#ဝိဉာဉ်ပိတ်လှောင်နည်းစနစ်#
Vol. 45 Ch. 644
မြင့်မြတ်အဆောင်ဂိုဏ်းက အုပ်စုတိုက်ပွဲတွင် အံ့ဖွယ်စွမ်းအားကို ပြသခဲ့သော်လည်း အဓိကအားဖြင့် ဒါကို မုဖူရှန်းက လုပ်ဆောင်ခဲ့ခြင်းပင်။
သူက အက္ခရာလေးလုံးဂိုဏ်းကို တစ်ဦးတည်း အနိုင်ယူခဲ့သည်။
သူရေးထွင်းခဲ့သည့်အဆောင်၏ အမြန်နှုန်းက အရည်အသွေးမြင့်မားနေလေပြီ။ အများစုက ထိတ်လန့်နေဆဲ။
တာအိုဆွေးနွေးစင်မြင့်ပေါ်က အားကောင်းသည့်ပုဂ္ဂိုလ်များကလည်း အတူတူပင်။
သို့စေကာမူ အကယ်၍ ပြိုင်ဘက်က ငရဲဂိုဏ်းက မိစ္ဆာကျင့်ကြံသူအုပ်စုဆိုပါကရော!
အရင်ကလိုမျိုး အက္ခရာလေးလုံးဂိုဏ်းနှင့် ထိပ်တိုက်တွေ့ဆုံသည့် အခြေအနေကို ဖြစ်စေဦးမည်လား။
မည်သူမှမသေချာမသလို ဒါကိုလည်း မ၀န်ခံချင်ကြပေ။
သို့စေကာမူ သူတို့ကငရဲဂိုဏ်းကို ပို၍ လိုလားကြသည်။
မြင့်မြတ်အဆောင်ဂိုဏ်းက တဘက်လူ၏ ပေါက်ကွဲစေသည့်စွမ်းအားနှင့် မိစ္ဆာတိုက်ခိုက်ရေးနည်းစနစ်အမျိုးမျိုးကို ခံနိုင်ရည်ရှိမလားဆိုတာ မသိရသေး။
ငရဲဂိုဏ်းက မြင့်မြတ်အဆောင်ဂိုဏ်းကို ရှာဖွေရန်အတွက် ပဏာမခြေလှမ်းလှမ်းရန်ပင် စောင့်မနေနိုင်တော့။
ဒါကသူတို့တွင် မုဖူရှန်း တခုပြီးတခုရေးထွင်းသည့် ကာကွယ်ရေးအဆောင်များကို ချိုးဖျက်ရန်အတွက် နည်းလမ်းတခုရှိသည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပေလော။
သို့စေကာမူ မုဖူရှန်းက ပဏာမခြေလှမ်းလှမ်းကာ မေးလာသည်။
"ဘာလို့ကျုပ်တို့ငြင်းရမှာလဲ"
အားလုံးလန့်သွားကြစဉ် သူတို့ကလည်း ဒါကိုစောင့်မျှော်နေမိကြသည်။
မုဖူရှန်းတွင် မဖော်ထုတ်ရသေးသည့် တခြားဝှက်ဖဲတွေများ ရှိသလားဆိုတာ သူတို့မြင်ချင်ကြသည်။
လင်းကျိနန် စူးစမ်းလိုသည့်အသွင်မေးသည်။
"အစ်ကိုယဲ့၊ မင်းကမုဖူရှန်းနဲ့ အဆင်ပြေတယ်မလား၊ သူ့မှာတခြားဘယ်လို ဝှက်ဖဲတွေရှိသလဲဆိုတာ မင်းသိမှာပေါ့၊ ဟုတ်တယ်မလား"
ယဲ့ချိုးပိုင်ဒါကိုကြားသောအခါ သူ့မျက်ခုံးထောင့်စွန်းက တုန်ယင်နေသည်။
သိတာလား!
ချီးကိုသိ!
