အသိပညာတိုးပွားစေခြင်း
Vol. 135 Ch. 4.1531
မျက်လုံးပြာ ရွှေလင်းယုန်ငှက်သည် ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ဖြင့် တောအုပ်ကြီးအတွင်းသို့ လွယ်ကူစွာ ဖြတ်သန်းသွားခဲ့သည်။ ၎င်းပျံသန်းလာရာ လမ်းတစ်လျှောက်က သစ်ပင်များက ကျိုးပဲ့၍ ဖုန်မှုန့်များ ဖြစ်ကုန်လေ၏။
လုရွှမ်သည် ဤမျက်လုံးပြာ ရွှေလင်းယုန်၏ စွမ်းအားသည် နတ်ခြေလှမ်းနယ်ပယ်ထက် မြင့်နေမှာ သေချာတယ်လို့ ခံစားရသည်။ ဒါပေမဲ့ တိကျတဲ့နယ်ပယ်ကို သူလည်း မမြင်ရချေ။
ထိုမျက်လုံးများသည် အရာအားလုံးကို ဖြတ်၍ မြင်နိုင်သော်လည်း၊ မျက်လုံးပြာ ရွှေလင်းယုန်သည် လူ့ဘာသာစကားများ ပြောနေသော်လည်း လုရွှမ်မှာ ၎င်းက သူ့လက်မောင်းကို စိုက်ကြည့်နေပုံရတာကို ခံစားနိုင်သည်။
ပြီးတော့ ကောင်းကင်ပိုးကောင် နေထိုင်တဲ့ နေရာက အဲဒီနေရာမှာပါပဲ။ မျက်လုံးပြာ ရွှေလင်းယုန်သည် အမှန်တကယ်ပင် ပိုးကောင်ကို ပစ်မှတ်ထားနေ၏။ သေချာတာပေါ့။ ကောင်းကင်ပိုးကောင်ကို စားချင်ရင် လုရွှမ်ကို သတ်ပစ်မှသာ ရလိမ့်မည်။
လုရွှမ်အတွက် ဒီအကွက်တွေက သူရင်းနှီးသော အကွက်တွေပါပဲ။ သူ့ခြေထောက်အောက်က ချီထျန်းပု ခြေလှမ်းတွေဟာ အလွန်လျင်မြန်စွာ ပြေးထွက်သွားပြီး တောထဲကို အမြန်ပြေးဝင်သွားခဲ့သည်။
သူပြေးလေလေ သူ၏အမြန်နှုန်းက အရင်ကထက် ပိုမြန်လာတယ်လို့ ခံစားလာရလေပါပဲ။ ယခုအခါတွင် သူသည် နတ်မီးနယ်ပယ် အဆင့်၁၃ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ပထမတော့ လုရွှမ်ဟာ ဒီနယ်ပယ်ရဲ့ အဓိပ္ပာယ်အမှန်ကို နားမလည်ခဲ့ပါဘူး။
သို့သော် ပျံသန်းရခြင်းနှင့် ပြေးလွှားရခြင်းတို့ လုပ်ပြီးသွားတဲ့အခါ လုရွှမ် သူ့လက်ရှိ ရောင်ဝါထဲက ခံစားချက်ကို ခံစားလာနိုင်သည်။ အစကတော့ ပိုမြန်သွားသလို ခံစားခဲ့ရပေမယ့် အခုချိန်မှာတော့ အားစိုက်ထုတ်ရုံနဲ့ လက်ရှိအရှိန်ကို လွယ်လွယ်ကူကူ ထိန်းနိုင်ပါပြီ။
အနောက်မှ မျက်လုံးပြာ ရွှေလင်းယုန်သည်လည်း အံ့အားသင့်သွားကာ ၎င်းရဲ့ အရှိန်ကိုလည်း ထပ်ထည့်လိုက်သည်။
"ကောင်လေး မင်းငါ့ကို အရမ်းသိချင်စိတ်တွေ ဖြစ်လာစေတာပဲ... နတ်မီးနယ်ပယ် ကောင်လေးတစ်ယောက်က တကယ်ကို အရှိန်ကောင်းတာပဲကွ... ဟဲဟဲ မင်းမှာ လျှို့ဝှက်ချက် အကြီးကြီး ရှိရမယ်....ဟားဟား သံဖိနပ်ကို မဖောက်ဘဲ ရှာဖို့ တကယ်ကို အားထုတ်စရာ မလိုတော့ဘူးကွ!"
