← Chapters

#ရှောင်ဟိုင်အခွင့်မသာခြင်း#

Vol. 45 Ch. 641

#ရှောင်ဟိုင်အခွင့်မသာခြင်း#

Vol. 45 Ch. 641

ငါးကြိမ်မြောက်က အင်မော်တယ်မျောက်ဝံကျေးရွာနှင့် ကောင်းကင်ပြာမြစ်ဝါနန်းတော်အကြားက တိုက်ပွဲဖြစ်သည်။

ဒါက မဲခွဲမှု၏ နောက်ဆုံးအကျော့လည်းဖြစ်သည်။

နှစ်ဖက်စလုံးက ထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် သူတို့က လွတ်လပ်သည့်စိန်ခေါ်မှုတခုကို‌ ရောက်လာပေလိမ့်မည်။ ဂိုဏ်းတိုင်းတွင် စိန်ခေါ်ရန် အခွင့်အလမ်းရှိသည်။

အဆုံးသတ်တွင် အမှတ်များကို ရေတွက်ပြီး ထိပ်ဆုံးသုံးနေရာရှိ ဂိုဏ်းများကို တွက်ချက်မည်ဖြစ်သည်။

ထိုနေရာတွင်သာ သေမင်းဝိဉာဉ်မြို့သို့ ၀င်ရန်အတွက် အရည်အချင်းပြည့်မီပေလိမ့်မည်။

မုဖူရှန်း ကောင်းကင်ပြာမြစ်ဝါနန်းတော်ရှိရာဘက်သို့ကြည့်ကာ မျက်မှောင်ကြုတ်သည်။

"ဒီကောင်းကင်ပြာမြစ်ဝါနန်းတော်ကို ကျွန်တော်တကယ်မမြင်နိုင်ဘူး"

ယဲ့ချိုးပိုင်ကလည်း ခေါင်းညိတ်သည်။

ငရဲဂိုဏ်းဖြစ်စေ စုမိသားစုဖြစ်စေ သူတို့က စင်မြင့်ပေါ်သို့ သွားပြီးကြပြီ။ တချိန်တည်းမှာပင် တဘက်လူက ဘယ်အဆင့်ကို ရောက်နေသလဲဆိုတာကိုလည်း အကြမ်းဖျင်းပိုင်းခြားနိုင်ခဲ့သည်။

သို့စေကာမူ ဒီကောင်းကင်ပြာမြစ်ဝါနန်းတော်နှင့် ပတ်သက်၍ သတင်းအချက်အလက်များက အရမ်းနည်းသည်။

အော်ရာကိုဖုံးကွယ်ထားနိုင်သည့် နည်းစနစ်ကလည်း အတော်လေးကောင်းမွန်သည်။

ယဲ့ချိုးပိုင် ရှောင်ဟိုင်အားကြည့်ရင်း သတိပေးသည်။

"သူတို့ကိုတိုက်ခိုက်တဲ့အချိန် မင်းဂရုစိုက်ရမယ်၊ လုံး၀ထိန်ချန်မထားနဲ့"

ထိုစကားကိုကြားသောအခါ ရှောင်ဟိုင်ပြုံးလိုက်ပြီး သူ့မျက်လုံးများက တိုက်ခိုက်ရေးစိတ်ဓာတ်ဖြင့် ပြည့်နှက်နေသည်။

"ကျွန်တော် အားကောင်းတဲ့လူဖြစ်စေ၊ အားနည်းတဲ့လူဖြစ်စေ ဘယ်သူ့ကိုမှ ဘယ်တော့မှ ထိန်ချန်ထားမှမဟုတ်ဘူး"

"တစ်ဦးချင်းတိုက်ပွဲလား ဒါမှမဟုတ် အုပ်စုလိုက်တိုက်ပွဲလားဆိုတာ မင်းတို့ဆုံးဖြတ်ပြီးကြပြီလား"

