင်ရာ၌ ယဲ့ချိုးပိုင်က ဓားတာအို၏ အကြွင်းမဲ့အုပ်စိုးသူဖြစ်သည်။

ထိုအချိန်တွင် ကုရှီရှေ့သို့ပြေးလာသည်။

ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကိုမြှောက်လိုက်၏။

တာအိုဆွေးနွေးစင်မြင့်ကို လွှမ်းခြုံသွားသည့် ဓားဆန္ဒက ထိုအခိုက်အတန့်၌ အဆုံးမဲ့ထူးကဲဓားဆန္ဒဖြင့် ထိုးတက်လာသည်။

ရုတ်ချည်းဆိုသလို သူ့ဓားတာအိုက အမှန်တကယ် ဖိနှိပ်ခံလိုက်ရတာကို ကုရှီ ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ဓားဆန္ဒကို ချောမွေ့စွာမထုတ်လွှတ်နိုင်တော့သလို သူ့လက်ထဲကဓားကလည်း သူ့ခွန်အားကို မသုံးနိုင်ဘူးဟူသော ခံစားချက်ကို ပြသနေသည်။

သူရှေ့က ယဲ့ချိုးပိုင်ကို ရင်ဆိုင်ရာ၌ အဆုံးမဲ့နိမ့်ကျသည့်အလားထင်ရသည်။

လက်ထဲက သုံးပေရှည်ဓားဖြင့် ယဲ့ချိုးပိုင်က ဓားတာအို၏ဘုရင်တစ်ပါးအလား။

ကျန်သောဓားသမားများက သူ့ကို လက်ခံရုံသာ တတ်နိုင်တော့သည်။

သူကဓားတာအိုလမ်းကြောင်းတွင် အမှန်တကယ် ဖိနှိပ်ခဲ့လေသည်။

သို့စေကာမူ ကုရှီ၏ဓားတာအိုက အနည်းငယ် နိမ့်ကျလျှင်ပင် နယ်ပယ်အကြား ကွာခြားချက်က ပိုကြီးမားသည်။

ကုရှီ၏အမူအရာက လေးနက်နေပြီး အံတင်းတင်းကြိတ်လိုက်မိသည်။

သူ့ထက်ကျင့်ကြံခြင်းတွင်ပိုနိမ့်ကျသည့် ဓားသမားတစ်ယောက်ကို သူ့ကို အနိုင်ယူခွင့်ပေး၍မရပေ။

ဒါအပြင် ဒါကသူဂုဏ်ယူရသည့် ဓားတာအိုလမ်းကြောင်း၌ဖြစ်နေသည်။

ကုရှီလက်ထဲက ထူးကဲနယ်ပယ်တ၀က်အဆင့်ဓားဆန္ဒအဖြစ်သိပ်သည်းကာ ပိုင်းဖြတ်လိုက်သည်။

ယဲ့ချိုးပိုင်ရှေ့တလှမ်းတိုးသည်။

ဓားဆန္ဒက သူ့လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားပေါ်၌ သိပ်သည်းလာသည်။

ဓားတစ်လက်က ထိုးဖောက်သွား၏။

ဓားဆန္ဒက ဧရာမနဂါးတကောင်အဖြစ် စုစည်းလာသည်။

နဂါးကကျယ်လောင်စွာဟိန်းရင်း ကုရှီထံသို့ ရက်စက်ကြမ်းကြုတ်စွာ တိုး၀င်သွား၏။

တချိန်တည်းမှာပင် ချူးလန်ကို ယောင်ကျူဟွားနှင့်အတူ တိုက်ခိုက်နေသည့် လင်းကျိနန်က ဒါကိုမြင်သည်။

သို့စေကာမူ သူကအံ့ဩသင့်ခြင်းမရှိပါ။

သွေးပြောင်းလဲခြင်းနယ်ပယ်တွင်သာ ရှိသေးသည့် ယဲ့ချိုးပိုင်က ဒီလိုအစွမ်းထက်ဓားချက်မျိုးကို ထုတ်လွှတ်နိုင်ပေသည်။

သတင်းအချက်အလက်များကို ရရှိပြီးနောက် ဒီအခြေအနေကို သူဆုံးဖြတ်ထားပြီးဖြစ်သည်။

ကုရှီက ယဲ့ချိုးပိုင်ကို အချိန်ဆွဲထားရန်သာ လိုအပ်သည်။

အင်မော်တယ်တပိုင်းနယ်ပယ်သုံးဦးနှင့် တ၀က်အဆင့်တစ်ဦးတွင် ချူလန်နှင့် ချီပင်းကိုအနိုင်ယူပြီးနောက် လေးယောက်လုံးက ယဲ့ချိုးပိုင်ကို၀န်းရံရန် အစီအစဉ်ရှိသည်။

ယဲ့ချိုးပိုင်၏တိုက်ခိုက်ရေးစွမ်းအားက မည်မျှပင်အားကောင်းပါစေ ဒီအုပ်စုလိုက်တိုက်ပွဲတွင် နောက်ထပ်ရင်ထိတ်နေစရာလိုတော့မည်မဟုတ်။

