← Chapters

မိုးကောင်းကင်သို့ လွတ်မြောက်ခြင်း

Vol. 135 Ch. 4.1532

မိုးကောင်းကင်သို့ လွတ်မြောက်ခြင်း

Vol. 135 Ch. 4.1532

လုရွှမ် သူ့ခွန်အားကို မထိန်းသိမ်းထားဝံ့ပေ။ မဟုတ်ပါက သူ့အား အင်အားအပြည့် မထုတ်မီ ဤရွှေလင်းယုန်ဆီက အသတ်ခံရပေလိမ့်မည်။

သူလက်ဖဝါးတစ်ဖက်က နေဖြိုခွင်းနတ်လေးပေါ်၌ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ဝိညာဉ်စွမ်းအားများ လှုပ်ရှားနေပြီး ချွန်ထက်သော အစွန်းများဖြင့် တောက်ပနေသော မြှားများကို စုစည်းထားသည်။

စဉ်းစားဖို့ အချိန်မရှိပါ။ ရွှေလင်းယုန်ရဲ့ အရှိန်က မြန်လွန်းလှသည်။ အတွေးတစ်ချက် လွင့်သွားတာနဲ့ ရွှေလင်းယုန်ကြီးက အဲဒီနေရာကနေ လွင့်ပျံလာနေပြီ။

တုန်လှုပ်ချောက်ချားစရာ ကောင်းသော အသံတစ်သံ ထွက်ပေါ်လာပြီး ဝိညာဉ်မြှားများ တစ်စင်းပြီးတစ်စင်း ပစ်ခွင်းလိုက်သည်။ သူသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပစ်ခတ်နေပေမယ့် ရွှေလင်းယုန်၏ ခန္ဓာကိုယ်သည် အလျားလိုက် ရွေ့သွားကာ လုရွှမ် ပစ်သော ဝိညာဉ်မြှား အားလုံးကို ရှောင်သွားခဲ့သည်။

လုရွှမ် ညည်းညူရင်း ညာဘက်လက်ဖြင့် လေးကြိုးကို ဆွဲယူလိုက်စဥ် လေးကြိုးပေါ်တွင် မြှားတန်းစင်း ထွက်ပေါ်လာသည်။ ထိုအခါ ရွှေလင်းယုန်ရဲ့ မျက်လုံးများက ရွှေရောင် အလင်းတန်းများဖြင့် တောက်ပလာကာ အတောင်ပံများကို ခတ်ရင်း ထွက်ပြေးသွားတော့သည်။

လုရွှမ်: "ဘယ်သွားမလို့လဲ!"

မြှားကို မပစ်လွှတ်ရသေးခင် ပါးစပ်က သွေးတွေ ထွက်လာကာ ခေါင်းအရမ်း မူးသွားသည်။ ဒါပေမဲ့ သူ့ကိုယ်သူ ကောင်းကင်က ရွှေလင်းယုန်ကို ကြည့်​​နေဖို့ အခိုင်အမာ သတိပေးနေတုန်းပါပဲ။

ရွှေလင်းယုန်လည်း သူ့အတောင်တွေကို ခတ်ပြီး မြှားတွေကို ရှောင်ကာ လေထဲကို မြန်မြန်ဆန်ဆန် ပြေးသွားပေမယ့် လုရွှမ်ရဲ့ လှုပ်ရှားမှုက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားပြီ။ ဘယ်လောက်ပဲ အစွမ်းထက်တဲ့ လင်းယုန်ငှက်ဖြစ်ပါစေ လွတ်မြောက်ဖို့ ခက်လာ၏။

မထီမဲ့မြင်ပြုနိုင်သော မြှားတစ်စင်းသည် ရွှေလင်းယုန်၏ ဘယ်ဘက်တောင်ပံကို ထိုးဖောက်ကာ ၎င်း၏ခန္ဓာကိုယ်ကို စောင်းသွားစေတာကြောင့် လေထဲတွင် တဝဲလည်လည် ဖြစ်နေသည်။

လုရွှမ် သူ့ဦးနှောက်တစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရသည်။ ယခု လှုပ်ရှားမှုသည် သူ့​စွမ်းအင်များစွာကို ယူဆောင်သွား၏။ သို့သော် ယခုအခိုက်အတန့်တွင် လင်းယုန်ငှက် အပစ်ခံရတာ ကြည့်ပြီး လေးကို ထပ်မံကွေးပစ်လိုက်ပြန်သည်။

လေးကြိုးက လပြည့်ညလို ကွေးညွတ်သွားချိန် လုရွှမ်ရဲ့ မျက်လုံးများက သွေးချင်းနီရဲနေပြီး ရွှေရောင် ဝိညာဉ်မြှားတစ်စင်း ထပ်မံ ထွက်လာသည်။

"သွား!"