မုဖူရှန်း၏ သတ်ဖြတ်ခြင်းအဆောင်များကို ဖယ်ထားလျှင်ပင် သူသိသော်လည်း မုဖူရှန်း၏ပင်ကိုယ်စရိုက်အရ တခြားသူများမသိသည့် မရေမတွက်မိုင်လောက်သော ဝှက်ဖဲများစွာ ရှိနေပေဦးမည်။
အစ်ကိုကြီးဖြစ်သည့် သူပင်လျှင်မသိပေ။
ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင် ဒေါသထွက်လာရသည်။
နောက်နေ့တွေကျရင် ဒီမျိုးမစစ်လေးကို ငါစနစ်တကျစစ်ဆေးရမယ်၊ မဟုတ်ရင် အစ်ကိုကြီးဖြစ်တဲ့ ငါ့မျက်နှာကို ဘယ်နေရာမှာ ထားရတော့မလဲ!
လင်းကျိနန်ကြည့်နေစဉ် ယဲ့ချိုးပိုင်၏ အမူအရာက တဖြည်းဖြည်းရင်စက်လာပြီး သူ့ဆီကနေ လူသတ်လိုသည့်ဆန္ဒတခုကိုပင် သူခံစားလိုက်ရသည်။
ထို့ကြောင့် သူခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိသည်။
မင်းဘာလို့ဒေါသထွက်နေသလဲဆိုတာ ငါမသိဘူး!
ဒီကိစ္စတွင် ဒီအကြောင်းကို ဆက်လက်ပြောမနေတာကပိုကောင်းသည်။ မဟုတ်ပါက တဘက်လူက သူ့ကိုရိုက်လာပေလိမ့်မည်။
တခြားတဘက်တွင် မုဖူရှန်း၏အဖြေကို ကြားရသောအခါ မြင့်မြတ်အဆောင်ဂိုဏ်းအကြီးအကဲက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ငရဲဂိုဏ်းက နေရာကောင်းတခုမဟုတ်ပါ။
သူတို့ကိုရင်ဆိုင်ပါက အနိုင်ယူရမည် မဟုတ်ပါက တဘက်လူ၏ သတ်ဖြတ်ခြင်းကို ခံရမည်။
တန်ဖိုးကမနည်းပေ။
သူ့အတွေးအရ စုမိသားစု၊ ကောင်းကင်ဘုံဓားတောင်ထိပ် သို့မဟုတ် အင်မော်တယ်မျောက်ဝံကျေးရွာကို တိုက်ခိုက်ခြင်းက ပိုကောင်းသည့်အခွင့်အရေးပင်။
ဂိုဏ်းချုပ်သူ့ကို ပြောခဲ့တာကို သူသတိရသွားသည်။ အပြင်ဘက်တွင် မုဖူရှန်း၏ ဆုံးဖြတ်ချက်ကို အတိုင်းအတာတခုအထိ သူယုံကြည်၍ရသည်။
ဒါကိုတွေးမိသောအခါ သူဘာတခုမှ မပြောတော့ပါ။
သို့စေကာမူ သူ့ကိုယ်ခန္ဓာက အနည်းငယ်တင်းနေသည်။ သူ့လက်ကိုအမှောင်ထဲတွင် ဝှက်ထားပြီး တခုခုဖြစ်လာစေမည့်အပေါ် ကောင်းကင်အင်မော်တယ်အဆင့်အဆောင်တခုကို ဖျစ်ညစ်ထားလေသည်။
မုဖူရှန်းနှင့် ကျန်သောသူများက တာအိုဆွေးနွေးစင်မြင့်ရှိရာသို့ လျှောက်သွားသည်။
ငရဲဂိုဏ်းကလူများကိုကြည့်ရင်း လန်ယင်ချူ၏နှလုံးသားထဲတွင် တုန်ယင်သွားရသည်။
"အစ်ကိုမု၊ ငါတို့မှာ တကယ်ပဲ အခွင့်အလမ်းရှိတာလား"
မုဖူရှန်းတည်ငြိမ်စွာပြောသည်။
"အရင်နည်းအတိုင်းလိုက်လုပ်ရုံပဲ၊ ကျန်တာအကုန် ငါ့တာ၀န်ထားလိုက်"
