#ဝိဉာဉ်အင်မော်တယ်နန်းတော်ကို အနိုင်ယူခြင်း#
Vol. 45 Ch. 638
တိုက်ပွဲအတွင်း အဆင့်ချိုးဖျက်ခြင်းက အတော်လေးရဲတင်းပြီး အန္တရာယ်များသည့်လုပ်ရပ်တစ်ခုပင်။
အဆင့်ချိုးဖျက်နေစဉ် တခြားသူများ၏ နှောက်ယှက်မှုကို ခံ၍မရတာကို လူတိုင်းသိကြသည်။
ဒီအချိန်ကာလအတွင်း ကျင့်ကြံသူ၏ အဆင့်ချိုးဖျက်ရာ၌ စိတ်အခြေအနေက တည်ငြိမ်နေရန်လိုအပ်သည်။
နှောက်ယှက်ခံလိုက်ရပါက စိတ်အခြေအနေကို မတည်မငြိမ် ဖြစ်သွားစေပြီး အလွန်ပြင်းထန်သည့် အကျိုးဆက်များကို ဖြစ်လာစေလိမ့်မည်။
ထို့ကြောင့် တိုက်ပွဲလမ်းကြောင်း၌ အဆင့်ချိုးဖျက်မှုလက္ခဏာတခု ရှိလာလျှင်ပင် အများစုက နယ်ပယ်ကိုဖိနှိပ်ပြီး တိုက်ပွဲပြီးဆုံးသောအခါမှ အဆင့်ချိုးဖျက်ရန်အတွက် ရွေးချယ်ကြသည်။
ယဲ့ချိုးပိုင်ကရော!
တဘက်လူကသူ့ထက်ပိုအားကောင်းပြီး အားအကောင်းဆုံးဓားချက်ကို အသုံးပြုနေစဉ် သူကမူ အဆင့်ချိုးဖျက်ရန် ရွေးချယ်ခဲ့လေသည်။
သူ့မှာဘယ်လိုသတ္တိမျိုးတွေရှိနေတာလဲ!
ဒါမှမဟုတ် သူကဘာဆိုဘာမှမသိတဲ့ သွေးပူတတ်သူတယောက်ပဲလား!
ကုရှီပင်လျှင် ကြက်သေသေနေသည်။ ပုံမှန်ဆိုပါက သူ့တိုက်ချက်များကို သူရပ်တန့်ပြီး တဘက်လူအား အဆင့်ချိုးဖျက်ရန်အတွက် စောင့်ဆိုင်းနေမည်သာ။
သူတို့အကြားတွင် နက်ရှိုင်းသည့် အမုန်းတရားဟူ၍ မရှိပါ။
သူကလည်းဓားသမားတစ်ယောက်ဖြစ်သဖြင့် တဘက်လူကို ယခုလိုအချိန်တွင် နှောက်ယှက်ရန်အတွက် ဘာတခုမှ လုပ်မည်မဟုတ်။
သို့စေကာမူ ယခုတကြိမ် မဟာပြိုင်ပွဲက အလွန်အမင်းအရေးပါစည်။
ဒါက သေမင်းဝိဉာဉ်မြို့သို့ ၀င်ခွင့်နှင့် သက်ဆိုင်နေသည်။
ဒါက လျှို့ဝှက်အင်အားစုများပင်လျှင် မခုခံနိုင်သည့် မြူဆွယ်မှုတခုပေတည်း။
ကုရှီ နှလုံးသားထဲတွင် သက်ပြင်းချသည်။
သူ့ဓားနှလုံးသားက မသန့်ရှင်းသေးပါ။
သွေးဆောင်မှုကို ရင်ဆိုင်ရစဉ် သူက ခုခံနိုင်စွမ်းမရှိပေ။
သူတောင်းပန်တယ်လို့ပဲ ပြောနိုင်တော့သည်။
ကုရှီလက်ထဲကဓားကိုမြှောက်ရင်း ထပ်မံလှည့်ပတ်သည်။ လှည့်ပတ်နှုန်းက မြန်သထက် ပို၍မြန်ဆန်လာသည်။
ဓားဆန္ဒနဂါးငွေ့တန်း၏ လှည့်ပတ်နှုန်း တိုးလာသည်နှင့်အမျှ စွမ်းအားကလည်း ဆက်လက်တိုးလာသည်။
ယဲ့ချိုးပိုင်ရှေ့က ဓားဆန္ဒနံရံက စတင်တုန်ခါလာသည်။
ဒါကလုံး၀ပြိုလဲကျတော့မည့် အခြေအနေတခုနှင့် မဝေးကွာတော့သည့်ပုံပင်။