ဒီအချိန်မှာ အရင်ကထက် ပိုပြင်းထန်တဲ့ အရှိန်အဟုန်ကို ထိန်းထားရမည်။

လုရွှမ်သည် သူ့​လက်ရှိအင်အားဖြင့် ရွှေလင်းယုန်ကို မသတ်နိုင်ကြောင်း ကောင်းကောင်းသိပါသည်။ ဒါပေမဲ့ တစ်ဖက်အကောင်ရဲ့ အရှိန်အဟုန် အားနည်းတာကိုတွေ့တာနဲ့ သူ ဆုတ်ခွာပြေးသွားသင့်သည်။

ဒီအချိန်မှာ ရှင်သန်ချင်တယ် ဆိုရင်တော့ ရွှေလင်းယုန်နဲ့ ယှဉ်ပြိုင်ပြီး အဝေးကို ထွက်ပြေးမယ့်အစား ရွှေလင်းယုန်သူ့​ကို ကြောက်သွားအောင် လုပ်ဖို့ လိုပါ၏။

ဝိညာဥ်မြှား ပစ်လွှတ်လိုက်သည်နှင့် အရှိန်သည် ယခင်ပဝိညာဥ်မြှားထက် သိသိသာသာ မမြန်သော်လည်း ယခုအချိန်တွင် ရွှေလင်းယုန်က ဒဏ်ရာရသွားပြီမလို့ မြှားကို ရှောင်ရန် ကမန်းကတမ်း ကြိုးစားရင်း အတောင်ပံများကို ခတ်လိုက်လေသည်။

သို့သော် ဒီမြှားက လုရွှမ်ရဲ့ ပြင်းထန်သော အခြေအနေတွင် တန်ပြန် တိုက်ခိုက်ခြင်းဖြစ်ပြီး မျှော်လင့်ချက် အားလုံးကို ထည့်သွင်းထားတာကြောင့် ဘယ်လိုလုပ် ရှောင်ရှားနိုင်ပါ့မလဲ။

လင်းယုန်ငှက် အလောတကြီး ရှောင်လိုက်တာတောင် မြှားက လျင်မြန်စွာ ၎င်း၏ညာတောင်ပံ အမြီးကို ပစ်ခတ်မိနေဆဲ ဖြစ်သည်။ ငှက်ကြီး နာကျင်စွာ အော်ဟစ်လိုက်တဲ့အခါ သူ့ကိုယ်တွင်းမှ အငွေ့အသက်များက အထိန်းအကွပ်မဲ့စွာ ရိုက်ခတ်သွားသည်။ ၎င်းက ရေလှိုင်းလို သစ်ပင်ကြီးများအား ပျက်စီးသွားစေလေသည်။

လုရွှမ် မလှုပ်ရှားပေ။ သူ့ခန္ဓာကိုယ်က ဖြောင့်စင်းနေပြီး မျက်လုံးများက ရွှေကျီးကန်းကို စိုက်ကြည့်နေဆဲ။ လေးညှိ့ပေါ်တွင် လင်းလက်နေသည့် အခြားရွှေဝိညာဉ် မြှားတစ်စင်းက လင်းယုန်ငှက်ကို ချိန်ရွယ်ထားပြန်၏။

လေပြင်း​တွေ တိုက်ခတ်လာတဲ့အခါတုန်းက ပတ်ဝန်းကျင်ရှိ သစ်ပင်များ ​ပြိုလဲကျကုန်သော်လည်း သူသည် မလှုပ်မယှက်ပင်။ သူ့ခန္ဓာကိုယ်မှာ တောင်တန်းကြီးလောက် အရပ်မရှည်သော်လည်း ယခုအချိန်တွင် တောင်ကြီးတစ်လုံးလို ကြီးကျယ်ခမ်းနားစွာ ရပ်နေပုံရသည်။

