ပူးလေးကို စွန့်ပစ်ခဲ့ပြီ
Vol. 135 Ch. 4.1534
လေချွန်သံ တစ်ချက် ထွက်လာတဲ့အခါ သစ်ပင်ကြီးများရဲ့ နောက်ကွယ်မှ လူတစ်စု ခုန်ထွက်လာကြသည်။ လုရွှမ် ယခင်က လူသုံးဦးကိုသာ သတိထားမိခဲ့သည်။ အခုခုန်ထွက်လာတာက လူခုနစ်ဦးပင်။ အားလုံးက ခုန်ချပြီးတာနဲ့ ဧရာမမြွေကြီးဆီသို့ ပြေးထွက်သွားခဲ့သည်။
လေထဲမှာ လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း ထိတ်လန့်သွား၏။ အစောက တစ်ဖက်လူ တည်ရှိနေတာကို သတိမထားမိခဲ့ကြတာ သိသာသည်။ သူတို့ဟာ ကမ္ဘာ့ရန်သူတွေလိုပဲ တွေ့တာနဲ့ ချက်ချင်း တိုက်ခိုက်ကြသည်။
"မင်းတို့ သွားရပ်လိုက်... ငါတို့ သွားယူလိုက်မယ်..."
လူတစ်ယောက်က အသံပေးလိုက်တဲ့အခါ တစ်ဖက်မှ လူတစ်ဦးလည်း ကွဲသွားကာ မြွေကြီးဆီသို့ ပြေးသွားလေသည်။
ပူးလေးကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြပေ။ ပူးလေးကလည်း အရမ်း ထက်မြက်တာကြောင့် ချက်ချင်း လှည့်ထွက်ပြေးလာ၏။ ကံမကောင်းစွာပဲ ပူးလေးရဲ့ ဦးတည်ရာက လုရွှမ်ပုန်းနေတဲ့ နေရာပါပဲ။
လုရွှမ် ကံဆိုးမှုအတွက် တိတ်တိတ်လေး ကျိန်ဆဲမိသည်။ ပူးလေးက သူရောက်နေတာကို တွေ့သွားတာလား သို့မဟုတ် သူ့ဆီသို့ ရည်ရွယ်ချက်ရှိရှိ ပြေးလာတာလားတော့ မသိချေ။ ဝင်တိုက်သင့်သလား မတုံ့ဆိုင်းနေသင့်ပါ။ သူပုန်းနေသည့် သစ်ပင်ကြီးဆီသို့ အဆိပ်ဓာတ်ငွေ့တစ်လိပ်ကို ဖြန်းခနဲ ပတ်လိုက်တာနဲ့ ဆုံးဖြတ်ချက် ချချိန်တောင် ရလိုက်မည် မဟုတ်ပေ။
ရှင်းရှင်းပြောရရင် ပူးလေးက သူ့ကို ရှာတွေ့သွားခဲ့ပါပြီ။ ဒီကိစ္စမှာ မိမိကိုယ်ကို ဖုံးကွယ်ထားစရာ အကြောင်း မရှိတော့ပါ။ လုရွှမ် ခြေထောက်ကို တစ်ချက်စောင့်နင်းကာ ပြေးထွက်သွားသည်။
"ဟေ့ ဒီမှာ လူတစ်ယောက် ရှိသေးတယ်ကွ!"
