ကယ်ဆယ်ခြင်း
Vol. 135 Ch. 4.1538
"မင်းက နဂါးလား မဟုတ်ဘူး... မင်းမှာ နဂါးသွေးပါရုံပဲ"
လုရွှမ် ရှေ့သို့ လျင်မြန်စွာ ပြေးသွားစဥ် နဂါးအရိပ်က ပျောက်ကွယ်သွားပြီး သင်းခွေချပ် လည်ပင်းကို ဓားဖြင့် ထိုးလိုက်သည်။ သင်းခွေချပ်ရဲ့ ချွန်ထက်သော ခြေသည်းများကလည်း မြောင်းမြောင် လည်ပင်းတစ်ဝိုက်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
နှင်းဖြူရောင် လည်ပင်းတွင် အနက်ရောင်လက်သည်းများက မကြာခင် အချိန်လေးမှာ ထိုးစိုက်တော့မလိုပင်။
"ကိုယ့်ဘဝကိုယ် စဉ်းစားကြည့်... မင်းငါ့ကို ထပ်မေးချင်သေးတာလား"
လုရွှမ် ဆိုရင်း ဓားဖျားက နည်းနည်း ပိုမာလာသည်။ သွေးနည်းနည်း ထွက်လာတဲ့အခါ သင်းခွေချပ်ရဲ့ လက်သည်းတွေက ချက်ချင်း ထပ်ဝင်သွားသည်။ နူးညံ့သော ညည်းညူသံလေးဖြင့် မြောင်းမြောင် နိုးလာသည်။
"နင်! ကိုကို...ဘယ်မှာလဲ ဘာဖြစ်နေတာလဲ"
မြောင်းမြောင် အော်လိုက်ရင်း လည်ပင်းပေါ်က ချွန်ထက်တဲ့ ခြေသည်းတွေကို မြင်လိုက်ရတော့ တုန်လှုပ်ချောက်ချားသွားပြီး နောက်ထပ် မလှုပ်ရဲတော့ပေ။
"မင်းငါ့ကို မသတ်နိုင်ပါဘူး... ငါလည်းသူမကို သတ်ပစ်မှာ! မင်းငါ့ကိုလွှတ်ပေးရင် ငါလည်း လွှတ်လိုက်မယ်"
သင်းခွေချပ်က ပြန်အော်သည်။
လုရွှမ်: "ကောင်းပြီ မင်းကိုမသတ်ဘူးလို့ ငါကတိပေးတယ်... သူ့ကို အခုလွှတ်လိုက်!"
"မင်းရဲ့အတွင်းစိတ်က နတ်ဆိုးဆီ ကျိန်ဆိုပြ! ငါ မင်းကိုမယုံဘူး"
မြောင်းမြောင်က လုရွှမ်ကို သနားချင့်စဖွယ်လေး ကြည့်ပြီး မျက်ရည်များ တလိမ့်လိမ့် ကျဆင်းလာသည်။
လုရွှမ်: "မင်းကို ငါမသတ်ဘူးလို့ ငါ့ရဲ့အတွင်းစိတ်နတ်ဆိုးနဲ့ ကျိန်ဆိုလိုက်တယ် ဒါပဲ!"
လုရွှမ် ချင်ထျန်းဓားကို ရုပ်သိမ်းလိုက်သည်။ ထိုအခါ သင်းခွေချပ်က တခစ်ခစ်ရယ်ပြီး မြောင်းမြောင်ကို ကိုင်လျက် မတ်တပ် ထရပ်လိုက်သည်။
လုရွှမ် ဓားတစ်ချက် ဝေ့ယမ်းလိုက်တဲ့အခါ လေပြင်းနဲ့အတူ သူ့ရဲ့လူသတ်ငွေ့များဟာ သူ့ရှေ့မှ မြေပြင်ကို ထိမှန်သွားကာ မီတာရာပေါင်းများစွာ ရှည်သော အပေါက်တစ်ခု ဖန်တီးပေးလိုက်သည်။
"ကလေးမကို လွှတ်လိုက်တော့!"
