← Chapters

#ဘာမှမဟုတ်ခြင်း#

Vol. 45 Ch. 642

#ဘာမှမဟုတ်ခြင်း#

Vol. 45 Ch. 642

သေခြင်းအော်ရာက ပတ်ပတ်လည်တွင်ရှိပြီး တာအိုဆွေးနွေးစင်မြင့်အောက်က ဂိုဏ်းများက အနည်းငယ်ဆွံအနေကြ၏။

ဒါကသူတို့တခါမှမကြားဖူးခဲ့သည့် ကျင့်ကြံခြင်းနည်းစနစ်ပေတည်း။

ဝိဉာဉ်အင်မော်တယ်နန်းတော်က တွေးခေါ်ရေးပညာရှင် လင်းကျိနန်မှာ ခေါက်ယပ်တောင်ကို သိမ်းဆည်းပြီး မျက်မှောင်ကြုတ်သည်။

"အစ်ကိုယဲ့၊ ဒီတိုက်ခိုက်ရေးဟန်ကို ကြားဖူးလား"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။

"ငါတခါမှမမြင်ဖူးသလို ကြားလည်း မကြားဖူးဘူး"

လင်းကျိနန် ဘေးကစုမုယောင်ကို ကြည့်လိုက်၏။

စုမုယောင်၏မျက်နှာတွင်လည်း ပဟေဠိဆန်သည့် အကြည့်တခုရှိသည်။

သူမလည်းဒါကို နားမလည်ထားသည်မှာ သိသာထင်ရှားနေသည်။

သူမကပို၍ပင်ထိတ်လန့်နေသည်။

ဒီအလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ သူတို့ကဲ့သို့ ထိပ်တန်းဂိုဏ်းများပင် မကြားဖူးသည့် ကျင့်ကြံခြင်းနည်းစနစ်များနှင့် သက်ရောက်မှုများက မရှိသလောက် ရှားပါသည်။

သူတို့ကလျှို့ဝှက်ဂိုဏ်းများဖြစ်ကြပြီး ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာကြခြင်းဖြစ်ကာ အခြေခံအုတ်မြစ်က အတော်လေးနက်ရှိုင်းသည်။

စာကြည့်တိုက်ထဲတွင် ရှေးခေတ်ကတည်းက မတူညီကွဲပြားသော သက်ရောက်မှုများစွာရှိသည့် ကျင့်ကြံခြင်းနည်းစနစ်များသာမက ရှေးတန်ခိုးရှင်များ အထူးတလည်တီထွင်ခဲ့သည့် အထူးကျင့်ကြံခြင်းနည်းစနစ်များကိုပင် မှတ်တမ်းတင်ထားသည်။

သို့စေကာမူ ကောင်းကင်ပြာမြစ်ဝါနန်းတော်၏ နည်းစနစ်သက်ရောက်မှုနှင့် ဆက်စပ်သည့် အရာဟူ၍ဘာမှမရှိပါ။

ဒီကောင်းကင်ပြာမြစ်ဝါနန်းတော်က အတိအကျ မည်သူများဖြစ်လေသနည်း။

သူတို့ကတကယ်ပဲ ဒီကြယ်နယ်မြေက အင်အားစုတခုလား!

ထိုဂျူနီယာများမသိသည်ကို မဆိုထားနဲ့၊ တာအိုဆွေးနွေးစင်မြင့်ထက်ရှိ ဂိုဏ်းအသီးသီးကို ဦးဆောင်လာသည့် ကျွမ်းကျင်သူများပင်လျှင် ရှုပ်ထွေးနေကြသည်။

သူတို့ကလည်း အရင်က ယခုလိုကျင့်ကြံခြင်းနည်းစနစ်မျိူးကို မကြားဖူးပါ။

ကွေ့ကောရင် ရှောင်ဟိုင်အရှိန်လျော့ကျသွားတာကို ကြည့်နေပြီးနောက် နောက်စကားမဆိုဘဲ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

