သင်းခွေချပ် သူခိုး
Vol. 135 Ch. 4.1537
"အကိုကြီး.... ငါတို့ ဘာလုပ်သင့်လဲ"
ရှောင်းလင် သူ့လက်ထဲက သိုလှောင်လက်စွပ်ကို အမြန်လွှင့်ပစ်လိုက်သည်။ ကျောက်ဟဲက သူမရဲ့ လှုပ်ရှားမှုတွေကို ရပ်ခိုင်းလိုက်ပြီး။
"အသုံးမဝင်တော့ဘူး... ငါတို့ လုံးဝ လုပ်ကြံခံလိုက်ရပြီ...လက်စွပ်ကို တခြားသူတွေက မြင်ပြီးပြီ အဲဒါကို လွှင့်ပစ်တာက ပိုတောင် ဆိုးသေးတယ်..."
"အဲ့ဒီလူက အရှက်မဲ့လွန်းတယ်" ရှောင်းလင်လည်း ဒေါသတကြီး ကျိန်ဆဲပစ်လိုက်၏။
"သူ့ကို ထပ်တွေ့လို့ကတော့ သတ်ပစ်မယ်"
ကျောက်ဟဲလည်း လုရွှမ် ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်ပြီး ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
"ဒါကို အခုပြောနေလည်း ဘာအသုံးဝင်လဲ ပြောရရင် ငါတို့ရဲ့ အသက်ကို ကယ်တင်ခဲ့တာက ဝူရှားဂိုဏ်းက လူတွေပဲ"
"အမ်...ဆရာတူအစ်ကိုက ဘာကိုဆိုလိုချင်တာလဲ... နားမလည်ဘူး"
ကျောက်ဟဲ သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ပြီး။
"ဝူရှားဂိုဏ်းက လူတွေ ရောက်လာတာကို မင်းအရင်က သတိထားမိဖူးလား။"
ရှောင်းလင်က အံ့အားသင့်သွားပြီး "အဲဒီသစ်ပင်တွေနဲ့ ကွယ်နေတာလေ...ဘယ်လိုလုပ် သတိထားမိမှာလဲ?"
"မှန်တယ်... ဒါပေမဲ့ အဲဒီလူက ဒါကို သတိထားမိတဲ့အတွက် ပိုင်ရွှေကျူးနဲ့ မုရုန်ချွေးရဲ့ သေဆုံးမှုအတွက် ငါတို့ကို အပြစ်ပုံချပြီး ဒီလိုမျိုး သူက ငါတို့ကို လွှတ်ပေးလိုက်တာ..."
"ပြီးတော့ အဲဒီလက်စွပ်က ငါတို့လူသတ်မှုကို အတည်ပြုတဲ့ သက်သေပဲ... ဘယ်လောက်ကြောက်စရာကောင်းတဲ့ အစီအစဉ်နဲ့ အစွမ်းထက်တဲ့ နည်းလမ်းလဲ စဥ်းစားကြည့်... ဒီလူသားဟာ လူသားတွေကြားမှာ ပါရမီရှင် တစ်ယောက်ပဲ ဖြစ်ရမယ်"
ရှောင်းလင်က ဒေါသတကြီး အော်နေတုန်းပါပဲ။
"ဒါပေမဲ့ ငါတို့နှာခေါင်းအောက်ကနေ သိုလှောင်လက်စွပ်ထဲက ပစ္စည်းအားလုံးကို သူဘယ်လိုဖယ်ထုတ်နိုင်မှာလဲ"
ကျောက်ဟဲ: "မသိဘူး...ဟူး သိပ်စဉ်းစားမနေနဲ့။ အန်ကယ် ဆရာဦးလေးက ဒီကို မလာသေးဘူးဆိုတော့ မြွေကြီးရဲ့ သည်းခြေအိတ်ကို ရသွားတာ သိသာတယ်... သူ့ကို သွားရှာရအောင်"
……