ထိုနံရံနောက်တွင် ယဲ့ချိုးပိုင် ချိုးဖျက်နေခြင်းကို မရပ်တန့်ခဲ့ပေ။
ဓားဆန္ဒနံရံကိုထိန်းသိမ်းရင်း သူ့ဒန်တျန်ကို အဆက်မပြတ် တိုးချဲ့ရန်အတွက် ဝဲဂယက်ထဲက ဝိဉာဉ်ချီကို အာရုံစိုက်ပြီး လောဘတကြီး စုပ်ယူသည်။
လူတိုင်း၏လေးနက်နေသည့် အကြည့်များအောက်တွင် စက္ကန့်များက ကုန်ဆုံးနေသည်။
အက်ကြောင်းများက ဓားဆန္ဒနံရံပေါ်၌ တဖြည်းဖြည်းစတင်ပေါ်ပေါက်လာပြီဖြစ်ကာ ဖြည်းဖြည်းချင်းပျံ့နေသည်။
ယဲ့ချိုးပိုင်ကမူ ပတ်ပတ်လည်က ဝိဉာဉ်ချီကို ဝေလငါးတကောင်ပမာ စုပ်ယူနေဆဲပင်။
သူ့အော်ရာက အဆက်မပြတ်ထိုးတက်နေသည်။
"ဒီလိုအခြေအနေမျိုးတွေမှာတောင် သူ့စိတ်အခြေအနေက မယိမ်းယိုင်သေးဘူးလား"
စုလင်တုအနည်းငယ်မျက်မှောင်ကြုတ်သည်။
"သူ့စိတ်အခြေအနေက ဒီလောက်ထိ တည်ငြိမ်တာလား"
တခြားတဘက်က စုမုယောင်က တခြားတစုံတရာကို သတိထားမိသည့်အလား ပြောသည်။
"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ဓားသမားရဲ့ ချိုးဖျက်မှုကနေ ဖြစ်စေတဲ့ ကြီးမားတဲ့ ပွက်လောရိုက်မှုက ငါတို့ သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကို ချိုးဖျက်စဉ်ကထက် ပိုများနေတာကို နင်သတိမထားမိဘူးလား"
စုမုယောင်၏ သတိပေးချက်နောက်တွင် စုလင်တုကလွဲ၍ ကျန်သောဂိုဏ်းမှလူများက စတင်နိုးကြားလာသည်။ သူတို့ခေါင်းမော့ကာ တာအိုဆွေးနွေးစင်မြင့်သို့ ထပ်မံ ဂရုတစိုက် ကြည့်လိုက်ကြ၏။
ထိုဧရာမအော်ရာက သာမန်ပါရမီရှင်များ အဆင့်ချိုးဖျက်ခြင်းထက် အများကြီးပိုအားကောင်းသည်။
မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ကမူ အံ့ဩသင့်ခြင်းမရှိပါ။
ဒါက အစ်ကိုကြီးအတွက်ပုံမှန်သာ။ အစ်ကိုကြီး၏ကျင့်ကြံခြင်းနယ်ပယ်က စံအိမ်တော်တွင် အနှေးဆုံးဟုဆို၍ရသည်။ သို့စေကာမူ တာအိုအခြေခံကို တည်ငြိမ်အောင် လုပ်ပြီးသည်နှင့် စံအိမ်တော်က မည်သူမှ ယဲ့ချိုးပိုင်ကိုမယှဉ်နိုင်တော့ပါ။
စံအိမ်တော်တင်မဟုတ်ဘဲ တခြားမည်သူတစ်ဦးတစ်ယောက်ကမှ ယှဉ်နိုင်မည်မဟုတ်။
ကျင့်ကြံခြင်းစတင်စဉ်ကတည်းက ယဲ့ချိုးပိုင် သူ့၏တာအိုအခြေခံကို အလွန်အမင်း အာရုံစိုက်ခဲ့သည်။
တခါတရံ သူကသဘာ၀ရတနာများကို စုပ်ယူသလို ကြုံရာကျပန်းပစ္စည်းများနှင့်လည်း တွေ့ဆုံတတ်သည်။
