ပုံရိပ်တစ်ထောင်မြွေမ
Vol. 135 Ch. 4.1540
"ဘာ! ကောင်းကင်ကမ္ဘာကြီး ပြိုကျမယ်?"
မြောင်းမြောင် ထိတ်လန့်စွာနဲ့ အော်လိုက်သည်။
လုရွှမ်လည်း သူ အမှားလုပ်မိကြောင်း သဘောပေါက်သွားကာ အနည်းငယ် တုန်လှုပ်သွားသည်။ အရမ်းလျှို့ဝှက်ထားရမှာ ဖြစ်ပေမယ့် မြောင်းမြောင်ဆီကနေ တစ်ဆင့် ထိတ်လန့်တုန်လှုပ်ဖွယ် သဲလွန်စတွေကို ဖော်ထုတ်မိမှာ စိုးရိမ်သွားသည်။
တစ်ဆက်တည်း လုရွှမ် အံ့သြတုန်လှုပ်သွားရတဲ့ အရာက အချိန်အတော်ကြာအောင် သူတို့နောက်မှာ ပုန်းအောင်းနေနိုင်ခဲ့တဲ့ လူပါပဲ။ တကယ်လို့သာ သူတို့အား လူသတ်ရန် ရည်ရွယ်ချက်ရှိလျှင် အကြိမ်ပေါင်းများစွာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပေလိမ့်မည်။
လုရွှမ် အမူအရာမှာ မပြောင်းလဲဘဲ မြောင်းမြောင်ကို အသံတိုးတိုးဖြင့်သာ သတိပေးလိုက်သည်။
"မြောင်းမြောင်... ဒါက အရမ်းအန္တရာယ်များတဲ့ လျှို့ဝှက်ချက်ပဲ... မင်းက ငါပြောထားတဲ့ တစ်ဦးတည်းသော လူ.. တခြားလူတွေကို မပြောသင့်ဘူး... မဟုတ်ရင် ကမ္ဘာတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားလိမ့်မယ်"
"ကိုကို...ညီမက နားမလည်ပါဘူး ဒါပေမယ့် ကိုကိုက တခြားသူတွေကို မပြောခိုင်းရင်တော့ ဘယ်သူ့ကိုမှ မပြောပါဘူး... ဒါက ညီတို့ရဲ့ လျှို့ဝှက်ချက်ပဲ"
မြောင်းမြောင်က ခေါင်းလေး တဆက်ဆက် ညိတ်သည်။ ကိုကိုလုရွှမ်က ဒီလျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ မပြောသေးဘူးလို့ အရိပ်အမြွက်ပြောခဲ့၏။ ဒါက သူနဲ့ ကိုကိုလုရွှမ်အကြားက လျှို့ဝှက်ချက် ဖြစ်သွားပြီ။
"ဒါပေမဲ့ ကိုကို.. ဘာလို့ ဒီလို မငြိမ်မသက် ဖြစ်နေရတာလဲ"
သူမဟာ ဒီတောထဲမှာ အမြဲနေထိုင်ခဲ့ပြီး သူမရဲ့ နေ့စဉ်လုပ်ငန်းတွေက လိမ္မာပါးနပ်မှုရှိပြီး အန္တရာယ်တွေကို ရှောင်နေရတာပဲ။ လုပ်ကြံမှုအချို့ကို နားမလည်ဘူး ဆိုတာ မဖြစ်နိုင်ချေ။
လုရွှမ် သူ့ပတ်ဝန်းကျင်ကို ဂရုတစိုက် စိုက်ကြည့်ပြီး ထိုလူပုန်းနေသည့် နေရာကို စူးစမ်းနေသည်။ တစ်ဖက်ကလည်း သူမကို ပေါ့ပေါ့ပါးပါးဖြင့် ရှင်းပြနေခဲ့သည်။
"မြောင်းမြောင်...အဲ့လိုကြီးမားတဲ့ ဘေးဆိုးကြီးတစ်ခု ကြုံလာရရင် တစ်ကမ္ဘာလုံးကို ပရမ်းပတာ ဖြစ်လာလိမ့်မယ်... ဒုက္ခရောက်နေတဲ့ ရေထဲမှာ ငါးတွေကို ဝင်ဖမ်းချင်တဲ့ ပူးပေါင်းကြံစည်သူတွေ ရှိမှာလည်း သေချာတယ်..."
