← Chapters

လုရွှမ်ရဲ့ အပြစ်လွှဲချနည်း

Vol. 135 Ch. 4.1536

လုရွှမ်ရဲ့ အပြစ်လွှဲချနည်း

Vol. 135 Ch. 4.1536

"လူသား မင်းရဲ့ စွမ်းအားက မင်းရဲ့ နယ်ပယ်ထက် ​မြင့်နေတာတော့ အမှန်ပဲ... နတ်မီးနယ်ပယ်ပဲ ရှိပေမယ့် ​မျှော်စင်နယ်ပယ်ထက် သာလွန်တဲ့ ဓားတစ်လက်ကို တကယ် အသုံးချနိုင်တာ အရမ်း အံ့ဩဖို့ ကောင်းတယ်.... မင်းကို ငါ လေးစားပါတယ်...."

၎င်းက လေးစားပါတယ်လို့ ပြောနေပေမယ့် မေးစေ့ကို အနည်းငယ် မြှင့်ထားကာ သူ့မျက်လုံးများက အထင်အမြင်သေးတဲ့ အရိပ်အယောင်တွေနဲ့ ပြည့်နှက်နေသေးသည်။

"မင်းအခု လုပ်ထားတဲ့ဓားက အရမ်းကောင်းတယ်... အရမ်းအစွမ်းထက်တဲ့ ဓားသိုင်းလည်း ရှိတယ်... ငါ့ကိုသင်ပေးရင် မင်းကို လွှတ်​ပေးလိုက်မယ်.... မင်းရဲ့ကောင်းကင်ကတော့ ထားခဲ့ရမှာပေါ့ ဘယ်လိုလဲ"

လုရွှမ် ဆွံ့အသွားသည်။ ဒီလူက သူ့ကိုယ်သူ ဘာပြော​နေမှန်းတောင် သတိထားမိရဲ့လား မသိ။

"မင်း စိတ်မနှံ့ဘူးလား"

ဒီလူက သူ့လောက် မသန်မာပေမယ့် မောက်မာနေသေးရင်တော့ ဉာဏ်မမီဘူးလို့ သတ်မှတ်ရတော့မည်။

"ဟမ့် မင်းဘာပြောလိုက်တယ်"

ထိုလူမျက်နှာက ပျက်သွားသည်။

"ဟားဟား!"

တစ်ဖက်အဖွဲ့က လူတစ်​ယောက်က ရယ်ပြီး။

"ဟုတ်တယ်... မုရုန်ချွေး... မင်း ဦးနှောက်မှာ တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား"

မုရုန်ချွေး: "ကျောက်ဟဲ မင်းသာ စကားမပြောရင် မင်းကို ငတုံးလို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး။...."

ကျောက်ဟဲက စိတ်မဆိုးပါဘူး။ သူက ပြုံးပြီး လုရွှမ်ကိုတောင် ရှင်းပြလိုက်သေးသည်။

"မိတ်ဆွေလေး... မင်းမသိပေမယ့် ဝူရှားဂိုဏ်းရဲ့ ပါရမီရှင် မုရုန်ချွေးရဲ့ အမြင်မှာတော့ ဒီအပြုအမူက လုံးဝပုံမှန်ပဲ..."

မိန်းက​​လေး​ရှောင်းလင်: "မဟုတ်လို့လား? တခြားသူတွေရဲ့အမြင်မှာ သူတို့က တခြားသူတွေထက် သာလွန်တယ်... အဲဒါကလည်း တခြားသူတွေကို ဓားသိုင်းကို လိုက်သင်ရင်း ဂုဏ်ဆာနေကြတာလေ..."

လုရွှမ်လည်း ထိုနှစ်ဖွဲ့ကြား ဆက်ဆံရေးကို ကြည့်ရင်း အမှန်တကယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

ဂိုဏ်းနှစ်ဂိုဏ်းဖြစ်သည့် ရွှမ်ယွိဂိုဏ်းနဲ့ ဝူရှားဂိုဏ်းတို့သည် ဆန့်ကျင်ဘက်ဂိုဏ်းများ ဖြစ်​နေသော်လည်း ၎င်းတို့ရဲ့ ပေါင်းစပ်မှော်စွမ်းအားများကို အတူလက်တွဲ သုံးနိုင်ကြတာ ထင်ရှားသည်။

ဒီဆက်ဆံရေးက လုရွှမ်ဟာ ဒြပ်စင်ငါးပါးမဟာဂိုဏ်းနဲ့ ယင်းယန်မဟာဂိုဏ်းတို့ရဲ့ ဆက်ဆံရေးကို အမှတ်ရသွားစေခဲ့သည်။ အဲဒီဂိုဏ်းနှစ်ခုဟာ တစ်ချိန်က တူညီတဲ့ မူလဂိုဏ်းကနေ ဆင်းသက်လာခဲ့ကြပေမယ့် အခုတော့ ဆန့်ကျင်ဘက် ဖြစ်နေချေပြီ။