သေခြင်း၏မီးခိုးရောင်အော်ရာက ဧရာမလက်ဖဝါးချက်ကြီးတခုအဖြစ် ပြောင်းလဲသွားပြီး ရှောင်ဟိုင်ထံ တိုး၀င်သွား၏။

ရှောင်ဟိုင်ဒါကိုမြင်သောအခါ အံတင်းတင်းကြိတ်ရင်း သူ့ရုပ်ခွန်အားကို နှိုးဆွပစ်ချင်သည်။

သို့စေကာမူ ယခုလေးတင် ထိုးထွက်လာသည့်စွမ်းအားက သူ့ပတ်ပတ်လည်က သေခြင်းအော်ရာကြောင့် ချက်ချင်းပျက်စီးသွားတာကို သူခံစားမိသည်။

တချိန်တည်းမှာပင် သူ့ကိုယ်ခန္ဓာကို ဖုံးလွှမ်းနေသည့် လိုင်းငါးကြောင်းက ရူးသွပ်စွာ လင်း၀င်းလာပြီးနောက် ဆိတ်ငြိမ်သွား၏။

အကူအညီမဲ့သည့်အနေအထားတွင် ရှောင်ဟိုင် လက်အစုံဖြင့် ရင်ဘတ်ကိုဖုံးကာ ဒီလက်ဖဝါးချက်ကို အတင်းခုခံချင်နေသည်။

ဘန်း.......!

လက်ဖဝါးချက်က ရှောင်ဟိုင်လက်ပေါ်သို့ ကျရောက်လာသောအခါ ကျယ်လောင်သည့်အသံတစ်သံကို ကြားလိုက်ရပြီး ရှောင်ဟိုင်ကိုယ်က ချက်ချင်းပင် နောက်ပြန်ကျသွားသည်။

သူတွန်းကန်အားကိုအသုံးပြုရင်း လဲကျတာကနေ တားဆီးကာကွယ်ပြီး တချိန်တည်းမှာပင် သူ့ကိုယ်သူ တာအိုဆွေးနွေးစင်မြင့်ပေါ်မှ လွင့်စင်သွားခြင်းကနေ ကာကွယ်ထားနိုင်လိုက်သည်။

သို့သော် ခြေလှမ်းနှစ်ဆယ်ကျော်ခန့် နောက်ဆုတ်လိုက်ရသည်။

ထို့နောက်တွင်သာ သေခြင်းအော်ရာဖြင့် ဖန်တီးထားသည့် လက်ဖဝါးချက်ကို လျော့ပါးသွားအောင် လုပ်နိုင်ခဲ့သည်။

ဒီမြင်ကွင်းကို မြင်သောအခါ ကွေ့ကောရင် အနည်းငယ်အံ့ဩသင့်သွားရသည်။

"မင်းမှာစွမ်းရည်တချို့ရှိသားပဲ၊ မြေအောက်ကမ္ဘာရဲ့ သေခြင်းအော်ရာဖိနှိပ်မှုအောက်မှာ မင်းကငါလက်ဖဝါးချက်ရဲ့ အားကို အတင်းခုခံနိုင်ခဲ့သေးတယ်"

"ဒါပေမယ့် ပြီးရင်တော့....."

ထိုနေရာ၌ ကွေ့ကောရင်၏လက်အစုံက လက်တံဆိပ်များကို စတင်ဖန်တီးသည်။

အဝါရောင်စမ်းချောင်း၏ သေခြင်းစွမ်းအင်က ဆက်လက်စုစည်းနေပြီး ဧရာမဒယ်စောက်တလုံးက သူ့ရင်ဘတ်ရှေ့တွင် ပေါ်လာသည်။

"မင်းဒါကိုရောခုခံနိုင်ဦးမှာလား"

ကွေ့ကောရင် အေးစက်စွာပြောလိုက်သည်။

သူစကားပြောပြီးသည်နှင့်တပြိုင်နက် ဒယ်စောက်အိုးက ရုတ်တရက် ကောင်းကင်ပေါ် ထိုးတက်သွားပြီး ရှောင်ဟိုင်ရှေ့တည့်တည့်တွင် ရောက်လာသည်။