မူလကတည်းက သူ့ကျင့်ကြံခြင်းက ထိုးတက်သွားနိုင်သည်။
သို့သော် ယဲ့ချိုးပိုင် သူ့နယ်ပယ်ကို အဆက်မပြတ် ဖိနှိပ်ရန် ရွေးချယ်ခဲ့သည်။ သူအမှန်တကယ် မဖိန်ှပ်နိုင်တော့သောအခါမှသာ အဆင့်ချိုးဖျက်ရန်အတွက် ရွေးချယ်သည်။
ထို့ကြောင့် ယဲ့ချိုးပိုင်၏ တာအိုအခြေခံက ကျောက်တုံးတစ်တုံးကဲ့သို့ပင် တည်ငြိမ်လာခဲ့သည်။
ထိုအဆင့်ချိုးဖျက်နေစဉ်အခိုက်အတန့်၌ ဖြစ်ပျက်နေသည့် ပွက်လောက်ရိုက်မှုကလည်း အနည်းငယ်ပိုပြင်းထန်နေပေလိမ့်မည်။
ထိုအချိန်မှာပင် ယဲ့ချိုးပိုင်ပတ်လည်က ဝဲဂယက်က ပျောက်ကွယ်သွား၏။
ကုရှီ၏မယုံကြည်နိုင်သည့် အကြည့်အောက်တွင် သူ့ရှေ့ကဓားသမား၏ အော်ရာက အဆက်မပြတ် ထိုးတက်နေသည်။
သူက သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်သွားခဲ့သည်။
မူလကပျက်စီးတော့မည်ဖြစ်ပြီး အက်ကြောင်းများပင် ပေါ်လာသော ဓားဆန္ဒနံရံ၌ အက်ကြောင်းများက ဓားဆန္ဒဖြင့် စတင်ပြုပြင်မွမ်းမံခံရပြီး ခါယမ်းကာ ခိုင်ခိုင်မာမာဖြစ်လာသည်။
ကုရှီ ပေါက်ကွဲနေသည့်ဓားဆန္ဒမြစ်ဖြင့် မည်မျှပင် ပြင်းထန်စွာ တိုက်ခိုက်နေပါစေ ယဲ့ချိုးပိုင်၏ ဓားဆန္ဒမြို့နံရံကို ချိုးဖျက်နိုင်စွမ်းမရှိချေ။
"သူတကယ်ပဲ အဆင့်ချိုးဖျက်တာမှာ အောင်မြင်သွားတာလား"
"ဒီကလေးကမဆိုးဘူး၊ အချိန်ကျလာတဲ့အခါကျရင် သူ့ကိုသိမ်းသွင်းပြီး ငါတို့ဆီ ပါ၀င်လာနိုင်အောင် ကြိုးစားကြည့်ရမယ်"
တာအိုဆွေးနွေးစင်မြင့်ပေါ်က အထွတ်အထိပ်ကျွမ်းကျင်သူများအားလုံး ဆွဲဆောင်ခံနေရသည်။
စစ်ဆေးရေးမှုးကလည်း မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။
"သူ့ကိုစစ်ဆေးမှုမှာ ပါ၀င်ဖို့အတွက် ပြောကြည့်ရမလား"
တာအိုဆွေးနွေးစင်မြင့်အောက်တွင် စုမုယောင်ဒါကို မြင်သောအခါ ချက်ချင်းပြောသည်။
"ငါပြန်သွားပြီး အဖိုးကို ခြွင်းချက်တခုလုပ်ပြီး ယဲ့ချိုးပိုင်ကို စုမိသားစုထဲ ၀င်အောင် လုပ်ရမယ်၊ သူ့နာမည်ကို ပြောင်းစရာမလိုဘူး"
စုမုယောင်၏အဖိုးက လက်ရှိစုမိသားစုခေါင်းဆောင်ဖြစ်သည်။
သူမ၏ရည်ရွယ်ချက်များကို စုလင်တုနားလည်ပါသည်။
ယခုလိုပါရမီရှင်မျိုးသာ မသေပါက အနာဂတ်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
သူကတိုက်ပွဲအတွင်း အဆင့်ချိုးဖျက်နိုင်သည်။