သစ်ရွက်များသည် ဖုန်မှုန့်များက လွင့်ပျံနေနေပေမယ့် လင်းယုန်ငှက်ကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေက မျက်တောင်မခတ်ချေ။ မြှားထိပ်ဖျားသည် အေးစက်သော ရေခဲချွန်တစ်ခုလို လင်းယုန်ငှက်၏ မျက်လုံးများထဲသို့ ထိုးဆင်းရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

လုရွှမ် ဒီမြှားကို လွယ်လွယ်နဲ့ မလွှတ်လိုက်ချေ။ ဒါက သူ တွန်းအားပေးနိုင်တဲ့ နောက်ဆုံးမြှားပါပဲ။

လင်းယုန်ငှက်က ၎င်း၏အတောင်ပံများကို လှုပ်ယမ်းကာ လုရွှမ်ကို ပြန်စိုက်ကြည့်နေသေးသည်။ ဒီအဆင့်နိမ့်လူသားက ယခင်ကကဲ့သို့ လေးမြှားနှစ်စင်းကို ပြင်းထန်စွာ ပစ်ခတ်နိုင်ဦးမည်ဟု ယုံရခက်သည်။

ဒါပေမဲ့ သူ့အတွက် အကြောက်ဆုံးကတော့ ဒီမြှားကို မပစ်သေးတာပါပဲ။ မြှားရောင်ဝါက အရင်မြှားနှစ်စင်းထက် ပိုပြင်းထန်သည်။ သို့သော် မြှားရဲ့ အရှိန်အဟုန်၊ စွဲမြဲမှုမျိုး၊ ကောင်လေးရဲ့ မခံချင်စိတ်ကနေ ဖြစ်ပေါ်လာတဲ့ မြှားစွမ်းအင်က သူ့နှလုံးသားထဲတွင် လေးနက်စွာ ရေးထွင်းထားသည်။

ရွှေလင်းယုန်သည် ကြောက်လန့်တကြားဖြင့် အတောင်ပံများကို ခတ်ကာ လေထဲ၌ ရပ်တန့်နေနိုင်ရန် ရုန်းကန်နေရရှာသည်။ လင်းယုန်မျက်လုံးတစ်စုံက လုရွှမ် စိုက်ကြည့်လိုက်၊ အေးစက်သော မြှားကို စိုက်ကြည့်လိုက်ဖြင့် ပျာယာခတ်နေ၏။

ခဏလောက်တော့ နှစ်ယောက်သား မျက်နှာချင်းဆိုင်လျက် ငြိမ်သက်နေကြသည်။ တခြားအသံတွေ အားလုံး ပျောက်ကွယ်သွားပြီး အတောင်ပံခတ်နေတဲ့ ရွှေလင်းယုန်ရဲ့ အသံတွေပဲ ကျန်တော့သည်။

လုရွှမ် မျက်တောင်တောင်မခတ်သလို လှုပ်လည်း မလှုပ်ချေ။ ငွေလရောင်က လုရွှမ်မျက်နှာပေါ် တိတ်တဆိတ် ကျဆင်းလာတဲ့အချိန် အထူးအဆန်း ရောင်ဝါတစ်မျိုး ပေါ်ထွက်လာသည်။

"ဟမ့်!"

ရုတ်တရက်ဆိုသလိုပင် ရွှေလင်းယုန်ဟာ အနည်းငယ် သည်းမခံနိုင်တော့ဘဲ ဖြစ်လာသည်။ ၎င်းရဲ့ အတောင်ပံများက သွေးထွက်လွန်လာတာမို့ နာကျင်လာတာကို ခံစားလိုက်ရသည်။

"ကောင်လေး... မင်း အရမ်း​တော်တယ်... နောက်တစ်ကြိမ် ထပ်မတွေ့စေနဲ့ပေါ့ ဟမ့်"

၎င်းသည် အတောင်ပံများကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ကာ အပြေးအလွှား ပျောက်ကွယ်သွားခဲ့သည်။