ထိုအချိန်တွင် အပေါ်က စစ်ဆေးရေးမှူးက ဂိုဏ်းနှစ်ဂိုဏ်းကိုကြည့်ကာ မေးလိုက်သည်။

ကောင်းကင်ပြာမြစ်ဝါနန်းတော်က ဘာတခုမှမပြောပေ။

အင်မော်တယ်မျောက်ဝံကျေးရွာအတွက်မူ သူတို့က တစ်ဦးချင်းတိုက်ခိုက်ရန် ရွေးချယ်လိုက်ကြ၏။

သူတို့အတွက်မူ တစ်ဦးချင်းတိုက်ပွဲများတွင်သာ သူတို့ခွန်အားများကို ပို၍ ပြသနိုင်ပေလိမ့်မည်။

"ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတော့"

ကောင်းကင်ပြာမြစ်ဝါနန်းတော်ဘက်မှ ခေါင်းဆောင်လာသည့် အစိမ်းရောင်၀တ်ရုံနှင့်လူက ရှောင်ဟိုင်အားကြည့်ပြီး မေးသည်။

"ငါတို့သွားကြမလား"

ရှောင်ဟိုင် ထိုစကားကိုကြားသောအခါ သူ့အား တချက်သာစူးစိုက်ကြည့်ပြီးနောက် မည်သည့်စကားမှ မဆိုဘဲ ခုန်လိုက်သည်။

သူ့ခြေထောက်များက လေးလံသည့်အမြောက်ဆန်များအလား တာအိုဆွေးနွေးစင်မြင့်ပေါ်သို့ ကျလာသည်။

အစိမ်း၀တ်ရုံနှင့်လူကလည်း တာအိုဆွေးနွေးစင်မြင့်ပေါ်သို့ တစ္ဆေတကောင်ပမာ ခုန်တက်လိုက်၏။

သူ့ကိုယ်ခန္ဓာက အလေးချိန်ကင်းမဲ့နေပြီး မျောလွင့်နေသည့်အလား ထင်ရသည်။

ရှောင်ဟိုင်ရှေ့က အစိမ်း၀တ်ရုံနှင့်လူတဖြစ်လဲ ကွေ့ကောရင်က ကောင်းကင်ပြာမြစ်ဝါနန်းတော်၏ ခေါင်းဆောင်ဖြစ်သည်။

သူ့မျက်နှာက ယှဉ်၍မရစွာပင် ဖြူရော်နေပြီး သွေးခြေရာလေးပင်မရှိပေ။ သူ့မျက်လုံးများက နစ်မြှုပ်နေသည်။

သို့စေကာမူ ထိုမျက်လုံးအစုံက အံ့ဩသင့်ဖွယ်ကောင်းစွာပင် တောက်ပတက်ကြွနေသည်။

ကွေ့ကောရင် တည်ငြိမ်စွာပြောသည်။

"ဒီတိုက်ပွဲက အဲဒီလူကို သူမင်းကို ရွေးချယ်ခဲ့တာ ဘယ်လောက်မှားသလဲဆိုတာ သိစေလိမ့်မယ်"

အဲဒီလူ!

ရှောင်ဟိုင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းဘာကိုပြောနေတာလဲ"

"မင်းမသိပါဘူး" ကွေ့ကောရင်ခေါင်းခါယမ်းသည်။

"မင်းသိစရာလည်းမလိုပါဘူး၊ ငါမင်းကို အနိုင်ယူသရွေ့ အဲဒီလူက အမွေအနှစ်ကို မင်းလက်ထဲ လွှဲပြောင်းပေးမှာမဟုတ်ဘူး"

"မင်းဘာအကြောင်း ပြောနေသလဲဆိုတာ ငါမသိဘူး"

ထိုအချိန်တွင် ရှောင်ဟိုင်၏ အမူအရာက ပို၍စိတ်မရှည်ဖြစ်လာပြီး အသံနိမ့်ကာ ပြောသည်။

"ဒါပေမယ့် မင်းတိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ကြမယ်၊ မဟုတ်ဘူးဆိုရင် ထွက်သွားတော့၊ မင်းဘာလို့ ထွေရာလေးပါး အရမ်းပြောနေရတာလဲ"