သွေးပြောင်းလဲခြင်းနယ်ပယ် အစောပိုင်းအဆင့်ကျင့်ကြံခြင်းဖြင့် အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိသည့် ကုရှီကို ခုခံနိုင်သည်။
ဒီအရာများက ဂိုဏ်းအားလုံးအတွက် သူတို့ပင်မအောင်မြင်နိုင်သည့် အရာများပင်။
ချူလန်နှင့် ချီပင်းတို့၏ ရူးသွပ်သည့် တိုက်ခိုက်မှုများအောက်တွင် လင်းကျိနန်နှင့် ဟောင်ကျူဟွားတို့က နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ တာအိုဆွေးနွေးစင်မြင့်ပေါ်ကနေ ကျသွားကြ၏။
သူတို့နှစ်ယောက်က လိုက်လျောညီထွေစွာပင် ချက်ချင်းဆိုသလို ကုရှီ၏ ဘယ်ညာသို့ရောက်လာကြပြီး အားအကောင်းဆုံး ဓားချက်များဖြင့် ပိုင်းချလိုက်ကြသည်။
ချီပင်းလက်ထဲက ဓားရှည်က ဝိဉာဉ်မီးတောက်များဖြင့် ဖုံးလွှမ်းနေပြီး ကုရှီထံသို့ မီးမြွေတကောင်ပမာ ပိုင်းဖြတ်သွားသည်။
ချူလန်ကလည်း သူ့၏အော်ရာအားလုံးကို သိပ်သည်းကာ ဘယ်ဘက်ကနေ ထိုးလိုက်သည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ကလည်း ခံစစ်ကနေ တိုက်စစ်သို့ပြောင်းသွားသည်။
ကောင်းကင်နှင့်မြေကြီးအနှစ်သာရများက စတင်သိပ်သည်းလာကြ၏။
ရှေးဦးမူလဓားကျမ်း!
တတိယဓားချက်၊ နတ်ဆိုးချိုးဖျက်သူ!
သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကို ချိုးဖျက်ပြီးနောက် ယဲ့ချိုးပိုင်၏ဓားက ပို၍ပင် အစွမ်းထက်လာသည်။
ဒါကိုမြင်သောအခါ ကုရှီ ဒေါသတကြီး အော်ဟစ်ကာ သုံးကြိမ်တိတိ ပိုင်းချလိုက်၏။
ဓားဆန္ဒကထိုးထွက်လာပြီး နဂါးငွေ့တန်းက တိုး၀င်သွားသည်။
ကံဆိုးစွာပင် ဓားပိုင်နက်၏ ဖိနှိပ်မှုအောက်တွင် ချီပင်းနှင့် ချူလန်တို့၏ တိုက်ချက်များကို သူချိုးဖျက်နိုင်ခဲ့သော်လည်း ယဲ့ချိုးပိုင်၏ နတ်ဆိုးချိုးဖျက်ခြင်းဓားချက်ကို ရင်ဆိုင်ရသောအခါတွင်မူ နဂါးငွေ့တန်းကဲ့သို့ဓားဆန္ဒက တိုက်ရိုက်ချိုးဖျက်ခံရသည်။
ထို့နောက် ကြယ်ရောင်အစက်အပျောက်များအဖြစ် ပြောင်းလဲကာ တာအိုဆွေးနွေးစင်မြင့်အတွင်း ပြန့်ကြဲသွားကြရသည်။
ကုရှီ၏ကိုယ်ကမူ ကြိုးပြတ်သွားသည့် စွန်တစင်းပမာ လွင့်စင်သွားပြီး တာအိုဆွေးနွေးစင်မြင့်ပေါ်မှ တိုက်ရိုက်ကျသွားသသည်။
ဒီအကြိမ်မှ လှည့်ကွက်များ၏ ရလဒ်ကို အားလုံးကြည့်ခဲ့ကြသည်။
အစက ဂိုဏ်းဆယ်ဂိုဏ်းထဲတွင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက အားအနည်းဆုံးဟု သူတို့ထင်ခဲ့ကြသည်။
