သတ်
Vol. 135 Ch. 4.1541
လုရွှမ် ရယ်လိုက်တဲ့အခါ သူ့အသံက ကျယ်လောင်ပြီး အားအင်အပြည့်နဲ့ ထွက်ပေါ်လာသည်။ တောထဲတွင် လေလှိုင်းကြီးတစ်ခု ရိုက်ခတ်သွားကာ သစ်ပင်ကြီးများ တုန်လှုပ်သွားကြသည်။
"မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ငါရှိနေသေးတယ်လို့ မင်းထင်လား"
လုရွှမ်ရဲ့ ရယ်မောသံကို ကြားတော့ ပုံရိပ်တစ်ထောင်မြွေမရဲ့ အမူအရာလည်း ပြောင်းသွားသည်။ သူမနဲ့ လုံးထွေးနေတဲ့သူတွေဟာ ရယ်ဖို့နေနေသာသာ ငိုတောင် မငိုနိုင်ဘဲ သူမကြောင့် လုံးလုံးလျားလျား ကြေမွသွားကြသည်။
ဒါပေမဲ့ လုရွှမ်က အဲဒီလိုဖြစ်မနေချေ။
"နင်... ဒါ မဖြစ်နိုင်ဘူး..."
မြွေမဟာ သူ့ခန္ဓာကိုယ်ကို ရုတ်တရက် ထပ်တင်းကြပ်လိုက်ပြီး လုရွှမ်ကို ဆက်လက်ဖိနှိပ်ကာ သေတဲ့အထိ နှိပ်စက်ချင်လာသည်။
လုရွှမ် မှုန်ကုပ်ကုပ် ပြုံးနေသော်လည်း ပုံရိပ်တစ်ထောင်မြွေမက ခက်ခက်ခဲခဲ နှိပ်လိုက်ရာ သူမ ထိတ်လန့်သွားလေသည်။ တကယ်ပင် အစွမ်းကုန် ကြိုးစားသော်လည်း လုရွှမ်ကို ထပ်မံမညှစ်နိုင်တော့ပေ။
လုရွှမ်ခန္ဓာကိုယ်ကို မြွေခန္ဓာကိုယ်က တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသော်လည်း လုံးဝ ညှစ်မရပေ။ သူ့ခန္ဓာကိုယ်သည် လေနှင့်မိုးကြားတွင် ခိုင်ခံ့စွာရပ်နေသော ကျောက်ဆောင်တစ်ခုလို ဖြစ်နေသည်။
"နင်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ နင်က လူမဟုတ်ဘူးလား"
လုရွှမ်ခန္ဓာကိုယ်ရဲ့ မူမမှန်မှုက မြွေမကိုပါ ထိတ်လန့်သွားစေသည်။ လုရွှမ်သည် မြွေခန္ဓာကိုယ်ကို လက်နှစ်ဘက်ဖြင့် ဆွဲထုတ်ကာ အော်ဟစ်ဆူညံသံများ ထွက်ပေါ်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်က လုံးဝ မထိခိုက်သွားခဲ့ပေ။
"မင်းကို ထောင်ချောက်ဆင်ဖို့က မလွယ်ဘူး... အလွယ်ဆုံး နည်းလမ်းက မင်းရဲ့ရိုးရှင်းတဲ့ နည်းလမ်းနဲ့ အကွက်ပြန်ချဖို့ပဲ"
"မင်း ငါ့ခန္ဓာကိုယ်ကို ထပ်ပြီး ရစ်ပတ်ထားချင်ရင်တော့ အဟက်.. မင်းထွက်သွားချင်ရင်တောင် ထွက်သွားလို့ ရမှာ မဟုတ်တော့ဘူး"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ နတ်မိုးခြိမ်းသံက ရုတ်တရက် ဖြာထွက်သွားပြီး တစ်ဖက်မှ ကောင်းကင်မီးတွေကလည်း ပြန့်ကျဲသွားသည်။ ကောင်းကင်က မိုးခြိမ်းသံနဲ့ ကောင်းကင်မီးတွေက ပုံရိပ်တစ်ထောင်မြွေမကို ဖုံးအုပ်ထား၏။
"ကောင်လေး မင်းငါ့ကို ဒီလိုမျိုး ထိန်းချုပ်နိုင်မယ် ထင်လို့လား....ဟာသပဲ ငါကမ္ဘာကို အုပ်ချုပ်နေတုန်းက မင်းတောင် မမွေးသေးဘူး"
သူမ ရုတ်တရက် တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံးကို နာကျင်စွာ လှုပ်ယမ်းလိုက်သည်။
"မင်း...မင်း... မင်းဘယ်လိုလုပ်လိုက်တာလဲ"
လုရွှမ်က မြွေအကြေးခွံ အပိုင်းအစကို ပေါ့ပေါ့ဆဆ ကောက်ကိုင်လိုက်ပြီး။
"အိုး... ဘယ်လို လုပ်လိုက်တာလဲလို့ မေးနေတယ်... အခုနတုန်းက မတွေ့လိုက်ဘူးပေါ့... ဟုတ်ပြီ တစ်ကြိမ်လောက်တော့ ကျေကျေနပ်နပ်နဲ့ ပြပေးလိုက်မယ်..."