"ဟမ့်!" မုရုန်ချွေးက လုရွှမ်ကို ကြည့်ကာ မဲ့ပြုံးလေး ပြုံး၏။

"လူသားလေး.. ငါက ငါ့စကားကို ထိန်းတယ်... အပေးအယူက ဘယ်လိုလဲ"

လုရွှမ်ရဲ့ မျက်လုံးတွေက ဒီလူလေးယောက်ကို လုံးဝမယုံကြည်တာ သိသာသည်။ ဒီလူတွေကြားက ရန်ဖြစ်တာက တကယ့်အစစ်အမှန်လား ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ဒါတွေက သူ့အချိန်ကို နှောင့်နှေးနေတာပဲ ရှိ၏။

သူတို့အနောက်မှာ နောက်ထပ် သုံးယောက် ရှိ​သေးတယ်ဆိုတာ သိထားရမည်။ အရင်က သူကြားခဲ့ရတဲ့ စကားအရဆို ဆရာတူဦးလေး တစ်ယောက်ရှိပုံပါပဲ။ အချိန်တွေကြာလာလို့ အဲဒီလူတွေပါ လိုက်လာရင် ဘယ်သူကံဆိုးမလဲ။ သေချာတာကတော့ လုရွှမ်ပါပဲ။

လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်က ရွှမ်ယွိဂိုဏ်းကလား? ငါ့ရဲ့ ခွန်အားကို မင်းတို့မြင်ပြီးပြီထင်တယ် ငါလည်း မင်းကို သဘောကျတယ် ငါတို့နှစ်ယောက် သူငယ်ချင်းဖွဲ့လို့ရတယ်... ငါ့ကို လမ်းဖယ်ပေး... မင်းတို့ကို ပေးစရာရှိတဲ့ အရာကို ကုသိုလ်တစ်ခုအနေနဲ့ ပေးလိုက်မယ် ဘယ်လိုလဲ"

ရှောင်းလင်က သူမအစ်ကို ကျောက်ဟဲကို ခဏလောက် စိုက်ကြည့်နေသည်။ သူမ စဉ်းစားကြည့်သော်လည်း သူ စကားမပြောမီတွင် မုရုန်ချွေးက ကျယ်လောင်စွာ အော်လိုက်ပြီး လုရွှမ်ဆီသို့ ဓားဖြင့် ခုတ်လိုက်သည်။

မုရုန်ချွေးရဲ့ အငယ်တန်းညီမသည်လည်း အခြေအနေကိုမြင်ပြီး အမြန် ပြေးဝင်သွားခဲ့သည်။ သူတို့နှစ်ဦးသည် လက်ဝဲဘက်တွင် တစ်ဦးနှင့် ညာဘက်တွင် တစ်ဦး ချောင်ပိတ်ကာ ချက်ချင်း တိုက်ခိုက်ခဲ့သည်။

ရှောင်းလင်က စိတ်စွမ်းအင်ဖြင့်: "အကိုကြီး... ငါတို့တက်​ကြမလား"

"ဟင့်အင်း အရင်ကြည့်ရအောင်... ဒီလူသားက အရမ်းဆန်းတယ် ငါတို့က သူ့အတွက် ပြိုင်ဘက် မဖြစ်နိုင်သေးလို့ သူ့ကို အရူးအမူး မစော်ကားသင့်ဘူး... ဆရာဦးလေး ရောက်လာတဲ့အထိ စောင့်လို့ရတယ်"

ရှောင်းလင်ရဲ့ မျက်လုံးများ တောက်ပလာပြီး သူ့အစ်ကိုကြီး၏ အစီအစဉ်ကို နားလည်သွားခဲ့သည်။ ဒါက ဓားနဲ့ ဂုံးတွေကို ရန်ဖြစ်ခွင့်ပေးပြီး သူတို့အတွက် အကျိုးရှိမယ့်အရာကို ယူရမည်။ အခု ဝင်လုပ်ကြံလိုက်ရင် ဒီလူသားအတွက် မကောင်းတဲ့ အကျင့်တစ်ခု ဖြစ်လာလိမ့်မည်။

