← Chapters

#စော်ကားခံရခြင်း#

Vol. 45 Ch. 640

#စော်ကားခံရခြင်း#

Vol. 45 Ch. 640

လူတိုင်းအလွန်အမင်း အံ့ဩနေကြပြီး မိုးကြိုးစွမ်းအားနှင့်ရောကာ အဆောင်စာရွက်ပေါ်၌ အဆက်မပြတ်လှုပ်ယမ်းနေသည့် မုဖူရှန်း၏ အဆောင်စုတ်တံကို သူတို့ကြည့်နေကြသည်။

ကနေသည့်အဆောင်စုတ်တံက အဆောင်စာရွက်ပေါ်၌ လှုပ်ယမ်းနေသည်။

နောက်ပိုင်းပုံရိပ်များစွာပေါ်လာပြီးနောက် အဆောင်များကတခုပြီးတခု မုဖူရှန်းလက်ထဲတွင် ပေါ်လာသည်။

အသက်ရှုကြိမ်ရေငါးကြိမ်အတွင်း အဆောင်စည်းတံဆိပ်တခုက ပြီးစီးသွားပြီဟု ဆို၍ရသည်။

"သူ....သူဘယ်လိုလုပ်လိုက်တာလဲ"

စုလင်တု၏မေးရိုးက ပြုတ်ကျမတတ်ပင်။ သူ့မျက်လုံးများနှင့်မျက်နှာက မယုံနိုင်မှုဖြင့် ပြည့်နှက်နေကြ၏။

လျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်းက ပါရမီရှင်ဖြစ်သည့်တိုင် ယခုလိုထူးဆန်းသည့်အရာမျိုးကို သူအရင်ကတခါမှ မတွေ့ခဲ့ဖူးပါ။

ဒါ့အပြင် စုမိသားစုက ကောင်းကင်ဘုံအဆင့်အဆောင်သခင်(အင်မော်တယ်အဆောင်သခင်)တစ်ဦးရှိသည်။ သူပင်လျှင် ဒီလိုလုပ်နိုင်မည်မဟုတ်။

မုဖူရှန်းရေးထွင်းသည့်အဆောင်က အင်မော်တယ်တပိုင်းနယ်ပယ်၏ အကာအကွယ်အဆင့်ကိုပင် ရောက်နေလေပြီ။

စုမုယောင်၏အမူအရာကလည်း အနည်းငယ်ပို၍လေးနက်သွား၏။ ဒီမုဖူရှန်းက ခုနကလေးက ယဲ့ချိုးပိုင်နှင့် အတော်လေးနက်ရှိုင်းသည့် ဆက်ဆံရေးတခုရှိပုံရသည်။

အင်မော်တယ်မျောက်ဝံကျေးရွာက ခန္ဓာကျင့်ကြံသူကလည်း အတူတူပင်။

ယဲ့ချိုးပိုင်က သူ‌တို့မျှော်လင့်ထားတာထက် အများကြီးပိုသာလွန်နေသည်။

ဒီမုဖူရှန်းက ပိုတော်သေးသည်။

"မုဖူရှန်းနဲ့ ယဲ့ချိုးပိုင်တို့ရဲ့ဆက်ဆံရေးက ဘယ်လိုလဲဆိုတာ သွားရှာလာခဲ့"

စုမု‌ယောင် စုလင်တုအားလှည့်ကြည့်ကာ လေးနက်သည့်အမူအရာဖြင့်ပြောသည်။

"တကယ်လို့ သူတို့ကြားမှာ နက်ရှိုင်းတဲ့ ဆက်ဆံ‌ရေးတခုသာ ရှိနေခဲ့ရင် ယဲ့ချိုးပိုင်ကို ဘယ်လောက်ပဲကုန်ကျပါစေ စုမိသားစုထဲကို ၀င်အောင်လုပ်ရမယ်"