လူနှစ်ယောက်က တစ်ပြိုင်နက် အော်ဟစ်ပြီး နောက်တစ်ကြိမ် တိုက်ပွဲပြန်ဝင်လာကြသည်။
လုရွှမ်ရဲ့ စွမ်းအားက အလွန်နိမ့်ကျလွန်းသည်။ သူသည် နတ်မီးနယ်ပယ်မှ လူသားမျိုးနွယ် ဖြစ်နေတာက ထင်ရှားနေသည်။ လူသားမျိုးနွယ်၏ တစ်ဦးချင်း စွမ်းအားသည် တိုက်ကြီးတစ်ခုလုံးတွင် အဆိုးဆုံး မဟုတ်သော်လည်း အောက်ခြေမှာလို့လည်း ပြောနိုင်၏။
လူသားတစ်ယောက် ဒီမှာ ပုန်းနေတာ နည်းနည်းထူးဆန်းပေမယ့် သူတို့ သိပ်အလေးအနက် မထားခဲ့ပါဘူး။
ပူးလေးက သူတို့ရဲ့ ပစ်မှတ်မဟုတ်ပါ။ ထို့အပြင် ပူးငယ်လေးရဲ့ ဦးတည်ချက်မှာ လူသားဆီသို့ ဦးတည်နေတာမို့ ၎င်းတို့အမြင်တွင် ပူးငယ်လေးသည် လှုပ်ရှားနေသရွေ့ လူသားက သေမှာ မလွဲပေ။ ပူးလေးဟာ မြွေကြီး၏အမြီးကြောင့် ဘယ်လိုနေလဲမသိ လုရွှမ်ကိုမြင်နော့ ၎င်း အရင်က ခံစားခဲ့ရသော ဒေါသကို ပုံချချင်လာသည်။
လုရွှမ် ထွက်လာတာကို မြင်တော့ ပူးငယ်လေးက ခြေထောက်တစ်ဖက်နဲ့ တွန်းကန်ခဲ့လိုက်သည်။ ၎င်းအနေနဲ့ ဤသတ္တဝါကို လုံးဝဂရုမစိုက်ပါ။ သို့သော်လည်း ၎င်း ရန်လိုလာပြီးနောက် လုရွှမ်ဘက်က ပြောင်းလဲသွားသည်။
လုရွှမ်ဟာ ချင်ထျန်းဓားကို ညင်သာစွာ ဆွဲထုတ်လိုက်ပြီး လျှပ်တပြက်အတွင်း ဓားစွမ်းအင်နှင့် ခုတ်ချပစ်လိုက်သည်။ ဓားစွမ်းအင်က တဟုန်ထိုးတက်လာကာ လေဓားများကို ပြန့်ကျဲသွားစေသည်။
"ဓားကောင်းပဲ! အဲဒါ ကောင်းကင်လက်နက်!"
လူတစ်ယောက်က အော်ဟစ်လိုက်ပြီးတာနဲ့ နောက်ထပ် လူအတော်များများကလည်း မျက်စိများ လှည့်လာကာ လောဘ အငွေ့အသက်များ ရုတ်ချည်း လျှံကျလာသည်။ ပူးလေးက တိုးတိုးလေး ဟစ်အော်လိုက်၏။ မျက်လုံးတွေက ကျေနပ်အားရမှုနဲ့ လိမ္မာပါးနပ်မှုအပြည့်နဲ့ လှည့်ထွက်ပြေးသွားခဲ့သည်။
လုရွှမ် အံ့အားသင့်သွားပြီး ဒေါသနဲ့အတူ မိမိကိုယ်ကို ရယ်ချင်သွား၏။ ဒီပူးလေးက သူ့အား တခြားလူတွေမြင်အောင် တမင်တကာ ဆွဲထုတ်လိုက်တာပဲ။ တကယ့်ကို လိမ္မာပါးနပ်တဲ့ ပူးတစ်ကောင်ပင်။
ဒီလူတွေကို တွန်းလှန်လိုက်ရင် ပူးလေးကို အကူအညီ ပေးမိမည်။
လုရွှမ်: "လူတိုင်း ကျေးဇူးပြုပြီး အကွာအဝေးကို ခြားလိုက်ပါ... ငါ့ရဲ့ပစ်မှတ်က ဒီကောင်... မင်းတို့ရဲ့ပစ်မှတ်က ဧရာမမြွေကြီး... ဒါကြောင့် မျဉ်းမဖြတ်တာ အကောင်းဆုံးပဲ"
သူက တိုးတိုးလေး ဟစ်အော်ပြီး ပူးလေးရဲ့နောက်ကို အမြန်လိုက်သွားသည်။
"ဆရာတူညီမဟွမ်.. မင်းနဲ့ ဆရာတူညီလေး ရှဲ့က ဒီမှာနေနေပြီး မြွေကြီးထဲက သည်းခြေအိတ်ကို ယူလိုက်... ဆရာတူညီမပိုင်... မင်းကငါနဲ့လိုက်ခဲ့...."
