← Chapters

#တိုက်ပွဲကာလအဆင့်ချိုးဖျက်ခြင်း#

Vol. 45 Ch. 637

#တိုက်ပွဲကာလအဆင့်ချိုးဖျက်ခြင်း#

Vol. 45 Ch. 637

ကုရှီ၏ဓားက ဓားတာအိုနှင့် ဆက်သွယ်သွားသည်နှင့်တပြိုင်နက် သူ့ဓားတာအိုနားလည်မှုအလုံးစုံ၏ စုဆုံရာဖြစ်လာသည်။

ဒီအရာအားလုံးကို ဓားထဲတွင် ပေါင်းစပ်လိုက်သည်။

အကယ်၍ ဓားသမားများ၏ အကြွင်းမဲ့ဓားပိုင်နက်ဖိနှိပ်မှုသာ မရှိပါက ကုရှီ၏ဓားက အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကိုပင် ရောက်နိုင်သည်။ ကံမကောင်းချင်တော့ ဒီကမ္ဘာကြီးထဲတွင် အကယ်၍ဆိုတာမရှိပါ။

ဓားတာအို၏ အကြွင်းမဲ့ဖိနှိပ်မှုအောက်တွင် ကုရှီ၏ဓားက အင်မော်တယ်တပိုင်း အစောပိုင်းအဆင့်ကိုသာ‌ ရောက်နိုင်သည်။

တချိန်တည်းမှာပင် ယဲ့ချိုးပိုင်၏ဓားတာအိုဖြင့် အချိန်ပြည့်ဖိနှိပ်ခံ‌နေရလေရာ စွမ်းအားက အကြီးအမားလျော့ကျသွား၏။

သို့စေကာမူ ကုရှီက အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ယဲ့ချိုးပိုင်၏ လက်ရှိနယ်ပယ်က သွေးပြောင်းလဲခြင်းနယ်ပယ် အစောပိုင်းအဆင့်ကိုသာ ရောက်သေးသည်။

ယခုလိုကျင့်ကြံခြင်းနယ်ပယ်၌ ကြီးမားသည့် ကွာဟချက်ကို မည်သို့ပြုပြင်နိုက်မည်နည်း။

ယဲ့ချိုးပိုင်ခုခံပါကရော ဘာအရေးနည်း။

"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရဲ့ ခေါင်းဆောင်ကို ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်" စုလင်တုနောင်တရစွာပြောသည်။

"ဒီလိုမျှော်လင့်ချက်ကင်းမဲ့နေတဲ့ အခြေအနေမှာတောင် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တယ်"

"ကံဆိုးချင်တော့ ခွန်အားရဲ့အကြွင်းမဲ့ဖိနှိပ်မှုအောက်မှာ နောက်ဆုံးမှာ ကျရှုံးရမှာပါပဲ"

စုမုယောင်၏မျက်လုံးများ၌ လေးစားသဘောကျသည့် အကြည့်တခု ပေါ်ပေါက်လာသည်။

"ဒီလိုသွေးပြောင်းလဲခြင်းအစောပိုင်းအဆင့်နဲ့ ဝိဉာဉ်အင်မော်တယ်နန်းတော်က နံပါတ်တစ်ပါရမီရှင်ကို တိုက်ခိုက်နိုင်သလို နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ပြီး ကုရှီကို အားအကောင်းဆုံးဓားချက်ကိုတောင် ထုတ်စေတာဆိုတော့ ဒီလိုခွန်အားမျိုးက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း ဒါမှမဟုတ် တခြားဂိုဏ်းတွေမှာဆိုရင် တကယ်ဖြုန်းတီးရာကျတာပဲ၊ အချိန်ကျလာတဲ့အခါကျရင် သူစုမိသားစုကို ၀င်ဖို့ဆန္ဒရှိသလားဆိုတာ ငါမေးကြည့်လိုက်မယ်" စုလင်တု၏ မျက်လုံးများက အံ့ဩသင့်မှုများဖြင့် ပြည့်နှက်နေပြီး သူမအား မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