ထို့နောက် စစ်ဆေးရေးမှူး၏ စတော့ဟူသော အသံက တာအိုဆွေးနွေးစင်မြင့်တခုလုံးအတွင်း ပျံ့လာသောအခါ စကားပြောပြီးသည်နှင့် နတ်ဆိုးချီက ရှောင်ဟိုင်၏ ကိုယ်မှ ထွက်လာသည်။

လိုင်းငါးကြောင်းက သူ့ကိုယ်ခန္ဓာကို ချက်ချင်းလွှမ်းခြုံသွားသည်။

ရှောင်ဟိုင် လုံး၀လှုပ်ရှားခြင်းမရှိဘဲ သူ့ရုပ်ခွန်အားကို အားကိုးရင်း ပတ်ပတ်လည်က လေဟာနယ်ကို အဆက်မပြတ်စုတ်ပြဲ ပုံပျက်အောင် လုပ်နိုင်သည်။

ကွေ့ကောရင်ကလည်း လက်ကို ဆန့်ထုတ်လိုက်သည်။ သေခြင်းစွမ်းအင်အမျှင်တန်းများက သူ့လက်ဖဝါးကနေ စိမ့်ထွက်လာသည်။

ထို့နောက် သေခြင်းရေကန်ရုပ်သေးများအဖြစ် ပြောင်းလဲပြီး ရှောင်ဟိုင်ထံ တိုး၀င်သွား၏။

ဒါကိုမြင်သောအခါ ရှောင်ဟိုင်တချက်ဟိန်းရင်း မြေကြီးကိုတက်ဆောင့်လိုက်သည်။

သူ့ခြေဖဝါးအလယ်တွင် လေဖိအားကြောင့် ပေါက်ကွဲမှုများ၏ရလဒ်က ပေါ်ပေါက်လာသည်။

အစွမ်းထက် နောက်ကန်အားနှင့်အတူ ရှောင်ဟိုင် အရိုးဆေဘာဓားများကိုင်ထားသည့် သေခြင်းရေကန်ရုပ်သေးများဆီသို့ ပြေး၀င်သွား၏။

ထို့နောက် လက်သီးကိုမြှောက်ကာ အောက်သို့ ထိုးချလိုက်သည်။

ခရက်ခ်.....ခရက်ခ်....!

လက်သီးချက်က ရုပ်သေး၏ရင်ဘတ်ပေါ်သို့ကျသွားသည်။

ရုတ်ချည်းဆိုသလို သေခြင်းအော်ရာကနေ သိပ်သည်း‌ထားသည့် သေခြင်းရေကန်ရုပ်သေးက ပေါက်ကွဲသွား၏။

၎င်းနောက် သေခြင်းအော်ရာအဖြစ် ပြောင်းလဲကာ တာအိုဆွေး‌နွေးစင်မြင့်ပတ်လည်၌ ပြန့်ကြဲသွားလေတော့သည်။

သို့စေကာမူ ဒီအတွက်ကြောင့် ရှောင်ဟိုင်၏ ခြေလှမ်းများက မရပ်ဘဲ သူ့ခြေထောက်များက တခုပြီးတခု တာအိုဆွေးနွေးစင်မြင့်ပေါ်သို့ တက်လှမ်းလာသည်။

ခြေလှမ်းတိုင်း၌ ဧရာမရုပ်ခွန်အားက တာအိုဆွေးနွေးစင်မြင့်တခုလုံးကို ကျယ်လောင်သည့်အသံများ ထွက်လာစေသည်။

ခြေလှမ်းတိုင်း၌ ရှောင်ဟိုင်၏ကိုယ်က ထိုနေရာ၌ပင် ပျောက်ကွယ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူက နောက်ထပ်သေခြင်းရေကန်ရုပ်သေးတစ်ရုပ်ရှေ့တွင် ပေါ်လာကာ နောက်ထပ်လက်သီးချက်တစ်ချက် ဆင်းသက်လာသည်။

၎င်းကလည်း သေခြင်းစွမ်းအင်အဖြစ် ပြောင်းလဲကာ တာအိုဆွေးနွေးစင်မြင့်၌ ပြန့်ကြဲသွားပြန်သည်။