အစီအစဉ်ကရိုးရှင်းသည်။

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ စည်းချက်ညီမှုကို ဖြတ်တောက်ပြီး တဘက်လူကို အဖွဲ၀င်များဆုံးရှုံးအောင်လုပ်မည်။ ထို့နောက် အရေအတွက်ကိုအသာစီးယူကာ သူတို့အား နင်းချေပစ်မည်ဖြစ်သည်။

ပထမခြေလှမ်းတခုတည်းကသာ တဘက်လူ၏လုပ်ဆောင်ချက်များကို ကြိုတင်သုံးသပ်ရန် လိုအပ်သည်။

ထို့နောက် ကျန်သောအရာများက ရိုးရှင်းချောမွတ်သည်။

ထိုအခိုက်အတန့်တွင် လင်းကျိနန် မျက်မှောင်ကြုတ်ရင်း ရုတ်တရက် ခေါင်းလှည့်ကာ ချင်းဟောင်ရှန်းဘက်သို့ ကြည့်လိုက်သည်။

ထိုနေရာတွင် ချင်းဟောင်ရှန်းက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ ချီပင်းကို တစ်ဦးတည်းတိုက်ခိုက်နေသည်။

ချီပင်းက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၌ မတိုက်ခိုက်ရသေးသော တစ်ဦးတည်းသောသူဟုဆို၍ရသည်။

ထို့ကြောင့် လင်းကျိနန် ချီပင်းကိုရပ်ရန်အတွက် အင်မော်တယ်တပိုင်းအစောပိုင်းအဆင့်ကို ရောက်နေပြီဖြစ်သည့် ချင်းဟောင်ရှန်းကို စီစဉ်ထားခြင်းပင်။

ရုတ်တရက် မတော်တဆတခုဖြစ်ပျက်သွားခဲ့သည်။

ချီပင်းလက်ထဲက ဓားက အမှန်တကယ်ပင် မီးတောက်များဖြင့်၀န်းရံသွားခဲ့သည်။

ဒီမီးက သာမန်မီးဆန္ဒမဟုတ်ပေ။

ယင်းအစား သူတို့ဝိဉာဉ်များကိုပင် တုန်ယင်စေသည့် ဝိဉာဉ်မီးတောက်ပေတည်း။

ဒါ့အပြင် ချီပင်း၏နယ်ပယ်က အင်မော်တယ်တပိုင်းအစောပိုင်းအဆင့်ကို ရောက်နေလေပြီ။

ထောက်လှမ်းမှုများအရ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ အလုံးစုံခွန်အားက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းအဆင့်သာ ရှိသည်။

သူတို့ထဲတွင် အားအကောင်းဆုံးသူများက ချူလန်နှင့် ယဲ့ချိုးပိုင်တို့ဖြစ်သည်။

ယုတ္တိတန်စွာပြောရမည်ဆိုပါက ချီပင်းက ကျွင်းကျိတုံထက်သာအားကောင်းသည်။

လင်းကျိနန်တွက်ချက်စဉ် ချီပင်းက အရမ်းအားကောင်းမှာကို သူသိသော်လည်း တဘက်လူက ဓားသမားတစ်ယောက်ထက် ပိုနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

သူကဝိဉာဉ်မီးတောက်ကို အသုံးပြုနိုင်ပြီး ဓားတာအိုထဲတွင် ပေါင်းစပ်နိုင်သည့် ဓားသမားတစ်ယောက်လည်းဖြစ်နေသည်။

ယဲ့ချိုးပိုင်ကလည်း ချီပင်း၏ တိုက်ခိုက်ရေးနည်းလမ်းကိုသိပါသည်။

ထို့ကြောင့်လည်း သူကဆက်လက်ဖုံးကွယ်ထားခဲ့ခြင်းပင်။

ဒါကအရေးကြီးသောအခိုက်အတန့်တွင်သာ ပေါက်ကွဲထွက်လာသည်။

ယခုအချိန်ကျလေပြီ။

ဝိဉာဉ်မီးတောက်ကို သိပ်သည်းအောင် လုပ်နေသည့်ချီပင်းမှာ ဓားတာအိုထဲတွင် ပေါင်းထည့်ရင်း ရုတ်ချည်းဆိုသလို ချင်းဟောင်ရှန်းကို ဖိနှိပ်ပစ်သည်။

သူတို့ကနယ်ပယ်တူဖြစ်သော်လည်း ချီပင်း၏ ဝိဉာဉ်ခွန်အားက ပို၍အားကောင်းသည်။

အသက်ရှုကြိမ်ရေအနည်းငယ်အတွင်းမှာပင် ချင်းဟောင်ရှန်းရှုံးနေလေပြီ။

ချီပင်း သူ့အခြေအနေကို အလျင်အမြန် ထိန်ညှိပြီး ဝိဉာဉ်မီးတောက်ဖြင့် လောင်ကျွမ်းနေသည့် ဓားရှည်ကိုကိုင်ကာ ချူလန်ကို အလျင်အမြန် ကူညီသည်။

အပြီးသတ်အဆုံးသတ်အခြေအ‌နေတခုက ချက်ချင်းပြိုကွဲသွားရသည်။

လင်းကျိနန် အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

ထိုအခိုက်အတန့်၌ မကြာသေးခင်က သူရရှိခဲ့သည့်အခွင့်သာမှုအားလုံးက ပျောက်ကွယ်သွားရလေပြီ။

တာအိုဆွေးနွေးစင်မြင့်အောက်က ဂိုဏ်းအသီးသီးက ဒီမြင်ကွင်းကိုမြင်သောအခါ တုန်လှုပ်ချောက်ချားသွားကြ၏။

အပြီးသတ်အ‌နေအထားက တကယ်ပဲ ပြီးသွားတာလား!