သူတို့ရဲ့ ခွန်အားကို ကြည့်ပြီး အကဲခတ်ရရင် ဝူရှားဂိုဏ်းက လူနှစ်ယောက်ဟာ လူသားကို သတ်နိုင်မှာ မဟုတ်ပေမယ့် နှောင့်နှေးနေရင်တော့ ပြဿနာ မရှိပါဘူး။ ဆရာဦးလေး ရောက်လာတဲ့အခါ သူတို့ဘက်က အစပြုလို့ရပြီ။

လုရွှမ် ထိုနှစ်ယောက်ကို တိုက်ခိုက်နေချိန် ရွှမ်ယွိဂိုဏ်းက လူနှစ်ယောက်ရဲ့ လှုပ်ရှားမှုကိုလည်း အာရုံစိုက်ထားသည်။ သူတို့စိတ်တွေ ပြောင်းလဲလိုက်တာနဲ့ လုရွှမ် လူနှစ်ယောက်ရဲ့ အစီအစဥ်ကိုသိပြီး နှလုံးသားထဲတွင် လှောင်ရယ်နေသော်လည်း ပါးစပ်ကတော့ ကောင်းကောင်းမွန်မွန်ပင်။

"မင်းတို့နှစ်ယောက်ရဲ့ ခင်မင်မှုကို ငါမှတ်မိထားလိုက်ပါ့မယ်"

ဒီလူနှစ်ယောက်က လောလောဆယ် ဝင်တိုက်ခိုက်တာ မရှိသေးတာကြောင့် ဝူရှားဂိုဏ်းထဲက လူနှစ်ယောက်ကလည်း ဘာကြောင့်မှန်းမသိ တုန်လှုပ်သွားကြသည်။

လုရွှမ်ရဲ့ စိမ်း​ပြာနဂါးနှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်လာသည်။ စိတ်ဝိညာဉ် ပင်လယ်ထဲရှိ ရွှေချို တောက်ပနေချိန်တွင် အမြုတေထဲက နဂါးပုတီး၊ ကောင်းကင်လူပုတီးစေ့ စွမ်းအားနှစ်ခုဟာ သူ့ကိုယ်ထဲ၌ ပြင်းထန်သော စွမ်းအားများ အဖြစ် ပေါင်းစပ်သွားခဲ့သည်။

လုရွှမ် ပေါ့ပေါ့ပါးပါး အော်ဟစ်လိုက်ပြီး စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို ပြင်းပြင်းထန်ထန် ဝေ့ယမ်းလိုက်သည်။

ဓားရွေ့လျားမှုသည် မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ အရှိန်ပြင်းပြင်းနှင့် ပြေးထွက်သွားသည်။ ကောင်းကင်လက်နက်က တောက်ပလွန်းသဖြင့် နောက်ဆက်တွဲ အရိပ်များကို မမြင်ရသလောက်ပင်။

ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာ၏။ အသက်ရှူကြိမ် ဆယ်ချက်မပြည့်မီတွင် အော်ဟစ်ဆူညံသံ တစ်သံ ထွက်ပေါ်လာပြီး ခေါင်းနှစ်လုံး လွင့်ထွက်သွားကာ ပြတ်ကျန်နေခဲ့သော လည်ပင်းမှ သွေးများ စီးကျလာသည်။

လုရွှမ် လက်ချောင်းများကို ပွတ်ဆွဲလိုက်ရင်ပဲ ကောင်းကင်မီး​တောက် နှစ်စင်း တောက်ပလာပြီး သူတို့၏ခန္ဓာကိုယ်များကို ရုတ်ချည်း လောင်ကျွမ်းသွားခဲ့သည်။ ဝိညာဉ်နှစ်ကောင်ဟာ လွတ်မြောက်ရန် အခွင့်အလမ်းပင် မရှိခဲ့ဘဲ အရှင်လတ်လတ် မီးရှို့ခံခဲ့ရသည်။

သူ့လက်ဖဝါးကို စုပ်လိုက်တဲ့အခါ သူ့လက်ထဲတွင် သိုလှောင်လက်စွပ် နှစ်ကွင်း ပေါ်လာ၏။

တစ်ဖက်တွင်တော့ ရှောင်းလင်နဲ့ ကျောက်ဟဲတို့က လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ဒီလူသားသည် ဒီလောက်ထိ တန်ခိုးကြီးနေမယ်လို့ သူတို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ပေ။

သူတို့သည် မုရုန်ချွေးနဲ့ ပိုင်ရွှေကျူးတို့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ဖူးသောကြောင့် အချင်းချင်းရဲ့ အင်အားကို ကောင်းစွာသိကြသည်။ ဒီ​လူသားကတော့ အသက်ရှူကြိမ် ၁၀ ချက်အတွင်း သတ်ပစ်ခဲ့သည်။