"ဟုတ်!"
သုံးယောက်က အော်လိုက်ပြီး ကိုယ်စီ အလုပ်ခွဲလုပ်လိုက်သည်။
"ဟမ့်..ငါတို့ လိုက်ကြရအောင်... ဆရာတူဦးလေး... တစ်ယောက်တည်း ကိုင်တွယ်နိုင်လား"
"ဟေး... ဒီနေရာကို ငါ့လက်ထဲ အပ်ထားခဲ့လိုက်ပါ... မင်းတို့သွားပြီးတော့ ကောင်းကင်လက်နက်ကို ယူလာခဲ့"
"ကောင်းပြီ!" နှစ်ယောက်ကလည်း အမြန်နောက်သွားကြသည်။
လုရွှမ်လည်း သူ့နောက်က လူခုနစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို အာရုံစိုက်နေပြီးသားပါ။ တစ်ဖက်အဖွဲ့က လူနှစ်ယောက်ကပါ သူ့နောက်ကို လိုက်လာမယ်လို့ မမျှော်လင့်ထားခဲ့။
တစ်ဖွဲ့မှာဆို အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးစီဟာ မအားနည်းကြချေ။ သူတို့အားလုံးက မျှော်စင်နယ်ပယ် အဆင့်၉မှာ ရှိကြ၏။ လုရွှမ် ၎င်းတို့လေးယောက်ကို လျှော့မတွက်ရဲပေ။
တောင်ပိုင်းဒေသရဲ့ လေ့ကျင့်မှုက အခြားဒေသများထက် အဆပေါင်းများစွာ သာလွန်သည်။ ထို့အပြင် သူတို့လေးယောက်စလုံးသည် လူသားဟု ထင်ရသော်လည်း ၎င်းတို့၏မျက်လုံးများထဲက ရံဖန်ရံခါ ထွက်လာတတ်သော ရောင်ဝါက လူသားမဟုတ်ချေ။ လုရွှမ်လည်း ၎င်းတို့က ဘာလူမျိုးစုလဲ မပြောနိုင်ပေ။
သူတို့လေးယောက်ထဲက တစ်ယောက်မှ သူ့ရန်သူမဟုတ်ပေမယ့် သူတို့လေးယောက်က ဝိုင်းဖွဲ့ပြီး ပူးလေးကလည်း ပြဿနာရှာရင် သူ အန္တရာယ် ရှိလာလိမ့်မည်။
အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ရမည်။ ကိုယ်ပိုင်ယူဆချက်တွေကို အခြေခံပြီး အရာရာကို စီရင်ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့် တကယ့်ရလဒ်က လူတွေရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်သွားမှ ရပေမည်။
ပူးငယ်လေးက အခုနက သူ့ကို ကြံစည်ပြီးပြီမလို့ သူတို့လေးယောက်နဲ့ အတူ တိုက်ခိုက်လာနိုင်သည်။ လုရွှမ်လာ တိုက်မယ့်အစား ထွက်ပြေးရန်သာ ဆုံးဖြတ်ချက် ချလိုက်သည်။
ဘယ်လိုပြေးရမလဲ။ ဒီနားမှာ သေးငယ်တဲ့ ရေကန်လေး ရှိသည်။ ရေက စိမ်းနေတော့ အနောက်မှ လူလေးယောက်ကို ဖယ်ထုတ်လိုက်ဖို့ အဆင်ပြေသည်။
လုရွှမ်ရဲ့ ကောင်းကင်ကို အံတုသော ချီထျန်းပု ခြေလှမ်းများက ခြေဖဝါးအောက်မှာ အလင်းရောင်တွေ တောက်ပနေပြီး သူ့ခန္ဓာကိုယ်က လူလေးယောက်ရဲ့ မျက်လုံးများတွင် လျှပ်တပြက်အတွင်း ရှေ့သို့ ရွေ့လျားသွားသည်။
"ဒါ ဘယ်လိုပညာလဲ... မြေကြီးထဲကို ကျုံ့ဝင်သွားတာလား"
သူတို့လေးယောက်ဟာ အင်အားချင်း အတူတူလောက်နဲ့ ရန်ဖြစ်ခဲ့ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးကြသည်။ လုရွှမ်က သူတို့ကို ပိုဝေးရာကို ဆွဲထုတ်နေတာကို မြင်လိုက်ရတော့ ခေါင်းဆောင်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ။
"ပူးပေါင်းမလား?"