တချိန်တည်းမှာပင် ကွေ့ကောရင် လက်ကို မြှောက်ကာ အောက်သို့ရိုက်ချလိုက်သည်။

သူ့လက်ဖဝါးချက်က လှုပ်ရှားသွား၏။

သူလက်ကိုဝှေ့ယမ်းစဉ် ဒယ်စောက်အိုးက ရှောင်ဟိုင်ဆီသို့ ပြိုကျလာသည့်တိမ်တခုပမာ ပြင်းထန်စွာကျဆင်းလာသည်။

ဒီမြင်ကွင်းက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ဒီခန္ဓာကျင့်ကြံသူလေးက မြေအောက်ကမ္ဘာရဲ့ သေခြင်းအော်ရာကို ခုခံနိုင်မှာလား!

သူ့ကိုယ်ခန္ဓာ၏ လုပ်ဆောင်မှုမျိုးစုံက သိသိသာသာလျော့ကျသွား၏။

ဒါက ကိုယ်ခန္ဓာကျင့်ကြံသူတစ်ယောက်အတွက် သေစေလောက်သည့်ရိုက်ချက်ပင်။

ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့၏ အမူအရာများက ဒယ်စောက်အိုးနှင့်အတူ လိုက်ပါသွားပြီး တဖြည်းဖြည်းလေးနက်လာကြသည်။

သူတို့၏မျက်ခုံးများက တင်းကျပ်စွာ ကွေးညွတ်နေကြသည်။

တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ယွမ်ချောင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

ငါဘာလို့ဒါကို သိတဲ့ခံစားချက်တခု ရနေရတာလဲ!

သူဒါကို ရှေးဟောင်းစာအုပ်တစ်အုပ်တွင် မြင်ဖူးသလိုခံစားရသည်။

သို့စေကာမူ တွေးနေရန်အတွက် အချိန်မရှိပေ။

ဒယ်စောက်အိုးက ရှောင်ဟိုင်အား အပြည့်အ၀ဖုံးလွှမ်းသွားပြီး သူ့ကိုယ်ပေါ် ကျတော့မည့်အချိန်တွင် ရှောင်ဟိုင် မော့ကြည့်လိုက်သည်။

သေခြင်းစွမ်းအင်ကို ပိုင်ဆိုင်ထားတာလား!

ကိုယ်ခန္ဓာလုပ်ဆောင်ချက်တွေကို လုံး၀ကျဆင်းသွားစေတာလား!

ဒါတွေတခုမှအရေးမပါပါ။

ထိပ်တိုက်တိုက်ပွဲတွင် သူသေချာပေါက် အရှုံးကို လက်မခံနိုင်တာကိုသာ သူသိသည်။ ဒါ့အပြင် တဘက်လူ၏နယ်ပယ်က သူ့ထက်အများကြီးမမြင့်ပေ။ သူက အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်သာ ရှိသေးသည်။

ဒီလိုပြင်းထန်သည့် တိုက်ပွဲမျိုးနှင့် ရင်ဆိုင်ရသောအခါ သူသာရှုံးနိမ့်ပါက ငရဲနတ်ဆိုးနယ်မြေကို မည်သို့မည်ပုံ ပြန်လည် သိမ်းပိုက်နိုင်တော့မည်နည်း။

သူ့မှတ်ဉာဏ်ထဲက အဆုံးမဲ့အမှောင်ထုထဲတွင် အကျဉ်းကျနေသည့် အမျိုးသမီးကို သူမည်သို့ကယ်တင်နိုင်တော့မည်နည်း။

ရှောင်ဟိုင်ခေါင်းမော့ကာ ဒေါသတကြီးအော်ဟစ်သည်။

သူ့အော်သံက ကောင်းကင်ကို တုန်ခါသွားစေသည်။

ကွေ့ကောရင် အံ့ဩသွားရသည်။

သူကတကယ်ပင် ယခုလိုမြေအောက်ကမ္ဘာသေခြင်းစွမ်းအင်၏ အားနည်းသော သက်ရောက်မှုအောင်တွင်ပင် ကျယ်လောင်စွာအော်ဟစ်သံပင် ထုတ်လွှတ်နိုင်သေးသည်။

ဒါကနောက်ဆုံးအားထုတ်မှုများလား!