အကယ်၍ ယဲ့ချိုးပိုင်နှင့်မုဖူရှန်းတွင် ဆက်ဆံရေးကောင်းတခုရှိပါက ယဲ့ချိုးပိုင်ကို စုမိသားစုထဲတွင် ၀င်ခွင့်ပေးခြင်းက အနာတ် အင်မော်တယ်အဆောင်သခင်တစ်ဦးနှင့် ဆက်ဆံရေးကောင်းတခု တည်ဆောက်ခြင်းနှင့် ညီမျှသည်။

သူတို့စုမိသားစုတွင်ပင် အင်မော်တယ်အဆောင်သခင်တစ်ဦးသာရှိပြီး သူ့ကို ဧည့်အကြီးအကဲအဖြစ် ဖိတ်ခေါ်ရန်အတွက် ကြီးမားသည့်တန်ဖိုးတခု ပေးဆပ်ခဲ့ရသည်။

ထိုအချိန်တွင် မုဖူရှန်းအဆောင်သခင်တစ်ဦးအဖြစ် သူ့ပါရမီကို ပြသခဲ့သည်။

ဒါက သာမန်ကောင်းကင်ဘုံအဆောင်သခင်များထက်ပင် သာလွန်နေလေပြီ။

သို့စေကာမူ ကိုးလွှာမိုးကြိုးဒိုင်းက မုဖူရှန်းအတွက် ဘာမှမဟုတ်ပေ။

မိုးကြိုးလွတ်မြောက်အဆောင်အပြင် ဒါက သူအကျွမ်းကျင်ဆုံးအဆောင်များထဲက တခုဖြစ်သည်။

သူဒါကိုဘယ်လောက်ကြာကြာ လေ့ကျင့်ခဲ့မှန်း မုဖူရှန်းမသိတော့ပါ။

ဒါ့အပြင် မုဖူရှန်း၏လက်ရှိဝိဉာဉ်စွမ်းအားနှင့် ကျွမ်းကျင်မှုအရ ဒီလောက်မြန်တာက ပုံမှန်ပင် မဟုတ်ပေလော။

တာအိုဆွေးနွေးစင်မြင့်ထက်တွင် မြင့်မြတ်အဆောင်ဂိုဏ်း၏အကြီးအကဲကလည်း ဆွံအနေသည်။

မုဖူရှန်းက ထူးခြားသည့်အဆောင်သခင်ဖြစ်ပြီး အဆင့်မြင့်မဟာအကြီးအကဲသုံးဦး၏ တန်ဖိုးထားခြင်းကို ခံရတာကို သူသိပါသည်။

ဒါကသူမုဖူရှန်း အဆောင်များရေးထွင်းတာကို မမြင်ခဲ့စဉ်ကဖြစ်သည်။ ယခုဒါကို သူကိုယ်တိုင် တွေ့ကြုံလိုက်ရပြီဖြစ်လေရာ ထိတ်လန့်တုန်လှုပ်သွားရသည်။

မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သည့် သူပင်လျှင် ဒီအခြေအနေကို မရောက်နိုင်ပေ။

မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲက နောက်ဆုံးတော့ ဘာကြောင့် ဂိုဏ်းချုပ်နှင့် အဆင့်မြင့်မဟာအကြီးအကဲတို့က သူ့ကို အရမ်းတန်ဖိုးထားနေရသလဲဆိုတာ ယုံကြည်သွားပြီဖြစ်သည်။

ဒါ့အပြင် မုဖူရှန်းက မြင့်မြတ်အဆောင်ဂိုဏ်းကို မဖြစ်နိုင်သည့်အမြင့်တခုဆီသို့ ဦးဆောင်လိမ့်မည်ဟု သူပြောနိုင်သည်။

ရှေးကလူများကမယှဉ်နိုင်သလို နောက်လူများလည်း ယှဉ်နိုင်မည်မဟုတ်။

ဟောင်ကျန်းဟန်ခါးသီးစွာပြုံးသည်။

"ဘာလို့ယဲ့ချိုးပိုင်ရဲ့ဂျူနီယာညီလေးတွေက အရမ်းကြောက်စရာကောင်းနေရတာလဲ"

"သူတို့နောက်ကွယ်က စီနီယာက အရမ်းအစွမ်းထက်တယ်... ဒီလိုတပည့်မျိုးကိုတောင် သူလေ့ကျင့်ပေးနိုင်တယ်"