ကြည့်ရသည်မှာ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကိုလည်း လျှော့တွက်၍မရပေ။
ဂိုဏ်းအသီးသီးက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းနှင့် ပတ်သက်၍ သူတို့၏ ထင်မြင်ချက်များကို ပြန်လည်ပြင်ဆင်လိုက်ရသည်။
စစ်ဆေးရေးမှူးကလည်း ပြုံးရင်းခေါင်းညိတ်ကာ သူ့မျက်လုံးများက လေးစားသဘောကျမှုများဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူယဲ့ချိုးပိုင်အားကြည့်ပြီး ကြေညာလိုက်လေသည်။
"ဝိဉာဉ်အင်မော်တယ်နန်းတော်ရှုံးသွားပြီ၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း နိုင်ပါတယ်"
ထိုစကားကိုကြားသောအခါ လူတိုင်း တုန်လှုပ်ချောက်ချားသွားကြရသည်။
ဟောင်ကျန်းဟန်ပြုံးလိုက်မိသည်။
ယဲ့ချိုးပိုင်က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို အမှန်တကယ် ဦးဆောင်နိုင်လောက်သည်။
ယခုတကြိမ်တွင် သီးသန့်ဂိုဏ်းများ ပေါ်လာသောအခါ ကမ္ဘာကြီးက ပြောင်းလဲသွားရသည်။
ယဲ့ချိုးပိုင် သူ့၏မောပန်းနွမ်းနယ်နေသည့် ကိုယ်ကို စင်ပေါ်ကနေ သယ်ဆောင်သွားစဉ် လင်းကျိနန်သူ့ရှေ့တွင် ထရပ်လိုက်၏။
သူ့မျက်နှာက ဖြူဖျော့နေသော်လည်း သူ့မျက်နှာ၌ ကြော့ရှင်းသည့်အပြုံးတပွင့် ရှိနေဆဲပင်။
"အစ်ကိုယဲ့၊ အံ့ဩသင့်ဖို့ကောင်းလိုက်တာ"
ယဲ့ချိုးပိုင်ပြုံးကာ ပြန်ဖြေသည်။
"ဒါကတိုက်ဆိုင်မှုတခုပါပဲ"
"ဝှက်ဖဲကြောင့်သာမဟုတ်ဘူးဆိုရင် ရလဒ်က သေချာမှာမဟုတ်ဘူး"
ထိုစကားကိုကြားသောအခါ လင်းကျိနန်၏ အမူအရာက လေးနက်သွားပြီးနောက် ခေါင်းခါယမ်းသည်။
"ရှုံးတာကရှုံးတာပဲ၊ ဘာမှပြောစရာမရှိပါဘူး"
"ဒါ့အပြင် ဒါက မင်းက ငါတွေးတာထက် ပိုပြီးတွေးနိုင်ခဲ့တယ်လို့ ဆိုလိုနေတာပဲ"
"ဒါပြီးရင် မင်းဝိဉာဉ်အင်မော်တယ်နန်းတော်ကို လာလည်လို့ရပါတယ်၊ ငါလည်း မင်းဆီက လမ်းညွှန်မှုတချို့ကို မေးမြန်းလို့ရတာပေါ့"
ပတ်ပတ်လည်က လူများက ဒီစကားများကို ကြားသောအခါ လင်းကျိနန်ကို သိသူများမှာ ကြက်သေသေသွားကြ၏။
လင်းကျိနန်က အမြဲလိုလိုသဘောကျစရာကောင်းပြီး လူတိုင်းကို သိမ်မွေ့စွာ ဆက်ဆံသော်လည်း တကယ်တမ်းတွင် သူက နှလုံးသားထဲ၌ အတော်လေးမာနကြီးသူတစ်ယောက်ဖြစ်သည်။
အပိုင်း(639) coming။