"လူ့သဘောသဘာဝက ခန့်မှန်းလို့မရဆုံးပဲ တချို့လူတွေက စိတ်ပျက်လက်ပျက်နဲ့ အရှုံးပေးတယ်.... တချို့က လူသတ်၊ ဖျက်စီးပြီး ကမ္ဘာကြီးတစ်ခုလုံးကို စစ်ပွဲမီးတောက်ထဲ ဆွဲငင်ကြလိမ့်မယ်..."
မြောင်းမြောင်က ခေါင်းညိတ်ပြပြီး။
“ကိုကိုလုရွှမ် ညီမ နားလည်ပါပြီ... ဘယ်သူ့ကိုမှ မပြောပါဘူး... ကိုကိုလုရွှမ်က…”
ဘေးကို ပြန်ကြည့်လိုက်တော့ လုရွှမ်က မရှိတော့ပေ။ အဲဒီအစား လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့ ရောင်ဝါလှိုင်းက ပေါက်ကွဲပြီး သစ်ပင်ကြီးတစ်ပင်ကို ဓားနဲ့ခုတ်သလို ဖြတ်တောက်ပစ်တာ တွေ့လိုက်ရသည်။
လုရွှမ်ဓားကို ရှောင်ရင်း ခန္ဓာကိုယ်ကို အလွန်ထူးဆန်းသော ထောင့်သို့ ခေါက်လုနီးပါး အနေအထာဖြင့် အမျိုးသမီးတစ်ယောက် ပေါ်လာသည်။
ရွှီး!
အမျိုးသမီးသည် သူမလျှာကို နှစ်ပိုင်းခွဲကာ လုရွှမ်ကို စိုက်ကြည့်နေသည်။ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် အလင်းဖြင့် မျဉ်းတစ်ကြောင်းလို အစိမ်းရောင် အလင်းတန်းများ ထွန်းလင်းလာခဲ့သည်။
မြောင်းမြောင်: "ဒါ မြွေမ မလား... မဟုတ်သေးဘူး... ပုံရိပ်တစ်ထောင်မြွေမလား?"
လုရွှမ် ဤသစ်တောအကြောင်းကို များများစားစား မသိကြောင်း သူမ သိသည်။ ချန်ပေါင်ရှန်း ဟု ခေါ်သော လူသားမျိုးနွယ်ရဲ့ ရှာဖွေမှုက အကန့်အသတ် ရှိသောကြောင့် ဤအန္တရာယ်ရှိသော မျိုးစိတ်များကို သဘာဝအတိုင်း မသိခဲ့ပေ။
မြောင်းမြောင်: "ပုံရိပ်တစ်ထောင်မြွေမက မြွေမျိုးရိုးမှာ အဆင့်အတန်း အရမ်းမြင့်တယ်...ဒီမိန်းမင အရမ်း အစွမ်းထက်လှတာမျိုး မဟုတ်ပေမယ့် ထူးထူးခြားခြား မှော်စွမ်းအားမျိုးစုံ ရှိတယ်... အဲ့အထဲက တစ်ခုက အသွင်ပြောင်းတာပဲ... သူမက အရမ်း ထူးဆန်းတဲ့ ပုံစံနဲ့ အသွင်ပြောင်းနိုင်တယ်... ကိုကိုလုရွှမ် သတိထားပါ!"
ပုံရိပ်တစ်ထောင်မြွေမက ပေါ့ပေါ့ပါးပါး ရယ်မောရင်း။
"ပူးယောင်ဆောင်တဲ့ မြွေပါမလေး.... ငါ့သခင်ငယ်ရဲ့ ၉၈ယောက်မြောက်ကို သတ်သွားပြီး လွယ်လွယ်နဲ့ လွတ်မြောက်နိုင်မယ် ထင်နေလား... ဟမ့် နင့်ရဲ့ခြေသည်းတွေကို ငါမြင်ပြီးပြီ... နင် ငါတို့ကို နှိုးဆော်နေတာ နှစ်တွေကြာပြီ... ဟမ့် နင့်မိသားစုထဲမှာ တစ်ယောက်တည်း ကျန်နေလို့ အသက်ချမ်းသာပေးထားတာ... ဒါတောင် နင်ကငါ့ကို ထပ်ခါထပ်ခါ ရန်လာစနေသေးတယ်..."