ထိုအခိုက်အတန့်၌ တာအိုဆွေးနွေးစင်မြင့်ပေါ်တွင် ပေါက်ကွဲသံများ အဆက်မပြတ် မြည်ဟီးနေသည်။

ဧရာမထိခတ်သံများက မိုးကြိုးသံများအလား လူတိုင်း၏နားတွင် ပဲ့တင်ထပ်နေသည်။

"ရှောင်ဟိုင်ရဲ့ရုပ်ခွန်အားက ပိုပြီးအားကောင်းလာတာပဲ"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ကြည့်ရတာ အင်မော်တယ်မျောက်ဝံကျေးရွာမှာ သူလည်း ထူးကဲတဲ့အခွင့်အရေးတခုကို ရခဲ့ပုံပဲ"

မုဖူရှန်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်သည်။

"ဒီကြမ်းတမ်းရိုင်းစိုင်းတဲ့ စိတ်နေသဘောထားကတော့ ပိုပြီးဆိုးလာပုံပဲ"

တခြားတဘက်တွင် စုမိသားစုကလည်း ရှောင်ဟိုင်၏လုပ်ဆောင်ချက်များကို မြင်သဖြင့် သူတို့အားလုံးတွင် ကွဲပြားသည့် အမူအရာကိုယ်စီ ရှိနေကြသည်။

"ရုပ်ခွန်အားကို ဒီလိုအဆင့်အထိ ကျင့်ကြံနိုင်ဖို့ဆိုတာက တကယ်ပဲအရမ်းရှားတယ်"

စုလင်တုကလည်း ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့၏နောက်ခံကို စစ်ဆေးရန်အတွက် ထွက်သွားခဲ့လေပြီ။

စုမိသားစု၏ ကျန်နှစ်ယောက်ကလည်း တိတ်တဆိတ် ဆွေးနွေးနေကြ၏။

"ဒီကြယ်နယ်မြေမှာ ကိုယ်ခန္ဓာကျင့်ကြံခြင်းအင်အားစုတွေ သိပ်မရှိဘူးမလား"

"ရှိတယ်ဆိုရင်တောင် ဒီလိုအနေအထားအထိ ကျင့်ကြံနိုင်တဲ့သူ သေချာပေါက် တစ်ယောက်မှရှိမှာမဟုတ်ဘူး"

စုမုယောင်၏မျက်နှာလေးက ကြော့ရှင်းသိမ်မွေ့နေပြီး ဒီမြင်ကွင်းကို မြင်ပြီးနောက်တွင် သူမအနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူမပြောနိုင်တာကတော့ ရှောင်ဟိုင်၊ မုဖူရှန်းနှင့် ယဲ့ချိုးပိုင်တို့က အတော်လေးနီးစပ်သည်။

သူတို့က ကွဲပြားသည့်ဂိုဏ်းနှင့်အင်အားစုများကို ကိုယ်စားပြုနေသော်လည်း မကြာခဏဆိုသလို အတူတကွစုဆုံကြသည်။

ဒါကလည်း သူတို့တွင် ကောင်းမွန်သော ဆက်ဆံရေးတခုရှိတာကို ပြသနေသည်။

မဟာပြိုင်ပွဲတွင် မိတ်ဆွေများဖြစ်လျှင်ပင် တိုက်ပွဲတွင် ပါ၀င်ရန်အတွက် ဂိုဏ်းအသီးသီးကို ကိုယ်စားပြုနေပါက အတူတကွရပ်တည်နိုင်မည် မဟုတ်သလို အရမ်းသိသာစွာ ရယ်မောနေရန်ဟူသည် မဖြစ်နိုင်ပေ။

"ဒီလူကတောင် ကိုယ်ခန္ဓာပြုပြင်မှုမှာ အရမ်းထူးချွန်နေတယ်....."