သူက စကားပြောနေစဉ်တွင် သူသည် မြွေအကြေးခွံ အပိုင်းအစကို ဆွဲယူကာ မြွေမရှေ့သို့ ပစ်ချပေးလိုက်သည်။
"မင်း ရှင်းရှင်းလင်းလင်း မြင်ရလား... နောက်တစ်ခါ ထပ်လုပ်ပြစေချင်လား"
"မင်းလက်ထဲမှာ ဘာရှိနေတာလဲ?"
ကောင်းကင်က မိုးခြိမ်းသံနဲ့ ကောင်းကင်မီးတွေက အစွမ်းထက်ပေမယ့် ဒီကလေးက နားမလည်နိုင်တဲ့ နည်းလမ်းတွေကို သုံးပြီး သေချာပေါက် ဖောက်ထွက်နိုင်ခဲ့သည်။ လုရွှမ် ရယ်မောကာ လက်ညှိုးကို မြှောက်လိုက်ပြီး မြွေမ၏ အကြည့်အောက်တွင် မြွေမကို လက်တစ်ချောင်းဖြင့် ပုတ်လိုက်သည်။
သူမ မျက်လုံးများထဲက သွေးတွေ စီးကျလာသည်။
"မင်း.... မင်းဒီလိုပဲ လုပ်ခဲ့တာလား။"
ပုံရိပ်တစ်ထောင်မြွေမလည်း အလွန်ထိတ်လန့်သွားသည်။
"ငရဲမင်းကိုပဲ သွားမေးလိုက်တော့"
လုရွှမ်ခန္ဓာကိုယ်မှ ရောင်ဝါဟာ ပုံရိပ်တစ်ထောင်မြွေမကို ဖုံးအုပ်ထားပြီး ဓားစွမ်းအင်ဟာ ကောင်းကင်က နေရောင်ကဲ့သို့ တောက်ပနေသည်။
ချွန်ထက်သော ဓားများက ပုံရိပ်တစ်ထောင်မြွေမရဲ့ ကိုယ်ခန္ဓာကို ထိုးဖောက်ဝင်ရောက်နေသကဲ့သို့ ထိတ်လန့် တုန်လှုပ်ဖွယ် အလင်းရောင်ကို ထုတ်လွှတ်ကာ ၎င်းရဲ့ အကြေးခွံများပေါ်တွင် တောက်ပနေသည်။
"အား!"