လုရွှမ် အံ့အားသင့်သွားသည်။ ဘာလဲ။ သခင်ရဲ့ ၉၈ယောက်မြောက်သား။ ကံဆိုးတဲ့အရာတွေ အများကြီးရှိပေမယ့် မပြေးဘဲ မနေတာ အကောင်းဆုံးပါပဲ။ နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်မှာ ရှိနေတဲ့ နယ်ပယ်က သူတို့နှစ်ယောက်ကို ကျော်လွန်သွားပြီလို့ ပြောလို့ရပါ၏။
"ကိုကိုလုရွှမ်... မြွေတွေက အရမ်းပေါက်တတ်တာပဲ"
မြောင်းမြောင်ကတော့ သူမမျက်နှာကို အထင်အမြင်သေးဟန်ဖြင့် ပြရင်း အော်လိုက်သည်။
"ကောင်လေး... ငါအစကတော့ မထွက်လာချင်ဘူး... မင်းပြောခဲ့တဲ့ ဇာတ်လမ်းက တော်တော်ကောင်းတယ်... ထာဝရကမ္ဘာက တကယ်မှန်တာပဲ.. မင်းတကယ် အောက်ကမ္ဘာက ထွက်လာတာလား... အရမ်းကောင်းတယ် ဒီမိန်းကလေး အရမ်းစိတ်ဝင်စားနေပြီ အနှစ်တစ်ရာ အတွင်းမှာ မင်းပြောခဲ့တဲ့ ကောင်းကင်ကမ္ဘာ ပြိုကျမယ်ဆိုတယ အမှန်ပဲလား"
လုရွှမ် ရယ်ပြီး "မင်းဘယ်လိုထင်လဲ"
ပုံရိပ်တစ်ထောင်မြွေမက လှောင်ရယ်လိုက်သည်။
"ကိစ္စမရှိပါဘူး... ငါမင်းကို ဖမ်းပြီး ညှဉ်းပန်းနှိပ်စက်လိုက်ရင့ အားလုံးကို သိရမှာပဲ"
တုန်တုန်ယင်ယင်ဖြင့် မြွေမိန်ကလေးသည် သူမခန္ဓာကိုယ်ကို ယိမ်းနွဲ့ကာ လုရွှမ်ရဲ့ ရှေ့သို့ အပြေးအလွှား ပြေးသွားကာ လုရွှမ်ကို လက်ဖြင့် ရစ်ပတ်လိုက်သည်။
မြောင်းမြောင် :"ကိုကို သတိထား! အဲဒါက လက်မဟုတ်ဘူး... ပုံရိပ်တစ်ထောင်မြွေမရဲ့ အမြီးပဲ"
မြောင်းမြောင် မြန်မြန်သတိပေးတော့မှ မြွေမကို လုရွှမ်ကို ပိုမြန်အောင် ရစ်ပတ်လိုက်တော့သည်။ မြောင်းမြောင် စကားမဆုံးခင် လုရွှမ်ခန္ဓာကိုယ်ကို မြွေမက လုံး၀ လုံးထွေးပြီးနေပြီ။
"ဟာဟား!"
မြွေမက ဂုဏ်ယူစွာ အော်ရယ်လိုက်သည်။
သူမရဲ့လှုပ်ရှားပုံက မထင်မှတ်ထားလောက်အောင် လွန်စွာ အစွမ်းထက်လှသောကြောင့် သူမ လုံး၀ ဆုပ်ကိုင်ထားလိုက်သည်နှင့် တစ်ပြိုင်နက် ဘယ်သူမှ မလွတ်မြောက်နိုင်ပေ။ တင်းကြပ်စွာ ရစ်ပတ်လိုက်တဲ့အခါ လုရွှမ်ရဲ့ အရိုးများ အက်ကွဲသွားသလို အသံတွေ ထွက်လာသည်။
"ကောင်လေး မင်းအခု ဘာပြောစရာရှိသေးလဲ"
ပုံရိပ်တစ်ထောင်မြွေမက အရမ်းကို ဂုဏ်ယူနေသည်။
"ကိုကိုလုရွှမ်!"