"စုမိသားစုက အပြင်လူတွေ ဘယ်တော့မှ လက်မခံဘူးလေ"

စုမုယောင်တည်ငြိမ်စွာပြောသည်။

"သူ့ကိုစုမိသားစုက မိန်းကလေးတယောက်နဲ့ လက်ဆက်ပေးပြီး သူ့စရိုက်ကိုပြောင်းလိုက်ရုံပဲလေ"

ထိုစကားကိုကြားသောအခါ စုလင်တုခါးသီးစွာပြုံးသည်။

"သူသဘောတူပါ့မလား"

"စုမိသားစုရဲ့အခြေခံနဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေက အဲဒီထိပ်တန်းဂိုဏ်းတွေထက် အများကြီးပိုအားကောင်းတယ်" စုမုယောင် စင်မြင့်ပေါ်က ယဲ့ချိုးပိုင်ကို ကြည့်ရင်း ညင်သာစွာပြုံးသည်။

"လူအများစုက စုမိသားစုကို၀င်ဖို့အတွက် မငြင်းဆန်နိုင်ကြပါဘူး"

တခြားတဘက်တွင် ငရဲဂိုဏ်း၌ ကျန်းချန် နှုတ်ခမ်းအစုံကို သပ်လိုက်သည်။

"၀မ်းနည်းစရာပဲ၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ဓားသမားတွေမှာ အရည်အသွေးမြင့်ဝိဉာဉ်တွေရှိတယ်၊ တကယ်လို့သူတို့သာ ဒီနေရာမှာ ဖယ်ထုတ်ခံလိုက်ရရင် ငါတို့ ဝိဉာဉ်တွေကို နှုတ်ယူနိုင်မှာမဟုတ်တော့ဘူး"

ပန်ရှီ ချီပင်းအားကြည့်ရင်း မိစ္ဆာဆန်စွာပြုံးသည်။

"ဝိဉာဉ်မီးတောက်ကို အသုံးပြုတဲ့ ဓားသမားတွေရဲ့ ဝိဉာဉ်ကို နှုတ်ယူဖို့အတွက် နည်းလမ်းတခု ငါစဉ်းစားနိုင်ပါတယ်"

သို့စေကာမူ ရှောင်ဟိုင်နှင့်မုဖူရှန်းတို့၏ အမူအရာများက လုံး၀ပြောင်းလဲခြင်းမရှိပေ။ စီနီယာအစ်ကိုကြီးက များသောအားဖြင့် ပြဿာနာရှာရတာကို ကြိုက်သော်လည်း ဆုံးဖြတ်ချက်တခုချပြီးနောက် ဒါကိုကိုင်တွယ်ရန်အတွက် နည်းလမ်းတခု သေချာပေါက် တွေးတောထားလိမ့်မယ်ဆိုတာ သူတို့သိကြသည်။ ယခု သူကကုရှီကို တစ်ဦးတည်းရင်ဆိုင်နေပြီး ကိုယ်တိုင်ယုံကြည်ချက်ရှိသည်။ သူ့နောက်မှ ချူလန်နှင့်ချီပင်းတို့ကလည်း ဒီမြင်ကွင်းကိုမြင်ကြသည်။

သူတို့က လင်းကျိနန်နှင့် ဟောင်ကျူဟွားတို့ကို အရူးအမူးဆွဲဆောင်ခဲ့သည်။

လင်းကျိနန်၏ တကယ့်တိုက်ခိုက်ရေးစွမ်းရည်က အားမကောင်းပေ။ ချူလန်၏ တိုက်ခိုက်မှုအောက်တွင် သူအတင်းနောက်ဆုတ်နေရသည်။