ပုံရိပ်တစ်ထောင်မြွေမက နာကျင်စွာ အော်ဟစ်လိုက်သည်။ သူမ မရစ်ပတ်ထားချင်တော့ပေ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို ဆွဲထုတ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားပြီးနောက်မှာတော့ လှုပ်တောင် မလှုပ်နိုင်တော့တာ တွေ့လိုက်ရသည်။
လုရွှမ်စကားများကို ရုတ်တရတ် ပြန်သတိရလိုက်သောအခါ ယခုတစ်ကြိမ်တွင် ပို၍ပင် ထိတ်လန့်သွားသည်။
"ငါ့သေစေချင်ရင် မင်းလည်း သေသင့်တယ်"
ပုံရိပ်တစ်ထောင်မြွေမက ရုတ်တရက် ပါးစပ်ကိုဖွင့်ဟလိုက်ပြီး ဘီလူးကြီးတစ်ကောင်လို အသွင်ပြောင်းကာ လုရွှမ်ကို တစ်ကိုက်တည်းနဲ့ မျိုချပစ်လိုက်ချင်တဲ့ ပုံစံမျိုး လုပ်တော့သည်။
"မင်း ငါ့ရဲ့ စွမ်းရည်တွေကို လျှော့မတွက်နဲ့လေ"
လုရွှမ် အသံတစ်သံနဲ့အတူ ပုံရိပ်တစ်ထောင်မြွေမရဲ့ ခန္ဓာကိုယ်ထဲက လိမ့်ထွက်လာခဲ့၏။ ဓားတစ်ချောင်းက မြွေမရဲ့ သွေးရွှဲနေသော ပါးစပ်ကို ထိုးဖောက်ကာ အပေါက်ကြီးတစ်ခု ဖောက်၍ ထွက်လာခဲ့လေသည်။
သူ့အဝတ်အစားတွေက သန့်ရှင်းနေကာ သွေးတွေတောင် မစွန်းပေထားချေ။
ပုံရိပ်တစ်ထောင်မြွေမရဲ့ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျကာ လူပုံစံ ပြောင်းလဲသွားသော်လည်း သူမဟာ အလွန်ကြောက်စရာကောင်းသည့် သွေးများနှင့် အသားစများ တွဲကျနေကာ ခေါင်းကလည်း ပေါက်နေသေးသည်။
"မင်း……"
လုရွှမ် ရှေ့သို့ လှမ်းတက်ကာ ပုံရိပ်တစ်ထောင်မြွေမရဲ့ ဦးခေါင်းကို ဓားတစ်ချောင်းဖြင့် ခုတ်ထစ်ကာ ကောင်းကင်မီးလုံးတစ်ခု လက်ဆောင်ပေး၍ ပြာကျသွားစေခဲ့လေသည်။
မြောင်းမြောင် စိတ်လှုပ်ရှားစွာ ပြေးလာခဲ့သည်။ သူမမျက်နှာသည် အံ့အားသင့်မှု အပြည့်ဖြင့်။ ကိုကိုလုရွှမ်အား သူမစိတ်ထဲတွင် အလွန်အမင်း မျှော်ကြည့်ခဲ့သော်လည်း ပုံရိပ်တစ်ထောင်မြွေမကို အမှန်တကယ် သတ်နိုင်မယ်လို့ သူမ မတွေးဝံ့ခဲ့ပေ။
ဖြစ်စဉ်ကို ကြည့်လိုက်ရင် ကလေးကို လှည့်စားသလိုမျိုး အလွယ်လေး လုပ်သွားတာပင်။
"မြောင်းမြောင်... နှစ်ဖက်စလုံးရဲ့ ကြံ့ခိုင်မှုက နောက်ဆုံးရလဒ်နဲ့ ဆက်စပ်နေတတ်တယ်.. ဒါပေမဲ့ သေချာတာကတော့ အရေးကြီးတာက ကိုယ့်ရဲ့ အားသာချက်ကို အပြည့်အ၀ ကစားပြီး ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို တိုက်ခိုက်ဖို့ပဲ"
"ဥပမာ မြွေမရဲ့ နယ်ပယ်က ငါ့ထက် အများကြီး ပိုမြင့်တာကို မင်းမြင်တယ်မလား... ဒါပေမဲ့ သူမရဲ့ ဗီဇက လူတွေကို ဖမ်းစားဖို့၊ စိတ်ကြီးဝင်နေပြီး သူ့သားကောင်ကို ညှဉ်းပန်းနှိပ်စက်ရတာကို နှစ်သက်တယ်... ဒါကြောင့် သူဆီက ချည်နှောင်ခံလိုက်တာ... ငါ့ကို သေသေချာချာ ကြံစည်နေတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ သူမက ငါ့ထောင်ချောက်ကြီးထဲမှာ ပိတ်မိနေတာ..."