အတွေ့အကြုံရှိပြီး အသိကြွယ်၀သည့် စစ်ဆေးရေးမှူးပင်လျှင် ထိတ်လန့်သွားရသည်။

သူတာအိုဆွေးနွေးစင်မြင့်ပေါ်သို့ ကြည့်လိုက်စဉ် အက္ခရာလေးလုံးဂိုဏ်းမှ တပည့်လေးဦးကလည်း သူတို့ရှေ့က မိုးကြိုးဒိုင်းအလွှာလေးခုနှင့် တခုပြီးတခုမျောလွင့်နေသည့် အဆောင်များအား ကြည့်လိုက်မိကြပြီး မှင်သေနေကြသည်။

ဒါကိုဘယ်လိုလုပ်ခဲ့သလဲဆိုတာ မပြောနဲ့ဦး!

ဒါက....ငါတို့အခုဘယ်လိုတိုက်ခိုက်ရမလဲ!

သူတို့လေးယောက်က စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်မည်ဆိုလျှင်ပင် အနီးကပ်ဆုံးက အဆင့်နိမ့်အဆင့် မိုးကြိုးဒိုင်းကိုသာ ချိုးဖျက်နိုင်မည်ဖြစ်သည်။

သူတို့ရှေ့တွင် အနည်းဆုံးမိုးကြိုးဒိုင်း အခုသုံးလေးဆယ်ရှိသည်။

ဒါ့အပြင် အရေအတွက်ကလည်း အလျင်အမြန်ပင် တိုးတက်လာနေသည်။

လန်ယင်ချူနှင့် ကျန်နှစ်ယောက်ပင်လျှင် နောက်ထပ်မခံနိုင်တော့ပါ။

"အမ်....အစ်ကိုမုရေ....ဒါ....ဒါက လုံလောက်သင့်ပြီမလား"

သို့စေကာမူ မုဖူရှန်းမျက်မှောင်ကြုတ်သည်။

"သူတို့မှာဝှက်ဖဲတခုရှိသေးရင် ဘယ်လိုလုပ်မလဲ၊ ဒါကမလုံလောက်သေးဘူး၊ နောက်ထပ်ဆယ်ကဒ်လောက် ပေါင်းထည့်ရမယ်"

ထိုစကားကိုကြားသောအခါ နင်းရှီနှင့် ရှန်းကျိယုတို့၏မျက်ခုံးများက ရှုံ့တွသွားကြ၏။

နောက်ထပ်ဆယ်ကဒ်လား!

ဒီအဆောင်က လမ်းပေါ်က ဂေါ်ဖီထုပ်များ မင်းထင်နေတာလား!

ဆန့်ကျင်ဘက်အနေနှင့် အက္ခရာလေးလုံးဂိုဏ်းသားများက စိတ်ပျက်မှုဖြင့် ပြည့်နှက်နေကြသော်လည်း သူတို့လက်မလျှော့ဘဲ ရှေ့က မိုးကြိုးဒိုင်းကို အစွမ်းကုန် တိုက်ခိုက်ကြသည်။

ဆယ်ကြိမ်ထက်အပို ဖျက်ဆီးပြီးနောက်တွင် ဒါကကြိတ်စက်တခုဖြစ်နေလျှင်ပင် သူတို့အား သေသည်အထိ ကြိတ်ပစ်နိုင်လေသည်။

မိုးကြိုးဒိုင်းအလွှာများက ကွင်းပြင်၏ လေးပုံတပုံကို နေရာယူထားလေပြီ။

ထို့နောက်တွင်သာမုဖူရှန်းရပ်ပြီး အက္ခရာလေးလုံးဂိုဏ်းက လူလေးယောက်ကိုကြည့်ရင်း ပြုံးသည်။

"မင်းတို့ဘာလို့အရှုံးကို၀န်မခံရသေးတာလဲ"