လုရွှမ်ရဲ့မြှားက ရွှေလင်းယုန်၏ ခန္ဓာကိုယ်ဆီသို့ ချိန်ရွယ်ထားဆဲ ဖြစ်လေသည်။ ထို့နောက် သူရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်လာကာ လက်နဲ့ခြေများက လှုပ်မရတော့ပေ။

ချွေးပုတီးလုံးကြီးများက သူ့နဖူးပေါ်မှ လှိမ့်ဆင်းကျလာသည်။ တစ်ကိုယ်လုံးက ရေကန်ထဲမှ ထွက်လာသလိုပင် ချက်ချင်း စိုရွဲသွားသည်။ အသက် အနည်းငယ်ရှူပြီးနောက် လုရွှမ် သူ့အနားရှိ သစ်ပင်ကြီးအား ထောက်ကာ မတ်တပ်ထရပ်လိုက်သည်။

ရွှေလင်းယုန် ထွက်ပြေးသွားပေမယ့် ဤနေရာတွင် အကြာကြီးနေရန် မသင့်တော်ပါ။

လုရွှမ် သိုလှောင်လက်စွပ်မှ အပင်အနည်းငယ်ကို အလျင်အမြန် ထုတ်ယူကာ ဝိညာဥ်ရေစင်နှင့် ရောကာ မျိုချလိုက်သည်။ အာနိသင်က အဂ္ဂိရတ်ဆေးလောက် မပြင်းထန်ပါဘူး။ သုံးပေနက်မြွေ အဆိပ်က အပြတ်မရှင်းထုတ်ရသေးချေ။

ယခု ဆေးအာနိသင်သည် ရာခိုင်နှုန်း အနည်းငယ်သာ ထိရောက်ပြီး အလွန်ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိသော်လည်း အားသာချက်မှာ ထိရောက်မှု အလွန်လျင်မြန်သည်။ တစ်ခဏလောက် ကြာတော့ သူ့ခန္ဓာကိုယ်အနှံ့ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားခဲ့ရသည်။

အခုခန္ဓာကိုယ်က အဆိပ်တွေအားလုံးကို ခုခံနိုင်ပေမယ့် အဆိပ်တွေရဲ့ သက်ရောက်မှုကို ဖြေရှင်းဖို့ အချိန်ယူရပါသေးသည်။

သို့သော် ရုတ်တရတ်ပင် သူ့​ခန္ဓာကိုယ်ထဲက ခွန်အားအနည်းငယ် တိုးလာသည်နှင့် သွားများကို အံကြိတ်ကာ ချီထျန်းပု ခြေလှမ်းများဖြင့် အမြန် ထွက်ပြေးသွားခဲ့သည်။

လုရွှမ် ထွက်သွားပြီး သိပ်မကြာလိုက် ရွှေလင်းယုန် ပြန်ရောက်လာသည်။ လုရွှမ်ရဲ့ ခြေရာတွေကို ခြေရာခံချင်ပေမယ့် အသက်ရှုသံ​တောင် ​မကျန်ခဲ့ပေ။ ၎င်းက ဒေါသတကြီးဟောက်ကာ ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်လိုက်သည်။

"ကောင်လး.... တစ်နေ့တော့ မင်းငါ့လက်ထဲ ကျိန်းသေပေါက်... ကျိန်းသေပေါက် ကျိန်းသေပေါက်ကို ရောက်လာရမယ်...ငါ မင်းကို အပိုင်းပိုင်းဖြတ်မယ်"

လုရွှမ်ကတော့ ယခုအချိန်တွင် ဧရာမသစ်ပင်ကြီးတစ်ပင်တွင် ပုန်းအောင်းနေ၏။ ၎င်းသည် သူတူးထားခဲ့သော ဂူငယ်ဖြစ်ပြီး တင်ပျဉ်ခွေထိုင်ရန် လုံလောက်သည်။ သစ်ပင်ကြီးကလည်း အလွန်ထူးဆန်းလေသည်။

အနီးနား ပတ်ဝန်းကျင်ကို ဒဏ်ရာအနာအဆာ မကျန်အောင် သေချာပိတ်ပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချကာ သစ်ပင်နံရံကို မှီရင်း ပျော့ပြောင်းစွာ အိပ်ပျော်သွားခဲ့သည်။

All Chapters