မုဖူရှန်းစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

ကောင်းကင်ပေါ်၌ရှိနေသည့် ဟောင်ကျန်းဟန်ပြုံးလိုက်၏။

တခြားတဘက်တွင် ယဲ့ချိုးပိုင်နှင့် ကုရှီကြားက တိုက်ပွဲ၌ ဓားသမားများ၏ ဓားပိုင်နက်၏ အကြွင်းမဲ့ဖိနှိပ်မှုနှင့်အတူ ယဲ့ချိုးပိုင်တွင် ကုရှီကို တိုက်ခိုက်ရန်အတွက် ခွန်အားရှိနေလေပြီ။

သူ့လက်ထဲက ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားက ကုရှီအား ဆက်လက်လိုက်နေသည်။

ကုရှီ လင်းကျိနန်ရှိရာဘက်သို့ စိုးရိမ်ပူပန်သည့်အမူအရာဖြင့် ကြည့်လိုက်၏။

အကယ်၍သူသာ ယဲ့ချိုးပိုင်ကို အနိုင်မယူပါက တဘက်က လင်းကျိနန်နှင့် ယောင်ကျူးဟွားတို့ကိုလည်း အနိုင်ယူပစ်မည်ဖြစ်သည်။

ဒီလိုဆိုပါက ဓားပိုင်နက်အတွင်း ဖိနှိပ်ခံထားရသည့်သူ့တွင်လည်း အခြေအ‌နေကို ပြောင်းပြန်လှန်ရန် စွမ်းအားကင်းမဲ့သွားရပေလိမ့်မည်။

ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင်နှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက် ကုရှီ ချက်ချင်းနောက်ဆုတ်လိုက်သည်။

သူ့လက်ထဲကဓားကိုမြှင့်လိုက်စဉ် ဓားပေါ်၌ အင်မော်တယ်ဆန္ဒဖြင့် ရေးထွင်းထားသည့် ရှေးဟောင်းစာလုံးများရှိသည်။

ထိုအချိန်တွင် အစွမ်းထက်အော်ရာတခုက ထိုးထွက်လာခဲ့သည်။

ကုရှီ ဒီတိုက်ပွဲကိုအမြန်အဆုံးသတ်ပစ်ချင်သဖြင့် အားအကောင်းဆုံးဓားလှုပ်ရှားမှုကို တိုက်ရိုက်အသုံးပြုလိုက်သည်မှာ သိသာထင်ရှားနေသည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ကလည်း အချိန်ဆွဲမနေတော့ဘဲ ဓားပိုင်နက်က စတင်ကျုံ့လာပြီး ထူးကဲဓားဆန္ဒက တမုထူးခြားစွာ သိပ်သည်းလာသည်။

ထို့နောက် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားပေါ်၌ စုစည်းလာ၏။

တချိန်တည်းမှာပင် အဆုံးမဲ့ဘ၀ဆန္ဒနှင့် ကမ္ဘာကြီး၏အနှစ်သာရတို့က အရူးအမူး စုစည်းလာကြသည်။

သူ့တွင် ဓားပိုင်နက်ပေါ်၌ အကြွင်းမဲ့ဖိနှိပ်မှုရှိသော်လည်း အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ရှိသည့် ကုရှီကို တည်ငြိမ်စွာရင်မဆိုင်နိုင်ပေ။

သို့စေကာမူ ယဲ့ချိုးပိုင် ရှေးဦးမူလဓားကျမ်း၏ တတိယဓားချက်ကို သုံးရန် အစီအစဉ်မရှိပါ။

အကယ်၍ သူသာတတိယဓားချက်ကို သုံးလိုက်မည်ဆိုပါက သူ့တွင် တိုက်ခိုက်ရန်အတွက် စွမ်းရည်ရှိတော့မည်မဟုတ်။

သူလုပ်ရမည့်အရာက ကုရှီ၏ဓားကိုပိတ်ဆို့ရင်း ချီပင်းနှင့် ချူလန်တို့ လင်းကျိနန်နှင့် ယောင်ကျူးဟွားတို့အား ကိုင်တွယ်ပြီးစီးသည်အထိ စောင့်ဆိုင်းရန်သာ။

ထိုနေရာတွင် သူတို့သုံးယောက်က အတူတကွတိုက်ခိုက်၍ရပေလိမ့်မည်။

အပိုင်း(637) coming။

All Chapters