သင်းခွေချပ်ရဲ့ လည်ချောင်းက တဆတ်ဆတ်တုန်လာပြီး ရယ်မောလိုက်သည်။
"ဟားဟား... သခင်လေးက အရမ်းတော်တာပဲ... သူမကို လွှတ်ပေးလိုက်ပါပြီ"
လုရွှမ် ကလေးမကို လှမ်းဆွဲကာ အပေါ်စီးမှ ကောင်းကင်ကို ဖွင့်ကာ ပြေးထွက်လာခဲ့သည်။ ဤတော့မှ သင်းခွေချပ်လည်း သက်ပြင်းတစ်ချက်ချကာ အမြန် ထွက်ပြေးသွားလေ၏။
မြေကြီးထဲက အပြေးအလွှား ထွက်ပြီးနောက် မြေပုံကိုထုတ်ကာ စတင် စစ်ဆေးလိုက်သည်။
ဒီမြေပြင် အနေအထားကနေ သင်းခွေချပ်က တောလယ်ဘက်ကို ပြေးလာခဲ့တာ တွေ့ရတာကြောင့် တိတ်တဆိတ် ညည်းညူမိသွားသည်။ ကံကောင်းထောက်မစွာနဲ့ သုံးနာရီကျော်လောက် အပြေးအလွှား ပျံသန်းလာပြီးနောက် တောအပြင်စွန်းနား ရောက်လာခဲ့သည်။ ဒါပေမဲ့ တောအတွင်းဘက်နဲ့ နီးနေတုန်းပါပဲ။
မြေပုံကိုသာ မရထားခဲ့ရင် တောအတွင်းထဲကို ဆက်ဝင်မိသွားပြီး အန္တရာယ်ကလည်း အရမ်းတိုးလာလိမ့်မည်။ မြေပုံပေါ်တွင်ပင် အန္တရာယ်ဟု အဓိပ္ပာယ်ရသော အနီရောင်ဆေးဖြင့် အမှတ်အသားပြုထားသည်။
"မြောင်းမြောင်... ကိုကို့ကို ကျေးဇူးတင်ပါတယ်"
ဒီကလေးမက ဒီအချိန်မှာ ပိုလို့တောင် သနားစရာ ကောင်းနေပုံပေါ်၏။ လုရွှမ်လည်း ဒီအသံက ရိုးသားမှုမှ ထွက်လာကြောင်း ပြောနိုင်ပါသေးသည်။ လုရွှမ် အနည်းငယ် စိတ်ပျော့သွားကာ လက်က်ုင်ပဝါထုတ်၍ သူမကို မျက်ရည်တွေ သုတ်ခိုင်းလိုက်သည်။
"စိတ်မပူပါနဲ့ ငါမင်းကို ကယ်တင်ပြီးပြီဆိုကတည်းက မင်းကို လမ်းတစ်ဝက်မှာတော့ ပစ်မထားခဲ့ဘူး... ဒီနေရာက အရမ်းအန္တရာယ်များတယ်...."
ညရောက်နေပြီ။ ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် လုရွှမ် မြောင်းမြောင်ကို နောက်ကျောမှာ သယ်ထားလိုက်သည်။ သူ့နားရွက်များက တုန်ခါသွားပြီး ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို နားထောင်ကာ အပြင်ဘက်ကို ပြေးထွက်သွားခဲ့သည်။
ကံကောင်းစွာဖြင့် လူသုံးယောက် ပွေ့ဖက်ထားနိုင်သည့် သစ်ပင်ပေါက်ကို အမြန် ဖွင့်နိုင်ခဲ့သည်။ မြောင်းမြောင်ကို အထဲသို့ ပစ်ထည့်ကာ အနီးနားပတ်ဝန်းကျင်ကို ခြေရာလက်ရာတွေ ဖျောက်ပြီး သူလည်း အထဲသို့ ဝင်လိုက်သည်။
"ဆက်ဆင်းရအောင်..."