"ကြည့်ကြည့်၊ မင်းတို့အခု ငါ့ရဲ့ဒီအဆောင်တွေကို ချိုးဖျက်ချင်တယ်ဆိုရရင် အချိန်ယူရရုံတင်မက မင်းတို့ကိုယ်ထဲက ဝိဉာဉ်ချီတွေလည်း ကုန်ခမ်းသွားလိမ့်မယ်"

သေမျိုးနယ်မြေတွင် နယ်ပယ်က အင်မော်တယ်အဆင့်ရောက်နေလျှင်ပင် ကိုယ်ထဲက ဝိဉာဉ်ချီတွင် အင်မော်တယ်ဖမ်းစားမှာတခုသာရှိသည်။

ဒါက အင်မော်တယ်စွမ်းအင်အဖြစ် အပြည့်အ၀မပြောင်းလဲသေးပါ။

သို့စေကာမူ ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ရောက်လိုပါက ကိုယ်ထဲက ဝိဉာဉ်ချီပမာဏ၏ အနည်းဆုံး၂၀ရာခိုင်နှုန်းကို အင်မော်တယ်ချီအဖြစ် ပြောင်းရန်လိုအပ်သည်။

ထို့နောက်တွင်သာ ကောင်းကင်အင်မော်တယ်နယ်ပယ်ကို အောင်မြင်စွာ တက်လှမ်းနိုင်ပေသည်။

ဒါကလည်း မြေအင်မော်တယ်များက ကောင်းကင်အင်မော်တယ်များ၏ တိုက်ပွဲကို အနီးကပ်လေ့လာရန်ပင် အရည်အချင်းမရှိရသည့်အကြောင်းရင်းဖြစ်သည်။

ခြားနားချက်က ကြီးမားလွန်းသည် မဟုတ်ပေလော။

ထိုအခိုက်အတန့်၌ မုဖူရှန်း၏ စကားလုံးများကိုကြားသောအခါ အက္ခရာလေးလုံးဂိုဏ်းသားလေးဦး၏ မျက်နှာများက အစိမ်းအဖြူသန်းသွားရသည်။

ဒါကအရမ်းရှက်စရာကောင်းသည်။

သို့စေကာမူ မုဖူရှန်းက အမှန်တရားကို ပြောဆိုနေခြင်းပင်။

ဝိဉာဉ်ချီက မကုန်ခမ်းသွားဘူးဆိုလျှင်ပင် ဒါကအချိန်အများအပြားလိုအပ်သည်။

မုဖူရှန်း၏ အမြန်နှုန်းနှင့် ကျင့်ကြံခြင်းအဆင့်အရ သူ့အဖို့ အကြီးစားသတ်ဖြတ်ခြင်းအဆောင်တခုကို ရေးထွင်းရန်ဟူသည် မခက်ခဲပေ။

အဆောင်သခင်အများစုက သတ်ဖြတ်ခြင်းအဆောင်များကို အာရုံစိုက်ထားကြသည်။

ကာကွယ်ရေးအဆောင်များကပင် အံ့ဖွယ်ကောင်းနေလေပြီ။

သတ်ဖြတ်ခြင်းအဆောင်များက ဘာများမှားယွင်းနေမည်နည်း။

ကံဆိုးချင်တော့ သူတို့တကယ်မှားယွင်းစွာ ခန့်မှန်းမိသွားသည်။

သတ်ဖြတ်ခြင်းအဆောင်များက မုဖူရှန်း၏ အားသာချက်မဟုတ်။

သူ့၏လွတ်မြောက်အဆောင်များနှင့် ကာကွယ်ရေးအဆောင်များကသာ အထင်ကြီးစရာအကောင်းဆုံးဖြစ်သည်။

အက္ခရာလေးလုံးဂိုဏ်း၏ အကြီးအကဲက ဒီမြင်ကွင်းကို အပေါ်ကနေ မြင်သောအခါ အကူအညီမဲ့စွာ သက်ပြင်းချလိုက်ရသည်။

"ငါတို့အက္ခရာလေးလုံးဂိုဏ်းက အရှုံးကို ၀န်ခံပါတယ်"