တခဏအကြာတွင် စုမုယောင် ယဲ့ချိုးပိုင်နှင့်ပတ်သက်ပြီး ပို၍ပင်သိချင်လာသည်။

ထိုအချိန်တွင် ရှောင်ဟိုင်ဆက်လက်ထိုးနှက်နေပြီး လက်သီးချက်တိုင်းတွင် သေခြင်းရေကန်ရုပ်သေးနှစ်ရုပ် သုံးရုပ်စီ သေဆုံးသွားရသည်။

၎င်းတို့ကပေါက်ကွဲကာ သေခြင်းစွမ်းအင်အဖြစ် ပြောင်းသွားပြီး တာအိုဆွေးနွေးစင်မြင့်အတွင်း ပြန့်ကြဲသွားရသည်။

သေခြင်းရေကန်ရုပ်သေးများ တစ်ရုပ်ပြီးတစ်ရုပ် သေနေတာကိုကြည့်ရှုရင်း ကွေ့ကော‌ရင်၏အမူအရာက အနည်းငယ်လေးမျှပင် ပြောင်းလဲသွားခြင်းမရှိ။

သူ့အမူအရာက တည်ငြိမ်နေပြီး မျက်လုံးများက တောက်ပနေဆဲပင်။

ရှောင်ဟိုင် ‌ကွေ့ကောရင်ထံသို့ ရောက်တော့မည့်အချိန်တွင် ကွေ့ကောရင် ရုတ်တရက် လက်သီးအစုံကို တင်းတင်းကျစ်ကာ ထူးဆန်းသည့်တံဆိပ်တခုကို ဖန်တီးလိုက်၏။

သေခြင်းရေကန်ရုပ်သေးများ သေဆုံးပြီးနောက် ထုတ်လွှတ်လာသည့် သေခြင်းအော်ရာက ထိုအခိုက်အတန့်၌ ရှောင်ဟိုင်ထံ အလျင်အမြန် စုစည်းလာကာ သူ့အား လွှမ်းခြုံပစ်သည်။

ထိုအချိန်တွင် ရှောင်ဟိုင်၏ အမူအရာက ပြောင်းလဲသွားပြီး သူ့မျက်လုံးများက ပြူးကျယ်သွားကာ အမြန်နှုန်းကလည်း စတင်လျော့နည်းလာခဲ့သည်။

"သူကရဲရင့်ပေမယ့် မပါးနပ်ဘူး၊ လူကြမ်းလူရိုင်းတယောက်လိုပဲ၊ သူကဘယ်လိုလုပ် အဲဒီလူရဲ့ သဘောကျတာကိုခံရပြီး မြေအောက်နန်းတော်ကို အမွေဆက်ခံဖို့ ထိုက်တန်မှာလဲ"

ကွေ့ကောရင်၏မျက်နှာ၌ အေးစက်သည့်အပြုံးတပွင့်ပေါ်လာပြီး အမြန်နှုန်းနှေးသွားပြီး အော်ရာကအလျင်အမြန် ဆုတ်လျော့နေသည့် ရှောင်ဟိုင်အားကြည့်လိုက်သည်။

"ဒါကရှောင်လွှဲလို့မရတဲ့နိဂုံးပဲလေ"

သေမင်းအော်ရာအမျှင်တန်းများက ရှောင်ဟိုင်ကိုယ်ထဲသို့ ထိုးဖောက်လာသည်။

သူ့ကိုယ်ထဲက လုပ်ဆောင်ချက်များစွာက ထိုအခိုက်အတန့်၌ အဆက်မပြတ် နှေးကွေးသွား၏။

သူ့သွေးကြောစွမ်းအားများ၊ အရိုးများ၏ မာကျောမှု၊ အမြန်နှုန်းပေါက်ကွဲမှုအားလုံးတို့က လျော့ကျလာသည်။

မုဖူရှန်းနှင့် ယဲ့ချိုးပိုင်တို့ကလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။

ဒါဘယ်လိုတိုက်ခိုက်မှုမျိုးလဲ!

ဒါကတကယ်ပဲ အရမ်းထူးဆန်းလွန်းတယ်!

ပြီးတော့ ဒါက ရှောင်ဟိုင်ရဲ့ အရှိန်အဟုန်ကို တကယ်ပဲ တားဆီးနိုင်တာလား!

ဒီကောင်းကင်ပြာမြစ်ဝါနန်းတော်က တကယ်ပဲ ထူးခြားဆန်းကြယ်တာပဲ!

အပိုင်း(642) coming။

All Chapters