မြောင်းမြောင် အမြန်ပြေးလာခဲ့သည်။ သူမရဲ့ လှုပ်ရှားမှုတွေက အလွန် စိတ်ပျက်လက်ပျက် ဖြစ်သွားကြောင်း သိသာ၏။ ပုံရိပ်တစ်ထောင်မြွေမက သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး လေပြင်းတစ်ချက်ဖြင့် မြောင်းမြောင်ကို ဘေးသို့ မှုတ်ထုတ်လိုက်သည်။
"သမီးလေး အခု ဘေးထွက်နေစမ်းပါ... ငါသူ့ကို သင်ခန်းစာတစ်ခု သင်ပေးပြီးရင် မင်းဆီ လာခဲ့မယ်...ပြေးချင်ရင်တောင် မင်း မပြေးနိုင်ဘူး"
ပုံရိပ်တစ်ထောင်မြွေမက လက်ကို ဝှေ့ယမ်းလိုက်ပြီး မြွေအရေခွံကို ကြိုးအဖြစ်ပြောင်းပစ်လိုက်သည်။ မြောင်းမြောင် ဖမ်းချုပ်ခံလိုက်ရကာ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ လက်မဝက်ပင် မလှုပ်နိုင်တော့ပေ။
"ကောင်းပြီ ကောင်လေး...မင်း မကြောက်သေးဘူးလား"
လုရွှမ် ငြိမ်သက်နေသည်။ ဒါ့အပြင် သူ့မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကလည်း ရှိနေပြန်သည်။
"ကောင်လေး... မင်းဘာရယ်နေတာလဲ မင်းသေဖို့သေချာနေပြီဆိုတာ မသိဘူးလား"
မြောင်းမြောင်မှာလည်း လုရွှမ်ကို ထိတ်လန့်စွာ စိုက်ကြည့်ရင်း ဝမ်းနည်းနေသည်။ သူမ ခဏလောက်ပဲ သိရသေးတဲ့ အစ်ကိုက ဒီလိုမျိုး သေသွားမှာကို စိုးရိမ်နေ၏။ သူမရဲ့အမြင်အရတော့ လုရွှမ်ဟာ အရမ်းကို အံ့ဖွယ်ကောင်းပြီး အလွန်ထက်မြက်လွန်းပေမယ့် သူ့ရဲ့ ခွန်အားကတော့ အနည်းငယ် ချို့တဲ့နေဆဲပါပဲ။
ထို့အပြင် ပုံရိပ်တစ်ထောင်မြွေမသာ သူတို့ကို သတ်လိုပါက ခုခံရန် အခွင့်အရေးမရှိပေ။
"ကိုကိုလုရွှမ်.... ကိုကို့ကို ဒုက္ခပေးမိခဲ့တဲ့ အတွက် တောင်းပန်ပါတယ်"
မြောင်းမြောင် အော်ဟစ်ပြီး အစွမ်းကုန်သာသုံး ရုန်းကန်တော့သည်။ သူမ သေရရင်တောင် ကိုကိုလုရွှမ်ကို ကယ်တင်မယ်လို့ စိတ်ထဲမှတ်ထားလိုက်ပါပြီ။
လုရွှမ် နူးညံ့စွာ ပြုံးလိုက်ပြီး "ဘာလို့ ကြောက်ရမှာလဲ...အားလုံးက ငါ့အစီအစဉ်အတိုင်း ဖြစ်နေတာပဲလေ..."
"အစီအစဉ်... ဘာအစီအစဉ်လဲ" မြွေမက အော်သည်။
"မင်း ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ မင်းရဲ့ကိုယ်ပိုင်သဘာဝကို မပြောင်းလဲနိုင်ဘူး... ဥပမာ မြွေဆိုရင် လူတွေကို ဖမ်းစားရတာ၊ သားကောင်ကို သေတဲ့အထိ နှိပ်စက်ဖို့ မင်းခန္ဓာကိုယ်ကို အသုံးပြုပြီး သားကောင်ကို ချေမှုန်းရတာကို ကြိုက်တယ်မလား"
ပုံရိပ်တစ်ထောင်မြွေမရဲ့ အမူအရာလည်း ပြောင်းသွားသည်။
"ဘာကို ဆိုလိုချင်တာလဲ မင်းငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ချည်နှောင်ခိုင်းထားတာပေါ့... ငါမယုံဘူး လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်ပြီး ငါ့ကို အာရုံလွှဲရအောင် လုပ်နေတာပဲ!"
လုရွှမ်: "အိုး ဒါဆိုလည်း မင်းခန္ဓာကိုယ်က အခုထိ ဖြေလျော့နိုင်မလား ဆိုတာ မင်းဘာသာ ကြည့်ကြည့်သင့်တယ်"
"ဟားဟားဟား"
ပုံရိပ်တစ်ထောင်မြွေမက ဂုဏ်ယူစွာ ရယ်မောနေဆဲ။
"အရူး! ငါမင်းကို လွှတ်ပေးအောင် လှည့်စားဖို့ ကြိုးစားနေတာပဲ...ငါ လွှတ်လိုက်ရင်တောင် မင်က လွတ်မြောက်ဖို့ အခွင့်အရေးကို ယူနိုင်ပါ့မလား"