နောက်ထပ်မြင်ကွင်းက သူ့မျက်လုံးကို ပြူးကျယ်သွားစေပြီး သူ့အမူအရာက အတော်လေး ထိတ်လန့်သွားခဲ့သည်။

နတ်ဆိုးနက်ချီက ရှောင်ဟိုင်ပတ်လည်၌ ထိုးထွက်လာပြီး မြေ‌အောက်ကမ္ဘာ၏ သေခြင်းချီကို အဆက်မပြတ်ခုခံနေသည်။

နတ်ဆိုးနက်ချီက ရှောင်ဟိုင်တကိုယ်လုံးကို လွှမ်းခြုံကာ နတ်ဆိုးနက်ချပ်၀တ်တခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအခိုက်အတန့်၌ ရှောင်ဟိုင်က ဆင်းသက်လာသည့် နတ်ဆိုးနတ်ဘုရားတစ်ပါးအလားပင်။

နတ်ဆိုးနက်ချီက တာအိုဆွေးနွေးစင်မြင့်တခုလုံးအတွင်း ပျံ့သွားပြီး ဒီအားကောင်းသည့်အော်ရာက ကမ္ဘာကြီးကိုပင် ငုံ့ကြည့်နေသည့် အော်ရာတခုပေတည်း။

ကွေ့ကောရင်၏နှလုံးသားက နာခံမှုဖြင့် ပြည့်နှက်သွားခဲ့သည်။

ရှောင်ဟိုင်တည်ငြိမ်နေသည့် အမူအရာဖြင့် ဖြည်းဖြည်းချင်းခေါင်းမော့သည်။

ထိုအချိန်တွင် သူ့အကြည့်က တခြားလူတစ်ယောက်အဖြစ် လုံး၀ပြောင်းသွား၏။

ဒါကအတော်လေးတည်ငြိမ်နေသည်။

သူအရာအားလုံးကိုငုံ့ကြည့်နေသည့်အလား။

ရှောင်ဟိုင်၏အကြည့်အောက်တွင် ကမ္ဘာကြီးထဲက ဘယ်အရာကမှ သူ့အာရုံစိုက်မှုနှင့် မထိုက်တန်သည့်အသွင်။

ထိုအခိုက်အတန့်၌ ရှောင်ဟိုင်လှုပ်ရှားပြီး ကောင်းကင်ပေါ် တိုက်ရိုက်ထိုးတက်သွားကာ တချိန်တည်းမှာပင် ဒယ်စောက်အိုး၏ အောင်ခြေကို ထိုးချလိုက်၏။

ဘန်း......!

လေဖိအားက အဆက်မပြတ် ပေါက်ကွဲနေသည်။ လေဟာနယ်က ပုံပျက်သွား၏။

ထိုအချိန်တွင် အဝါရောင်စမ်းချောင်း၏ သေခြင်းစွမ်းအင်ကနေ ယူလာသည့် အားနည်းသောသက်ရောက်မှုက အသုံးမ၀င်ဖြစ်သွားပုံရသည်။

လက်သီးချက်က ဒယ်စောက်အိုး၏ အောက်ခြေကို တိုက်ရိုက်ထိမှန်သည်။

ကလန်......!