လုရွှမ်စကားကို ကြားပြီးနောက် မြောင်းမြောင်က အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ ကိုကို... ရန်သူရဲ့ အားနည်းချက်ကို ဘယ်လိုမြင်နိုင်မလဲ"
"ဒါက မင်းရဲ့ အတွေ့အကြုံပေါ်မှာ မူတည်တယ်... ရင်းနှီးတဲ့ သဘာဝရန်သူတွေက မင်းရဲ့ အားနည်းချက် တော်တော်များများကို သိတယ် မဟုတ်လား အရေးကြီးတာက အခွင့်အရေးကို ဆုပ်ကိုင်နိုင်ပါ့မလား ဆိုတာပဲ... မင်းရဲ့ အဆိပ်က အရမ်း အစွမ်းထက်တယ်။ မင်း အရိုက်ခံရတာတောင် အချိန်တိုအတွင်းမှာပဲ ကြီးမားတဲ့ ပျက်စီးမှုကို ခံစားရတယ်... ဒါကြောင့် မင်း အဲဒီရှုထောင့်မှာ အားကောင်းတယ်.. မင်းရဲ့ အရှိန်ကလည်း အရမ်းမြန်တယ်"
လုရွှမ်သည် ရန်သူကို ဆန့်ကျင်သည့် အတွေ့အကြုံမျိုးစုံနှင့် နည်းလမ်းများအကြောင်း မြောင်းမြောင်အား ပေါ့ပေါ့ပါးပါး ပြောပြခဲ့သည်။ မြောင်းမြောင်အား သူ့ညီမအဖြစ် စိတ်ရင်းမှန်ဖြင့် မှတ်ယူထားတာမို့ သူမခွန်အားကို မြှင့်တင်ပေးပြီး တစ်ယောက်တည်း ရပ်တည်နိုင်မည်ဟု သဘာဝအတိုင်း မျှော်လင့်ထားသည်။
"ကောင်းပြီ ဒီအကြောင်း မပြောနဲ့တော့... မြန်မြန်ထွက်သွားရအောင်... ပုံရိပ်တစ်ထောင်မြွေမမှာ ထူးထူးခြားခြား အဆင့်အတန်း တစ်ခုရှိတယ်... တခြားမြွေတွေ မကြာခင် ရောက်လာလိမ့်မယ်"
မြွေတွေရဲ့ လိုက်ဖမ်းနိုင်မှုနဲ့ ပတ်သက်ပြီး လုရွှမ်ဟာ တကယ်ကို သင်ခန်းစာတစ်ခု ရနေပါပြီ။ ထိုမြွေမက သူတို့ကို ဒီနေရာကနေ လိုက်ဖမ်းနိုင်ခဲ့တယ်လေ။ မြောင်းမြောင်ကလည်း သိတာကြောင့် သူတို့နှစ်ယောက် အမြန် ထွက်လာခဲ့ကြသည်။
ဆယ်ရက်ကြာတယ်။
"ကိုကို... ဒီနေရာကို ညီမ သိတယ်... အရင်က ဒီမှာနေဖူးတယ်.... အရမ်းကောင်းတဲ့ ဟင်းသီးဟင်းရွက်တွေ ရှိတယ်"
တစ်လခွဲကြာသော်။
"ကိုကို သတိထား... ဒီမှာ နဂါးမျိုးရိုးလို့ ပြောတဲ့ ပိုးကောင်တစ်ကောင် ရှိတယ် သူက အရမ်းကြီးစိုးနေတာ..."
……
နှစ်လအကြာတွင် လုရွှမ်နဲ့ မြောင်းမြောင်တို့သည် သတ္တဝါများအုပ်စုတွင် ရောနှောပြီး တောအစွန်ဘက်သို့ ပြေးထွက်သွားကြသည်။
သူ့နောက်မှာတော့ စွမ်းအားကြီးတဲ့ သတ္တဝါအုပ်စုတွေရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်တာတော့ မရှိပါဘူး။ ၎င်းတို့နောက်တွင် လက်သီးအရွယ်ထက် မပိုသော သွေးစုပ်ခြင်များသာ ရှိသည်။
ရှည်လျားသော ပါးစပ်များက ကောင်းကင်နှင့် နေကို ပိတ်ဆို့ထား၏။ သွေးစုတ်ခြင်များက အကောင်ကြီးကြီး တစ်ကောင်၏ အရေခွံထဲသို့ နှာတံကို ထိုးဖောက်ပြီး သွေးတွေ စုပ်ယူသွားတာ သေသေချာချာကို တွေ့လိုက်ရသည်။