လုရွှမ်သည် ချီထျန်းပု အဆင့်များထဲ စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားကာ ခြေလှမ်းတိုင်းနှင့် လုံးဝ မတူသော ခံစားချက်ကို ခံစားနေရသည်။ ပျံသန်းနေတဲ့ အခါလည်း ယွမ်ယန်စွမ်းအင်ရဲ့ နားလည်မှုကလည်း လျင်မြန်စွာ နက်ရှိုင်းလာသည်။
သူ့နယ်ပယ်ကို ဖြတ်ကျော်သွားသလို ယွမ်ယန်ကျင့်စဥ်ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း ကွဲသွားတယ်လို့ မခံစားခဲ့ရပေမယ့် ကျင့်စဥ်အပေါ် သူ့ရဲ့နားလည်မှုက ပိုမို လေးနက်လာသည်။ ဒါကြောင့် သူ့ကိုယ်ခန္ဓာကို ထိန်းချုပ်တဲ့အခါ ပို၍ပို၍ သက်တောင့်သက်သာ ခံစားလာရစေသည်။
"ဟေ့ ကလေး... အခု မင်း နတ်မီးနယ်ပယ် အဆင့်၁၃ရဲ့ အဓိပ္ပာယ်ကို သိပြီမလား..."
လုရွှမ် ရွှေကျီးကန်းကို ခေါင်းညိတ်ပြလိုက်သည်။ ဒါဟာ နယ်ပယ်မှာ တိုးတက်မှုလို မဟုတ်ဘဲ နားလည်မှု တိုးတက်လာတာကို သူတကယ် နားလည်ခဲ့ပါ၏။
ပြင်ပအားကို အတင်းအကျပ် ဖြတ်သန်းခြင်း၊ အတွင်းအားကို နှိုးဆွခြင်းနှင့် လက်တွေ့တွင် အရာရာကို တိုးတက်စေခြင်း။
ဒါက တကယ့်ကို မယုံနိုင်စရာပါပဲ။ ရှိရင်းစွဲ နားလည်မှုထက် လုံးလုံးလျားလျား တိုးတက်သွားတာ ဖြစ်သည်။ လုရွှမ် သူ့စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ယွမ်ယန်ကျင့်စဥ်လို အစွမ်းထက်သော ကျင့်စဥ်ကို ဖန်တီးနိုင်သူမှာ ကမ္ဘာပေါ်တွင် တကယ့်နံပါတ်တစ် လူသား ဖြစ်ခဲ့လိမ့်မည်။
သူဟာ ယွမ်ယန်ကျင့်စဥ်ရဲ့ ကောင်းချီးကြောင့် ပါရမီရှင် အရည်အချင်းစာရင်းတွင် ပထမအဆင့် ဖြစ်ခဲ့ကြောင်း သူ့စိတ်ထဲတွင် သိထားပါသည်။ သူ့ကိုယ်သူ နှိမ့်ချမည်မဟုတ်ချေ။
သူ့ဘဝက နှစ်ဘဝရှိပြီမလို့ သူ့စိတ်ဓာတ်ကို ချုပ်ကိုင်ထားရတဲ့ နေရာမှာ ကျွမ်းကျင်နေပြီ ဖြစ်သည်။ သူ့အရည်အချင်းက ယွမ်ယန်ကျင့်စဥ်ကို ဖန်တီးခဲ့တဲ့ သခင်လောက် မကောင်းပေမယ့် တခြားသူတွေထက် အများကြီး သာလွန်နေသေးတဲ့ အတွက် ယွမ်ယန်ကျင့်စဥ်ရဲ့ မျက်နှာသာကို ရနိုင်ခဲ့တာပဲ ဖြစ်၏။