သစ်ပင်အတွင်းမှာ ပုန်းအောင်းနေရုံနဲ့ မလုံခြုံနိုင်ပေ။ လုရွှမ် အောက်ဖက်ကို ဆက်လက်တူးထုတ်သည်။ သစ်ပင်၏ အမြစ်များကို တူးဖော်ပြီး အပေါ်ပိုင်းတွင် ရွံ့မှုန့်များဖြင့် ပိတ်ဆို့ထားကာ သက်ရှိတစ်ဦး၏ လှုပ်ရှားမှုကို တွေ့ရှိပြီး သစ်ပင်ကို ဖွင့်လိုက်လျှင်ပင် ၎င်းသည် သစ်ပင်ပေါက်မဟုတ်ပဲ သစ်ပင်များ ပြည့်နေသည်ကိုသာ တွေ့ရမည်ဖြစ်သည်။
"စကားမပြောနဲ့.... မင်းဒဏ်ရာတွေကို အရင် ကုဖို့စဥ်းစား....ငါ မင်းကို အရင်ကပေးခဲ့တဲ့ ဆေးတွေရှိသေးလား? မင်းရဲ့လက်ရှိ ဒဏ်ရာအတိုင်းဆို ဆေးလုံးနှစ်လုံး သုံးရမယ်!"
လုရွှမ် မြောင်းမြောင်ပါးစပ်ထဲကို ဆေးလုံးတွေ ထည့်ပေးလိုက်သည်။ သူမနောက်မှာ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ယွမ်ယန်စွမ်းအင်များကို သူမခန္ဓာကိုယ်ထဲကို ဂရုတစိုက် ထည့်သွင်းပေးလိုက်၏။
မြောင်းမြောင်ဟာ သူ၏ ဓားစွမ်းအင်လေးခုကြောင့် ဒဏ်ရာရသွားခဲ့တာပဲ ဖြစ်သည်။ လုရွှမ်သာ သူမကို ပြန်မခေါ်သွားခဲ့ရင် ဓားစွမ်းအင်က သူမခန္ဓာကိုယ်ကို ဆက်လက် ဖျက်ဆီးနေဦးမှာပင်။
ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအားအောက်တွင် ဓားစွမ်းအင်များကို ပြန်လည် ထုတ်ယူရန် သဘာဝအတိုင်း လွယ်ကူသည်။ မကြာမီတွင် ဖြူဖျော့နေသော သူမပါးပြင်များ နီရဲလာပြီး အသက်ရှုသံက အားမနည်းနေတော့ချေ။ မြောင်းမြောင်ကလည်း နွေးထွေးတဲ့ စွမ်းအင်တစ်ခုကို ခံစားမိလေသည်။
ကျိုးပဲ့နေသော သွေးကြောများက အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာ၏။ အသက်ရှုသွင်းပြီးသည်နှင့် တပြိုင်နက် နာကျင်မှုတွေ သက်သာသွားတာ သတိထားမိလာသည်။ အကြိမ်ပေါင်းများစွာ အသက်ရှူကြည့်ပြီးနောက် နာကျင်မှုက မရှိတော့သလို အလွန်သက်သာသွားသည်။
သူမ၏ ယွမ်စွမ်းအားက တဖြည်းဖြည်း ကြီးထွားလာကာ ခန္ဓာကိုယ်အတွင်း ဒဏ်ရာများလည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။
မြောင်းမြောင်သည် တဖြည်းဖြည်းနှင့် နွေးထွေးတဲ့ ခံစားမှုအတွင်း လုံးဝ နစ်မြုပ်သွား၏။ အချိန်အတော်ကြာပြီးနောက် သူမ နောက်ဆုံး နိုးလာတဲ့အခါ ခန္ဓာကိုယ်ထဲက ဒဏ်ရာများအားလုံး ပျောက်ကင်းသွားတာ တွေ့လိုက်ရသည်။