ဒါကိုကြားသောအခါ လန်ယင်ချူနှင့် ကျန်နှစ်ယောက်က ခေါင်းညိတ်သည်။
"မင်းတို့ရဲ့နည်းဗျူဟာတွေ ဆွေးနွေးလို့ပြီးပြီလား" ပန်ရှီ၏နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကွေးသွားပြီး သူ့မျက်လုံးများက အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေကာ ပြုံးသည်။
"ငါတို့တိုက်ခိုက်မှုကို ခုခံဖို့အတွက် မင်းတို့ အဲဒီအဆောင်တွေကိုတောင် မသုံးနိုင်မှာကို ငါကြောက်မိတယ်"
မုဖူရှန်းပြုံးသော်လည်း ဘာမှမပြောခဲ့ပေ။
သူ မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကိုထုတ်ယူပြီး သူ့ရှေ့၌ အဆောင်စာရွက်များစွာကျလာသည်။
လန်ယင်ချူနှင့် ကျန်သောသူများအား ကြည့်သောအခါ သူတို့ရှေ့၌ အဆောင်စာရွက်တခုတည်းသာရှိသည်။
ဒီသိသာသည့်ကွဲပြားမှုက စစ်ဆေးရေးမှူး၏မျက်ခုံးများကို ရှုံ့တွသွားစေသည်။
ဒါကိုမြင်ပြီးနောက် စစ်ဆေးရေးမှူးက လက်ဝှေ့ယမ်းသည်။
"စတော့"
သူစကားပြောပြီးသည်နှင့် ငရဲဂိုဏ်းက လူလေးယောက်၏ ကိုယ်များမှ သွေးမြူများက ထိုးထွက်လာသည်။
ထိုသွေးမြူများက တာအိုဆွေးနွေးစင်မြင့်တ၀က်ခန့်ကို သိမ်းပိုက်သွား၏။
အစီအရင်စွမ်းအားအမျှင်တန်းများက ထိုထဲကနေ ပေါက်ဖွားလာကြသည်။ ဒါက ပေါင်းစပ်ခန္ဓာအစီအရင်တခုပေတည်း။
အောက်ကလူများက ဒါကိုမြင်သောအခါ သူတို့အမူအရာများက အေးခဲသွားကြသည်။
ငရဲဂိုဏ်းက အဆုံးမဲ့ဂိုဏ်းမဟုတ်ပါ။
ငရဲဂိုဏ်းတွင် ခေါင်းဆောင်ပန်ရှီနှင့် ကျန်သုံးယောက်က အင်မော်တယ်တပိုင်း အလယ်အလတ်အဆင့် တည်ရှိမှုများဟု လူသိများသည်။
အင်မော်တယ်တပိုင်း အလယ်အလတ်အဆင့်သုံးဦး၏ ပေါင်းစပ်ခန္ဓာအစီအရင်မှ ထုတ်လွှတ်သည့်စွမ်းအားက မြေအင်မော်တယ်များအောက်တွင် ပြိုင်ဘက်ကင်းသည်။
မုဖူရှန်းမျက်မှောင်ကြုတ်လိုက်သည်။ သူ့ရှေ့က သွေးမြူက အလွန်အမင်းထူထဲပြီး သွေးရနံ့များက သူ့နှာခေါင်းထဲတွင် ပြည့်နှက်နေသည်။
အဆောင်သခင်တစ်ဦးအတွက် စိတ်အခြေအနေက အထူးအရေးပါသည်။ သတ်ဖြတ်ခြင်းဆန္ဒက သူတို့စိတ်အခြေအနေကို အဆက်မပြတ် လှုပ်ယမ်းနေသည်။
ဥပမာအားဖြင့် လန်ယင်ချူ၊ နင်းရှီနှင့် ရှန်ကျိယုတို့က ယခုလိုအခြေအနေတွင် အဆောင်များကို ရေးမထွင်းနိုင်တော့ပါ။