သူ့နောက်ကို လိုက်နေသည့် မျက်လုံးပြာရွှေလင်းယုန်သည် ယခုအချိန်တွင် လုရွှမ်အရှိန်က သူ့စိတ်ကူးထက် လုံးဝ ကျော်လွန်လေလေ အံ့သြရလေလေ ဖြစ်နေသည်။
သူသည် ကောင်းကင်ငှက်ထက် အနည်းငယ်သာ နှေးကွေးသော ရွှေလင်းယုန်ငှက် ဖြစ်သော်လည်း ဤလောကတွင် ထိပ်တန်းဆယ်ဦးထဲ စာရင်းဝင်နိုင်သည့် သတ္တဝါလည်း ဖြစ်သည်။ လုရွှမ်ဟာ သဘာဝအားဖြင့် အရှိန်မပြင်းသော လူသားတစ်ဦးသာ ဖြစ်သင့်ပေမယ့် ဒီကျင့်ကြံမှုနဲ့ ဒီအခြေအနေမျိုးမှာ ထွက်ပြေးနိုင်သည်။
မျက်လုံးပြာရွှေ လင်းယုန်သည် လုရွှမ်ရဲ့ အရှိန်က သူ့အား အမှန်တကယ် ကျော်လွန်သွားတာ တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားသည်။ ဒီကောင်လေးရဲ့ ခြေလှမ်းတွေက သေချာပေါက် ပြဿနာအကြီးကြီး ရှိရမည်။
အစကတည်းက လင်းယုန်ဟာ လုရွှမ်ရဲ့ လက်ထဲက ပိုးကောင်အတွက် လိုက်နေခဲ့တာပဲ ဖြစ်သည်။ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့သော ကောင်းကင်ပိုးကောင်မှန်း သိသိချင်း အလွန် စိတ်လှုပ်ရှားမိကာ သဘာဝကျကျ သူ့နောက်သို့ အမြန်လိုက်လာခဲ့သည်။
ဒါပေမဲ့ အခုအချိန်မှာတော့ လုရွှမ်ကို လုံးဝ မစားဖူးသေးပေမယ့် ဒီကလေးရဲ့ လျှို့ဝှက်ချက်ကတော့ အများကြီး အကျိုးရှိသွားပြီလို့ ခံစားနေရလေသည်။ လုရွှမ်သည် အရှိန်အဟုန်ဖြင့် အရှိန်မြှင့်ကာ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ရဲ့ အရှိန်က လွန်ကဲလာပြီဟု ခံစားလိုက်ရသည်။
သို့သော် သူ့နောက်မှ ရွှေလင်းယုန်က အဆောတလျင် လိုက်နေဆဲဖြစ်ပြီး ၎င်း၏မျက်လုံးများမှ သူ့အား လောဘကြီးနေကြောင်း မြင်နေရသည်။
"ကျီးဖိုးဖိုး... တိုက်ရတော့မလား?"
ရွှေကျီးကန်း: 'ကောင်လေး မင်း ဦးနှောက်က ပျက်စီးသွားတာတော့ မဟုတ်ဘူးမလား...အဲ့ကောင်က နတ်ခြေလှမ်းနယ်ပယ် ဒုတိယအဆင့်ကို ရောက်နေပြီ... တောင်ပိုင်းနယ်မြေက သတ္တဝါတွေ ဘယ်လောက်တောင် အစွမ်းထက်နေတယ် ဆိုတာ မင်း မြင်ဖူးလား?"