ယွမ်စွမ်းအင်က အနည်းငယ်တောင် သန့်စင်နေသေးသည်။ ထိုခံစားချက်က သူမကို အကြာကြီး ပိတ်လှောင်ခံထားရသော လှောင်အိမ်ထဲကနေ လွတ်မြောက်သွားခဲ့ရတဲ့ ခံစားချက်မျိုးပင်။
ကိုကိုက ဒါတွေအားလုံးကို ကူညီပေးခဲ့တာ သိသာသည်။ ယခုအချိန်တွင် ကိုကိုလို့ ခေါ်လိုက်ရင်း ငယ်စဉ်ကပင် မိဘများ ရင်ခွင်ထဲတွင် နေခဲ့ရသလိုမျိုး အလွန်ပျော်ရွှင်နေပါသည်။
ဟေ့ အစ်ကိုက ဘယ်ရောက်သွားတာလဲ။
ကိုကို့ရဲ့ အသက်ရှုသံကို မခံစားခဲ့ရပေ။ မျှော်လင့်တကြီးနဲ့ အနောက်ကို လှမ်းထိလိုက်ပေမယ့် ကိုကိုရဲ့ ခြေရာလက်ရာတွေကို ဘယ်မှာမှ ရှာမတွေ့ရချေ။ သူမချက်ချင်း ထိတ်လန့်သွား၏။
အစ်ကို မရှိတော့ဘူး။
သူ့အစ်ကိုရဲ့ စကားတွေကို သူမ ပြန်သတိရသွားသည်။ သူမကို အဆုံးထိ ကယ်တင်ခဲ့ပြီး လမ်းတစ်ဝက်မှာ ပစ်မချခဲ့ပေ။ အခုတော့ အစ်ကိုက ထွက်သွားခဲ့ပြီ။ မျက်ရည်များက ထိန်းမနိုင်သိမ်းမရ လိမ့်ဆင်းလာကာ သူမအစ်ကို ချန်ခဲ့သော ဆေးပုလင်းကို လှမ်းယူလိုက်သည်။ အထဲမှာ ဆေးလုံးတွေ ပြည့်နေပြန်သည်။
သူမမျက်ရည်တွေကို သုတ်ရင်း သစ်ပင်ပေါက်ဝကို တွန်းထုတ်ပြီး ထွက်လာခဲ့သည်။
"မင်းဒဏ်ရာတွေ ပျောက်သွားရင်တော့ မြွေသားစားဖို့ မြန်မြန် ထွက်လာခဲ့တော့.... မင်း ကြိုက်မယ်လို့ ထင်တယ်...."
ဒီအသားကို ကင်ထားတဲ့ အနံ့က သူမနှာခေါင်းထဲ ချက်ချင်း ဝင်လာသည်။ မြွေသား။ သူမအကြိုက်ဆုံး အစားအစာပဲ။ သူမဟာ ပူးလေး ဆိုပေမယ့် မြွေပါသားရဲနဲ့ ဆက်နွယ်ထားသူ ဖြစ်လေသည်။
ထိုလူက အနည်းငယ် ပြုံးကြလာသည်။ သူ့မျက်လုံးများတွင် မြတ်နိုးမှု အရိပ်အမြွက်ဖြင့် သူမကို ကြည့်နေ၏။
"ကိုကို!..... ကိုကို ထွက်သွားပြီလို့ ထင်နေတာ...မြောင်းမြောင်ကို ထားခဲ့တယ်....မြောင်းမြောင်ကို မလိုချင်တော့ဘူးလား.... ဝူးဝူး"
လုရွှမ် တုံ့ဆိုင်းသွားပြီးနောက် တုန်တုန်ယင်ယင်နေသော ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ နူးနူးညံ့ညံ့လေး နှစ်သိမ့်ပေးလိုက်သည်။
"ကောင်းပါပြီ မငိုနဲ့တော့ ငါ မင်းကို ဘယ်လိုလုပ် ထားခဲ့မှာလဲ"
မြောင်းမြောင် သူမခေါင်းကို မော့ကာ မျက်ရည်များဖြင့် မော့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးကြီးများက လုရွှမ်ကို သူမ၏ နှလုံးသားထဲတွင် သေသေချာချာ မှတ်ထားလိုသည့်အတိုင်း မျက်တောင်မခတ် စိုက်ကြည့်နေသည်။
"ကိုကို.... တကယ် မြောင်းမြောင်ရဲ့ ကိုကို လုပ်ပေးမလား"