ချီပင်းတွင် ဝိဉာဉ်မီးတောက်တိုးတက်မှုလည်းရှိသဖြင့် ဓားတာအိုထဲတွင် ပေါင်းစပ်သောအခါ သူနှင့်နယ်ပယ်တူသည့် ဟောင်ကျူဟွားကို ရင်ဆိုင်သောအခါ လက်ဦးမှု ရယူထားနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သာ ယဲ့ချိုးပိုင်၏ တိုက်ခိုက်ရေးခွန်အားကို ဆုံးရှုံးလိုက်ရမည်ဆိုပါက သူတို့နှစ်ယောက်တွင် ကုရှီကို အနိုင်ယူရန် အခွင့်အရေးမရှိတာကို ချူလန်ရောချီပင်းရောသိသည်။

ထိုအချိန်တွင် ကုရှီ လက်ထဲကဓားကို လက်နှစ်ဖက်နှင့်မြှောက်ကာ ဓားဆန္ဒကို လက်ဆက်သိပ်သည်းနေစေသည်။

ထို့နောက် ယဲ့ချိုးပိုင်အား ကြည့်ရင်း လေးနက်သည့်အမူအရာဖြင့်ပြောသည်။

"ဒီဓားချက်မှာ ငါထိန်ချန်မထားဘူးဆိုတော့ ငါထိန်းချုပ်မှုကင်းသွားပြီး မင်းကိုသတ်မိရင် မင်းငါ့ကိုအပြစ်မတင်ဖို့ မျှော်လင့်မိပါတယ်"

ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင် မှိန်ဖျော့စွာပြုံးလိုက်သည်။ သူ့လက်ထဲက ခေးအောစ့်အင်မော်တယ်ဓားက ဓားဆန္ဒကို အဆက်မပြတ်သိပ်သည်းနေသည်။

ဓားပိုင်နက်ထဲက ဓားဆန္ဒကလည်း ယဲ့ချိုးပိုင်ရှေ့တွင် အဆက်မပြတ်ကျစ်လျစ်နေသည်။

ထို့နောက်ဓားများအဖြစ်ပြောင်းလဲကာ ဓားနံရံတခုကို ဖန်တီးလိုက်၏။

"တိုက်ခိုက်တဲ့အချိန်မှာ မတော်တဆဆိုတာက ရှောင်လွှဲလို့မရဘူးလေ၊ ၀န်လေးသလို ခံစားနေစရာမလိုပါဘူး၊ ဓားဆွဲထုတ်လိုက်ပါ"

ကုရှီခေါင်းညိတ်ကာ ရှေ့တိုးလိုက်သည်။

မူလကလေထဲရှိနေသည့် ဓားဆန္ဒက ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်ထံသို့ တိုး၀င်သွားသည်။

သူကလက်နှစ်ဖက်နှင့် ဓားလက်ကိုင်ကိုကိုင်ပြီး ယဲ့ချိုးပိုင်အားပိုင်းချသည်။ ဒီဓားဆန္ဒက ပေါက်ကွဲသွားသည့် နဂါးငွေ့တန်းတခုအလား ဓားနံရံဆီသို့ ၀င်ရောက်လာသည်။ ဓားဆန္ဒနဂါးငွေ့တန်း မရောက်ခင် ယဲ့ချိုးပိုင်၏ အမူအရာက လေးနက်သွား၏။ ထိုထဲက လေးလံမှုကို သူခံစားနိုင်ပါသည်။

ကုရှီပြုပြင်မွမ်းမံထားသည့် ဓားတာအိုက အဆတထောင်ခန့်ပိုသည်။

ဓားပိုင်နက်၏ ဖိနှိပ်မှုအောက်တွင်ပင် ယဲ့ချိုးပိုင်ကို ဧရာမဖိအားတခုကို ပေးဆောင်နေသည်။

ထိုအချိန်တွင် ဓားဆန္ဒကနေ သိပ်သည်းနေသည့် ပေါက်ကွဲနေသည့်ကြယ်မြစ်က ဓားနံရံကို ဆူနာမီတစင်းပမာ ၀င်တိုက်သည်။