ဒါကိုမြင်သောအခါ မုဖူရှန်း ကိုးလွှာမိုးကြိုးဒိုင်းအဆောင်ကို တိုက်ရိုက်မရေးထွင်းတော့ဘဲ ယင်းအစား နှလုံးသန့်စင်အဆောင်တခုကို ရေးထွင်းပြီး သူတို့လေးယောက်အလယ်တွင် ထားလိုက်သည်။
ဒါက လန်ယင်ချူနှင့် ကျန်နှစ်ယောက်ကို အနည်းငယ် တည်ငြိမ်သွားစေသည်။
ထို့နောက် သူကိုးလွှာမိုးကြိုးဒိုင်းအဆောင်များကို တခုပြီးတခု စတင်ထွင်းထုလေတော့သည်။
မိုးကြိုးဒိုင်းလေးခုက သူတို့ရှေ့တွင် ပေါ်လာသည်။
"ထပ်ပြီလား"
ပန်ရှီနှာခေါင်းရှုံ့ကာ သွေးမြူထဲတွင် ရှေ့တလှမ်းလှမ်းလိုက်သည်။
သူလှမ်းလိုက်သောအခါ ကျန်းချန်နှင့် ကျန်နှစ်ယောက်ကလည်း တချိန်တည်းတွင် လှမ်းလိုက်ကြသည်။
အချိန်ကိုက်ညီမှု၊ သို့မဟုတ် လှုပ်ရှားမှုတွင် သူတို့က အနည်းငယ်မျှပင် ကွဲပြားမှုမရှိဘဲ လုံး၀ကို တူညီနေကြသည်။
သူတို့ရှေ့တလှမ်းလှမ်းစဉ် ပန်ရှီနှင့် ကျန်သုံးယောက်က မိုးကြိုးဒိုင်းများရှိရာသို့ သွေးမြူများကနေတဆင့် တူညီသည့် အမြန်နှုန်းဖြင့် ပြေး၀င်သွားကြပြီး လက်သီးကို မြှောက်လိုက်ကြသည်။
သွေးမြူက ဧရာမသွေးရောင်လက်သီးချက်တခုအဖြစ် စတင်သိပ်သည်းကာ တောင်တစ်လုံး၏ အရွယ်အစားခန့်ရှိပြီး မိုးကြိုးဒိုင်းပေါ်သို့ ကျဆင်းလာသည်။
ဒါကိုမြင်သောအခါ မုဖူရှန်း အဆောင်ရေးထွင်းနေရင်း ဒီလက်သီးချက်ကို မိုးကြိုးဒိုင်းလေးလွှာတည်းဖြင့် ခုခံနိုင်မှာမဟုတ်တာကို သူချက်ချင်းသိလိုက်သည်။
ဒီလက်သီးချက်က မြေအင်မော်တယ်တစ်၀က်အဆင့် စွမ်းအားပင်ရှိလေသည်။
ဒါကိုတွေးမိသောအခါ မုဖူရှန်း တ၀က်ပုံသွင်းထားသည့် ကိုးလွှာမိုးကြိုးဒိုင်းကို လက်လျှော့လိုက်သည်။
သူလက်ထဲက မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကို လက်ထဲတွင် အသာအယာမြှောက်လိုက်စဉ် တိမ်မည်းလှိုင်းများက တာအိုဆွေးနွေးစင်မြင့်အပေါ်တွင် တိုက်ရိုက်ပေါ်လာခဲ့သည်။
တိမ်မည်းထဲတွင် လျှပ်စီးနဂါးများက ထိုးထွက်လာကြပြီး မိုးကြိုးက ကမ္ဘာကြီးကို တုန်ခါသွားစေသည်။
ထို့နောက် ချက်ချင်းဆိုသလို မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံပေါ်သို့ ဆင်းသက်ကာရိုက်ခတ်ပစ်သည်။
ခရမ်းမိုးကြိုးက လေဟာနယ်ထဲတွင် တုန်ခါသွားသည်။
ဆန်းကြယ်ယင်ခရမ်းမိုးကြိုး!