သူတို့နဖူးမှ ချွေးများ စီးကျလာပြီး ခုခံသည့် အနေအထားဟု ယူဆကာ နောက်သို့ ခြေတစ်လှမ်း လှမ်းဆုတ်လိုက်သည်။ လုရွှမ် သူတို့နှစ်ယောက်ကို ဖျတ်ခနဲ ပြုံးလိုက်၏။

"အစ်ကိုကျောက်နဲ့ အစ်မရှောင်းတို့သာ မကူညီရင် ငါသူတို့ နှစ်ယောက်ကို ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူး... ဒီသိုလှောင်လက်စွပ်က မင်းတို့ပိုင်တယ် ငါလုပ်စရာတွေ ကျန်နေတော့ မင်းတို့ကို အနှောင့်အယှက် မပေး​တော့ဘူး... စိမ်းလန်းတဲ့ တောင်တန်းတွေက မပြောင်းမလဲရှိနေရင် ငါတို့တွေလည်း စိမ်းလန်းတဲ့ရေတွေနဲ့အတူ ထာဝရ စီးဆင်းသွားလိမ့်မယ်"

"သွားပြီ!"

သို့လှောင်လက်စွပ်ကို ပစ်ချပေးပြီးနောက် ကောင်းကင်ကို စိန်ခေါ်နေသော ချီထျန်းပု ခြေလှမ်းများ တောက်လျှောက် လှည့်ကာ ထွက်ခွာသွားခဲ့သည်။ တခဏအတွင်းမှာပင် သူ့အရိပ်က တောထဲ၌ လုံးဝ ပျောက်ကွယ်သွား၏။

နှစ်ယောက်သား သက်ပြင်းချရင်း တစ်ချိန်တည်းမှာပဲ လုရွှမ် သူတို့နှစ်ယောက်လုံးကို သတ်ပစ်မှာကို တကယ်ကို ကြောက်ရွံ့နေခဲ့သည်။

"ဆရာတူအစ်ကို... အဲဒီလူက ငါတို့ကို ဒီသိုလှောင်လက်စွပ် ပစ်​ပေးလိုက်တာက ဘာကိုဆိုလိုတာလဲ"

ရှောင်းလင် သံသယစိတ်နဲ့ မေးလိုက်ပေမယ့် သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ရှိနေသေးသည်။ သို့သော် သူမစိတ်ဝိညာဉ်ဖြင့် ရှာဖွေကြည့်လိုက်တော့။

“အစ်ကို.... ဒီထဲမှာ ဘာမှမရှိဘူး”

"ဟေ့!"

သို့သော် ဤအခိုက်အတန့်တွင် အဝေးမှ အလွန်ဒေါသထွက်နေသော အသံနှစ်သံ ထွက်လာ၏။

"ကျောက်ဟဲ! ရှောင်းလင် မင်းတို့တကယ်က လူသားနဲ့ ပူးပေါင်းပြီး ငါတို့ ဝူရှားဂိုဏ်းက လူတွေကို သတ်ပစ်လိုက်တယ်ပေါ့လေ... ခဏစောင့်.... ငါတို့ဂိုဏ်းဆီ သေချာပေါက် ပြန်သွားပြီး သတင်းပို့မယ်... မင်းတို့ ငါတို့ ဝူရှားဂိုဏ်းရဲ့ ကလဲ့စားချေမှုကို စောင့်နေလိုက်!"

လူနှစ်​​ယောက်​ အလျင်​အမြန်​​ ပြေးလာကြသည်။ သူတို့သည်​ မုရုန်ချွေးတို့နဲ့ ပါလာသော ဝူရှားဂိုဏ်းမှ ကျင့်ကြံသူများသာ ဖြစ်​သည်​။ ဒီအခိုက်အတန့်မှာ ရှောင်းလင်လည်း တုံ့ပြန်ပြီး သူမလက်ထဲက သိုလှောင်လက်စွပ်ကို အမြန်ဖယ်လိုက်သည်။

"ဆရာတူအစ်မပိုင်ရဲ့ သိုလှောင်လက်စွပ်... ဟုတ်ပြီ... မင်းတို့ဂိုဏ်းက လူတွေကို သတ်ပြီး ရတနာတွေကို လုတယ်ပေါ့... အရမ်းကောင်းပါတယ် ညီမလေး၊ မြန်မြန်ထွက်သွားရအောင်... မဟုတ်ရင် ဒီလူတွေက ငါတို့အားလုံးကိုပါ သတ်ပြီး နှုတ်ပိတ်သွားလိမ့်မယ်"

နှစ်ယောက်သား အော်ငေါက်ကာ အမြန် ထွက်ပြေးသွားကြသည်။

All Chapters