အက္ခရာလေးလုံးဂိုဏ်း၏ တပည့်လေးဦးက အနည်းငယ်ခေါင်းငုံ့ရင်း တာအိုဆွေးနွေးစင်မြင့်ပေါ်မှ ဆင်းသွားကြသည်။

သူတို့ဆက်တိုက်မည်ဆိုလျှင်ပင် အနိုင်ရရန်အခွင့်အလမ်းမရှိပါ။

ဒါ့အပြင် တဘက်လူက သတ်ဖြတ်ခြင်းအဆောင်ကို သုံးလာသည်နှင့် ရှုံးပြီး ဒဏ်ရာရသည့်အဆင့်လောက်သာ ရှိနေမည်မဟုတ်တော့။

မကြာသေးခင်က ငရဲဂိုဏ်းလုပ်ခဲ့သည့် အရာများအပြီးတွင် သူတို့ကလည်း အနည်းငယ်ကြောက်နေကြသည်။

စစ်ဆေးရေးမှူးက ဒါကိုကြားသောအခါ အသက်ရှူကြိမ်နှစ်ကြိမ်ခန့် အပြီးမှသာ တုံ့ပြန်လာပြီး ကြေညာသည်။

"မြင့်မြတ်အဆောင်ဂိုဏ်း ဒီတိုက်ပွဲကို အနိုင်ရပါတယ်"

မြင့်မြတ်အဆောင်ဂိုဏ်းက အမှတ်၄၀ ထပ်မံရသွားပြီး စုစုပေါင်း အမှတ်၉၀ဖြစ်လာသည်။

သူတို့အနာဂတ်တွင် နောက်တစ်ကျော့ကို နိုင်နေသရွေ့ ထိပ်တန်းအဆင့်သုံးတွင် သေချာပေါက်၀င်နိုင်မည်ဖြစ်သည်။

ဂိုဏ်းအားလုံးတွင် ရှုပ်‌ထွေးသည့် အမူအရာများရှိနေကြပြီး မြင့်မြတ်အဆောင်ဂိုဏ်း စင်မြင့်ပေါ်ကနေ ဖြည်းညင်းစွာ ဆင်းသွားတာကို ကြည့်နေကြသည်။

အရင်က မြင့်မြတ်အဆောင်ဂိုဏ်းက အဆောင်ထွင်းထုခြင်း၏ နှေးကွေးမှုကြောင့် တကယ့်တိုက်ပွဲတွင် အားနည်းလွန်းသည်။ သူတို့အဆင့်က အမြဲလိုလို ကျန်သောဂိုဏ်းသုံးဂိုဏ်း၏ အောက်တွင် ရှိနေတတ်သည်။

ယခုကြည့်ရမည်ဆိုပါက မုဖူရှန်းသာရှိပါက မြင့်မြတ်အဆောင်ဂိုဏ်း၏ နာမည်က ဒီမဟာပြိုင်ပွဲ၌ အလယ်အလတ်အဆင့် ကြယ်နယ်မြေတခုလုံးကို တုန်လှုပ်စေပေလိမ့်မည်။

သူတို့၏အဆင့်ကလည်း နောက်တစ်ဆင့်သို့ သေချာပေါက် မြှင့်တက်သွားပေလိမ့်မည်။

ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့က ဖြည်းဖြည်းချင်း ဆင်းလာနေသည့် မုဖူရှန်းအား ဆွံအစွာ ကြည့်လိုက်ကြသည်။

"မင်းကတကယ်အရှက်မဲ့လွန်းတာပဲ"

မုဖူရှန်း လက်အစုံကိုဖြန့်ကာ ရွှင်မြစွာပြုံးသည်။

"ဒါကဆရာကျွန်တော့်ကို သင်ပေးခဲ့တာပဲလေ၊ ကျွန်တော်ဆရာရဲ့အမိန့်ကို အစ်ကိုကြီးလိုမျိုး ဆန့်ကျင်လို့တော့မရဘူးလေ၊ ဟုတ်တယ်မလား"

ယဲ့ချိုးပိုင် "????"

စော်ကားလှချည်လား!

အပိုင်း(641) coming။

All Chapters