လုရွှမ် အဝေးသို့ ပြေးသွားကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ အဝေးမှ အော်ဟစ်သံများကို ကြားလိုက်ရတဲ့အခါမှာတော့ သူ့စိတ်ထဲတွင် လှောင်ရယ်နေလေ၏။
"လှည့်ကွက်သေးသေးလေးပဲ ရှိသေးတယ်.... ဟမ့် ငါနဲ့ လာကစားချင်တယ်ပေါ့ ငါလည်းမင်းတို့ကို သတ်ပေးလိုက်လို့ရတယ်...ကလေးမ နိုးလာရင်လည်း သေချင်ယောင်ဆောင်မနေနဲ့တော့... မင်းရဲ့နှလုံးခုန်သံကို ငါခံစားရတယ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ မစဉ်းစားနဲ့ ငါ မင်းကို ကျောပေါ်တင်ထားဖို့ သတ္တိရှိတယ် ဆိုကတည်းက မင်းကို ခိုးဝင်တိုက်ခိုက်ဖို့ အခွင့်မပေးဘူးလို့ ဆိုလိုတာပဲ"
လုရွှမ် ရပ်လိုက်ပြီး သူ့ပုခုံးကို ပခုံးတွန့်ကာ ပူးလေးကို ဖယ်လိုက်သည်။
ကလေးမလေးသည် အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်ခန့် ရှိပုံရပြီး မျက်နှာဖြူဖျော့ကာ ဒဏ်ရာပြင်းထန်စွာရနေသော်လည်း သူမမျက်လုံးများမှာ အလွန် တောက်ပနေဆဲ။ လုရွှမ် သူမကို မြေပြင်ပေါ်သို့ ပစ်ချလိုက်တော့ နာနာကျင်ကျင် အော်လိုက်ပြီး လုရွှမ်ကို နှုတ်ခမ်းစူကာ ကြည့်နေလေသည်။
"ဟန်ဆောင်မနေနဲ့ မင်းသေသွားတဲ့ပုံစံက အရင်က ငါ့ညီမလိုပဲ... အဲ့ဒါကြောင့် မင်းကို ငါလာကယ်ခဲ့တာ... အခု မင်းအန္တရာယ် မရှိတော့ဘူး ဆိုတော့ ထွက်သွားလို့ရပြီ"
ခဏလောက် စဉ်းစားပြီးနောက် လုရွှမ် အဂ္ဂိရတ်ဆေးပုလင်းကို ပစ်ချပေးလိုက်သည်။
"ဒါက မင်းအတွက်ပဲ... မင်းရဲ့ဒဏ်ရာတွေ အမြန်ဆုံး ပြန်ကောင်းလာဖို့ ကူညီပေးနိုင်တယ်... ကလေးမ ငါ မင်းကို အကြံတစ်ခုပေးချင်တယ်၊ယ နောင်အနာဂတ်မှာ ဒုက္ခရောက်နေတဲ့ ရေပြင်မှာ ငါးမျှားဖို့ မစဉ်းစားနဲ့... မဟုတ်ရင် မင်းငါးကြီးတစ်ကောင်ကို တွေ့လိမ့်မယ်... အဲ့ငါးက မင်းကို တစ်ချက်မကိုက်မိအောင်ပါ သတိထားနေရလိမ့်မယ်"
ပြောပြီးနောက် လုရွှမ် ထကာ ထွက်ခွာသွားတော့သည်။
"အား...ငါ့ကို မထားခဲ့ပါနဲ့ ငါမှားသွားပါတယ်လို့ တောင်းပန်လို့ရမလားဟင်... လူသားလေး နင်ငါ့ကို ကယ်တင်ပြီးမှတော့ ဒီနေရာမှာ မထားနဲ့လေ.... ငါ့ကို ကိုက်စားမယ့် တခြားသတ္တဝါတွေ ရှိလိမ့်မယ်..."
ကလေးမလေးက အော်နေပေမယ့် လုရွှမ်က ထွက်ပြေးသွားပြီး နောက်ကို လှည့်မကြည့်ချေ။
"အကိုကြီး!"
ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာစဥ် လုရွှမ် ပျံသန်းနေစဉ်ရပ်ကာ လှည့်ကြည့်လိုက်သည်။ ကလေးမလေး၏ မျက်နှာသည် ကြောက်ရွံ့မှုအပြည့်နှင့်။
"လူသားကိုကို.... မြောင်မြောင် မှားပါပြီ မထားခဲ့ပါနဲ့နော်....မြောင်မြောင် ကြောက်လို့ပါ"
လုရွှမ်ရဲ့ မျက်လုံးများသည် ရက်စက်လွန်းပြီး သူမမျက်လုံးများထဲတွင် လိမ္မာသည့် အရိပ်အမြွက် မရှိချေ။
"ဟမ့်! မင်းက နောင်တရရကောင်းမှန်း မသိဘူးပဲ!"
"အား! ကူညီပါဦး....ကိုကို....ကိုကို..."
အမဲလိုက်ခံရသလိုမျိုး အသံက ကျယ်လောင်လာသည်။ လုရွှမ် တခဏမျှ တုံ့ဆိုင်းသွားကာ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ယခင်နေရာက မြောင်မြောင်ဆိုတဲ့ ကလေးမလေး၏ ခြေရာမရှိတော့မှန်း သိလိုက်ရပြီး သွေးခြေရာများသာ ကျန်ခဲ့တော့သည်။
လုရွှမ် လန့်ဖျပ်ပြီး ပြန်လှည့်ပြေးလာခဲ့ရသည်။
သို့သော် ထိုမိန်းကလေးသည် ဤမျှအချိန်တိုလေးအတွင်း အဝေးကိုတော့ ဘယ်တော့မှ မပြေးနိုင်လောက်ပေ။ သူ့စိတ်ထဲတွင်တော့ ထိုမိန်းကလေးကို ရှန်းရှန်းလို ကလေးမလေးအဖြစ် မှတ်ယူခဲ့သည်။
လုရွှမ်ရဲ့ မျက်လုံးများ ထျန်းယွမ်နတ်မီးလုံးကြောင့် ရုတ်တရက် တောက်ပလာပြီး မြေကြီးထဲသို့ ငုံ့ကြည့်လိုက်သည်။
ကောင်းကင်ကနေ ပျံသန်းသွားရင် သူ သေချာပေါက် မြင်ရမှာဖြစ်ပြီး အန္တရာယ်များလွန်းသည်။ ပြေးလိုက်ရင်တောင် အဲဒီလောက်ထိ မလွတ်မြောက်နိုင်တော့ပေ။ မြေကြီးထဲမှာ ဆွဲငင်နိုင်တဲ့ အရာတစ်ခုခု ကျိန်းသေပေါက် ရှိနေမှာပဲ။
ဆိုလိုတာက မြေကြီးထဲကနေ ထွက်ပြေးတာလား။
လုရွှမ် မျက်လုံးထဲမှ ဆယ်ပေကျော်ရှည်သော နတ်အလင်းရောင်သည် သူတို့နှစ်ဦးကြားမှ မြေပြင်သို့ ထိုးဆင်းသွားပြီး မြောင်မြောင် လဲလျောင်းနေသည့် အပေါက်ငယ်လေးကို ချက်ချင်း မြင်လိုက်ရသည်။
မတွေးနေတော့ဘဲ လုရွှမ် သူ့ဓားဖြင့် ခုတ်ထစ်ကာ ခန္ဓာကိုယ်ကို လှည့်၍ ဂူဝထဲသို့ ပြေးဝင်သွားခဲ့သည်။
လှိုဏ်ဂူက အရမ်းကျဉ်းနေပြီး တစ်လမ်းလုံး တဖြည်းဖြည်း ကျုံ့သွားသည်။ သူ ဒီလိုလမ်းကြောင်းကို တွေ့ကြုံဖူးပြီးသားပါ။ အရှေ့ရှိသတ္တဝါနှင့် ပို၍နီးကပ်လေလေ ဂူနောက်တွင် ပိတ်နေသော အရိပ်အယောင်များကို သူခံစားရမိနိုင်ချေက နည်းပါးလာလေ ဖြစ်သည်။
လုရွှမ် အရှိန်မြှင့်လိုသော်လည်း ဂူကမ္ဘာတွင် ချီထျန်းပုကို လုံးဝ အသုံးမပြုနိုင်ပေ။ လုရွှမ်ရဲ့ လက်ခြေတို့သည် လှေငယ်ရဲ့ လှော်တက်များကဲ့သို့ လျင်မြန်စွာ ကူးခတ်ပြီး ရှေ့သို့ အပြေးအလွှား ရွှေ့လျားနေသည်။