ယှဉ်၍မရနိုင်သည့်ကျယ်လောင်သော သတ္တုသံတစ်သံက အသင်္ချေပိုင်နက်သဲကန္တာရတခုလုံးအတွင်း ပဲ့တင်ထပ်သွားပုံရသည်။

ကွေ့ကောရင်ကို ထိတ်လန့်သွားစေသည့် မြင်ကွင်းတခုက သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

ဧရာမဒယ်စောက်အိုးက အောက်ပိုင်းကနေ စတင်ပြီး အက်ကြောင်းများက အဆက်မပြတ်ကြီးထွားလာသည်။

အက်ကြောင်းက ဆက်လက်ကျယ်လာနေသည်။

ဒီဒယ်စောက်အိုးက အဝါရောင်စမ်းချောင်း၏ သေခြင်းစွမ်းအင်ကနေတဆင့် သိပ်သည်းထားခြင်းဖြစ်သည်။

နတ်ဆိုးနက်ချီကို ပိုင်ဆိုင်ထားသည့် ရှောင်ဟိုင်က လက်သီးချက်ဖြင့် တိုက်ရိုက်ချိုးဖျက်ပစ်ခဲ့သည်။

မရေမတွက်နိုင်လောက်သည့် အပိုင်းအစများက ပြန့်ကြဲနေသည်။

၎င်းကျဆင်းလာသောအခါ သေခြင်းချီအမျှင်စအဖြစ်ပြောင်းလဲပြီး တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ကခုန်ရင်း ရှောင်ဟိုင်အား ၀န်းရံနေသည်။

သို့စေကာမူ မြေအောက်ကမ္ဘာ၏ သေခြင်းချီအမျှင်တန်းများက ရှောင်ဟိုင်အပေါ် အသုံးမ၀င်တော့ပါ။

ကောင်းကင်ပေါ် ထိုးတက်သွားသည့် နတ်ဆိုးနက်ချီက နတ်ဆိုးဘုရင်တစ်ပါး၏ ဆန္ဒအလား သေခြင်းချီအမျှင်တန်းများကို အဆက်မပြတ်တိုက်နေသည်။

ကွေ့ကောရင်၏အမူအရာက ကြည့်ရဆိုးသွားခဲ့သည်။

ဒီကမ္ဘာကြီးထဲတွင် အဝါရောင်စမ်းချောင်း၏ သေခြင်းစွမ်းအင်ကို ခုခံနိုင်သည့် တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတာ သူမယုံနိုင်ဖြစ်နေသည်။

ဒါ့အပြင် တဘက်လူ၏ကျင့်ကြံခြင်းအဆင့်ကလည်း အရမ်းကြီးမသာလွန်းပေ။

သူ့၏အားနည်းပုံရသည့်ကိုယ်ခန္ဓာက မြေအောက်ကမ္ဘာသေခြင်းအော်ရာဖြင့် ပြည့်နှက်လာပြီး သူ့ကို အလွန်အမင်း အားကောင်းစေသည်။

သူ့ညာလက်တွင် အဝါရောင်စမ်း၏ သေခြင်းအော်ရာက အဆက်မပြတ်ဝဲလည်နေပြီး ရှောင်ဟိုင်ထံသို့ လက်သီးချက်တစ်ချက် ပစ်ထုတ်လိုက်သည်။

ရှောင်ဟိုင် လေထဲတွင်လွင့်မြောရင်း ထိုမြင်ကွင်းကို မျက်ခုံးလျှော့ကာ ကြည့်နေသည်။

သူ့အမူအရာက တည်ငြိမ်နေသည်။

သူ့ကိုယ်ခန္ဓာက အနည်းငယ်တုန်ခါသွားပြီး ထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။

နောက်အခိုက်အတန့်လေးမှာပင် သူကွေ့ကောရင်ရှေ့တွင် ပေါ်လာပြီး လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ အဝါရောင်စမ်း၏ သေခြင်းစွမ်းအင်ကနေ သိပ်သည်းထားသည့် ကွေ့ကောရင်၏လက်သီးက တိုက်ရိုက်ပင် ပြိုကွဲသွားရသည်။

တချိန်တည်းမှာပင် ထိုလက်မောင်းကလည်း ပုံမှန်မကျစွာကွေးသွားပြီး သူ့တကိုယ်လုံးက တာအိုဆွေးနွေးစင်မြင့်အောက်သို့ ကျသွားခဲ့သည်။

အပိုင်း(643) coming။

All Chapters