စုတ်တံက ခရမ်းမိုးကြိုးကို မှင်အဖြစ် သုံးရင်း အဆောင်စာရွက်ပေါ်၌ ကနေသည်။
လူတိုင်း မုဖူရှန်း၏ လှုပ်ရှားမှုများနှင့် သူဆွဲဆောင်ခဲ့သည့်မိုးကြိုး၏ အပြောင်းအလဲများကို မြင်ခဲ့သည်။ သူတို့လေးနက်သွားကြ၏။
သူဘယ်လိုအဆောင်မျိုးကို ရေးထွင်းနေတာလဲ!
ဒါပေမယ့် သူ့ရဲ့လက်ရှိနှုန်းအရဆိုရင် မရေးထွင်းပြီးတဲ့အချိန်အထိ သူတောင့်ခံနိုင်မှာလား!
ထိုအခိုက်အတန့်မှာပင် ဧရာမသွေးရောင်လက်သီးက မိုးကြိုးဒိုင်းများကို ထိုးခွဲပစ်ပြီဖြစ်သည်။
သူတို့အသက်ရှူကြိမ်သုံးကြိမ်မျှ ကာလခန့်သာ အချိန်ဆွဲထားနိုင်ခဲ့သည်။ သွေးမြူထဲက ထိုလေးယောက်က ထပ်မံရှေ့တက်လာပြီး လက်သီးများကို မြှောက်ကာ မုဖူရှန်းနှင့် ကျန်သုံးယောက်ကို ထိုးနှက်လိုက်ကြပြန်သည်။
လန်ယင်ချူနှင့် ကျန်သောသူများက မုဖူရှန်း၏စကားလုံးများကို သတိရသွားကြပြီး သွေးမြူချဉ်းကပ်လာနေတာကို ကြည့်ရင်း ရှေ့တိုးလိုက်ကြသည်။
ဝိဉာဉ်စွမ်းအားက သူတို့မျက်ခုံးကြားမှ အရူးအမူးထိုးတက်လာခဲ့သည်။
သူတို့ဝိဉာဉ်များကနေ သိပ်သည်းထားသည့် ဧရာမလက်တစ်ဖက်ပေါ်လာပြီး ရှေ့က သွေးရောင်လက်သီးကို လွှမ်းခြုံပစ်သည်။
မှန်ပေသည်။ မဟာပြိုင်ပွဲ၏ နောက်ဆုံးမစခင် ဆယ့်ငါးရက်အလိုက မုဖူရှန်းသူတို့ကို ဝိဉာဉ်ဖြင့် မည်သို့ထောင်ချောက်ဆင်ရန် သင်ပေးခဲ့သည်။
ဒါကစိတ်ဝိဉာဉ်ပျိုးထောင်နည်း၏ ဝိဉာဉ်ပိတ်လှောင်နည်းစနစ်များအနက် တခုပေတည်း။
သို့စေကာမူ သူတို့၏စိတ်ဝိဉာဉ်များသာ ပြိုကွဲသွားပါက ဒါက သူတို့စိတ်ဝိဉာဉ်ကို အကြီးအကျယ် ထိခိုက်စေလိမ့်မည်။
သူတို့တွင် ရွေးချယ်စရာမရှိသောအခါမှသာ သူတို့ဒါကို သုံးရမည်ဖြစ်သည်။
အပိုင်း(645) coming။