လုရွှမ် ခေါင်းညိတ်ပြသည်။ တကယ်ကို အစွမ်းထက်တဲ့ လင်းယုန်ငှက် ဖြစ်ကြောင်း သူလက်ခံပါ၏။
အလယ်ပိုင်းဒေသတွင် နတ်ခြေလှမ်းနယ်ပယ် ဒုတိယအဆင့်နှင့် တတိယအဆင့်ကို ရှင်းရှင်းလင်းလင်း စမ်းသပ်ခဲ့ပြီးပြီ ဖြစ်သည်။ ဒါပေမဲ့ အခုဒီကို ရောက်နေပြီ။ ခွန်အားတွေ အရမ်း တိုးတက်လာပြီမလို့ အိပ်မက်တွေကလည်း အများကြီး ကျယ်ပြန့်
လာခဲ့ပါပြီ။
သို့သော်လည်း နတ်ခြေလှမ်းနယ်ပယ် ဒုတိယအဆင့်ကို ရောက်သွားသော ရွှေလင်းယုန်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ ဤနေရာရှိ သားရဲများထဲက သူနဲ့အဆင့်တူများကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း ထင်ရှားပါသည်။
လုရွှမ် ရပ်တန့်ကာ ပျံသန်းနေသော ရွှေလင်းတကို စိုက်ကြည့်ရင်း နေဖြိုခွင်းနတ်လေးကို ဆွဲထုတ်ကာ သူ့နောက်ကျောတွင် ကောင်းကင်ဓားကို ပြင်ဆင်ထားလိုက်သည်။
"ဟားဟားဟား...မင်းက ငါ့ကို ခေါင်းချင်းဆိုင်တိုက်ရဲတာလား... ငါမင်းကို မပြောချင်ပေမယ့် မင်းက လူသားတွေအပေါ် ငါ့ရဲ့အမြင်ကို အများကြီး ပြောင်းလဲသွားစေတာပဲ ကောင်လေး... လူသားတွေက တွားသွားသတ္တဝါတွေလို့ ထင်မိသေးတယ်... အခု ငါ့အမြင်အရတော့ မင်းက အဲ့ဦးနှောက်မဲ့ တွားသွား သတ္တဝါတွေလိုပဲ.."
လုရွှမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး စကားမပြောဘဲ လေးကိုင်းကို ကွေးကာ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။ ထို့နောက် မြှားတွေကို ဆက်တိုက် ပစ်လွှတ်လိုက်၏။ လေထဲတွင် ဖျတ်ကနဲ ပျောက်သွားသော မြှားက ရွှေလင်းယုန်၏ ရှေ့တွင် ပြန်ပေါ်လာသည်။
လင်းယုန်ငှက်ရဲ့ ခန္ဓာကိုယ်က ဖျတ်ကနဲ တောက်ပသွားပြီး နောက်ဆက်တွဲ အရိပ်များသာ ကျန်ရစ်ခဲ့သည်။ မြှားက သူယခင်နေခဲ့တဲ့ နေရာကိုဖြတ်ကာ ပေါက်ကွဲသွားတဲ့အခါ ရွှေလင်းယုန်ရဲ့ မျက်လုံးများလည်း ပြူးကျယ်သွားတော့သည်။
"ဟုတ်တယ်... ဒီလက်နက်က ကောင်းတယ် လူတွေက လက်နက်တွေ ဖန်တီးပြီး အသုံးချတဲ့ နေရာမှာ အရမ်း ကောင်းကြတယ်... ဒါအမှန်ပါပဲ မင်းထုတ်လိုက်တဲ့ တိုက်ခိုက်မှုက နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိတယ်... အံ့သြစရာကောင်းတယ်....ငါ မင်းကို ပိုပိုပြီး လေးစားလာပြီ... စိတ်ဝင်စားလာပြီကွ!"
လင်းယုန်ငှက်က အော်ဟစ်လိုက်သည်။ သူ့မျက်လုံးတွေက မက်မောနေတဲ့ အလင်းရောင်တွေနဲ့ ပြည့်နေ၏။