အချိန်အတော်ကြာ လိုက်ဖမ်းပြီးနောက် အရှေ့ရှိသတ္တဝါက အလွန်လျင်မြန်စွာ တွားသွားနေဆဲ ဖြစ်သဖြင့် လုရွှမ် တိတ်တဆိတ် သဘောကျသွားခဲ့သည်။ နှစ်နာရီနီးပါး ရှိပြီဖြစ်သော်လည်း သူ ဖမ်းမမိသေးချေ။
ဒါပေမဲ့ သူနဲ့ နီးစပ်နေတယ်လို့တော့ ခံစားရလေ၏။ နောက်ဆုံးတော့ သွေးခြေရာတွေကို အနံ့ခံပြီး တွားသွားသံကို ကြားလိုက်ရသည်။ လုရွှမ် လက်ဖဝါးထဲ၌ မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာစဥ် နောက်ဆုံးတော့ အရှေ့က အရိပ်ကို မြင်လိုက်သည်။
မြောင်မြောင်ကို ကြည့်ရတာ သတိလစ်နေပုံပါပဲ။ ကံကောင်းထောက်မစွာ သူမသည် သားရဲ တစ်ကောင်ဖြစ်ပြီး အဆိပ်ကို သယ်ဆောင်ထားသေး၏။ မဟုတ်ပါက သူမသည် သင်းခွေချပ်တစ်ကောင်ဆီက အကိုက်ခံရပြီး သေသွားမှာ သေချာသည်။
လုရွှမ်၏ လက်ချောင်းများကြားမှ ထူးဆန်းသောမီးများ ပေါက်ကွဲ ထွက်လာပြီး သင်းခွေချပ်၏ ခန္ဓာကိုယ်ထဲသို့ ပစ်လွှတ်လိုက်လေသည်။ ၎င်းရဲ့ ခန္ဓာကိုယ်က သံချပ်ကာများဖြင့် ဖုံးအုပ်ထားသလိုမျိုး အစွမ်းထက်လေရာ မီးတောက်များက ၎င်းကို ထိမှန်ကာ တစ်စထက်တစ်စ ခုန်ထွက်သွားသည်။
သို့သော် သင်းခွေချပ် အခွံသည် ထူထဲပြီး မီးတောက်များ၏ အပူဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း အလင်းရောင် အစက်အပြောက်များက ကျန်ခဲ့သေးသည်။ သင်းခွေချပ်သည် နာကျင်သွားတဲ့ အသံကိုတော့ ထုတ်လိုက်ရသေးသည်။
"သင်းခွေချပ်... သူ့ကိုလွှတ်လိုက် မဟုတ်ရင် ငါ မင်းကို အရှင်လတ်လတ် ကင်စားပစ်မယ်!"
သင်းခွေချပ်ရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်မားသော်လည်း သူသည် မျှော်စင်နယ်ပယ် အဆင့်၇မှာ ရှိနေ၏။ ၎င်းသည် မြေကြီးထဲတွင် ပုန်းအောင်းနေခဲ့ပြီး မြောင်မြောင်က ဒဏ်ရာအပြင်းအထန် ရထားတာကြောင့် သူ့ရဲ့ လုပ်ကြံမှုက အောင်မြင်ခဲ့တာ ဖြစ်သည်။
တခြားအချိန်တွေဆိုရင် သူတို့နှစ်ယောက်ကို မစော်ကားရဲတာတော့ သေချာ၏။ အခုသင်းခွေချပ်သည် စကားမပြောဘဲ ရိုင်းစိုင်းစွာ ထွက်ပြေးသွားခဲ့သည်။
"ဟမ့်....နောင်တမရဘူးပေါ့လေ"
ဝူး!
ဂူထဲတွင် နဂါးဟောက်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ သင်းခွေချပ်လည်း ရင်တလှုပ်လှုပ်နှင့် လန့်ဖျပ်သွားကာ လှည့်ကြည့်လိုက်ရာ အနောက်မှ စိမ်းပြာ နဂါးတစ်ကောင် သူ့ကို မျိုချပစ်တော့သည်။