တာအိုဆွေးနွေးစင်မြင့်တခုလုံးက တုန်ခါသွားပုံရသည်။

ရုတ်ချည်းဆိုသလို ယဲ့ချိုးပိုင် နောက်သို့ သုံးလှမ်းဆုတ်လိုက်ရသည်။

ထို့နောက် သူတချက်အော်လိုက်သည်။

ဓားပိုင်နက်၏အကွာအဝေးက ရုတ်တရက် စတင်ကျုံ့လာသည်။

သို့စေကာမူ ဒါက ယဲ့ချိုးပိုင်နှင့် ကုရှီတို့ကို ဝါးမြိုထားဆဲပင်။

ထိုအခိုက်အတန့်၌ ဓားဆန္ဒက ပို၍ပင်သိပ်သည်းလာသည်။

ထို့နောက်တွင်သာ အဆက်မပြတ် တုန်ခါနေသည့်ဓားနံရံ၌ ဖွင့်ရန်အတွက် အက်ကြောင်းလေးပင် မကျန်ရှိတော့ပါ။

သို့စေကာမူ ပေါက်ကွဲနေသည့်ဓားဆန္ဒမြစ်အောက်တွင် ယဲ့ချိုးပိုင် လက်ထဲတွင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ကျစ်ကျစ်ဆုပ်လိုက်သောအခါ သူ့နဖူး၌ ချွေးစီးကြောင်းငါးကြောင်း ပေါ်လာပြီး ထိပ်ကနေ စီးတွေလာသည်။

တဘက်လူက သူ့ဓားကို ယာယီပိတ်ဆို့လိုက်တာကို မြင်သဖြင့် ကုရှီ၏မျက်လုံးများက အေးစက်သွား၏။

သူဒါကိုမြန်မြန်အဆုံးသတ်ပစ်ရပေမည်။ မဟုတ်ပါက လင်းကျိနန်ပထမဆုံး ရှုံးနိမ့်သွားရပေလိမ့်မည်။

ဒါကိုတွေးမိသောအခါ ကုရှီခေါင်းမော့ရင်း ကျယ်လောင်စွာတချက်ဟိန်းလိုက်သည်။

သူဓားကိုလက်နှစ်ဖက်ဖြင့်ကိုင်ပြီး ထိုနေရာ၌ စတင်လှည့်လိုက်၏။

ပေါက်ကွဲနေသည့်ဓားဆန္ဒနဂါးငွေ့တန်းကလည်း ကျာပွတ်တချောင်းပမာ စတင်လှည့်ပတ်ရင်း ဓားဆန္ဒနံရံကို အဆက်မပြတ် ရိုက်ခတ်နေသည်။

စင်မြင့်ပေါ်၌ ဒီမြင်ကွင်းကို မြင်သောအခါ ဂိုဏ်းအသီးသီး၏ခေါင်းဆောင်များက ခေါင်းခါယမ်းလိုက်ကြသည်။

"အဲဒီဓားသမားလေးကတော့ သေရတော့မယ်ထင်တယ်"

"သူ့ရဲ့ဓားတာအိုအဆင့်က အဆင်ပြေပေမယ့် ကျင့်ကြံခြင်းနယ်ပယ်က အရမ်းနိမ့်လွန်းတယ်၊ ဒီခြေလှမ်းကို ရောက်နိုင်ဖို့ဆိုတာကတောင် မလွယ်ကူဘူး"

"နှမျောစရာပဲ....."

ဟောင်ကျန်းဟန် ယဲ့ချိုးပိုင်ကို လေးနက်သည့်အမူအရာဖြင့် စိုက်ကြည့်နေသည်။

သို့စေကာမူ ယဲ့ချိုးပိုင် သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု သူမတွေးတောထားပါ။

အစကနေယခုအချိန်ထိ ယဲ့ချိုးပိုင်က အံ့ဖွယ်များကို လုံလောက်အောင် မဖန်တီးခဲ့သည့် အကြိမ်ဟူသည်ရှိသည်လား။

သူတွေးနေစဉ် ဧရာမဝိဉာဉ်ချီက ဝဲဂယက်တခုအဖြစ်ပြောင်းလဲကာ ယဲ့ချိုးပိုင်ကို ဗဟိုပြုရင်း ပေါက်ကွဲသွား၏။