"ပူးပေါင်းမယ်!"
လူလေးယောက်သည် လက်ဖဝါးကိုဖွင့်ကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ အဲဒီနောက် လူလေးယောက်၏ ခန္ဓာကိုယ်များက အလင်းရောင်ဖြင့် တောက်ပနေကာ လျင်မြန်စွာ ပြေးထွက်သွား၏။
လုရွှမ် အရှေ့မှ ပူးလေးကို သေချာ စိုက်ကြည့်နေစဥ် သူ့မျက်လုံးများက အနောက်မှ လူလေးယောက်ကိုလည်း အာရုံစိုက်နေသည်။ လူလေးဦးဟာ တဟုန်ထိုး စီးဆင်းနေသော လေပြင်းနဲ့အတူ ပေါက်ကွဲထွက်ကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ တွန်းပို့ခံလိုက်ရသည်။
အရှိန်က မြန်လွန်းတော့ လုရွှမ်လည်း အံ့သြသွား၏။ ပူးလေးကလည်း ထိတ်လန့်တုန်လှုပ်ကာ အော်ဟစ်သံလုပ်ရင်း ရှေ့သို့ အမြန်ပြေးသွားခဲ့သည်။
လုရွှမ်လည်း နောက်ထပ် အင်အားကို ထိန်းမထားဝံ့တော့ပေ။ သူ့အရှိန်က လွန်ကဲလာခဲ့ကာ ရှည်လျားသော ခြေတံများဖြင့် ပြေးထွက်သွားရာ အရှေ့က ပူးလေးကိုပါ လိုက်မှီသွားကာ လူတစ်ယောက်နဲ့ သားရဲတစ်ကောင် အရှိန်အဟုန်ဖြင့် ပြေးကြလေ၏။
ပူးလေးက လုရွှမ်အား ၎င်း၏ မျက်လုံးကြီးကြီးဖြင့် အံ့အားသင့်စွာ ကြည့်နေသည်။ ဒီလို လူသားတစ်ယောက်က သူ့အား လိုက်ဖမ်းနိုင်မယ် ဆိုတာကို မယုံနိုင်ပေ။
"နှုတ်ဆက်ပါတယ်"
လုရွှမ် ပူးလေးကို လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့ခြေထောက်တွေက ခပ်မြန်မြန် ပြေးထွက်သွားရာ ပူးလေးက သူ့နောက်ကျောမှာ ကျန်ခဲ့ပါတော့သည်။
လုရွှမ် ယခုအချိန်တွင်တော့ အမြန်နှုန်းကို အလွန်ကျေနပ်နေခဲ့သည်။ ၎င်းသည် နတ်မီးနယ်ပယ် အဆင့်၁၃ကို ဖြတ်သွားသော စွမ်းအားကြောင့် ပြင်းထန်မှုနှင့် အရှိန်အဟုန်က မြင့်တက်လာခြင်းသာ ဖြစ်၏။
ဒါက နယ်ပယ်တစ်ခုလို့ ပြောမယ့်အစား လုရွှမ်ကတော့ ကန့်သတ်ချက်တစ်ခုလို့ ပြောသင့်တယ်လို့ ခံစားရလေသည်။ သူ့တစ်ကိုယ်လုံးရဲ့ ခွန်အားကို ဒီနယ်ပယ်ရဲ့ ကန့်သတ်ချက်က မြှင့်တင်ပေးလိုက်ပါပြီ။