လူတိုင်းဆွံအသွားကြသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်ကိုယ်ထဲက ဝိဉာဉ်ချီက လုံး၀အားနည်းမနေဘဲ ယင်းအစား ဆက်လက်မြှင့်တက်နေသည်။

အဆင့်ချိုးဖျက်တော့မည့် လက္ခဏာတခုပင်ရှိနေသည်။

ခွန်အားအပြည့်ဖြင့် ထိပ်တိုက်ရင်ဆိုင်သည့် အခိုက်အတန့်၌ ယဲ့ချိုးပိုင်က ကုရှီ၏ စွမ်းအားအပြည့်တိုက်ခိုက်မှု၏ အကူအညီဖြင့် ယခုလိုဖိအားအောက်တွင်ပင် အဆင့်ချိုးဖျက်ရန် ရွေးချယ်ခဲ့သည်။

"ရဲတင်းလိုက်တာ....."

မြင့်မြတ်အဆောင်ဂိုဏ်းရှိရာဘက်တွင် လန်ယင်ချူသက်ပြင်းချသည်။

"အစ်ကိုမု၊ မင်းရဲ့စီနီယာအကိုက တကယ်မွန်းစတားပဲ"

"ဒီလိုအခြေအနေမျိုးမှာတောင် သူအဆင့်ချိုးဖျက်ရဲသေးတယ်"

နင်းရှီသဘောတူလိုက်သည်။

"ဒါပေမယ့် သူသာအောင်မြင်စွာ အဆင့်ချိုး‌ဖျက်နိုင်ရင် ဝိဉာဉ်အင်မော်တယ်နန်းတော်က ဒီလူကို တကယ်အချိန်ဆွဲထားနိုင်လိမ့်မယ်"

မုဖူရှန်းခါးသီးစွာပြုံးသည်။

သူ့ဆရာလိုစရိုက်ရှိသည့်လူမျိုးက အရင်က ဘာလို့အစ်ကိုကြီးကို တပည့်အဖြစ် လက်ခံရန် ရွေးချယ်ရသလဲဆိုတာ သူမသိတော့ပါ။

သူကအရမ်းရဲတင်းလွန်းသည်။

တခုခုဖြစ်ပျက်သွားပါက သူ့စိတ်အခြေအနေက ဖျက်ဆီးခံလိုက်ရမည်ဖြစ်သလို တခြားသူများ၏ နှောက်ယှက်ခြင်းကိုလည်း ခံရပေလိမ့်မည်။

အကောင်းဆုံးအနေအထားတွင် သူ့ကျင့်ကြံခြင်းက ကျဆင်းသွားမည်ဖြစ်သော်လည်း အဆိုးဆုံးတွင်မူ သူ့အခြေခံအုတ်မြစ်က ထိခိုက်သွားမည်ဖြစ်ကာ ကျင့်ကြံခြင်းလမ်းစဉ်ကိုလည်း ရှေ့မဆက်နိုင်ဖြစ်သွားစေလိမ့်မည်။

တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ဟောင်ကျန်းဟန် သတိအပြည့်ထားနေသည်။

အကယ်၍တခုခုမှားယွင်းသွားပါက သူယဲ့ချိုးပိုင်ကို တိုက်ရိုက်ကယ်တင်မည်ဖြစ်သည်။

မဟာပြိုင်ပွဲ၏စည်းမျဉ်းစည်းကမ်းများကို သူနောက်ထပ် ဂရုစိုက်တော့မည်မဟုတ်။

အကယ်၍ တခုခုသာဖြစ်ပျက်သွားပါက ဒါက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းအတွက် ကြီးမားသည့်ရိုက်ချက်ပေတည်း။

တချိန်တည်းမှာပင် ယဲ့ချိုးပိုင်နောက်က ဆရာက ဘာလုပ်လိမ့်မလဲဆိုတာ သူမသိပေ။

အပိုင်း(638) coming။

All Chapters